ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lmd သင်ခန်းစာ ၉
  • သနားစာနာပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သနားစာနာပါ
  • လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ဘာလုပ်သလဲ
  • ယေရှုဆီကနေ ဘာသင်ယူရသလဲ
  • ယေရှုကို အတုယူပါ
  • ကိုယ်ချင်းစာနာစိတ်—ကြင်နာသနားဖို့ စေ့ဆော်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • စာနာမှု ပြပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၁
  • ကိုယ်ချင်းစာပါ
    နိုးလော့!—၂၀၂၀
  • “သနားစိတ် ယိုဖိတ်လာတဲ့အတွက်”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
နောက်ထပ် ကြည့်ပါ
လူတွေကို ချစ်ပါ—တပည့် ဖြစ်စေပါ
lmd သင်ခန်းစာ ၉

ပြန်လည်ပတ်ခြင်း

ယေရှုနဲ့ တပည့်တွေ လှေပေါ်ကနေ ဆင်းပြီး ကမ်းစပ်မှာ စောင့်နေတဲ့ လူအုပ်ဆီ လျှောက်လာ။

မာ. ၆:၃၀-၃၄

သင်ခန်းစာ ၉

သနားစာနာပါ

ကျမ်းစာမူ။ “ဝမ်းမြောက်သူတွေနဲ့အတူ ဝမ်းမြောက်ပါ။ ငိုကြွေးသူတွေနဲ့အတူ ငိုကြွေးပါ။”—ရော. ၁၂:၁၅။

ယေရှု ဘာလုပ်သလဲ

ယေရှုနဲ့ တပည့်တွေ လှေပေါ်ကနေ ဆင်းပြီး ကမ်းစပ်မှာ စောင့်နေတဲ့ လူအုပ်ဆီ လျှောက်လာ။

ဗီဒီယို။ လူအုပ်ကို ယေရှု သနား

၁။ ဗီဒီယို ကြည့်ပါ။ ဒါမှမဟုတ် မာကု ၆:၃၀-၃၄ ကို ဖတ်ပါ။ အဲဒီနောက် ဒီမေးခွန်းတွေ သုံးသပ်ပါ–

  1. က။ “လူသူမရှိတဲ့ နေရာဆီ” ယေရှုနဲ့ တမန်တော်တွေ ဘာကြောင့် သွားချင်ကြသလဲ။

  2. ခ။ လူအုပ်ကို ယေရှု ဘာကြောင့် သွန်သင်ပေးသလဲ။

ယေရှုဆီကနေ ဘာသင်ယူရသလဲ

၂။ ဟောရဖို့လောက်ပဲ မဟုတ်ဘဲ လူတွေကို ဂရုစိုက်တတ်ဖို့ သနားစာနာစိတ်က လှုံ့ဆော်ပေးတယ်။

ယေရှုကို အတုယူပါ

၃။ ဂရုတစိုက် နားထောင်ပါ။ သူ ဘာခံစားရတယ်၊ ဘာစိုးရိမ်တယ်၊ ဘာသဘောမတူဘူးဆိုတာ လွတ်လွတ်လပ်လပ် ပြောပါစေ။ ဖြတ်မပြောပါနဲ့။ ခပ်ပေါ့ပေါ့ သဘောမထားပါနဲ့။ ဂရုတစိုက် နားထောင်ပေးတာဟာ သူ့ခံစားချက်ကို သင် အလေးထားကြောင်း ပြနေတာပဲ။

၄။ စိတ်ဝင်စားသူအကြောင်း စဉ်းစားပါ။ သူနဲ့ ပြောခဲ့တာတွေကို မှီပြီး ဒီလို စဉ်းစားပါ–

  1. က။ ‘သူ အမှန်တရား သိဖို့ ဘာကြောင့် လိုအပ်သလဲ။’

  2. ခ။ ‘ကျမ်းစာ လေ့လာတာက သူ့နေ့စဉ်အသက်တာနဲ့ အနာဂတ်ကို ဘယ်လို ပိုတိုးတက်ကောင်းမွန်စေမလဲ။’

၅။ သူ လိုအပ်နေတာနဲ့ ကိုက်မယ့် အကြောင်းအရာ ပြောပြပါ။ ကျမ်းစာ လေ့လာရင် သူ့မေးခွန်းတွေရဲ့ အဖြေ ဘယ်လို ရနိုင်ကြောင်း၊ ဘယ်လို အကျိုးရှိနိုင်ကြောင်း သိလာဖို့ ဖြစ်နိုင်သမျှ အမြန်ဆုံး သင်အံမှု ကျင်းပပုံကို အစမ်းပြပါ။

ဒီကျမ်းပိုဒ်တွေကိုလည်း ကြည့်ပါ

ရော. ၁၀:၁၃၊ ၁၄။ ဖိ. ၂:၃၊ ၄။ ၁ ပေ. ၃:၈

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ