ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၀၅ ၇/၈ စာ. ၃
  • အဝလွန်ခြင်း တကယ့်ပြဿနာလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဝလွန်ခြင်း တကယ့်ပြဿနာလော
  • နိုးလော့!—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဝလွန်ခြင်းကို သင်မည်သို့အနက်ဖွင့်မည်နည်း
  • အဝလွန်ခြင်း အကြောင်းရင်းကား အဘယ်နည်း
    နိုးလော့!—၂၀၀၅
  • ကလေးများ အဝလွန်မှု အဘယ်အရာ ပြုလုပ်နိုင်သနည်း
    နိုးလော့!—၂၀၀၉
  • မာတိကာ
    နိုးလော့!—၂၀၀၅
  • ပိုထွားလာတိုင်း ပိုကောင်းသည်မဟုတ်
    နိုးလော့!—၁၉၉၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၅
န၀၅ ၇/၈ စာ. ၃

အဝလွန်ခြင်း တကယ့်ပြဿနာလော

“မြီးကောင်ပေါက်များ အဝလွန်ခြင်းသည် ကပ်ရောဂါအသွင်ဆောင်နေပြီ။”—အက်စ်. ကေ. ဝဲန်နူး၊ အတိုင်ပင်ခံ အတွင်းစိမ့်ဂလင်းဗေဒ ပညာရှင်ကြီး၊ အင်ဒရာပရက်စ်သာ အပိုလို ဆေးရုံ၊ ဒေလီ၊ အိန္ဒိယ။

အထက်ပါမှတ်ချက်အရ အလယ်အလတ်တန်းစား အိန္ဒိယမိသားစုများစွာသည် ဆယ်ကျော်သက် အဝလွန်မှုဖြစ်စေသည့် ဘဝပုံစံသို့ ပြောင်းလဲသွားကြောင်းဖော်ပြသည်။ ဤကပ်ရောဂါသည် ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အကျိုးမဲ့အစာကို သာ၍ခုံခုံမင်မင်စားသုံးလာသည်နှင့်အမျှ နိုင်ငံများစွာတွင် ပျံ့နှံ့နေသည့် ကူးစက်မြန်ရောဂါတစ်ခု ဖြစ်လာနေပေပြီ။ မြီးကောင်ပေါက်ဆေးပညာမှ အတိုင်ပင်ခံတစ်ဦးက ဤသို့ထုတ်ဖော်ပြောဆိုခဲ့သည်– “[ဗြိတိန်နိုင်ငံတွင်] နောက်လာမည့်မျိုးဆက်သည် . . . လူ့သမိုင်းတွင် အဝလွန်ဆုံးမျိုးဆက်ဖြစ်လိမ့်မည်။” ဂါဒီယန် ပတ်စဉ်သတင်းစာက ဤသို့ဖော်ပြခဲ့၏– “တစ်ချိန်က အဝလွန်ခြင်းသည် အရွယ်ရောက်သူတစ်ဦး၏ အဓိကပြဿနာဖြစ်ခဲ့သည်။ ယခုမူ စားသောက်ခြင်းအလေ့အထများနှင့် အထိုင်များသောဘဝပုံစံရှိကြသည့် ဗြိတိန်နိုင်ငံ၏ လူငယ်မျိုးဆက်သည် အမေရိကန်ပြည်ထောင်စုတွင် ဦးဆုံးတွေ့ရှိခဲ့သည့် ပြဿနာများဆီသို့ ဦးတည်လျက်ရှိ၏။ ရေရှည် အဝလွန်ခြင်းက ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါနှင့် ကင်ဆာရောဂါအစရှိသည့် ရောဂါဝေဒနာများအတွက် ကြိုတင်လမ်းခင်းပေးသည်။”

အစာနှင့်ပစ်ပေါက်ကစားခြင်းဟူသည့်စာအုပ်ကို ရေးသားပြုစုကြသည့် စာရေးဆရာတို့က ဤသို့ဆိုသည်– “အစားကြူးခြင်းသည် အာဟာရချို့တဲ့ခြင်းကို အစားထိုးနေရာဝင်ယူကာ ကမ္ဘာ့အဓိက အစားအသောက်ပြဿနာဖြစ်လာနေပြီ။” ဒွန် ပက်ခ်က အတ္တလန်တစ် လစဉ်တွင် ဤသို့ရေးသားဖော်ပြ၏– “အမေရိကန်လူမျိုး ကိုးသန်းခန့်သည် ယခုအခါ ‘အဝလွန်မည်ကို စွဲကြောက်’ နေကြပြီ၊ ယင်းက သူတို့သည် ကိုယ်အလေးချိန် ပေါင်တစ်ရာဝန်းကျင် ပိုနေသည့်သဘောပင်။” ကိုယ်အလေးချိန်နှင့်ဆက်နွှယ်နေသည့် အခြေအနေများက ထိုနိုင်ငံတွင် တစ်နှစ်လျှင် လူပေါင်း ၃၀၀,၀၀၀ အား အသေစောစေရာ “ဆေးလိပ်သောက်၍ သေဆုံးခြင်းပြီးလျှင် ဒုတိယသေဆုံးမှု အများဆုံးဖြစ်သည်။” ပက်ခ်က ဤသို့ကောက်ချက်ချခဲ့၏– “အဝလွန်ခြင်းသည် မကြာမီ ငတ်မွတ်မှုနှင့် ကူးစက်ရောဂါတို့ကို ကျော်လွှားကာ ကမ္ဘာသူကမ္ဘာသားတို့ အထူးဂရုပြုရမည့် လူထုကျန်းမာရေးပြဿနာဖြစ်လာနိုင်ပေသည်။” ထို့ကြောင့်၊ အဝလွန်ခြင်း၏ အန္တရာယ်ကို မည်သူ လျစ်လျူရှု၍နေနိုင်မည်နည်း။ စားပါ၊ သောက်ပါ၊ ကျန်းမာစေပါဟူသောစာအုပ်တွင် ဒေါက်တာ ဝေါ်လ်တာ စီ. ဝီးလ်လတ်က “သင်ဆေးလိပ်သောက်သည်ဖြစ်စေ၊ မသောက်သည်ဖြစ်စေ အခန်းသုံး ပေါင်ချိန်စက်မှ သင့်အားပြူးကြည့်နေသည့် ဂဏန်းသည် သင့်အနာဂတ်ကျန်းမာရေးအတွက် အရေးအပါဆုံးအတိုင်းအတာဖြစ်၏” ဟု ရေးသားထားသည်။ ဤတွင်ရှိ အဓိကစကားလုံးမှာ အနာဂတ်ကျန်းမာရေးဖြစ်၏။

အဝလွန်ခြင်းကို သင်မည်သို့အနက်ဖွင့်မည်နည်း

အဘယ်အချိန်တွင် လူတစ်ဦးကို ကိုယ်အလေးချိန်ပိုနေရုံမက အဝလွန်နေသည်ဟု သတ်မှတ်သနည်း။ ယူ.အက်စ်.အေ.၊ မင်နီစိုတာပြည်နယ်၊ ရာချက်စတာမြို့ရှိ မေရိုဆေးခန်းက ဤသို့ဖော်ပြပေးသည်– “အရိုးရှင်းဆုံးပြောရလျှင် အဝလွန်ခြင်းသည် ကိုယ်ခန္ဓာအဆီပိုလာသည့်အတွက် ကိုယ်အလေးချိန် အလွန်အမင်းပိုနေခြင်းဖြစ်သည်။” သို့သော် လူတစ်ဦးသည် ကိုယ်အလေးချိန်ပိုနေမနေ မည်သို့သတ်မှတ်ဆုံးဖြတ်မည်နည်း။ လူတစ်ဦး ကိုယ်အလေးချိန်ပိုမပို၊ အဝလွန်သည့်အဆင့်သို့ ရောက်မရောက်နှင့်ပတ်သက်၍ အနီးစပ်ဆုံးကို အရပ်နှင့် ကိုယ်အလေးချိန်ပြဇယားများက လမ်းညွှန်ပေးနိုင်ပါသည်။ (စာမျက်နှာ ၅ ရှိ ဇယားကိုရှု။) သို့သော် ဤဇယားသည် ကိုယ်ခန္ဓာဖွဲ့စည်းပုံ ကွဲပြားမှုများကို ထည့်မတွက်ထားပေ။ “ကိုယ်အလေးချိန်ထက် ကိုယ်ခန္ဓာအဆီပမာဏသည် ကျန်းမာရေးအတွက် ပို၍ကောင်းသော ညွှန်တံဖြစ်သည်” ဟု မေရိုဆေးခန်းက ဆိုသည်။ ဥပမာ၊ အားကစားသမားတစ်ဦးသည် ကြွက်သားထု သို့မဟုတ် အရိုးကြီးသောကြောင့် ကိုယ်အလေးချိန် ပို၍များနေနိုင်သည်။ ကိုယ်အလေးချိန်ပိုခြင်း သို့မဟုတ် အဝလွန်ခြင်းဖြစ်ရသည့် အခြေခံအကြောင်းရင်းများကား အဘယ်နည်း။ ဤအမေးကို နောက်ဆောင်းပါးတွင် ဆွေးနွေးသွားမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ