ချီလီနိုင်ငံမှာ ကျမ်းစာလေ့လာနေ
နမူနာတင်ဆက်နည်းများ
နိုးလော့!
မေးခွန်း– လူတိုင်းကျန်းမာချင်ကြတယ်။ မဖျားနာဖို့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကာကွယ်နိုင်မယ်လို့ ထင်သလဲ။
ကျမ်းချက်– သု. ၂၂:၃
ဝေငှပုံ– ရောဂါမကူးစက်အောင် အမြော်အမြင်ရှိရှိ ဘယ်လိုလုပ်ဆောင်နိုင်မယ်ဆိုတာကို ဒီနိုးလော့!မှာ ဆွေးနွေးထားတယ်။
အမှန်တရားကို သင်ပေးပါ
မေးခွန်း– ကျွန်တော်တို့ ဆင်းရဲဒုက္ခ ခံစားနေရတာ ကံကြမ္မာကြောင့်လား ဒါမှမဟုတ် တခြားအရာတစ်ခုခုကြောင့်လား။
ကျမ်းချက်– ၁ ယော. ၅:၁၉
ဝေငှပုံ– ဆင်းရဲဒုက္ခခံနေရတာက ကံကြမ္မာကြောင့် မဟုတ်သလို ဘုရားကြောင့်လည်း မဟုတ်ပါဘူး။ တကယ်တော့ စာတန်ကြောင့်ပါ။ ပြီးတော့ လူတွေ မကောင်းတာလုပ်ဖို့ ရွေးချယ်တာကြောင့်ဖြစ်သလို မရှိသင့်တဲ့အချိန်မှာ မရှိသင့်တဲ့နေရာကို ရောက်နေတာကြောင့်လည်း ဖြစ်ပါတယ်။ ဒါပေမဲ့ ဆင်းရဲဒုက္ခခံရတဲ့အခါ ထောက်မပေးမယ့် ဘုရားရှိတယ်။ လူတွေကို တကယ်ဂရုစိုက်တဲ့ ဘုရားပါပဲ။
ကျမ်းစာကို ဘာကြောင့် လေ့လာသင့်သလဲ (ဗီဒီယို)
မေးခွန်း– ကမ္ဘာပေါ်မှာ ဆင်းရဲဒုက္ခ ဒီလောက်များနေရတာ ဘာကြောင့်လို့ ထင်သလဲ။ [အဖြေကို စောင့်ပါ။] ကျမ်းဂန်မှာ ဘာပြောထားသလဲဆိုတာ ခင်ဗျားသိရင် အံ့သြသွားမယ်။ အဲဒီအကြောင်း ဒီဗီဒီယိုတိုလေးမှာ ရှင်းပြထားတယ်။ [ဗီဒီယိုကို ဖွင့်ပြပါ။]
ဝေငှပုံ– ဆင်းရဲဒုက္ခ ဒီလောက်များရတဲ့ အကြောင်းရင်းနဲ့ ဆင်းရဲဒုက္ခတွေကို ဘုရား ခွင့်ပြုရတဲ့ အကြောင်းရင်းကို ဒီစာအုပ်ရဲ့ အခန်း ၁၁ မှာ ဆွေးနွေးထားတယ်။ [သမ္မာကျမ်းစာ သွန်သင်ရာစာအုပ်ကို ဝေငှပါ။]
ကိုယ်ပိုင်တင်ဆက်နည်းကို ချရေးပါ
နမူနာတွေကိုသုံးပြီး ကိုယ်ပိုင်တင်ဆက်နည်းတွေ ဖန်တီးပါ။