HOKU LANGPAW ABALU 12
Raepaw Hae Kyate Zahova Kong Houh Ccangkuh
“Laephi raenaw kyate tho zah Pachia kya-e muih kho leipaw zungzae atynpaw thungnaw te Pachia thuanaw kha a raepaw uccaw hae liate thaethya thua vae zah muih kho athua vae.”—ROM. 1:20.
LAW 6 ဘုရားဘုန်းတော် ကောင်းကင် ကြေညာ
အကြိုသုံးသပ်ချက်a
1. Paw liatemou Zahova kong Job nynh yn nythya?
ဘဝတစ်လျှောက် လူများစွာနဲ့ ယောဘ စကားပြောခဲ့တယ်။ ဒါပေမဲ့ ယေဟောဝါဘုရားနဲ့ စကားပြောခဲ့ရတာကတော့ အထူးခြားဆုံးပဲ။ ယေဟောဝါက မိမိ ဉာဏ်ပညာ ကြီးမားတယ်၊ ကျေးကျွန်တွေကို စောင့်ရှောက်ပေးနိုင်တယ်ဆိုတာ ယောဘ ပိုယုံကြည်စိတ်ချလာဖို့ အံ့ဖွယ် ဖန်ဆင်းရာတချို့အကြောင်း ပြောပြတယ်။ ဥပမာ၊ တိရစ္ဆာန်တွေကို ဂရုစိုက်သလို ယောဘကိုလည်း ဂရုစိုက်စောင့်ရှောက်မှာ ဖြစ်ကြောင်း စိတ်ချစေတယ်။ (ယောဘ ၃၈:၃၉-၄၁။ ၃၉:၁၊ ၅၊ ၁၃-၁၆) ဖန်ဆင်းရာတွေအကြောင်း စဉ်းစားရင်း ဘုရားရဲ့ အရည်အသွေးတွေအကြောင်း ယောဘ အများကြီး သိလာတယ်။
2. Raepaw hae kha leihla lang pawcce aru kho?
၂ ကျွန်တော်တို့လည်း ဖန်ဆင်းရာတွေကို လေ့လာခြင်းအားဖြင့် ဘုရားအကြောင်း ပိုသိလာနိုင်တယ်။ အဲဒီလိုလေ့လာဖို့ အမြဲတော့ မလွယ်ဘူး။ မြို့ကြီးပြကြီးမှာ နေတယ်ဆိုရင် သဘာဝနဲ့ အထိအတွေ့ နည်းနိုင်တယ်။ သဘာဝနဲ့ နီးစပ်တဲ့နေရာမှာ နေတယ်ဆိုရင်တောင် လေ့လာဖို့ အချိန်မရှိတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ဖန်ဆင်းရာတွေကို လေ့လာဖို့ အချိန်နဲ့ ခွန်အား စိုက်ထုတ်တာ ဘာကြောင့် အကျိုးရှိကြောင်း၊ ဖန်ဆင်းရာတွေ သုံးပြီး ယေဟောဝါနဲ့ ယေရှု ဘယ်လို သွန်သင်ပေးကြောင်း၊ သဘာဝတရားကနေ ထပ်လေ့လာဖို့ ဘာလုပ်နိုင်ကြောင်း ဆွေးနွေးကြစို့။
RAEPAW HAE KHA PAWCCE LEIHLA LANG A CCANG?
တိရစ္ဆာန်တွေကို နာမည်ပေးဖို့ အာဒံကို ယေဟောဝါ တာဝန်ပေး။ အာဒံကို ဖန်ဆင်းရာတွေကနေ ပျော်ရွှင်မှု ရစေချင်တာ ထင်ရှား (စာပိုဒ် ၃ ကို ကြည့်ပါ)
3. Zahova nynh Adam kha raepaw hae kyate lungpawnaw a muesah ry cipaw pawtemou ny kho athua?
၃ ယေဟောဝါက ပထမ လူသား အာဒံကို ဖန်ဆင်းရာတွေကနေ ပျော်ရွှင်မှု ရစေချင်တယ်။ လှပတဲ့ ဥယျာဉ်မှာ နေရင်း ဥယျာဉ်ကို ထွန်ယက်စိုက်ပျိုး၊ ချဲ့ထွင်ဖို့ တာဝန်ပေးတယ်။ (က. ၂:၈၊ ၉၊ ၁၅) မျိုးစေ့တွေ အညှောက် ပေါက်လာတာ၊ ပန်းတွေ ပွင့်လာတာကို ကြည့်ပြီး အာဒံ ဘယ်လောက် စိတ်လှုပ်ရှားခဲ့မယ်ဆိုတာ မြင်ယောင်ကြည့်ပါ။ ဧဒင်ဥယျာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ရတာ တကယ့် အခွင့်ထူးပါပဲ။ ဒါ့အပြင် တိရစ္ဆာန်တွေကို နာမည်ပေးဖို့လည်း တာဝန်ရတယ်။ (က. ၂:၁၉၊ ၂၀) ယေဟောဝါကိုယ်တိုင် နာမည်ပေးလို့ ရပေမဲ့ အာဒံကို ပေးခိုင်းတယ်။ နာမည် မပေးခင် တိရစ္ဆာန်တစ်ကောင်ချင်းစီရဲ့ ထူးခြားတဲ့ လက္ခဏာ၊ အပြုအမူတွေကို သေသေချာချာ လေ့လာခဲ့ရမှာပဲ။ ဒီလိုလေ့လာရတာကို အာဒံ နှစ်သက်မှာ၊ ကောင်းကင်ဘုံစံ ဖခင်ရဲ့ ဉာဏ်ပညာ၊ လက်ရာမြောက်မှု၊ ဖန်တီးနိုင်စွမ်းတွေကို ပိုသိလာမှာ သေချာတယ်။
4. (a) Raepaw hae kha leihla lang a ccangnawpaw akonglang ccangkheit tuh pawmou? (b) Paw raepaw hae hanglang mou na lung myarya tua?
၄ ဖန်ဆင်းရာတွေကို လေ့လာသင့်တဲ့ အကြောင်းရင်း တစ်ခုက ဘာလဲ။ ယေဟောဝါ လေ့လာစေချင်လို့ပါ။ “ကောင်းကင်ကို မော့ကြည့်လိုက်ပါဦး။ အဲဒါတွေကို ဘယ်သူ ဖန်ဆင်းသလဲ” လို့ ယေဟောဝါ မေးတယ်။ အဖြေက ရှင်းနေပါတယ်။ (ဟေရှာ. ၄၀:၂၆) ကျွန်တော်တို့ လေ့လာနိုင်ဖို့ ကောင်းကင်၊ မြေကြီးနဲ့ ပင်လယ်မှာ အပြည့် ဖန်ဆင်းပေးထားတယ်။ (ဆာ. ၁၀၄:၂၄၊ ၂၅) ကျွန်တော်တို့ကို ဘုရား ဖန်ဆင်းထားပုံကိုလည်း စဉ်းစားကြည့်ပါ။ ဖန်ဆင်းရာ အမျိုးမျိုးကို ပျော်မွေ့ခံစားနိုင်ဖို့ အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အထိအတွေ့ဆိုတဲ့ အာရုံငါးပါးကို ထည့်သွင်းဖန်ဆင်းပေးထားတယ်။
5. Rom 1:20 liate, raepaw hae kha leihlanaw kyate paw thanenaw mou a ung?
၅ ဖန်ဆင်းရာတွေကို လေ့လာသင့်တဲ့ နောက်အကြောင်းရင်းကတော့ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း သိစေလို့ပါ။ (ရောမ ၁:၂၀ ကို ဖတ်ပါ။) ဥပမာ၊ သဘာဝတရားမှာ တွေ့ရတဲ့ အံ့ဖွယ် ဒီဇိုင်းတွေက ဘုရားရဲ့ ဉာဏ်ပညာကို ပေါ်လွင်စေတယ်။ အစားအစာ မျိုးစုံ ဖန်ဆင်းပေးထားတာက ဘုရားရဲ့ မေတ္တာကို ပေါ်လွင်စေတယ်။ ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ယေဟောဝါရဲ့ အရည်အသွေးတွေကို အထင်အရှား မြင်လာတဲ့အခါ ဘုရားအကြောင်း ပိုသိလာတယ်။ ဘုရားနဲ့ ပိုရင်းနှီးအောင် လုပ်ဖို့ လှုံ့ဆော်ခံရတယ်။ အခု၊ ဖန်ဆင်းရာတွေ သုံးပြီး အရေးကြီး သင်ခန်းစာတွေ ယေဟောဝါ သင်ပေးပုံအကြောင်း လေ့လာကြည့်ကြစို့။
ZAHOVA NYNH RAEPAW HAE KHA MANGTE AMAW KONG YN CCANGPYA
6. Ungnaw a rulaekupaw pavaw hae kha dote pawmou ah ccangkuh kho oh?
၆ ယေဟောဝါဟာ အချိန် သတ်မှတ်ရှင် ဖြစ်တယ်။ နှစ်စဉ် ဖေဖော်ဝါရီလကုန်နဲ့ မေလလယ်အတွင်း မြောက်အရပ်ကို ငှက်ကျားတွေ ပြောင်းရွှေ့တာ အစ္စရေးတွေ တွေ့ရတတ်တယ်။ “ကောင်းကင်ပေါ်က ငှက်ကျားတောင် ရာသီချိန်ကို သိတယ်” လို့ ဘုရား ပြောတယ်။ (ယေ. ၈:၇) ဒီငှက်တွေအတွက် ယေဟောဝါ အချိန် သတ်မှတ်ထားသလို တရားစီရင်ရာနေ့အတွက် အချိန် သတ်မှတ်ထားတယ်။ ဒါကြောင့် ဆိုးညစ်တဲ့ စနစ် အဆုံးတိုင်ဖို့ ယေဟောဝါ အချိန် “သတ်မှတ်ထား” ကြောင်း နေရာပြောင်းငှက်တွေ တွေ့တိုင်း သတိရပါ။—ဟဗ. ၂:၃။
7. Pavaw hae a zounaw hae zia kha dote pawmou ah ccangkuh kho oh? (Isaiah 40:31)
၇ ကျေးကျွန်တွေကို ယေဟောဝါ ခွန်အားပေးတယ်။ စိတ်ပျက်အားငယ်နေတဲ့ ကျေးကျွန်တွေကို “လင်းယုန်လို တောင်ပံဖြန့်ပြီး ပျံဝဲ” နိုင်အောင် ခွန်အားပေးမယ်လို့ ဟေရှာယကတစ်ဆင့် ယေဟောဝါ ကတိပေးတယ်။ (ဟေရှာယ ၄၀:၃၁ ကို ဖတ်ပါ။) တောင်ပံ သိပ်ခတ်စရာ မလိုဘဲ လေဟုန်စီးရင်း ပျံဝဲနေတဲ့ လင်းယုန်တွေကို အစ္စရေးတွေ မြင်ဖူးကြတယ်။ ဒီငှက်တွေကို ယေဟောဝါ ခွန်အားပေးသလို ကျေးကျွန်တွေကိုလည်း ခွန်အားပေးနိုင်တယ်။ ဒါကြောင့် တောင်ပံ သိပ်မခတ်ဘဲ မြင့်သည်ထက် မြင့်အောင် ပျံသန်းနေတဲ့ ငှက်ကြီးတစ်ကောင်ကို မြင်တိုင်း ပြဿနာတွေ ကျော်လွှားဖို့ သင့်ကို ယေဟောဝါ ခွန်အားပေးနိုင်တယ်ဆိုတာ သတိရပါ။
8. Job nynh raepaw hae kong tua la liate pawmou yn ny, aening nynh pawmou ah ny kho oh?
၈ ယေဟောဝါကို ယုံကြည်စိတ်ချနိုင်တယ်။ မိမိအပေါ် ယုံကြည်စိတ်ချမှု တိုးများလာဖို့ ယောဘကို ယေဟောဝါ ကူညီပေးတယ်။ (ယောဘ ၃၂:၂။ ၄၀:၆-၈) ကြယ်တွေ၊ တိမ်တွေ၊ လျှပ်စီးတွေ အပါအဝင် ဖန်ဆင်းရာ အမျိုးမျိုးအကြောင်း၊ မြင်း၊ နွားရိုင်းစတဲ့ တိရစ္ဆာန်တွေအကြောင်း ယောဘကို ပြောပြတယ်။ (ယောဘ ၃၈:၃၂-၃၅။ ၃၉:၉၊ ၁၉၊ ၂၀) ဒီအရာအားလုံးဟာ ဘုရားရဲ့ အံ့ဖွယ်တန်ခိုး၊ မေတ္တာ၊ ဉာဏ်ပညာ ကြီးမားမှုရဲ့ သက်သေတွေပါပဲ။ ယေဟောဝါဘုရားနဲ့ စကားပြောပြီးနောက် ဘုရားကို ယောဘ ပိုယုံကြည်စိတ်ချလာတယ်။ (ယောဘ ၄၂:၁-၆) ကျွန်တော်တို့လည်း ဖန်ဆင်းရာတွေကို လေ့လာတဲ့အခါ ယေဟောဝါဟာ ဉာဏ်ပညာ၊ တန်ခိုး ကြီးမားကြောင်း၊ အခက်အခဲအားလုံးကို အဆုံးတိုင်ပေးနိုင်ကြောင်း၊ အဆုံးတိုင်ပေးတော့မှာ ဖြစ်ကြောင်း သိလာရတယ်။ ဒါက ယေဟောဝါအပေါ် ယုံကြည်စိတ်ချမှု ပိုတိုးများစေတယ်။
ZISU NYNH RAEPAW HAE KHA MANGTE A PAAW KONG YN CCANGPYA
9-10. Khuaning te khua kyate Zahova kong pawmou a nykuh?
၉ သဘာဝတရားအကြောင်း ယေရှု ကောင်းကောင်း သိတယ်။ စကြဝဠာကို ဖခင် ဖန်ဆင်းချိန်မှာ “ကျွမ်းကျင်လုပ်သား” အဖြစ် ကူညီခဲ့တယ်။ (ပညာ. ၈:၃၀) နောက်ပိုင်း၊ မြေကြီးပေါ် ရှိနေချိန် ဖန်ဆင်းရာတွေ သုံးပြီး ဖခင်အကြောင်း တပည့်တွေကို သင်ပေးတယ်။ ယေရှု သင်ပေးတဲ့ သင်ခန်းစာတချို့အကြောင်း လေ့လာကြည့်ကြစို့။
၁၀ ယောက်တိုင်းအပေါ် ယေဟောဝါ မေတ္တာပြတယ်။ လူတွေ သိပ်အလေးမထားတဲ့ ဖန်ဆင်းရာ နှစ်မျိုးကို သုံးပြီး တောင်ပေါ် တရားတော်မှာ တပည့်တွေကို ယေရှု သင်ပေးတယ်။ နေရောင်ခြည်နဲ့ မိုးပါ။ နှစ်ခုစလုံး ကျွန်တော်တို့ အသက်ဆက်ရှင်ဖို့ မရှိမဖြစ် လိုအပ်တယ်။ ယေဟောဝါက မိမိကို ဝတ်ပြုသူတွေအပေါ် ကွက်ပြီး နေထွက်စေ၊ မိုးရွာစေလို့ ရတယ်။ ဒါပေမဲ့ လူတိုင်းအပေါ် နေထွက်စေ၊ မိုးရွာစေတယ်။ (မ. ၅:၄၃-၄၅) လူအားလုံးအပေါ် ယေဟောဝါ မေတ္တာပြစေချင်ကြောင်း ဒီသင်ခန်းစာ သုံးပြီး တပည့်တွေကို ယေရှု သင်ပေးတယ်။ ဒါကြောင့် အံ့ဩမိန်းမောဖွယ် နေဝင်ဆည်းဆာကို ရှုစားရတိုင်း၊ လန်းဆန်းစေတဲ့မိုး ရွာသွန်းတာကို မြင်တိုင်း ယေဟောဝါရဲ့ ဘက်မလိုက်တဲ့ မေတ္တာအကြောင်း တွေးတောပါ။ ဒါက လူတိုင်းကို ဟောပြောခြင်းအားဖြင့် ယေဟောဝါရဲ့ မေတ္တာကို တုပဖို့ လှုံ့ဆော်ပေးနိုင်တယ်။
11. Pavaw hae kha dote pawtemou thawzung lawkuh kho lang?
၁၁ ရုပ်ပိုင်း လိုအပ်ရာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးတယ်။ “ငှက်တွေကို အာရုံစိုက်ကြည့်လိုက်ပါ။ သူတို့က မျိုးစေ့ကြဲတာ၊ ရိတ်သိမ်းတာ၊ ကျီထဲ စုသိမ်းတာတွေ မလုပ်ကြဘူး။ ဒါပေမဲ့ ကောင်းကင်အဖက သူတို့ကို ကျွေးမွေးထားတာပဲ” လို့ တောင်ပေါ် တရားတော်မှာ ယေရှု ဆက်ပြောတယ်။ “ခင်ဗျားတို့ဟာ အဲဒီငှက်တွေထက် ပိုတန်ဖိုးရှိတယ် မဟုတ်လား” လို့ ယေရှု မေးလိုက်ချိန် ကောင်းကင်မှာ ငှက်တွေ ပျံသန်းသွားတာကို ပရိသတ်တွေ မြင်ရနိုင်တယ်။ (မ. ၆:၂၆) ကျွန်တော်တို့ရဲ့ ရုပ်ပိုင်း လိုအပ်ရာတွေကို ယေဟောဝါ ဖြည့်ဆည်းပေးမယ်ဆိုတဲ့ မေတ္တာပါ အာမခံချက်ပါပဲ။ (မ. ၆:၃၁၊ ၃၂) ဒီသင်ခန်းစာက သစ္စာရှိ ကျေးကျွန်တွေအတွက် အားပေးမှု ဖြစ်နေဆဲပါပဲ။ စပိန်နိုင်ငံက ရှေ့ဆောင် ညီအစ်မငယ်တစ်ယောက် အိမ်ရှာရ ခက်လို့ စိတ်ဓာတ်ကျနေတယ်။ ဒါပေမဲ့ အစေ့အဆန်တွေ၊ ဘယ်ရီသီးတွေကို ငှက်တွေ စားနေတာ မြင်ပြီး အားပြန်တက်လာတယ်။ “ဒီငှက်တွေကို ယေဟောဝါ ဂရုစိုက်တယ်ဆိုရင် ကျွန်မကိုလည်း ဂရုစိုက်မှာပဲ” လို့ ပြောတယ်။ တကယ်လည်း သိပ်မကြာခင်မှာပဲ နေစရာ ရှာတွေ့သွားတယ်။
12. Matthai 10:29-31 liate, pavaw hae kyate Zahova kong pawmou a nykuh?
၁၂ တစ်ယောက်ချင်းစီကို ယေဟောဝါ တန်ဖိုးထားတယ်။ ဟောပြောဖို့ တမန်တော်တွေကို မစေလွှတ်ခင် ဆန့်ကျင်သူတွေကို မကြောက်ဖို့ ယေရှု ပြင်ဆင်ပေးတယ်။ (မဿဲ ၁၀:၂၉-၃၁ ကို ဖတ်ပါ။) အစ္စရေးဒေသမှာ အတွေ့အများဆုံး စာငှက်အကြောင်း ပြောပြတယ်။ စာငှက်တွေဟာ တန်ဖိုး သိပ်မရှိဘူး။ ဒါပေမဲ့ ‘အဖဘုရား မသိဘဲနဲ့ အဲဒီစာငှက် တစ်ကောင်မှ မြေပေါ် မကျဘူး။ ခင်ဗျားတို့ဟာ စာငှက်လေးတွေထက် ပိုတန်ဖိုးရှိပါတယ်’ လို့ ယေရှု ပြောတယ်။ တစ်ယောက်ချင်းစီကို ယေဟောဝါ တန်ဖိုးထားတာမို့ နှိပ်စက်ညှဉ်းပန်းမှုကို ကြောက်ဖို့ မလိုကြောင်း တပည့်တွေကို ယုံကြည်စိတ်ချစေတယ်။ ဒါကြောင့် မြို့တွေ၊ ရွာတွေမှာ ဟောပြောရင်း စာငှက်တွေ မြင်တိုင်း ယေရှုရဲ့စကားကို တပည့်တွေ အမှတ်ရကြမှာပဲ။ သင်လည်း ငှက်ကလေးတွေ မြင်တိုင်း “စာငှက်လေးတွေထက် ပိုတန်ဖိုးရှိ” တဲ့ သင့်ကို ယေဟောဝါ တန်ဖိုးထားကြောင်း သတိရပါ။ ဆန့်ကျင်မှုတွေကို ဘုရားအကူအညီနဲ့ မကြောက်မရွံ့ ရင်ဆိုင်နိုင်ပါတယ်။—ဆာ. ၁၁၈:၆။
RAEPAW HAE KYATE PACHIA KONG HOUH LEIHLA KHONAW ZIA
13. Raepaw hae kyate ccangkuh lang pawmou cyi kho athua?
၁၃ ဖန်ဆင်းရာတွေကနေ ယေဟောဝါအကြောင်း အများကြီး ထပ်သင်ယူနိုင်တယ်။ ဘယ်လိုနည်းနဲ့လဲ။ ဖန်ဆင်းရာတွေကို လေ့လာဖို့ အချိန်ယူပါ။ ယေဟောဝါအကြောင်း ဘာသင်ပေးသလဲဆိုတာ တွေးတောပါ။ အဲဒီလိုတွေးတောဖို့ အမြဲတော့ မလွယ်ဘူး။ ကင်မရွန်းနိုင်ငံမှာ နေတဲ့ ညီအစ်မ ဂျရယ်ဒင်းက “မြို့မှာ ကြီးပြင်းလာတာဆိုတော့ သဘာဝတရားကို လေ့လာဖို့ဆိုရင် အားထုတ်မှ ရမယ်ဆိုတာ သတိထားမိတယ်” လို့ ပြောတယ်။ အကြီးအကဲ ညီအစ်ကို အယ်လ်ဖွန်ဆိုကလည်း “ယေဟောဝါရဲ့ ဖန်ဆင်းရာတွေကို တစ်ယောက်တည်း အေးအေးဆေးဆေး လေ့လာဖို့၊ တွေးတောဆင်ခြင်ဖို့ သတ်သတ်မှတ်မှတ် အချိန် ဖယ်ထားရမယ်ဆိုတာ ကျွန်တော် သိလာတယ်” လို့ ပြောတယ်။
ပတ်ဝန်းကျင်မှာ ရှိတဲ့ ဖန်ဆင်းရာတွေကို ကြည့်ပြီး ယေဟောဝါအကြောင်း ဒါဝိဒ် တွေးတောနေ (စာပိုဒ် ၁၄ ကို ကြည့်ပါ)
14. David nynh Pachia a raepaw hae kong tuate pawmou yn ny?
၁၄ ဘုရားရဲ့ ဖန်ဆင်းရာတွေအကြောင်း ဒါဝိဒ် လေးလေးနက်နက် တွေးတောတယ်။ “လက်ရာတော် ဖြစ်တဲ့ ကောင်းကင်ကို၊ ဖန်ဆင်းထားတဲ့ လမင်းနဲ့ ကြယ်စင်တွေကို မြင်တဲ့အခါ သေမျိုး ဖြစ်တဲ့လူဟာ ဘာမို့လို့ ကိုယ်တော် အောက်မေ့နေရတာလဲ” လို့ ပြောတယ်။ (ဆာ. ၈:၃၊ ၄) ညကောင်းကင်ယံကို ဒါဝိဒ် ငေးမောရုံလောက်ပဲ မဟုတ်ဘူး။ ကြယ်တွေဆီကနေ ဘုရားအကြောင်း ဘာသင်ယူနိုင်သလဲဆိုပြီး တွေးတောတယ်။ ဒီလိုနဲ့ ယေဟောဝါ ဘယ်လောက် ကြီးမြတ်ကြောင်း သိလာတယ်။ သန္ဓေသားဘဝနဲ့ မိခင်ဝမ်းထဲမှာ မိမိ ကြီးထွားလာပုံအကြောင်းလည်း တွေးတောတယ်။ အံ့ဖွယ် ဖန်ဆင်းခံထားရပုံကို စဉ်းစားမိပြီး ယေဟောဝါရဲ့ ဉာဏ်ပညာအတွက် ကျေးဇူးတင်လေးမြတ်စိတ် တိုးများလာတယ်။—ဆာ. ၁၃၉:၁၄-၁၇။
15. Raepaw hae kya a ccae lang a muihkupaw Zahova a ziazae abang kha tousenaw pya tua. (Sam 148:7-10)
၁၅ တွေးတောစရာ ဖန်ဆင်းရာတွေကို ဝေးဝေးလံလံ ရှာစရာ မလိုပါဘူး။ ဒါဝိဒ်လိုပဲ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဖန်ဆင်းရာတွေကို ကြည့်တဲ့အခါ ယေဟောဝါရဲ့ အရည်အသွေးတွေကို အထင်အရှား မြင်နိုင်တယ်။ ဥပမာ၊ နေရောင်ခြည် အနွေးဓာတ်ကို ခံစားမိတဲ့အခါ ယေဟောဝါရဲ့ တန်ခိုးအကြောင်း စဉ်းစားနိုင်တယ်။ (ယေ. ၃၁:၃၅) ငှက်တွေ အသိုက်ဆောက်နေတာ တွေ့တဲ့အခါ ဘုရားရဲ့ ဉာဏ်ပညာအကြောင်း တွေးတောနိုင်တယ်။ ခွေးကလေးတစ်ကောင် ကိုယ့်အမြီးကိုယ် ပတ်ကိုက်နေတာ တွေ့တဲ့အခါ ဘုရားရဲ့ ဟာသဉာဏ်အကြောင်း စဉ်းစားနိုင်တယ်။ ကလေးကို ချော့မြှူနေတဲ့ မိခင်ကို တွေ့တဲ့အခါ ဘုရားရဲ့ မေတ္တာအတွက် ကျေးဇူးတင်နိုင်တယ်။ ကြီးကြီးငယ်ငယ်၊ နီးနီးဝေးဝေး ဖန်ဆင်းရာအားလုံး ယေဟောဝါကို ချီးမွမ်းနေကြလို့ သင်ယူစရာချည်းပါပဲ။—ဆာလံ ၁၄၈:၇-၁၀ ကို ဖတ်ပါ။
16. Pawcyi langmou byapaekuh lang a ccang?
၁၆ ယေဟောဝါဘုရားဟာ ဉာဏ်ပညာ၊ မေတ္တာ၊ တန်ခိုး ကြီးမားတယ်။ ဖန်ဆင်းရာတိုင်း လက်ရာမြောက်တယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ ဖန်ဆင်းရာတွေကို အသေအချာ ကြည့်တဲ့အခါ ဘုရားရဲ့ အဲဒီအရည်အသွေးတွေအပြင် တခြားအရည်အသွေးတွေကိုပါ ကျွန်တော်တို့ သိလာရတယ်။ ဒါကြောင့် ဖန်ဆင်းရာတွေကို ပျော်မွေ့ခံစားဖို့၊ ယေဟောဝါအကြောင်း တွေးတောဖို့ အချိန်ယူသင့်တယ်။ ဒါဆိုရင် ဖန်ဆင်းရှင်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ (ယာ. ၄:၈) ယေဟောဝါနဲ့ သားသမီးတွေ ပိုရင်းနှီးလာဖို့ ဖန်ဆင်းရာတွေ သုံးပြီး မိဘတွေ ဘယ်လို သင်ပေးနိုင်ကြောင်း နောက်ဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။
LAW 5 ဘုရားသခင့် အံ့ဖွယ်အမှုတော်များ
a ယေဟောဝါဘုရားရဲ့ ဖန်ဆင်းခြင်း လက်ရာတွေဟာ အံ့ဩမိန်းမောစရာ ကောင်းတယ်။ စွမ်းအား ကြီးမားတဲ့ နေကအစ နူးညံ့လှတဲ့ ပန်းပွင့်ဖတ်တွေအထိ လက်ရာအားလုံး အံ့ဩစရာပါပဲ။ ဖန်ဆင်းရာတွေကနေ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း အများကြီး သင်ယူနိုင်တယ်။ ဖန်ဆင်းရာတွေကို ဘာကြောင့် အချိန်ယူ လေ့လာသင့်ကြောင်း၊ အဲဒီလိုလေ့လာတာက ဘုရားနဲ့ ပိုရင်းနှီးလာဖို့ ဘယ်လို ကူညီပေးနိုင်ကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။