ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၅
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

ဝတ်ပြုရာ မာတိကာ

      • အပြစ်အမျိုးမျိုးနဲ့ ပူဇော်ရမယ့်အလှူ (၁-၆)

        • သူတစ်ပါးရဲ့အပြစ်ကို တိုင်ကြားခြင်း (၁)

      • ဆင်းရဲသားတွေ ဆက်သနိုင်တဲ့ အလှူများ (၇-၁၃)

      • မတော်တဆလုပ်မိတဲ့ အပြစ်အတွက် ဒုစရိုက်ဖြေရာအလှူ (၁၄-၁၉)

ဝတ်ပြုရာ ၅:၁

အောက်ခြေမှတ်ချက်များ

  • *

    မူရင်း၊ “ကျိန်စာကို။” မတရားမှုတစ်ခုနဲ့ ပတ်သက်တဲ့ အသိပေးချက် ဖြစ်နိုင်။ အဲဒီထဲမှာ အပြစ်လုပ်သူကို၊ သက်သေမထွက်ဆိုတဲ့ မျက်မြင်သက်သေကို ကျိန်စာတိုက်တဲ့ စကားတွေ ပါဝင်။

ကျမ်းညွှန်းများ

  • +ပ ၂၉:၂၄

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ပျော်စရာဘဝ ထာဝရ စံစားကြ၊ သင်ခန်းစာ ၅၈

    ကင်းမျှော်စင်၊

    ၈/၁၅/၁၉၉၇၊ စာ. ၂၇

ဝတ်ပြုရာ ၅:၂

ကျမ်းညွှန်းများ

  • +ဝ ၁၁:၂၁-၂၄; ၁၇:၁၅; တရ ၁၄:၈

ဝတ်ပြုရာ ၅:၃

ကျမ်းညွှန်းများ

  • +ဝ ၁၂:၂; ၁၃:၃; ၁၅:၃; တလ ၁၉:၁၁

ဝတ်ပြုရာ ၅:၄

အောက်ခြေမှတ်ချက်များ

  • *

    ကျိန်ဆိုတဲ့အတိုင်း မလုပ်နိုင်တာကို ဆိုလို။

ကျမ်းညွှန်းများ

  • +မ ၅:၃၃

ဝတ်ပြုရာ ၅:၅

ကျမ်းညွှန်းများ

  • +တလ ၅:၇; ဆ ၃၂:၅; ပ ၂၈:၁၃; ၁ယ ၁:၉

ဝတ်ပြုရာ ၅:၆

ကျမ်းညွှန်းများ

  • +ဝ ၇:၁; ၁၄:၂၊ ၁၂; ၁၉:၂၀၊ ၂၁; တလ ၆:၁၂

ဝတ်ပြုရာ ၅:၇

ကျမ်းညွှန်းများ

  • +လု ၂:၂၄
  • +ဝ ၁၂:၇၊ ၈; ၁၄:၂၁၊ ၂၂; ၁၅:၁၃-၁၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁/၂၀၀၉၊ စာ. ၂၆

ဝတ်ပြုရာ ၅:၉

ကျမ်းညွှန်းများ

  • +ဝ ၁:၄၊ ၅; ၇:၂; ဟီ ၉:၂၂

ဝတ်ပြုရာ ၅:၁၀

ကျမ်းညွှန်းများ

  • +ဝ ၁:၁၅-၁၇
  • +ဝ ၆:၇

ဝတ်ပြုရာ ၅:၁၁

အောက်ခြေမှတ်ချက်များ

  • *

    တစ်ဧဖာက ၂၂ လီတာဆံ့တဲ့ပုံး တစ်ပုံးစာရှိ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ထွ ၁၆:၃၆

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    ကင်းမျှော်စင်၊

    ၆/၁၅/၂၀၁၃၊ စာ. ၁၅-၁၆

    ၆/၁/၂၀၀၉၊ စာ. ၂၆

ဝတ်ပြုရာ ၅:၁၃

ကျမ်းညွှန်းများ

  • +ဝ ၄:၂၆
  • +ဝ ၆:၁၄-၁၆; ၁က ၉:၁၃
  • +ဝ ၂:၁၀; ၇:၁၊ ၆

ဝတ်ပြုရာ ၅:၁၅

အောက်ခြေမှတ်ချက်များ

  • *

    တစ်ရှယ်ကယ်က ၁၁.၄ ဂရမ်နဲ့ညီ။ နောက်ဆက်တွဲ ခ၁၄ ကိုကြည့်။

ကျမ်းညွှန်းများ

  • +ဝ ၁၀:၁၇၊ ၁၈
  • +ဝ ၆:၆
  • +ထွ ၃၀:၁၃; ဝ ၂၇:၂၅

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၁၁/၂၀၂၀၊ စာ. ၅

ဝတ်ပြုရာ ၅:၁၆

ကျမ်းညွှန်းများ

  • +ဝ ၆:၄၊ ၅; ၂၂:၁၄; တလ ၅:၆၊ ၇
  • +ထွ ၃၂:၃၀
  • +ဝ ၆:၇; ၁၉:၂၂

အညွှန်းများ

  • လေ့လာမှု လမ်းညွှန်

    လေ့ကျင့်ခန်းစာစောင်မှာပါတဲ့ အညွှန်းများ၊ ၁၁/၂၀၂၀၊ စာ. ၅

ဝတ်ပြုရာ ၅:၁၇

ကျမ်းညွှန်းများ

  • +ဝ ၅:၂

ဝတ်ပြုရာ ၅:၁၈

ကျမ်းညွှန်းများ

  • +ဝ ၆:၆

ကျမ်းပြိုင်များ

ကျမ်းပြိုင်တွေကို ကြည့်နိုင်ဖို့ အခန်းငယ်တစ်ခုကို နှိပ်ပါ။

အထွေထွေ

ဝတ်. ၅:၁ပ ၂၉:၂၄
ဝတ်. ၅:၂ဝ ၁၁:၂၁-၂၄; ၁၇:၁၅; တရ ၁၄:၈
ဝတ်. ၅:၃ဝ ၁၂:၂; ၁၃:၃; ၁၅:၃; တလ ၁၉:၁၁
ဝတ်. ၅:၄မ ၅:၃၃
ဝတ်. ၅:၅တလ ၅:၇; ဆ ၃၂:၅; ပ ၂၈:၁၃; ၁ယ ၁:၉
ဝတ်. ၅:၆ဝ ၇:၁; ၁၄:၂၊ ၁၂; ၁၉:၂၀၊ ၂၁; တလ ၆:၁၂
ဝတ်. ၅:၇လု ၂:၂၄
ဝတ်. ၅:၇ဝ ၁၂:၇၊ ၈; ၁၄:၂၁၊ ၂၂; ၁၅:၁၃-၁၅
ဝတ်. ၅:၉ဝ ၁:၄၊ ၅; ၇:၂; ဟီ ၉:၂၂
ဝတ်. ၅:၁၀ဝ ၁:၁၅-၁၇
ဝတ်. ၅:၁၀ဝ ၆:၇
ဝတ်. ၅:၁၁ထွ ၁၆:၃၆
ဝတ်. ၅:၁၃ဝ ၄:၂၆
ဝတ်. ၅:၁၃ဝ ၆:၁၄-၁၆; ၁က ၉:၁၃
ဝတ်. ၅:၁၃ဝ ၂:၁၀; ၇:၁၊ ၆
ဝတ်. ၅:၁၅ဝ ၁၀:၁၇၊ ၁၈
ဝတ်. ၅:၁၅ဝ ၆:၆
ဝတ်. ၅:၁၅ထွ ၃၀:၁၃; ဝ ၂၇:၂၅
ဝတ်. ၅:၁၆ဝ ၆:၄၊ ၅; ၂၂:၁၄; တလ ၅:၆၊ ၇
ဝတ်. ၅:၁၆ထွ ၃၂:၃၀
ဝတ်. ၅:၁၆ဝ ၆:၇; ၁၉:၂၂
ဝတ်. ၅:၁၇ဝ ၅:၂
ဝတ်. ၅:၁၈ဝ ၆:၆
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
  • ၁၆
  • ၁၇
  • ၁၈
  • ၁၉
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
ဝတ်ပြုရာ ၅:၁-၁၉

ဝတ်ပြုရာ

၅ “‘လူတစ်ယောက်က သက်သေထွက်ဆိုပေးဖို့  လူသိရှင်ကြား တောင်းဆိုတဲ့ စကားကို* ကြားတဲ့အပြင်+ တစ်ယောက်ယောက် အပြစ်လုပ်တာကို မြင်လျက်၊ သိလျက်၊ သက်သေဖြစ်လျက်နဲ့ သတင်းမပေးရင် အပြစ်ရှိတယ်။ သူ့အပြစ်အတွက် ပြစ်ဒဏ်ခံရမယ်။

၂ “‘လူတစ်ယောက်က  သားရဲအသေကောင်၊ ခြံမွေးတိရစ္ဆာန်အသေကောင်၊ အုံဖွဲ့နေတတ်တဲ့ သတ္တဝါအသေကောင်စတဲ့ မသန့်ရှင်းရာ တစ်ခုခုကို ကိုင်မိတယ်ဆိုပါစို့။+ ကိုင်မိမှန်း မသိရင်တောင် မသန့်ရှင်းဘူး။ အပြစ်ရှိတယ်။ ၃ ဒါမှမဟုတ် မသန့်ရှင်းတဲ့ လူကိုဖြစ်စေ၊ လူ့ကိုယ်ခန္ဓာကထွက်တဲ့ မသန့်ရှင်းတဲ့အရာကိုဖြစ်စေ တစ်ခုခုကို အမှတ်တမဲ့ ကိုင်မိတယ်ဆိုပါစို့။+ ကိုင်မိမှန်း သိသွားတဲ့အခါ  သူက  မသန့်ရှင်းဘူး။ အပြစ်ရှိတယ်။

၄ “လူတစ်ယောက်က ကောင်းတာကိုဖြစ်စေ၊ မကောင်းတာကိုဖြစ်စေ လုပ်ပါ့မယ်လို့ မဆင်မခြင် ကျိန်ဆိုမိတယ်ဆိုပါစို့။ နောက်မှ မဆင်မခြင် ကျိန်ဆိုမိမှန်း  သိသွားတဲ့အခါ သူ့မှာ အပြစ်ရှိတယ်။*+

၅ “‘အဲဒီအပြစ်တစ်ခုခု လုပ်မိရင် အပြစ်ဝန်ခံရမယ်။+ ၆ အပြစ်ဖြေဖို့ ဒုစရိုက်ဖြေရာအလှူဖြစ်တဲ့+ သိုးမလေး ဒါမှမဟုတ် ဆိတ်မလေးတစ်ကောင်ကို အပြစ်ဖြေရာအလှူအဖြစ် ယေဟောဝါဆီ ယူလာရမယ်။ သူ့အပြစ်အတွက် ပုရောဟိတ်က အပြစ်ဖြေပေးရမယ်။

၇ “‘သိုးကို မတတ်နိုင်ရင် သူ့အပြစ်အတွက် ဒုစရိုက်ဖြေရာအလှူအဖြစ် ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို+  ယေဟောဝါဆီ  ယူလာရမယ်။ တစ်ကောင်က အပြစ်ဖြေရာအလှူအတွက်၊  နောက်တစ်ကောင်က မီးရှို့ရာအလှူအတွက်ဖြစ်တယ်။+ ၈ အဲဒါတွေကို  ပုရောဟိတ်ဆီ ယူလာရမယ်။ ပုရောဟိတ်က  အပြစ်ဖြေရာအလှူအတွက်  ငှက်တစ်ကောင်ကို  အရင်ဆက်သရမယ်။ ငှက်လည်ပင်းကို လက်သည်းနဲ့ဆိတ်ရမယ်။  ဒါပေမဲ့  လည်ပင်း  မပြတ်စေရဘူး။ ၉ အပြစ်ဖြေရာအလှူရဲ့ သွေးနည်းနည်းကို ပူဇော်ရာပလ္လင် နံရံပေါ်မှာ ဖျန်းရမယ်။ ကျန်တဲ့သွေးကိုတော့ ပူဇော်ရာပလ္လင်  ခြေရင်းမှာ  ညှစ်ချရမယ်။+ ဒါဟာ အပြစ်ဖြေရာအလှူပဲ။ ၁၀ နောက်တစ်ကောင်ကို မီးရှို့ရာအလှူအဖြစ်  လုပ်ထုံးလုပ်နည်းအတိုင်း ပူဇော်ပြီး+ သူ့အပြစ်အတွက် ပုရောဟိတ်က အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။+

၁၁ “‘ချိုးနှစ်ကောင် ဒါမှမဟုတ် ခိုကလေးနှစ်ကောင်ကို မတတ်နိုင်ရင် သူ့အပြစ်အတွက်  အပြစ်ဖြေရာအလှူအဖြစ် ဂျုံနုတစ်ဧဖာရဲ့*+ ဆယ်ပုံတစ်ပုံကို  ယူလာရမယ်။  အပြစ်ဖြေရာအလှူဖြစ်လို့ အဲဒီပေါ်မှာ ဆီမလောင်းရဘူး၊ လောဗန်မတင်ရဘူး။ ၁၂ အဲဒါကို ပုရောဟိတ်ဆီ ယူလာရမယ်။ ပုရောဟိတ်က ဂျုံမှုန့်လက်တစ်ဆုပ်စာကို ယူ၊ ပူဇော်ရာပလ္လင်ပေါ်မှာ ယေဟောဝါအတွက် ပူဇော်ထားတဲ့ မီးရှို့ရာအလှူပေါ် တင်ပြီး ကိုယ်စားပြုအလှူအဖြစ် မီးရှို့ရမယ်။ ဒါဟာ အပြစ်ဖြေရာအလှူပဲ။ ၁၃ ဒီနည်းနဲ့ ပုရောဟိတ်က အပြစ်တစ်ခုခု လုပ်မိသူအတွက် အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။+ ကောက်နှံအလှူမှာလိုပဲ+ ကျန်တဲ့ဂျုံမှုန့်ကို ပုရောဟိတ်အတွက် ပေးရမယ်။’”+

၁၄ ယေဟောဝါက  မောရှေကို ဆက်မိန့်မှာတယ်– ၁၅ “လူတစ်ယောက်က ယေဟောဝါရဲ့ သန့်ရှင်းမြင့်မြတ်ရာတွေနဲ့ဆိုင်တဲ့ ပညတ်ကို မတော်တဆ ချိုးဖောက်မိပြီး သစ္စာမဲ့ခဲ့ရင်+ အနာအဆာမရှိတဲ့ သိုးထီးတစ်ကောင်ကို  ဒုစရိုက်ဖြေရာအလှူအဖြစ် ယေဟောဝါဆီ ယူလာရမယ်။+ သိုးထီးရဲ့ ငွေရှယ်ကယ်* တန်ဖိုးကို သန့်ရှင်းရာဌာနတော်ရဲ့ စံအလေးချိန်အတိုင်း သတ်မှတ်ရမယ်။+ ၁၆ သန့်ရှင်းရာဌာနတော်ကို ပြစ်မှားမိတဲ့အတွက် သတ်မှတ်လျော်ကြေးအပြင် လျော်ကြေးရဲ့ ငါးပုံတစ်ပုံကိုပါ  ပုရောဟိတ်ဆီ ပေးရမယ်။+ ပုရောဟိတ်က ဒုစရိုက်ဖြေရာအလှူဖြစ်တဲ့ သိုးထီးကို ပူဇော်ပြီး အပြစ်ဖြေပေးရမယ်။+ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။+

၁၇ “လူတစ်ယောက်က ယေဟောဝါ တားမြစ်ထားတာကို လုပ်မိတယ်ဆိုပါစို့။ လုပ်မိမှန်း မသိရင်တောင် သူ့မှာ အပြစ်ရှိတယ်။ သူ့အပြစ်အတွက် ပြစ်ဒဏ်ခံရမယ်။+ ၁၈ သတ်မှတ်တန်ဖိုးနဲ့ညီပြီး အနာအဆာမရှိတဲ့ သိုးထီးကို ဒုစရိုက်ဖြေရာ အလှူအဖြစ် ပုရောဟိတ်ဆီ ယူလာရမယ်။+ မတော်တဆ ကျူးလွန်မိတဲ့ အမှားအတွက် ပုရောဟိတ်က အပြစ်ဖြေပေးရမယ်။ ဒါဆိုရင် သူ့အပြစ် ခွင့်လွှတ်ခံရမယ်။ ၁၉ ဒါဟာ ဒုစရိုက်ဖြေရာအလှူပဲ။ သူက ယေဟောဝါကို ပြစ်မှားမိတဲ့အပြစ် ရှိတယ်။”

မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ