ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၂၁ ဖေဖော်ဝါရီ စာ. ၂၅
  • အပြုံးလေး တစ်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အပြုံးလေး တစ်ချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူငယ့်ဘဝမှစ၍ မိမိတို့၏ ဖန်ဆင်းရှင်ကို သတိရခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • မိခင်တို့၏ များပြားလှသော တာဝန်များ
    နိုးလော့!—၂၀၀၃
  • လက်တွန်းစင် သက်သေခံခြင်းရဲ့ ကမ္ဘာချီအကျိုးကျေးဇူး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
  • မေတ္တာက ခရစ်ယာန်စစ်တွေကို ခွဲခြားဖော်ပြတယ်—အဖိုးတန်စည်းလုံးမှုကို ကာကွယ်ပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
က၂၁ ဖေဖော်ဝါရီ စာ. ၂၅

အပြုံးလေး တစ်ချက်

အများရှေ့ သက်သေခံခြင်းစင် ဘေးမှာ ရပ်ရင်း ဟယ်လန် ပြုံးနေ။ အမျိုးသမီးနှစ်ယောက် ဖြတ်သွား။

ဖိလစ်ပိုင်နိုင်ငံ၊ ဘာဂီယိုမြို့၊ လမ်းတစ်လမ်းမှာ အမျိုးသမီး နှစ်ယောက် လျှောက်လာတယ်။ အများရှေ့ သက်သေခံခြင်း စင်ကို သတိထားမိပေမဲ့ အနားကိုတော့ မသွားဘူး။ စင်နားမှာ ရပ်နေတဲ့ ညီအစ်မ ဟယ်လန်က သူတို့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြတယ်။ အမျိုးသမီးတွေ ကိုယ့်လမ်းကိုယ် ဆက်သွားပေမဲ့ ညီအစ်မရဲ့ နွေးထွေးတဲ့ အပြုံးကိုတော့ စွဲမှတ်သွားကြတယ်။

နောက်ပိုင်း၊ အဲဒီအမျိုးသမီးတွေ ဘတ်စ်ကား စီးပြီး အိမ်ပြန်သွားနေတုန်း jw.org ဆိုင်းဘုတ် အကြီးကြီး တပ်ထားတဲ့ နိုင်ငံတော် ခန်းမကို လှမ်းတွေ့တယ်။ အစောပိုင်းတုန်းက သက်သေခံခြင်း စင်မှာ တွေ့ခဲ့တဲ့ စာလုံးတွေပဲဆိုတာ သတိရသွားပြီး နှစ်ယောက်သား ဘတ်စ်ကားပေါ်က ဆင်းလိုက်တယ်။ နိုင်ငံတော်ခန်းမ ဂိတ်တံခါးမှာ ကပ်ထားတဲ့ အသင်းတော် အစည်းအဝေး အချိန်ဇယားကို သွားကြည့်တယ်။

နိုင်ငံတော်ခန်းမမှာ ဟယ်လန်ကို မြင်တော့ အဲဒီအမျိုးသမီးနှစ်ယောက် ပြုံးပြနေ။

အဲဒီအပတ်မှာ ကျင်းပတဲ့ အစည်းအဝေးတစ်ခုကို တက်ကြတယ်။ နိုင်ငံတော်ခန်းမထဲ ဝင်သွားတဲ့အခါ ဟယ်လန်ကို တွေ့လိုက်ရလို့ သိပ်အံ့ဩသွားတယ်။ သူတို့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြခဲ့တဲ့ အမျိုးသမီး ဖြစ်မှန်း ချက်ချင်း မှတ်မိကြတယ်။ ဟယ်လန်က “ကျွန်မဆီ သူတို့ လျှောက်လာတော့ ကျွန်မ အမှားတစ်ခုခုများ လုပ်ထားမိလို့လားဆိုပြီး အရမ်း စိတ်ပူသွားတယ်” လို့ ပြောတယ်။ အမျိုးသမီး နှစ်ယောက်က ဟယ်လန်ကို သက်သေခံခြင်း စင်မှာ တွေ့ဖူးတဲ့အကြောင်း ရှင်းပြကြတယ်။

အမျိုးသမီး နှစ်ယောက်ဟာ အစည်းအဝေး အစီအစဉ်နဲ့ ပေါင်းသင်းမှုကို သိပ်သဘောကျသွားတယ်။ အစည်းအဝေး အပြီး တခြားသူတွေ သန့်ရှင်းရေးလုပ်နေတာ မြင်တော့ ဝိုင်းကူလို့ ရမလားလို့ မေးကြတယ်။ တစ်ယောက်ကတော့ အခု ဖိလစ်ပိုင်မှာ မနေတော့ဘူး။ နောက်တစ်ယောက်ကတော့ အစည်းအဝေးတွေ တက်နေပြီး ကျမ်းစာ စလေ့လာနေတယ်။ ဒါတွေအားလုံးဟာ အပြုံးလေးတစ်ချက်ကနေ အစပြုခဲ့တာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ