Rawvianaw ONLINE LIBRARY
Rawvianaw
ONLINE LIBRARY
Chin (Zotung)
  • BAEBU
  • CCAH-UH HAE
  • PUNGKUNAW HAE
  • w23 July pp. 8-13
  • Sungsahkunaw Kha Houhouh Lungthungsah

E selection hanglang video muekuh kho khyh.

Sorry, video phuinnaw kya error a ung.

  • Sungsahkunaw Kha Houhouh Lungthungsah
  • Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
  • Abalu dihpaw hae
  • ZAHOVA TUNGVAW NA HOIPAW SUNGSAHKUNAW KHA HOUHOUH LUNGTHUNGSAH
  • MINCCANGPAW TUNGVAW NA HOIPAW SUNGSAHKUNAW KHA HOUHOUH LUNGTHUNGSAH
  • MINCCANGPAW HAE KHA SUNGSAHKUNAW LANGSAHNAW KYATE A MUEKUHPAW THANENAW HAE
Zohova Pachia Peenaw Honaw Rawvianaw Innhang (Hokunaw)-2023
w23 July pp. 8-13

HOKU LANGPAW ABALU 30

Sungsahkunaw Kha Houhouh Lungthungsah

‘Nae kya-e sungsakunaw houhouh alungthung nawlan saw ka sang.’—EFE. 4:15.

LAW 2 နာမတော် ယေဟောဝါ

အကြို​သုံးသပ်ချက်a

1. Baebu ccaw na ccangkuh takaw lya pawhaemou nae ny?

ကျမ်းစာ လေ့လာခါစ အချိန်ကို မှတ်မိသေးသလား။ ဘုရား​မှာ နာမည် ရှိတယ်ဆိုတာ သိလိုက်ရလို့ အံ့ဩ​သွားခဲ့​မှာ​ပဲ။ လူတွေကို မီးငရဲမှာ ဘုရား မ​ညှဉ်းဆဲ​ဘူး​ဆိုတာ သိလိုက်ရလို့ စိတ်သက်သာ​သွားခဲ့​မှာ​ပဲ။ ချစ်ရတဲ့ သေလွန်သူတွေကို ပြန်တွေ့​ရမယ်၊ သူတို့နဲ့အတူ မြေကြီး ပရဒိသုမှာ နေ​ရမယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ရင်ထဲ လှိုက်ဖိုသွားခဲ့မှာပဲ။

2. Baebu byaccing hae nae ny apiaze pawhaemou nae kaethung? (Efesa 5:1, 2)

၂ ကျမ်းစာ လေ့လာတာ​နဲ့အမျှ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးလာတယ်။ မေတ္တာ တိုး​လာတော့ သိလာတာ​တွေ လက်တွေ့​ကျင့်​တယ်။ ကျမ်းစာမူတွေကို အခြေခံပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချတယ်။ ဘုရား​စိတ်နဲ့ တွေ့ချင်လို့ အတွေးအခေါ်၊ အမူအကျင့်​တွေ ပြင်တယ်။ မေတ္တာရှိတဲ့ မိဘကို သားသမီး အတုယူ​သ​လို ကောင်းကင်ဘုံစံ ဖခင်ကို သင် အတုယူ​နေတယ်။—ဧဖက် ၅:၁၊ ၂ ကို ဖတ်ပါ။

3. Mawtemaw paw bakhianaw hae temou tuakhia kho athua?

၃ ‘နှစ်ခြင်းခံခါစ အချိန်​က​ထက် အခု ယေဟောဝါကို ပို​ချစ်​နေပြီလား။ နှစ်ခြင်းခံပြီးနောက် ယေဟောဝါ တွေးသလို၊ လုပ်​သ​လို တွေးတတ်၊ လုပ်တတ်​လာပြီ​လား။ အထူးသဖြင့်၊ ညီအစ်ကို/မတွေကို ပို​ချစ်တတ်​လာပြီ​လား’ လို့ ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ပါ။ “ကနဦး မေတ္တာ” အေးစက်​သွားပြီ​ဆိုတာ သတိထား​မိရင်​လည်း စိတ်ဓာတ်​မကျပါနဲ့။ ပထမရာစု ခရစ်ယာန်တွေ အဲဒီလိုပဲ မေတ္တာ အေးစက်​သွားကြတယ်။ ဒါပေမဲ့ သူတို့ကို ယေရှု ပစ်ပစ်ခါခါ မငြင်းခဲ့ဘူး။ ကျွန်တော်တို့ကိုလည်း ငြင်း​မှာ မဟုတ်ပါဘူး။ (ဗျာ. ၂:၄၊ ၇) အမှန်တရား သိခါစ အချိန်မှာ ရှိခဲ့တဲ့ မေတ္တာမျိုး ပြန်​ရှိအောင် လုပ်နိုင်မှန်း ယေရှု သိလို့ပဲ။

4. E abalu kya pawkongmou hokuh lang oh?

၄ ယေဟောဝါနဲ့ လူတွေကို ချစ်တဲ့ မေတ္တာ ဘယ်လို ဆက်တိုးများ​စေနိုင်​ကြောင်း၊ မေတ္တာ တိုးလာတဲ့အခါ ကိုယ်တိုင်နဲ့ တခြားသူတွေ ဘာကောင်းချီး ခံစားရကြောင်း ဒီဆောင်းပါးမှာ ဆွေးနွေးကြပါမယ်။

ZAHOVA TUNGVAW NA HOIPAW SUNGSAHKUNAW KHA HOUHOUH LUNGTHUNGSAH

5-6. Phunghonaw ccyh laku zuitu Paul nynh paw ruunaw hae mou a tung, thuasalamah pou law kho nawlang pawnynhmou a lung athosah?

၅ ဘုရား​အမှုဆောင်ရတာ တမန်တော် ပေါလု သိပ်ပျော်တယ်။ ဒါပေမဲ့ အခက်အခဲ အများကြီး ကြုံရတယ်။ ခဏခဏ ခရီး​အဝေးကြီး သွားရတယ်။ အဲဒီ​ခေတ်​တုန်းက တစ်နေရာနဲ့ တစ်နေရာ သွားရတာ မလွယ်ဘူး။ ခရီး​မှာ “မြစ်​ရေလျှံ​တဲ့​ဘေး၊ ဓားပြ​ဘေး” တစ်ခါတလေ ကြုံရတယ်။ ဆန့်ကျင်သူတွေ ကိုယ်ထိ​လက်ရောက် နှိပ်စက်တာ ခံရတယ်။ (၂ ကော. ၁၁:၂၃-၂၇) ဒီ​ကြားထဲ ညီအစ်ကို/မတွေ​က သူတို့အတွက် ပေါလု လုပ်ပေးတာ​တွေ​ကို ကျေးဇူး​မတင်​တတ်​ကြ​ဘူး။—၂ ကော. ၁၀:၁၀။ ဖိ. ၄:၁၅။

၆ ဆက်အမှုဆောင်ဖို့ ပေါလု​ကို ဘာက လှုံ့ဆော်ပေးသလဲ။ ကျမ်းစာကနေ၊ ကိုယ်တွေ့​ကနေ ယေဟောဝါအကြောင်း အများကြီး သိလာတယ်။ ကိုယ့်ကို ယေဟောဝါ​ဘုရား သိပ်ချစ်မှန်း ယုံလာတယ်။ (ရော. ၈:၃၈၊ ၃၉။ ဧ. ၂:၄၊ ၅) ဒါကြောင့် ယေဟောဝါကို ပေါလု ချစ်တတ်လာတယ်။ သန့်ရှင်းသူတွေကို မပြတ် အလုပ်အကျွေး ပြုခြင်း၊ အနွံအတာခံခြင်းအားဖြင့် ယေဟောဝါကို ချစ်တယ်ဆိုတာ သက်သေပြတယ်။— ဟီ. ၆:၁၀။

7. Zahova tungvaw na hoipaw sungsahnaw a lungthungsah khopaw zia kheit tuh pawmou?

၇ ကျွန်တော်တို့လည်း ကျမ်းစာ အပတ်တကုတ် လေ့လာခြင်းအားဖြင့် ဘုရားကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တယ်။ ကျမ်းစာ ဖတ်တဲ့အခါ ကျမ်းပိုဒ်​တစ်​ပိုဒ်​စီ​က ယေဟောဝါအကြောင်း ဘာ​ဖော်ပြနေသလဲ သိအောင် လုပ်ပါ။ ‘ငါ့ကို ယေဟောဝါ ချစ်တယ်၊ ယေဟောဝါကို ငါ ဘာကြောင့် ချစ်သင့်တယ်ဆိုတာနဲ့​ပတ်သက်ပြီး ဒီကျမ်းပိုဒ်က ဘာ​ဖော်ပြနေသလဲ’ လို့ စဉ်းစားပါ။

8. Sawsangnaw nynh Pachia kha sungsahnaw pawtemou a lungthungsah?

၈ ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုး​စေနိုင်​တဲ့ နောက်တစ်နည်းကတော့ နေ့တိုင်း ရင်ဖွင့်​ဆုတောင်းခြင်း​ပါ။ (ဆာ. ၂၅:၄၊ ၅) ဆုတောင်းချက်တွေကို ယေဟောဝါ ဖြေပေးပါလိမ့်မယ်။ (၁ ယော. ၃:၂၁၊ ၂၂) “နဂို​ကတော့ စာတွေ့​ကြောင့် ယေဟောဝါကို ချစ်တာ။ အခုတော့ ကိုယ့်​ဆုတောင်းချက်တွေကို ဘုရား ဖြေပေးတာ ကိုယ်တွေ့ မြင်ပြီး ပို​ချစ်​လာပြီ။ ဒါကြောင့် ဘုရား​စိတ်နဲ့ တွေ့​မယ့်​အရာတွေကို​ပဲ လုပ်ချင်​လာတော့​တယ်” လို့ အာရှ​မှာ နေတဲ့ ညီအစ်မ​တစ်ယောက် ပြောတယ်။

MINCCANGPAW TUNGVAW NA HOIPAW SUNGSAHKUNAW KHA HOUHOUH LUNGTHUNGSAH

9. Uno hae kha Timote nynh houhouh a sungsah hae cipaw Paul a bya nynh pawtemou a langsah?

၉ ပေါလု ခရစ်ယာန် ဖြစ်လာပြီးနောက် လူရည်လူမွန်လေး တိမောသေ​နဲ့ ဆုံတယ်။ တိမောသေ​ဟာ ယေဟောဝါကို ချစ်တယ်။ လူတွေကို ချစ်တယ်။ နောက်နှစ်​အနည်းငယ်​အ​ကြာ ဖိလိပ္ပိ အသင်းသားတွေ​ဆီ စာရေးတော့ “[တိမောသေ] လို​မျိုး ခင်ဗျားတို့​အကျိုးကို တကယ် လိုလား​တဲ့သူ ကျွန်တော့်​မှာ မရှိဘူး” လို့ ပေါလု ပြောတယ်။ (ဖိ. ၂:၂၀) တိမောသေ စနစ်ကျတဲ့​အကြောင်း၊ အဟောအပြော ကောင်းတဲ့​အကြောင်း ပေါလု ထွေထွေထူးထူး ပြော​မနေဘူး။ ဒါပေမဲ့ ညီအစ်ကို/မတွေကို ချစ်တတ်တဲ့​နေရာ​မှာတော့ တိမောသေ​ဟာ ပေါလု ပြောစမှတ် ပြုရတဲ့​အထိပဲ။ တိမောသေ တစ်ခေါက် တစ်ခေါက် လာလည်​မှာ​ကို ညီအစ်ကို/မတွေ မျှော်ကြမှာ သေချာတယ်။—၁ ကော. ၄:၁၇။

10. Unonung unopaw hae kha a sungsah hae cipaw Anna hae zuhvaw nynh pawtemou a langsah hae?

၁၀ ကျွန်တော်တို့လည်း ညီအစ်ကို/မတွေကို ကူညီဖို့ နည်းလမ်း ရှာ​ကြရမယ်။ (ဟီ. ၁၃:၁၆) ရှေ့ဆောင်းပါးမှာ ပါတဲ့ အန်နာ​တို့ ဇနီးမောင်နှံ​အကြောင်း စဉ်းစားကြည့်ပါ။ ပြင်းထန်တဲ့ မုန်တိုင်း​တစ်ခု ဝင်ပြီးနောက် ညီအစ်ကို/မ မိသားစု​တစ်စု​ဆီ သွားလည်တယ်။ မုန်တိုင်း​ဒဏ်​ကြောင့် အိမ်ခေါင်မိုး ပျက်စီးသွားလို့ အဲဒီမိသားစုမှာ ဝတ်စရာ အဝတ်သန့်သန့် မရှိတော့ဘူး။ “ဒါနဲ့ သူတို့ရဲ့ အဝတ်အစားတွေ ယူသွားပြီး လျှော်ဖွပ်၊ မီးပူတိုက်၊ ခေါက်​ပြီး ပြန်ပို့​ပေးကြတယ်။ အဲဒီလို လုပ်ပေး​ရတာ ကျွန်မတို့အတွက် ဘယ်လောက်​မှ အပန်း​မကြီးဘူး။ ဒါပေမဲ့ အဲဒီ​လုပ်ရပ်​လေး​ကြောင့် ခင်သွားလိုက်ကြတာ ဒီနေ့​အထိပဲ” လို့ အန်နာ ပြောတယ်။ ညီအစ်ကို/မတွေကို ချစ်တဲ့ မေတ္တာကြောင့် အန်နာ​တို့ ဇနီးမောင်နှံ ဒီလို လက်တွေ့ကျကျ ကူညီပေးတာ။—၁ ယော. ၃:၁၇၊ ၁၈။

11. (a) Sungsahkunaw langsah langze minccangpaw hae nynh pawtemou a ung hae? (b) Phungtangbya 19:17 liate, sungsahkunaw ah langsah oh paw kha Zahova nynh pawtemou a tua?

၁၁ ကျွန်တော်တို့ မေတ္တာ၊ ကြင်နာမှု ပြတဲ့အခါ ယေဟောဝါကို အတုယူ​နေတာ ဖြစ်မှန်း တခြားသူတွေ သတိထား​မိ​တတ်​ကြတယ်။ ကျွန်တော်တို့ မသိရင်​သာ နေမယ်။ ကျွန်တော်တို့ရဲ့ ကြင်နာမှုအကြောင်း တ​သ​သ ဖြစ်နေကြ​မှာ။ အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ အာရှ​က ညီအစ်မ​လည်း ကိုယ့်ကို ကူညီပေးခဲ့သူ​တွေ​ကို မှတ်မိ​နေတုန်းပဲ။ “အမှုဆောင်မှာ လက်တွဲခေါ်ပေးကြတဲ့ ညီအစ်မတွေကို သိပ်ကျေးဇူးတင်တာပဲ။ ကျွန်မကို အိမ်​လာကြို​ပေးကြတယ်။ နေ့လယ်​စာ ခေါ်​ကျွေးကြတယ်။ အိမ်ကို ချောချောမောမော ပြန်ပို့​ပေးကြတယ်။ အဲဒီလို လုပ်ရတာ မလွယ်ဘူး။ ဒါပေမဲ့ စေတနာ​အပြည့်​နဲ့ လုပ်ပေးကြတာ” လို့ ပြောတယ်။ ကိုယ်​လုပ်ပေးတာ​တွေ​အတွက် လူတိုင်း​ဆီကနေ ကျေးဇူးတင်​စကား ကြားရချင်မှတော့ ကြားရမယ်။ “ကျွန်မကို ဂရုစိုက်​ပေးခဲ့​သူတွေကို ကျေးဇူး​ပြန်ဆပ်ချင်တယ်။ ဒါပေမဲ့ တစ်ယောက် တစ်နေရာ​စီ ဖြစ်ကုန်ကြပြီ။ အခု သူတို့ ဘယ်မှာလဲ ကျွန်မ မသိဘူး။ ယေဟောဝါတော့ သိတယ်။ ဒါကြောင့် ကျွန်မ​အစား ကျေးဇူး​ဆပ်ပေး​ပါ​လို့ ဆုတောင်းတယ်” လို့ ညီအစ်မ ပြောတယ်။ မှန်ပါတယ်၊ ကျွန်တော်တို့ ပြတဲ့ ကြင်နာမှု လုပ်ရပ် အသေးအမွှား​လေး​တွေ​ကို​တောင် ယေဟောဝါ သတိထားမိတယ်။ တန်ဖိုး​ရှိတဲ့ လက်ဆောင်၊ ပြန်ဆပ်​ပေးရမယ့် အကြွေး​လို့ သဘောထားတယ်။—ပညာအလိမ္မာ ၁၉:၁၇ ကို ဖတ်ပါ။

ရုပ်ပုံ– ညီအစ်ကိုတစ်ယောက် ဘုရားရေးရာမှာ တိုးတက်ဖို့ ကြိုးစားနေ။ ၁။ အသင်းတော် အစည်းအဝေး ရောက်လာသူတွေကို နှုတ်ဆက်နေ။ ၂။ အစည်းအဝေးမှာ မှတ်ချက်ပေးနေ။ ၃။ ဘီးတပ်ကုလားထိုင် သုံးရတဲ့ သက်ကြီး ညီအစ်မနဲ့ အများရှေ့ သက်သေခံခြင်းမှာ ပါဝင်နေ။ ၄။ အိုမင်းမစွမ်း ဖြစ်နေတဲ့ ညီအစ်ကိုတစ်ယောက်အိမ် သွားလည်နေ။

ဘုရားရေးရာမှာ တိုးတက်လာတာနဲ့အမျှ တခြားသူတွေကို ကူညီဖို့ ကျွန်တော်တို့ နည်းလမ်း​ရှာ​မှာ ဖြစ် (စာပိုဒ် ၁၂ ကို ကြည့်ပါ)

12. Uno hae tungvaw sungsahkunaw kha unopaw hae nynh pawtemou a langsah kho hae? (Sahkhung kha do.)

၁၂ သင်ဟာ ညီအစ်ကို​တစ်ယောက်​ဆိုရင် ညီအစ်ကို/မတွေကို မေတ္တာ​ပြဖို့၊ ကူညီဖို့ ဘာတွေ လုပ်နိုင်သလဲ။ အသင်းတော်မှာ ဘာတွေ ကူညီပေး​ရမလဲ​ဆိုပြီး အကြီးအကဲ​တစ်ယောက်ကို ဂျော်ဒန် ဆိုတဲ့ လူငယ်လေး မေးတယ်။ ဂျော်ဒန်​ရဲ့ တိုးတက်မှု​တွေ​ကို အကြီးအကဲ ချီးမွမ်း​တယ်။ ဘယ်လို ထပ်တိုးတက်နိုင်မလဲဆိုတာနဲ့​ပတ်သက်ပြီး အကြံ​တချို့ ပေးတယ်။ ဥပမာ၊ နိုင်ငံတော်​ခန်းမကို စောစော လာပြီး ညီအစ်ကို/မတွေကို နှုတ်ဆက်​ဖို့၊ အစည်းအဝေးမှာ မှတ်ချက်​ပေး​ဖို့၊ အမှုဆောင်​အုပ်စုနဲ့ မှန်မှန် ဟောပြောဖို့၊ တခြားသူတွေကို လက်တွေ့ကျကျ ကူညီနိုင်မယ့် နည်းလမ်းတွေ ရှာဖို့ အကြံပေးတယ်။ အကြံ​ပေးတဲ့​အတိုင်း ဂျော်ဒန် လုပ်ကြည့်တော့ အဲဒီ​ကဏ္ဍတွေမှာ တိုးတက်လာတယ်။ ညီအစ်ကို/မတွေကို ပို​ချစ်တတ်လာတယ်။ ညီအစ်ကိုတွေဟာ အသင်းတော် အမှုထမ်း ဖြစ်​လာ​မှ ညီအစ်ကို/မတွေကို စ​ကူညီ​တာ မဟုတ်ဘဲ အရင်​ကတည်းက ကူညီ​လက်​စ ဆက်​ကူညီ​တာ ဖြစ်မှန်း ဂျော်ဒန် သဘောပေါက်လာတယ်။—၁ တိ. ၃:၈-၁၀၊ ၁၃။

13. Khrihccaw Piccan lang rya bua law kho nawlang Unopaw Christian kha sungsahkunaw nynh pawtemou a bung?

၁၃ သင်ဟာ အရင်က အသင်းတော် အမှုထမ်း ဒါမှမဟုတ် အကြီးအကဲအဖြစ် အမှုဆောင်ခဲ့တယ်​ဆိုရင်ကော။ သင် လုပ်ခဲ့တာ​တွေ၊ မေတ္တာ ပြခဲ့တာ​တွေ​ကို ယေဟောဝါ မမေ့​ပါ​ဘူး။ (၁ ကော. ၁၅:၅၈) အခုထိ မေတ္တာ ဆက်ပြနေတာကိုလည်း သတိထားမိတယ်။ ခရစ်ရှန်လို့ ခေါ်တဲ့ ညီအစ်ကိုဟာ အကြီးအကဲ​တာဝန် နား​လိုက်​ရတော့ တော်တော်လေး စိတ်ဓာတ်ကျ​ခဲ့တယ်။ ဒါပေမဲ့ “အကြီးအကဲ​တာဝန် ရရ၊ မရ​ရ ယေဟောဝါကို ချစ်လို့ အတတ်နိုင်ဆုံး ဆက်အမှုဆောင်ဖို့ ဆုံးဖြတ်ထားတယ်” လို့ ပြောတယ်။ နောက်တော့ ခရစ်ရှန် အကြီးအကဲအဖြစ် ပြန်ခန့်အပ်ခံရတယ်။ “အကြီးအကဲအဖြစ် ပြန်အမှုဆောင်ဖို့ နည်းနည်း စိုးရိမ်​မိတယ်။ ဒါပေမဲ့ ကျွန်တော့်ကို ယေဟောဝါ မေတ္တာ​ပြပြီး အကြီးအကဲ ပြန်​လုပ်​စေချင်တယ်​ဆိုရင် ကျွန်တော်လည်း ဘုရားနဲ့ ညီအစ်ကို/မတွေကို ချစ်တဲ့ စိတ်ကြောင့် ပြန်​ကြိုးစားမယ်” လို့ ပြောတယ်။

14. Georgia ram kya-e unonung lukheih a bya kyate pawmou ah ny oh?

၁၄ ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ အသင်းတော်​ပြင်ပက လူတွေကိုလည်း မေတ္တာ​ပြတယ်။ (မ. ၂၂:၃၇-၃၉) ဥပမာ၊ ဂျော်ဂျီယာ​နိုင်ငံက ညီအစ်မ အယ်လီနာ ဒီလို ပြောတယ်– “စ​စ​ချင်း ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်​ဖြစ်တာ ယေဟောဝါကို ချစ်တာ တစ်ခုတည်း​ကြောင့်​ပါ။ ဒါပေမဲ့ ယေဟောဝါကို ချစ်လေ လူတွေကိုလည်း ချစ်လာလေ​ပဲ။ သူတို့ ဘာပြဿနာတွေ ရင်ဆိုင်​နေ​ရတယ်၊ ဘာအကြောင်း ဟော​ရင် စိတ်ထိမိ​မယ်​ဆိုတာ ကျွန်မ စဉ်းစားတယ်။ အဲဒီလို စဉ်းစား​လေ သူတို့ကို ကူညီပေးချင်​လေ ဖြစ်လာတယ်။”—ရော. ၁၀:၁၃-၁၅။

MINCCANGPAW HAE KHA SUNGSAHKUNAW LANGSAHNAW KYATE A MUEKUHPAW THANENAW HAE

ရုပ်ပုံ– ၁။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း သက်ကြီး ညီအစ်မကို မောင်နှံတစ်စုံ တက်ဘလက် သုံးနည်း အိမ်အပြင်ဘက်မှာ သင်ပေးနေ။ အားလုံး နှာခေါင်းစည်း၊ လက်အိတ် ဝတ်ထား။ ၂။ သက်ကြီး ညီအစ်မရဲ့ ဆွေမျိုး တော်တော်များများ ဗီဒီယို ချိတ်ဆက်ပြီး အောက်မေ့ရာပွဲ တက်ရောက်ကြပုံကို ရုပ်ပုံငယ်မှာ ဖော်ပြထား။

ကြင်နာမှု လုပ်ရပ်​တစ်ခုကြောင့် လူအများကြီး အကျိုး​ရနိုင် (စာပိုဒ် ၁၅-၁၆ ကို ကြည့်ပါ)

15-16. Bua tangthuipaw sahkhung liate minccangpaw hae kha sungsahkunaw langsah langze paw hythuanaw hae mou a ung?

၁၅ မေတ္တာ ပြတဲ့အခါ အ​ပြ​ခံရသူပဲ အကျိုး​ရတာ မဟုတ်ဘူး။ ကိုဗစ်-၁၉ ကပ်ရောဂါ စပြီးနောက် အမှုဆောင်မှာ အီလက်ထရောနစ်​ပစ္စည်းတွေ သုံးတတ်ဖို့ သက်ကြီး ညီအစ်မတွေကို ညီအစ်ကို ပါ​အို​လို​နဲ့ ဇနီး သင်ပေးကြတယ်။ စစ​ချင်း အီလက်ထရောနစ်​ပစ္စည်း မ​သုံး​တတ်တဲ့ ညီအစ်မ နောက်တော့ သုံး​တတ်​သွား​လို့ အောက်မေ့ရာပွဲ တက်ဖို့ အမျိုး​တွေ​ကို လိုက်​ဖိတ်တယ်။ အယောက် ခြောက်ဆယ် ဗီဒီယို ချိတ်ဆက်ပြီး တက်ကြတယ်။ ညီအစ်ကို ပါ​အို​လို​တို့ ဇနီးမောင်နှံရဲ့ ကြိုးစားမှု​ကနေ သက်ကြီး ညီအစ်မ​သာမက ဆွေမျိုးတွေ​ပါ အကျိုး​ရသွားကြတယ်။ “ကျွန်မတို့​လို သက်ကြီးရွယ်အို​တွေ​ကို သင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ယေဟောဝါ ဂရုစိုက်​ပေးတာကို​ကော ညီအစ်ကိုတို့ ကြိုးစားပြီး ကူညီ​ပေးတာတွေကိုပါ ကျွန်မ ဘယ်တော့မှ မမေ့​ပါ​ဘူး” လို့ ပါ​အို​လို​ဆီ အဲဒီ​ညီအစ်မ နောက်ပိုင်း စာရေး​ပြောပြတယ်။

၁၆ ဒီလို​တွေ့ကြုံမှုတွေ​ကနေ ပါ​အို​လို အရေးကြီး သင်ခန်းစာ တစ်ခု ရလိုက်တယ်။ တော်​တာ၊ တတ်​တာ​ထက် မေတ္တာ ပိုအရေးကြီးတယ်ဆိုတာ​ပါ။ “ကျွန်တော် တိုက်နယ်ကြီးကြပ်မှူးအဖြစ် အမှုဆောင်ခဲ့တယ်။ အခု​လောက်​ဆိုရင် ကျွန်တော့် ဟောပြောချက်တွေ မေ့နေကြလောက်ပြီ။ ဒါပေမဲ့ သူတို့ကို ကျွန်တော် လက်တွေ့ကျကျ ကူညီပေးတာ​တွေ မှတ်မိ​နေကြတုန်း​ပဲ” လို့ ပြောတယ်။

17. Minccangpaw hae kha sungsahkunaw langsah langze a hunghaemou thanenaw a mue cih hae?

၁၇ တခြားသူတွေကို မေတ္တာ ပြတဲ့အခါ ကျွန်တော်တို့ ကိုယ်တိုင်လည်း မျှော်လင့်မထားတဲ့ နည်းတွေနဲ့ အကျိုးရတယ်။ နယူးဇီလန်​နိုင်ငံမှာ နေတဲ့ ညီအစ်ကို ဂျော်နသန် ကိုယ်တွေ့ ကြုံခဲ့တယ်။ စနေနေ့ နေ့လယ် နေပူပူကြီးထဲ ရှေ့ဆောင် ညီအစ်ကို​တစ်ယောက် လမ်းပေါ် မှာ အဖော် မပါဘဲ လိုက်​ဟော​နေတာ ဂျော်နသန် တွေ့သွားတယ်။ နောက်အပတ် စနေနေ့ နေ့လယ်​တွေ​မှာ အဲဒီရှေ့ဆောင်နဲ့ အမှုဆောင် အတူတူ လိုက်​ထွက်​ဖို့ ဆုံးဖြတ်​လိုက်တယ်။ ဒီလို မေတ္တာ ပြ​လိုက်လို့ ကိုယ်တိုင် ဘယ်လောက် အကျိုးရမယ်ဆိုတာ မသိခဲ့ဘူး။ “အရင်တုန်းက​ဆိုရင် အမှုဆောင်ရတာ သိပ်မပျော်ဘူး။ ဒါပေမဲ့ ရှေ့ဆောင် ညီအစ်ကိုရဲ့ ဟော​ပုံ​ပြောပုံ​ကို နားထောင်​ရင်း၊ အမှုဆောင်လုပ်ငန်းမှာ သူ ရလဒ်ကောင်းတွေ ရ​နေတာကို ကြည့်ရင်း ကျွန်တော်လည်း အမှုဆောင်​လုပ်ငန်းကို မြတ်နိုး​တတ်လာတယ်။ သူနဲ့ တော်တော် ရင်းနှီး​လာတယ်။ အမှုဆောင်မှာ ပျော်ဖို့၊ ယေဟောဝါနဲ့ ပိုရင်းနှီး​ဖို့ ကျွန်တော့်ကို သူ ကူညီပေးတယ်” လို့ ပြောတယ်။

18. Aening hynh Zahova nynh pawmou yn cyisah ry?

၁၈ မိမိနဲ့ တခြားသူတွေ​အပေါ် ထားတဲ့ မေတ္တာ တိုးသည်ထက် တိုးစေဖို့ ယေဟောဝါ အလိုရှိတယ်။ လေ့လာခဲ့​တဲ့​အတိုင်း ကျမ်းစာ ဖတ်ရှု၊ တွေးတောဆင်ခြင်ခြင်း၊ မှန်မှန် ရင်ဖွင့်​ဆုတောင်းခြင်းအားဖြင့် ယေဟောဝါကို ချစ်တဲ့ မေတ္တာ တိုးစေနိုင်တယ်။ ညီအစ်ကို/မတွေကို လက်တွေ့ကျကျ ကူညီခြင်းအားဖြင့် သူတို့​အပေါ် ထားတဲ့ မေတ္တာ တိုးစေနိုင်တယ်။ မေတ္တာ တိုးလာတာနဲ့အမျှ ယေဟောဝါနဲ့​ကော ညီအစ်ကို/မတွေနဲ့​ပါ ပိုရင်းနှီး​လာ​ပါလိမ့်မယ်။ ဒီ​ရင်းနှီးမှု နှောင်ကြိုး​ဟာ တစ်သက်​စာ​ပဲ။

PAWTEMOU NA PHI CIH?

  • Zahova kha sungsahnaw pawtemou na lungthungsah cih?

  • Uno hae tungvaw sungsahnaw pawzia hae temou langsah kho lang?

  • Minccangpaw hae kha sungsahkunaw langsah langze paw hythuanaw hae mou a muekuh kho?

LAW 109 နှစ်နှစ်ကာကာ ချစ်ကြပါ

a အမှန်တရား သက်တမ်း နုနုရင့်ရင့် ကျွန်တော်တို့​အားလုံး ဆက်တိုးတက်​နိုင်​ကြတယ်။ ဆက်​တိုးတက်နိုင်တဲ့ နည်း​တစ်နည်းကို ဒီဆောင်းပါးမှာ ဆွေးနွေး​သွားပါမယ်။ အဲဒါကတော့ ယေဟောဝါ​ဘုရားနဲ့ တခြားသူတွေ​အပေါ် ထားတဲ့ မေတ္တာ တိုးသည်ထက် တိုး​စေ​ခြင်း​ပါ။ ဒီဆောင်းပါး လေ့လာတဲ့အခါ ကိုယ် ဘာတွေ တိုးတက်​နေပြီ​လဲ၊ ဘယ်လို တိုးတက်နိုင်​သေးသလဲ​ဆိုတာ ဆန်းစစ်​သွားပါ။

    Chin (Zotung) Ccah-uh Hae (2000-2025)
    Log Out
    Log In
    • Chin (Zotung)
    • Share
    • Preferences
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • Terms of Use
    • Privacy Policy
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • Log In
    Share