ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၂ ကောရိန္သု ၈
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

၂ ကောရိန္သု မာတိကာ

      • ယုဒပြည်မှာရှိတဲ့ ခရစ်ယာန်တွေအတွက် အလှူငွေကောက်ခံ (၁-၁၅)

      • တိတုကို ကောရိန္သုမြို့ဆီ စေလွှတ် (၁၆-၂၄)

၂ ကောရိန္သု ၈:၁

ကျမ်းညွှန်းများ

  • +ရ ၁၅:၂၆

၂ ကောရိန္သု ၈:၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၁၊ စာ. ၃၀

    ၁၁/၁/၁၉၉၈၊ စာ. ၂၅-၂၆

၂ ကောရိန္သု ၈:၃

ကျမ်းညွှန်းများ

  • +တ ၁၁:၂၉; ၂က ၉:၇
  • +မာ ၁၂:၄၃၊ ၄၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁/၁၉၉၈၊ စာ. ၂၅-၂၆

၂ ကောရိန္သု ၈:၄

ကျမ်းညွှန်းများ

  • +ရ ၁၅:၂၅၊ ၂၆; ၁က ၁၆:၁; ၂က ၉:၁၊ ၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင်၊

    ၅/၂၀၁၉၊ စာ. ၃

    ဘုရားသခင့်နိုင်ငံတော် စိုးစံပြီ၊ စာ. ၂၀၉-၂၁၀

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၁၊ စာ. ၃၀

    ၁၁/၁/၁၉၉၈၊ စာ. ၂၅-၂၆

၂ ကောရိန္သု ၈:၆

ကျမ်းညွှန်းများ

  • +၂က ၁၂:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၁/၁၅/၁၉၉၈၊ စာ. ၃၀

၂ ကောရိန္သု ၈:၇

ကျမ်းညွှန်းများ

  • +၁တိ ၆:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၁၉၉၂၊ စာ. ၁၆

၂ ကောရိန္သု ၈:၉

ကျမ်းညွှန်းများ

  • +မ ၈:၂၀; ဖိ ၂:၇

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၂/၁၅/၁၉၉၂၊ စာ. ၁၇

    ၁/၁၅/၁၉၉၂၊ စာ. ၁၆

၂ ကောရိန္သု ၈:၁၀

ကျမ်းညွှန်းများ

  • +၁က ၇:၂၅

၂ ကောရိန္သု ၈:၁၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၁၉၉၂၊ စာ. ၁၇

၂ ကောရိန္သု ၈:၁၂

ကျမ်းညွှန်းများ

  • +တရ ၁၆:၁၀၊ ၁၇; ပ ၃:၂၇၊ ၂၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁၂/၁၅/၂၀၁၃၊ စာ. ၁၅

    ၁၂/၁/၂၀၁၂၊ စာ. ၅

    ၁၁/၁/၂၀၀၀၊ စာ. ၂၉

    ၁၁/၁/၁၉၉၈၊ စာ. ၂၆

    ၁/၁၅/၁၉၉၂၊ စာ. ၁၇

၂ ကောရိန္သု ၈:၁၃

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    နိုင်ငံတော်ဓမ္မအမှု၊

    ၆/၁၉၉၈၊ စာ. ၆

၂ ကောရိန္သု ၈:၁၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    အလှူငွေတွေကို အသုံးပြုပုံ၊ ဆောင်းပါး ၅

    နိုင်ငံတော်ဓမ္မအမှု၊

    ၆/၁၉၉၈၊ စာ. ၆

    ကင်းမျှော်စင်၊

    ၁/၁၅/၁၉၉၂၊ စာ. ၁၇

၂ ကောရိန္သု ၈:၁၅

ကျမ်းညွှန်းများ

  • +ထွ ၁၆:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၁/၁၅/၁၉၉၂၊ စာ. ၁၇

၂ ကောရိန္သု ၈:၁၆

ကျမ်းညွှန်းများ

  • +၂က ၁၂:၁၈

၂ ကောရိန္သု ၈:၁၈

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၇/၁၅/၁၉၉၈၊ စာ. ၇

၂ ကောရိန္သု ၈:၂၀

ကျမ်းညွှန်းများ

  • +၁က ၁၆:၁

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၃/၁၅/၂၀၀၁၊ စာ. ၃၀-၃၁

၂ ကောရိန္သု ၈:၂၁

အောက်ခြေမှတ်ချက်များ

  • *

    နောက်ဆက်တွဲ က၅ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ပ ၃:၄; ၁ပေ ၂:၁၂

၂ ကောရိန္သု ၈:၂၃

အောက်ခြေမှတ်ချက်များ

  • *

    ဒါမှမဟုတ်၊ “စေလွှတ်ခံရသူတွေ။” မူရင်း၊ “တမန်တော်တွေ။”

၂ ကောရိန္သု ၈:၂၄

ကျမ်းညွှန်းများ

  • +၁ပေ ၁:၂၂; ၂:၁၇

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

၂ ကော. ၈:၁ရ ၁၅:၂၆
၂ ကော. ၈:၃တ ၁၁:၂၉; ၂က ၉:၇
၂ ကော. ၈:၃မာ ၁၂:၄၃၊ ၄၄
၂ ကော. ၈:၄ရ ၁၅:၂၅၊ ၂၆; ၁က ၁၆:၁; ၂က ၉:၁၊ ၂
၂ ကော. ၈:၆၂က ၁၂:၁၈
၂ ကော. ၈:၇၁တိ ၆:၁၈
၂ ကော. ၈:၉မ ၈:၂၀; ဖိ ၂:၇
၂ ကော. ၈:၁၀၁က ၇:၂၅
၂ ကော. ၈:၁၂တရ ၁၆:၁၀၊ ၁၇; ပ ၃:၂၇၊ ၂၈
၂ ကော. ၈:၁၅ထွ ၁၆:၁၈
၂ ကော. ၈:၁၆၂က ၁၂:၁၈
၂ ကော. ၈:၂၀၁က ၁၆:၁
၂ ကော. ၈:၂၁ပ ၃:၄; ၁ပေ ၂:၁၂
၂ ကော. ၈:၂၄၁ပေ ၁:၂၂; ၂:၁၇
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ကမ္ဘာသစ် ဘာသာပြန် ခရစ်ယာန် ဂရိကျမ်းစာ (bi7) ဖတ်ပါ
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
  • ၂၀
  • ၂၁
  • ၂၂
  • ၂၃
  • ၂၄
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၂ ကောရိန္သု ၈:၁-၂၄

၂ ကောရိန္သု

၈ ညီအစ်ကိုတို့၊  မက်ဆီဒိုးနီးယားပြည်မှာရှိတဲ့+ အသင်းတော်တွေ ဘုရားသခင်ရဲ့ မဟာကရုဏာ ခံစားရတဲ့အကြောင်း ခင်ဗျားတို့ကို သိစေချင်တယ်။ ၂ သူတို့ဟာ အကြီးအကျယ် စမ်းသပ်ခံရပြီး ဒုက္ခရောက်နေချိန်မှာတောင် ဝမ်းသာအားရဖြစ်ကြတယ်။ ချွတ်ခြုံကျနေချိန်မှာတောင် အတိုင်းထက်အလွန်  ရက်ရောကြတယ်။ ၃ တတ်နိုင်သလောက်ပေးတာ+ မဟုတ်ဘဲ တတ်နိုင်တာထက်ပိုပြီး ပေးလှူခဲ့ကြမှန်း ကျွန်တော်ပြောရဲတယ်။+ ၄ အဲဒီညီအစ်ကိုတွေဟာ  ရက်ရက်ရောရော  ပေးလှူခွင့်၊  သန့်ရှင်းသူတွေအတွက် ကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်လှူဒါန်းခွင့်ရဖို့ သူတို့ဘက်ကအစပြုပြီး  ကျွန်တော်တို့ကို အကြိမ်ကြိမ် မေတ္တာရပ်ခံကြတယ်။+ ၅ ကျွန်တော်တို့ မျှော်လင့်တာထက်တောင်  ပိုသေးတယ်။  သူတို့က  ဘုရားသခင့် အလိုတော်နဲ့အညီ  အရင်ဆုံး  သခင့်အတွက်၊  ပြီးတော့  ကျွန်တော်တို့အတွက် ကိုယ်ကိုပေးဆက်ခဲ့ကြတယ်။ ၆ ခင်ဗျားတို့ဆီကနေ အလှူကောက်ခံတဲ့ကိစ္စကို တိတုက+ စတင်တာဝန်ယူခဲ့တဲ့အတွက် အဲဒီကိစ္စကို ပြီးစီးအောင်လုပ်ဖို့ သူ့ကို ကျွန်တော်တို့ တိုက်တွန်းတယ်။ ၇ ခင်ဗျားတို့ဟာ အရာရာမှာ အကောင်းဆုံး လုပ်ဆောင်နေတယ်။ ယုံကြည်ခြင်း ခိုင်ခံ့တယ်၊ ဟောပြောစွမ်းရည်ရှိတယ်၊ အသိပညာ ကြွယ်တယ်၊ ဘာလုပ်လုပ် အားကြိုးမာန်တက် လုပ်တယ်၊ ခင်ဗျားတို့ကို ကျွန်တော်တို့ ချစ်သလို သူတစ်ပါးကို ခင်ဗျားတို့ ချစ်ကြတယ်။  အခုလို  ပေးလှူတဲ့ကိစ္စမှာလည်း အကောင်းဆုံး လုပ်ဆောင်နိုင်ကြပါစေ။+

၈ ကျွန်တော်  အမိန့်ပေးနေတာ မဟုတ်ပါဘူး။ တခြားသူတွေရဲ့ စိတ်အားထက်သန်မှုကို သတိပြုမိစေချင်လို့၊ ခင်ဗျားတို့ရဲ့ မေတ္တာ ဘယ်လောက်စစ်မှန်သလဲဆိုတာ စမ်းသပ်ချင်လို့ ပြောနေတာပါ။ ၉ သခင် ယေရှုခရစ်ရဲ့ မဟာကရုဏာအကြောင်း ခင်ဗျားတို့ သိပါတယ်။ သူက ကြွယ်ဝပေမဲ့ ခင်ဗျားတို့အကျိုးအတွက် ဆင်းရဲချို့တဲ့ခဲ့ရတယ်။+ သူ့ရဲ့ ဆင်းရဲချို့တဲ့မှုကြောင့် ခင်ဗျားတို့ ကြွယ်ဝနိုင်ဖို့ပါ။

၁၀ ကျွန်တော့်အမြင်ပြောရရင်+ ခင်ဗျားတို့ အခုလိုလုပ်တာ အကျိုးရှိပါတယ်။ အရင်နှစ်တုန်းကလည်း ခင်ဗျားတို့ ဆန္ဒရှိရုံမက တကယ်လည်း လုပ်ခဲ့ကြတာပဲ။ ၁၁ ဒါကြောင့် အလှူငွေကောက်ခံတဲ့အလုပ်ကို အပြီးသတ်လိုက်ပါ။  ခင်ဗျားတို့  အစပြုလုပ်ဆောင်ခဲ့တုန်းကလိုပဲ အခုလည်း တတ်နိုင်သလောက် စေတနာရှိရှိ ပေးလှူကြပါ။ ၁၂ စေတနာစိတ်နဲ့ ပေးလှူတာကို ဘုရားသခင် နှစ်သက်တယ်။ မတတ်နိုင်တာကို မဟုတ်ဘဲ တတ်နိုင်တာကို ပေးလှူဖို့  ဘုရားသခင်  မျှော်လင့်တယ်။+ ၁၃ တခြားသူတွေ သက်သာပြီး ခင်ဗျားတို့ အခက်တွေ့ရတာမျိုး ဖြစ်ဖို့တော့ မရည်ရွယ်ပါဘူး။ ၁၄ ဒါပေမဲ့ သာတူညီမျှဖြစ်ဖို့ အခုချိန်မှာ ခင်ဗျားတို့ဆီက ပိုလျှံရာတွေနဲ့ သူတစ်ပါးရဲ့ ချို့တဲ့မှုကို ဖြည့်ဆည်းပေးရမယ်။ သူတစ်ပါးရဲ့ ပိုလျှံရာတွေက ခင်ဗျားတို့ရဲ့ ချို့တဲ့မှုကို ဖြည့်ဆည်းပေးလိမ့်မယ်။ အဲဒီအခါ သာတူညီမျှ ဖြစ်သွားလိမ့်မယ်။ ၁၅ “များများရတဲ့သူ မပို၊ နည်းနည်းရတဲ့သူ မလို”+ ဆိုပြီး ကျမ်းစာမှာ ရေးထားတဲ့အတိုင်းပေါ့။

၁၆ ခင်ဗျားတို့အတွက် ကျွန်တော်တို့ စိုးရိမ်ပေးသလိုပဲ  တိတုလည်း ထပ်တူစိုးရိမ်ပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်လှပါတယ်။+ ၁၇ တိတုက ခင်ဗျားတို့ဆီ သွားဖို့ ကျွန်တော်တို့ တိုက်တွန်းတာကို လက်ခံတယ်။ သူကိုယ်တိုင်ကလည်း  သိပ်သွားချင်နေတော့ သူ့ဆန္ဒအလျောက် ထွက်သွားတယ်။ ၁၈ သတင်းကောင်း ဟောပြောရာမှာ အသင်းတော်တိုင်း ချီးမွမ်းကြတဲ့ ညီအစ်ကိုတစ်ယောက်ကိုလည်း သူနဲ့အတူ လွှတ်လိုက်တယ်။ ၁၉ အဲဒီညီအစ်ကိုဟာ အလှူငွေကောက်ခံတဲ့ ကိစ္စကို စီမံဆောင်ရွက်ရာမှာ ကျွန်တော်တို့နဲ့အတူ ခရီးသွားဖော်အဖြစ် လိုက်ပါဖို့ အသင်းတော်အားလုံးက ခန့်အပ်တဲ့သူလည်း ဖြစ်တယ်။ အဲဒီအလုပ်ဟာ သခင့်ရဲ့ဘုန်းတော်ကို ထင်ရှားစေသလို ကျွန်တော်တို့ဆီမှာ ကူညီချင်တဲ့စိတ်ရှိမှန်း  ဖော်ပြရာရောက်တယ်။ ၂၀ ရက်ရောတဲ့ဒီအလှူကို စီမံဆောင်ရွက်တဲ့ ကိစ္စမှာ ဘယ်သူကမှ အပြစ်ပြောလို့မရအောင်  ကျွန်တော်တို့ သတိထားတယ်။+ ၂၁ ကျွန်တော်တို့ဟာ ‘ယေဟောဝါ* ဘုရားရဲ့ ရှေ့မှာရော လူတွေရှေ့မှာပါ အရာရာကို ရိုးရိုးသားသား လုပ်ဆောင်ကြတယ်။’+

၂၂ သူတို့နဲ့အတူ ညီအစ်ကို နောက်တစ်ယောက်ကိုလည်း  လွှတ်လိုက်တယ်။ ကျွန်တော်တို့ အကြိမ်ကြိမ် စမ်းသပ်ကြည့်တဲ့အခါ အဲဒီညီအစ်ကိုဟာ ကိစ္စတိုင်းမှာ လုံ့လဝီရိယရှိတဲ့သူဖြစ်မှန်း သိရတယ်။ ခင်ဗျားတို့ မှန်ရာလုပ်မယ်ဆိုတာ သူသိနေလို့ အခုဆို ပိုလို့တောင် လုံ့လဝီရိယရှိနေတယ်။ ၂၃ တိတုနဲ့ပတ်သက်ပြီး  တစ်ယောက်ယောက်က သံသယရှိရင်  သူဟာ  ကျွန်တော့်ရဲ့အပေါင်းအဖော်ပဲ၊ ခင်ဗျားတို့အကျိုးကို လိုလားတဲ့  ကျွန်တော့်ရဲ့ လုပ်ဖော်ဆောင်ဖက်ပဲလို့ ပြောပြလိုက်ပါ။ ညီအစ်ကိုတွေနဲ့ပတ်သက်ပြီး သံသယရှိရင်လည်း သူတို့ဟာ အသင်းတော်ရဲ့ ကိုယ်စားလှယ်တွေ၊*  ခရစ်တော်ရဲ့  ဘုန်းအသရေတွေဖြစ်တဲ့အကြောင်း  ပြောပြလိုက်ပါ။ ၂၄ ဒါကြောင့် အဲဒီညီအစ်ကိုတွေကို တကယ်ချစ်ကြောင်း သက်သေပြပါ၊+ ခင်ဗျားတို့နဲ့ပတ်သက်ပြီး ကျွန်တော်တို့  ဂုဏ်ယူဝါကြွားခဲ့တာတွေ အကြောင်းမဲ့  မဟုတ်မှန်း အသင်းတော်အားလုံး  သိရအောင် သက်သေပြလိုက်ပါ။

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ