ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၀၇ စာ. ၃
  • အကြံဉာဏ်ကောင်းရယူပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြံဉာဏ်ကောင်းရယူပါ
  • နိုးလော့!—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • အားထား၍မရသော “ပညာရှင်များ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သားသမီးမွေးမြူရေးအတွက် ယုံကြည်အားထားရသောလမ်းညွှန်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အကြံဉာဏ် ဘယ်လို တောင်းသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • အကြံဉာဏ် ဘယ်လို ပေးသင့်သလဲ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၀၇
န ၈/၀၇ စာ. ၃

အဆင့် ၁

အကြံဉာဏ်ကောင်းရယူပါ

ယင်းသို့ပြုရန် အဘယ်ကြောင့် အရေးကြီးသနည်း။ မွေးကင်းစကလေးကို မိဘများ ပထမဆုံးအကြိမ် ပွေ့ချီထားချိန်တွင် ခံစားချက်များမှာ အမျိုးမျိုးပြောင်းလဲနေပေမည်။ “ကျွန်တော် အရမ်းဝမ်းသာတယ်။ အံ့လည်းအံ့သြတယ်။ ဒါပေမဲ့ တာဝန်ယူရတော့မယ်ဆိုတဲ့အသိ၊ ဖခင်တစ်ယောက်ဖြစ်ဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုတဲ့အသိတွေက ကျွန်တော့်ကို ဖိစီးနေတယ်” ဟုဗြိတိန်နိုင်ငံတွင်နေထိုင်သော ဖခင်တစ်ဦးကဆို၏။ အာဂျင်တီးနားနိုင်ငံတွင် နေထိုင်သော မိခင်တစ်ဦးဖြစ်သူ မော်နီကာက ဤသို့ဆိုသည်– “ကျွန်မသမီးလေးကို ပြုစုစောင့်ရှောက်နိုင်ပါ့မလားလို့ ကျွန်မတွေးပူမိတယ်။ ‘တာဝန်သိတတ်တဲ့ လူကြီးတစ်ယောက်ဖြစ်လာအောင် ကျွန်မလေ့ကျင့်သွန်သင်ပေးနိုင်ပါ့မလား’ လို့လည်း စဉ်းစားမိတယ်။”

အဆိုပါမိဘများ၏ ရွှင်လန်းမှုများနှင့် စိုးရိမ်ပူပန်မှုများကို သင် စာနာပေးနိုင်ပါသလော။ ကလေးငယ်တစ်ဦးအား ပြုစုပျိုးထောင်ပေးခြင်းသည် လူသားတို့ ကြိုးပမ်းအားထုတ်နိုင်သမျှ တာဝန်များတွင် အပင်ပန်းဆုံး၊ အခက်ခဲဆုံးဖြစ်သော်လည်း စိတ်ကျေနပ်ဖွယ်ကောင်းပြီး အကျိုးနပ်သော တာဝန်တစ်ခုဖြစ်သည်မှာ သေချာပါသည်။ “ကလေးဘဝဆိုတာ တစ်ခါပဲရှိပေမဲ့ မိဘတွေပြုမိနိုင်တဲ့အမှားတွေကြောင့် သူတို့ကို တစ်သက်လုံး ထိခိုက်သွားနိုင်တယ်” ဟုဖခင်တစ်ဦးဆိုခဲ့သည့်အတိုင်းပင် ဖြစ်သည်။ မိဘများသည် မိမိတို့သားသမီးများ၏ ကျန်းမာရေးနှင့် ပျော်ရွှင်ရေးအပေါ် အလွန်သြဇာညောင်းသည်ဖြစ်ရာ ပို၍ကောင်းသောမိဘတစ်ဦးဖြစ်ရန် ယုံကြည်စိတ်ချရသော အကြံဉာဏ်ရရှိဖို့ အလွန်လိုအပ်သည်ဟု သင်ခံစားရပေမည်။

အဘယ်အရာက ခက်ခဲစေသနည်း– သားသမီးပြုစုပျိုးထောင်ခြင်းနှင့်ပတ်သက်၍ လူတိုင်းတွင် အကြံဉာဏ်ရှိကြဟန်တူသည်။ ရှေးယခင်က မိဘဖြစ်ခါစသူများသည် မိမိတို့မိဘများ၏ပုံနမူနာကို အတုယူခဲ့ကြသည် သို့မဟုတ် မိမိတို့၏ဘာသာရေးယုံကြည်ချက်များအပေါ် အခြေပြု၍ သားသမီးများကို လမ်းညွှန်ခဲ့ကြသည်။ သို့သော် နိုင်ငံများစွာတွင် မိသားစုအစီအစဉ်မှာ ဖရိုဖရဲဖြစ်လျက်ရှိ၏။ ဘာသာတရားသည်လည်း ဩဇာမညောင်းတော့ပေ။ သို့ ဖြစ်၍ မိဘများစွာသည် အကြံဉာဏ်အတွက် မိဘအုပ်ထိန်းမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များကို အားထားကြသည်။ အဆိုပါ ပညာရှင်အချို့၏ အကြံဉာဏ်များမှာ အခြေအမြစ်ရှိသောမူများအပေါ် အခြေခံပါသည်။ သို့သော် အခြားဖြစ်ရပ်များတွင် ထိုပညာရှင်တို့၏အကြံဉာဏ်များမှာ ရှေ့နောက်မညီသည့်အပြင် ခေတ်ကုန်သွားပြီဟု အဆောတလျင် သတ်မှတ်ခံရပေမည်။

အဘယ်အရာက ကူညီပေးနိုင်သနည်း– သားသမီးပြုစုပျိုးထောင်နည်းနှင့်ပတ်သက်၍ အသိဆုံးပုဂ္ဂိုလ်ဖြစ်သူ လူ့အသက်၏ဖန်ဆင်းရှင် ယေဟောဝါဘုရားသခင်၏ အကြံဉာဏ်ကို ရယူပါလေ။ (တမန်တော် ၁၇:၂၆-၂၈) ကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် တိုက်ရိုက်ကျသောအကြံဉာဏ်နှင့် လက်တွေ့ကျသောပုံနမူနာများပါဝင်သည်ဖြစ်ရာ ယင်းတို့က သင့်အား ပို၍ကောင်းသောမိဘတစ်ဦးဖြစ်လာရန် ကူညီပေးနိုင်ပါသည်။ “သင့်ကို ငါကြည့်ရှု၍ အကြံပေးမည်” ဟု ကိုယ်တော်ကတိပြုတော်မူ၏။—ဆာလံ ၃၂:၈၊ သမ္မာ။

ပျော်ရွှင်သောသားသမီးများကို ပြုစုပျိုးထောင်ရန် မိဘများအား ကူညီပေးနိုင်သည့် အဘယ်အကြံဉာဏ်ကို ဘုရားသခင်ပေးတော်မူသနည်း။

[စာမျက်နှာ ၃ ပါ အကျဉ်းဖော်ပြချက်]

‘ယေဟောဝါကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်။’—သု. ၃:၅

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ