ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • တမန်တော် ၁၀
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

တမန်တော် ၁၀:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၇၀

    ကင်းမျှော်စင်၊

    ၆/၁/၁၉၉၀၊ စာ. ၂၂

    ၅/၁၅/၁၉၉၀၊ စာ. ၁၆

တမန်တော် ၁၀:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၄/၁/၁၉၉၂၊ စာ. ၆

တမန်တော် ၁၀:၃

အောက်ခြေမှတ်ချက်များ

  • *

    “မွန်းလွဲ ၃ နာရီခန့်။”

တမန်တော် ၁၀:၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁/၁၉၉၀၊ စာ. ၂၂

    ၄/၁/၁၉၉၂၊ စာ. ၆

တမန်တော် ၁၀:၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၆၉

    ကင်းမျှော်စင်၊

    ၆/၁/၂၀၁၁၊ စာ. ၁၈

တမန်တော် ၁၀:၉

အောက်ခြေမှတ်ချက်များ

  • *

    “မွန်းတည့် ၁၂ နာရီခန့်။”

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၅/၁၅/၁၉၉၀၊ စာ. ၁၆

တမန်တော် ၁၀:၁၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၇၁

တမန်တော် ၁၀:၂၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၇၁၊ ၇၅

    ကင်းမျှော်စင်—မယုံကြည်တဲ့ဆွေမျိုးတွေရဲ့ စိတ်နှလုံးကို ထိမိစေပါ၊

    စာ. ၃

တမန်တော် ၁၀:၂၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၇၁

တမန်တော် ၁၀:၃၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လူထုအတွက် စာစောင်)၊

    အမှတ် ၁ ၂၀၂၂ စာ. ၆-၇

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၇၁-၇၂

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၅

    နိုးလော့!၊

    အမှတ် ၁ ၂၀၂၁ စာ. ၇

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၈/၂၀၁၈၊ စာ. ၉

    ကင်းမျှော်စင်၊ ၂/၁၅/၂၀၀၂၊ စာ. ၃၀-၃၁

    ကင်းမျှော်စင်၊

    ၆/၁/၂၀၁၃၊ စာ. ၈

    ၉/၁/၂၀၀၉၊ စာ. ၂၉

    ၂/၁/၂၀၀၄၊ စာ. ၂၈

    ၉/၁၅/၁၉၉၃၊ စာ. ၅

    ၁/၁/၁၉၉၀၊ စာ. ၁၁

တမန်တော် ၁၀:၃၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ၊ ဆောင်းပါး ၆၄

    ကင်းမျှော်စင် (လူထုအတွက် စာစောင်)၊

    အမှတ် ၁ ၂၀၂၂ စာ. ၆-၇

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၇၁-၇၂

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၅

    နိုးလော့!၊

    အမှတ် ၁ ၂၀၂၁ စာ. ၇

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၈/၂၀၁၈၊ စာ. ၉

    ကင်းမျှော်စင်၊

    ၆/၁/၂၀၁၃၊ စာ. ၈

    ၁၀/၁/၂၀၁၀၊ စာ. ၁၁

    ၂/၁/၂၀၀၄၊ စာ. ၂၈

တမန်တော် ၁၀:၃၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လေ့လာရန် စာစောင်)၊

    ၇/၂၀၂၀၊ စာ. ၃၁

    ကျမ်းစာကနေသင်ယူ၊ စာ. ၁၈၆-၁၈၇

တမန်တော် ၁၀:၃၉

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    “ကောင်းမွန်သောပြည်”၊ စာ. ၂၈

တမန်တော် ၁၀:၄၀

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင် (လူထုအတွက် စာစောင်)၊

    အမှတ် ၆ ၂၀၁၇၊ စာ. ၉

တမန်တော် ၁၀:၄၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၀၈၊ စာ. ၁၆၊ ၁၉

    ၁/၁/၂၀၀၅၊ စာ. ၁၁

    နိုင်ငံတော်ဓမ္မအမှု၊

    ၂/၂၀၀၃၊ စာ. ၃

တမန်တော် ၁၀:၄၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၇၂

    ကင်းမျှော်စင်၊

    ၁/၁/၁၉၉၀၊ စာ. ၁၁

တမန်တော် ၁၀:၄၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    စေ့စေ့စပ်စပ် သက်သေခံပါ၊ စာ. ၇၂

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
  • ကမ္ဘာသစ်ဘာသာပြန်ကျမ်း ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
  • ၂၅
  • ၂၆
  • ၂၇
  • ၂၈
  • ၂၉
  • ၃၀
  • ၃၁
  • ၃၂
  • ၃၃
  • ၃၄
  • ၃၅
  • ၃၆
  • ၃၇
  • ၃၈
  • ၃၉
  • ၄၀
  • ၄၁
  • ၄၂
  • ၄၃
  • ၄၄
  • ၄၅
  • ၄၆
  • ၄၇
  • ၄၈
ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ
တမန်တော် ၁၀:၁-၄၈

တမန်တော်

၁၀ ကဲသရိမြို့၌ အီတလီတပ်ဟု ခေါ်သောတပ်မှ တပ်မှူးကော်နေလိ အမည်ရှိသူတစ်ဦးရှိ၏။ ၂ ထိုသူသည် ဘုရားတရားကြည်ညိုသောသူ၊ အိမ်သူအိမ်သားရှိသမျှနှင့်တကွ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသူဖြစ်၏။ သူသည် လူတို့အား များစွာပေးကမ်းစွန့်ကြဲလျက် ဘုရားသခင်ကို အစဉ်တိုးလျှိုးအသနားခံ ဆုတောင်းလေ့ရှိ၏။ ၃ တစ်နေ့သ၌ ကိုးနာရီခန့်*တွင် ဘုရားသခင်၏ ကောင်းကင်တမန်သည် သူ့ထံလာ၍ “ကော်နေလိ” ဟုခေါ်သည်ကို ရူပါရုံတွင် အထင်အရှားမြင်ရ၏။ ၄ ကော်နေလိသည် ကောင်းကင်တမန်ကို စေ့စေ့ကြည့်၍ ထိတ်လန့်သဖြင့် “သခင်၊ အဘယ်အကြောင်းရှိပါသနည်း” ဟုမေးသော်၊ ကောင်းကင်တမန်က “သင်၏ဆုတောင်းချက်များ၊ ပေးကမ်းစွန့်ကြဲမှုများသည် ဘုရားသခင်ရှေ့တော်တွင် အောက်မေ့စရာအဖြစ်တက်ကြပြီ။ ၅ ထို့ကြောင့် ယခုပင် ယုပ္ပေမြို့သို့ လူတို့ကိုစေလွှတ်၍ ပေတရုဟုခေါ်သော ရှိမုန်ကို ခေါ်ဖိတ်လော့။ ၆ ထိုသူသည် ပင်လယ်ကမ်းနားရှိ သားရေလုပ်သား ရှိမုန်၏အိမ်၌ တည်းခိုနေသည်” ဟုဆိုလေ၏။ ၇ ကောင်းကင်တမန်သည် ထိုသို့ပြောဆို၍ ထွက်ကြွသွားသည်နှင့် ကော်နေလိသည် အစေခံနှစ်ဦးနှင့် မိမိထံ၌ မပြတ်ခစားနေသူများထဲမှ ဘုရားတရားကြည်ညိုသော စစ်သည်တစ်ဦးကိုခေါ်၍၊ ၈ အကြောင်းစုံကို သူတို့အား ပြောကြားပြီးမှ ယုပ္ပေမြို့သို့ စေလွှတ်လိုက်၏။

၉ နောက်တစ်နေ့တွင် ထိုသူတို့သည်သွား၍ ယုပ္ပေမြို့အနီးသို့ ရောက်ကြသော် ခြောက်နာရီခန့်*တွင် ပေတရုသည် ဆုတောင်းရန် အိမ်မိုးပေါ်သို့ တက်လေ၏။ ၁၀ သို့သော် ပေတရုသည် အလွန်ဆာမွတ်၍ အစာစားလို၏။ အစာပြင်ဆင်နေကြစဉ် သူသည် ရူပါရုံကို မြင်လေ၏။ ၁၁ ကောင်းကင်ပွင့်လျက် စတုရန်းပုံပိတ်ထည်ကြီးကဲ့သို့သောတန်ဆာ မြေသို့ကျလာသည်ကို မြင်လေ၏။ ၁၂ ထိုတွင် မြေ၌ကျင်လည်သော ခြေလေးချောင်းသတ္တဝါမျိုး၊ တွားသွားသတ္တဝါမျိုး၊ မိုးကောင်းကင်ငှက်မျိုးတို့ ပါရှိ၏။ ၁၃ “ပေတရု၊ ထ၍သတ်စားလော့” ဟူသော စကားသံလည်း ပေါ်လာ၏။ ၁၄ သို့သော် ပေတရုက “မဖြစ်နိုင်ပါ သခင်၊ ညစ်ညူးသောအစာ၊ မစင်ကြယ်သောအစာ တစ်စုံတစ်ခုကိုမျှ ကျွန်ုပ် မစားဖူးပါ” ဟုပြောဆို၏။ ၁၅ တစ်ဖန် စကားသံကား “ဘုရားသခင် စင်ကြယ်စေပြီးသောအရာကို ညစ်ညူးသည်ဟု မပြောနှင့်တော့” ဟုဒုတိယအကြိမ် လာပြန်၏။ ၁၆ ထိုသို့တတိယအကြိမ် မိန့်တော်မူပြီးလျှင် ထိုတန်ဆာကို ကောင်းကင်ထဲသို့ ချက်ချင်း ရုပ်သိမ်းလေ၏။

၁၇ မိမိမြင်ရသော ရူပါရုံသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း ပေတရု တွေးတောဆင်ခြင်နေစဉ်တွင် ကော်နေလိ စေလွှတ်သောသူတို့သည် ရှိမုန်၏အိမ်ကို မေးမြန်းရှာဖွေ၍ တံခါးရှေ့တွင် ရပ်နေကြ၏။ ၁၈ ဤအိမ်တွင် ပေတရုခေါ် ရှိမုန် တည်းခိုနေပါသလောဟု အော်ဟစ်မေးမြန်းကြ၏။ ၁၉ ပေတရုသည် ထိုရူပါရုံအကြောင်း စဉ်းစားနေစဉ် ဘုရားသခင့်စွမ်းအားတော်က “လူသုံးဦးသည် သင့်ကိုရှာနေကြ၏။ ၂၀ ထ၍ ဆင်းသွားလော့။ ထိုသူတို့ကို ငါစေလွှတ်လိုက်သည်ဖြစ်၍ တွေးတောခြင်းမရှိဘဲ သူတို့နှင့်အတူ လိုက်သွားလော့” ဟုဆင့်ဆို၏။ ၂၁ ပေတရုသည် ဆင်းသွား၍ “သင်တို့ရှာသောသူသည် ငါပင်ဖြစ်၏။ အဘယ်အကြောင်းကြောင့် သင်တို့ရောက်လာကြသနည်း” ဟုထိုသူတို့အား မေး၏။ ၂၂ ထိုသူတို့ကလည်း “ဖြောင့်မတ်၍ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ ဂျူးလူမျိုးအပေါင်းတို့၏ ကြည်ညိုလေးစားခြင်း ခံရသောသူတပ်မှူး ကော်နေလိသည် သင့်ကို သူ၏အိမ်သို့ခေါ်ဖိတ်၍ သင်၏စကားကိုနားထောင်ရမည်ဟု သန့်ရှင်းသော ကောင်းကင်တမန်မှတစ်ဆင့် ဘုရားသခင်၏ မိန့်မှာချက်ကို ရရှိသည်” ဟုပြောပြကြ၏။ ၂၃ ထိုအခါ ပေတရုသည် ထိုသူတို့ကို ဖိတ်ခေါ်၍ ဧည့်ဝတ်ပြုလေ၏။

နောက်တစ်နေ့၌ သူသည် ထ၍ ထိုသူတို့နှင့်အတူ လိုက်သွားသောအခါ ယုပ္ပေမြို့မှ ညီအစ်ကိုအချို့သည်လည်း လိုက်ပါကြ၏။ ၂၄ နောက်တစ်နေ့တွင် ကဲသရိမြို့သို့ဝင်သော် ကော်နေလိသည် ဆွေမျိုးသားချင်းများ၊ ရင်းနှီးသောမိတ်ဆွေများကို ခေါ်ဖိတ်ထားပြီးလျှင် သူတို့ကို စောင့်မျှော်လျက်နေ၏။ ၂၅ ပေတရု ဝင်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍ ပေတရု၏ခြေရင်း၌ ပျပ်ဝပ်ရှိခိုးလေ၏။ ၂၆ သို့သော် ပေတရုသည် သူ့ကိုထူ၍ “ထလော့။ ငါကိုယ်တိုင်လည်း လူဖြစ်သည်” ဟုဆို၏။ ၂၇ ထို့နောက် ကော်နေလိနှင့် စကားပြောလျက် အိမ်ထဲသို့ဝင်လျှင် လူအများစုဝေးလျက်ရှိသည်ကို မြင်သော်၊ ၂၈ ပေတရုက “ဂျူးတစ်ဦးသည် လူမျိုးခြားနှင့် မပေါင်းဖော်၊ မချဉ်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့ရာတွင် မည်သူ့ကိုမျှ မသန့်ရှင်း၊ မစင်ကြယ်ဟု မယူမှတ်သင့်ကြောင်း ငါ့အား ဘုရားသခင် ဖော်ပြတော်မူပြီ။ ၂၉ ထို့ကြောင့် ငါ့ကို သင်ခေါ်ဖိတ်သောအခါ မငြင်းဆိုဘဲ လိုက်လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်းကြောင့် ခေါ်ကြပါသနည်း” ဟုဆို၏။

၃၀ ထိုအခါကော်နေလိက “လွန်ခဲ့သောလေးရက် ယခုလိုအချိန် မွန်းလွဲသုံးနာရီတွင် ကျွန်ုပ်၏အိမ်၌ ဆုတောင်းလျက်နေပါသည်။ ထိုအချိန်တွင်ထွန်း တောက်သောအဝတ်ကို ဝတ်ထားသူတစ်ဦး ကျွန်ုပ်ရှေ့၌ရပ်၍၊ ၃၁ ‘ကော်နေလိ၊ သင်၏ဆုတောင်းသံကို ဘုရားသခင် နားညောင်း၍ သင်၏ပေးကမ်းစွန့်ကြဲခြင်းကိုလည်း အောက်မေ့တော်မူပြီ။ ၃၂ ထို့ကြောင့် ယုပ္ပေမြို့သို့ လူကိုစေလွှတ်၍ ပေတရုအမည်ရှိသော ရှိမုန်ကို ခေါ်ဖိတ်လော့။ ထိုသူသည် ပင်လယ်ကမ်းနားရှိ သားရေလုပ်သား ရှိမုန်၏အိမ်၌ တည်းခိုနေသည်’ ဟုမိန့်ဆို၏။ ၃၃ ထို့ကြောင့် ကျွန်ုပ်သည် ချက်ချင်းပင် ကိုယ်တော့်ထံသို့ လူကိုစေလွှတ်ပါ၏။ ကိုယ်တော်ကြွလာသည့်အတွက် ကျေးဇူးကြီးလှပါ၏။ သို့ဖြစ်၍ ကိုယ်တော်အား ယေဟောဝါဘုရား မိန့်မှာထားတော်မူသမျှကို နားထောင်ရန် ယခု ကျွန်ုပ်တို့အားလုံးသည် ဘုရားသခင်၏ရှေ့တော်၌ ရောက်ရှိနေကြပါသည်” ဟုဆို၏။

၃၄ ထိုအခါ ပေတရုက “ဘုရားသခင်သည် မျက်နှာလိုက်တော်မမူကြောင်း ငါမုချသိ၏။ ၃၅ လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကိုကြောက်ရွံ့၍ ဖြောင့်မတ်ခြင်းတရား ကျင့်သုံးသောသူကို နှစ်သက်လက်ခံတော်မူ၏။ ၃၆ လူခပ်သိမ်းတို့၏သခင် ဖြစ်တော်မူသော ယေရှုခရစ်အားဖြင့် ငြိမ်သက်ခြင်းသတင်းကောင်းကို ကြေညာမည်ဟု အစ္စရေးအမျိုးသားတို့အား မှာကြားတော်မူ၏။ ၃၇ ယောဟန်သည် နှစ်ခြင်းတရားကို ဟောပြောပြီးနောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်တစ်ဝန်းလုံးတွင် ပျံ့နှံ့နေသောအကြောင်းအရာကို သင်တို့သိကြ၏။ ၃၈ ထိုအကြောင်းအရာဟူမူကား နာဇရက်မြို့သား ယေရှုအကြောင်းဖြစ်၏။ ဘုရားသခင်သည် သူ့ကို သန့်ရှင်းသောစွမ်းအားတော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း ဘိသိက်ပေးတော်မူ၏။ ထိုသူနှင့်အတူ ဘုရားသခင်ရှိတော်မူသဖြင့် ထိုသူသည် တစ်ပြည်လုံးလှည့်လည်၍ ကျေးဇူးပြုလျက် မာရ်နတ်ညှဉ်းဆဲသောသူအပေါင်းတို့ကို ကျန်းမာစေတော်မူ၏။ ၃၉ ငါတို့သည်လည်း ဂျေရုဆလင်မြို့မှစ၍ ဂျူးတို့၏နိုင်ငံတွင် ထိုသခင် ပြုတော်မူသမျှတို့၏ မျက်မြင်သက်သေများ ဖြစ်ကြ၏။ သို့သော် သူတို့သည် ထိုသခင်ကို သစ်တိုင်၌ဆွဲ၍ ကွပ်မျက်ကြလေ၏။ ၄၀ သုံးရက်မြောက်သောနေ့တွင် ဘုရားသခင်သည် ထိုသခင်ကို ထမြောက်စေတော်မူပြီးလျှင် လူတို့အား ထင်ရှားပြစေတော်မူ၏။ ၄၁ လူအပေါင်းတို့အား ထင်ရှားပြတော်မူသည်မဟုတ်။ ဘုရားသခင် ခန့်ထားတော်မူနှင့်သော သက်သေများဖြစ်သည့်သေခြင်းမှ ထမြောက်တော်မူပြီးနောက် ထိုသခင်နှင့်အတူ စားသောက်ရသည့် ငါတို့အား ထင်ရှားပြတော်မူ၏။ ၄၂ ထိုသခင်သည် အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်ရန် ဘုရားသခင် ခန့်ထားတော်မူသော သခင်ဖြစ်ကြောင်း လူတို့အား ဟောပြော၍ စေ့စေ့စပ်စပ် သက်သေခံကြရန် ငါတို့ကို မိန့်မှာတော်မူ၏။ ၄၃ ထိုသခင်ကို ယုံကြည်သူတိုင်း ကိုယ်တော်၏နာမအားဖြင့် အပြစ်လွှတ်ခံရမည်ဟူ၍ ပရောဖက်အပေါင်းတို့သည် သက်သေခံကြ၏” ဟုဆို၏။

၄၄ ထိုစကားကို ပေတရုမြွက်ဆိုနေစဉ်ပင် တရားစကားတော်ကို ကြားနာသူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောစွမ်းအားတော် သက်ရောက်လေ၏။ ၄၅ လူမျိုးခြားတို့အပေါ်သို့လည်း သန့်ရှင်းသော စွမ်းအားတော်တည်းဟူသော ဆုကျေးဇူးကို သွန်းလောင်းသောကြောင့် ပေတရုနှင့်အတူ လိုက်လာကြသော အရေဖျားလှီးခြင်းကိုခံရသည့် သစ္စာရှိသူတို့သည် အံ့သြကြ၏။ ၄၆ အကြောင်းမူကား ထိုသူတို့သည် ဘာသာစကားများစွာဖြင့် ဘုရားသခင်ကို ချီးမွမ်းပြောဆိုနေသည်ကို ကြားရ၏။ ထို့နောက် ပေတရုက၊ ၄၇ “ငါတို့ကဲ့သို့ သန့်ရှင်းသော စွမ်းအားတော်ရရှိသော ဤသူတို့သည် ရေဖြင့်နှစ်ခြင်းမခံရန် မည်သူတားမြစ်နိုင်သနည်း” ဟုဆိုလေ၏။ ၄၈ ထို့နောက် ယေရှုခရစ်၏နာမ၌ နှစ်ခြင်းခံကြရန် သူတို့ကို မိန့်မှာလေ၏။ ထို့နောက် သူတို့သည် ပေတရုကို ရက်အနည်းငယ် ဆက်၍နေထိုင်ရန် မေတ္တာရပ်ခံကြ၏။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ