ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၂၀ အမှတ် ၃ စာ. ၁၂
  • လူလူချင်းကို မေတ္တာ ဘယ်လို ပြမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူလူချင်းကို မေတ္တာ ဘယ်လို ပြမလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေတ္တာအကြောင်း သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ
  • လူလူချင်းကို ချစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ
  • “မေတ္တာတရား၌ ကျင်လည်ကြလော့”
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ချစ်ခြင်းမေတ္တာ (အဂါးပေး)—အဘယ်အရာမဟုတ်၍ အဘယ်အရာဖြစ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ချစ်ခြင်းမေတ္တာ​—အဖိုးတန် အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • အချင်းချင်း ချစ်မြဲ ချစ်ပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
ကလ၂၀ အမှတ် ၃ စာ. ၁၂
ယေရှုရဲ့ ပုံဥပမာမှာပါတဲ့ လူလူချင်းကို ချစ်တဲ့ ရှမာရိလူက အရိုက်ခံရပြီး လမ်းဘေးမှာ ပစ်ထားခံရတဲ့ လူရဲ့ဒဏ်ရာကို ဆီလိမ်းပေးနေစဉ်။

ကိုယ့်အကျိုးထက် တခြားသူရဲ့ အကျိုးကို ဦးစားပေးဖို့ မေတ္တာက လှုံ့ဆော်

လူလူချင်းကို မေတ္တာ ဘယ်လို ပြမလဲ

ပထမလူသား အာဒံကနေ ဆင်းသက်လာသူတွေ ဖြစ်လို့ ကျွန်တော်တို့အားလုံးက မိသားစုဝင်တွေပါပဲ။ မိသားစုဝင် အချင်းချင်း ချစ်ခင်လေးစားဖို့ မျှော်လင့်ကြပေမဲ့ အခုချိန်မှာတော့ အဲဒီလို ချစ်ခင်မှုမျိုး သိပ်မတွေ့ရတော့ဘူး။ ဘုရားသခင်က ကျွန်တော်တို့ကို အဲဒီလို မဖြစ်စေချင်ဘူး။

မေတ္တာအကြောင်း သမ္မာကျမ်းစာမှာ ဘာပြောထားသလဲ

“လူလူချင်းကို ကိုယ်နဲ့ထပ်တူ ချစ်ပါ။”—ဝတ်ပြုရာ ၁၉:၁၈။

“ရန်သူကို ချစ်မြဲ ချစ်ပါ။”—မဿဲ ၅:၄၄။

လူလူချင်းကို ချစ်တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ

၁ ကောရိန္သု ၁၃:၄-၇ မှာ ချစ်ခြင်းမေတ္တာအကြောင်း ဘုရား ဖော်ပြထားတာကို သတိပြုကြည့်ပါ–

“မေတ္တာဟာ စိတ်ရှည်တတ်တယ်။ ကြင်နာတတ်တယ်။”

စဉ်းစားကြည့်ပါ– တခြားသူတွေက ကိုယ့်ရဲ့ အမှားကြောင့် ဒေါသမထွက်ဘဲ ကိုယ့်အပေါ် စိတ်ရှည်တယ်၊ ကြင်နာတယ်ဆိုရင် ဘယ်လိုနေမလဲ။

“မေတ္တာဟာ မနာလို မဖြစ်တတ်ဘူး။”

စဉ်းစားကြည့်ပါ– တခြားသူတွေက ကိုယ့်ကို တစ်ချိန်လုံး သံသယဝင်ပြီး မနာလိုဖြစ်နေမယ်ဆိုရင် ဘယ်လိုနေမလဲ။

မေတ္တာဟာ “ကိုယ်ကျိုး မရှာတတ်ဘူး။”

စဉ်းစားကြည့်ပါ– တခြားသူတွေက ကိုယ့်ရဲ့ ရှုမြင်ပုံကို လေးစားပြီး သူတို့ရဲ့ ထင်မြင်ချက်အတိုင်း လုပ်ဖို့ အမြဲတမ်း အတင်းအကျပ် မလုပ်ဘူးဆိုရင် ဘယ်လိုနေမလဲ။

မေတ္တာဟာ “နစ်နာမှုတွေကို မမှတ်ထားတတ်ဘူး။”

စဉ်းစားကြည့်ပါ– အမှားလုပ်မိပေမဲ့ နောင်တရတဲ့သူတွေကို ဘုရားသခင် လိုလိုလားလား ခွင့်လွှတ်တယ်။ ဘုရားသခင်ဟာ “တစ်ချိန်လုံး အမှားရှာနေမှာ မဟုတ်ဘူး။ ထာဝစဉ် အငြိုးထားမှာ မဟုတ်ဘူး။” (ဆာလံ ၁၀၃:၉) ကိုယ်ပြစ်မှားမိတဲ့သူက ကိုယ့်ကို ခွင့်လွှတ်တဲ့အခါ ကျွန်တော်တို့ ကျေးဇူးတင်ကြတယ်။ ဒါကြောင့် တခြားသူက ကိုယ့်ကို ပြစ်မှားမိတဲ့အခါမှာလည်း ခွင့်လွှတ်သင့်တယ်။—ဆာလံ ၈၆:၅။

မေတ္တာဟာ “မတရားမှုကြောင့် ဝမ်းမသာတတ်ဘူး။”

စဉ်းစားကြည့်ပါ– ကိုယ် ဒုက္ခရောက်တာကို ကြည့်ပြီး တခြားသူတွေ ဝမ်းသာနေရင် ကျွန်တော်တို့ မကြိုက်ဘူး။ ဒါကြောင့် ကိုယ့်အပေါ် မတရားလုပ်ခဲ့သူတွေ အခက်အခဲ ကြုံတဲ့အခါမှာတောင် ကျွန်တော်တို့ ဝမ်းမသာကြဘူး။

ဘုရားသခင့်ကောင်းချီး ခံစားချင်တယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် အဲဒီနည်းတွေအတိုင်း ဆက်ဆံရမယ်။ လက်တွေ့ကျကျ လုပ်နိုင်တဲ့ နည်းတစ်နည်းကတော့ လိုအပ်နေသူတွေကို ကူညီပေးခြင်းပါပဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ