ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၂/၁ စာ. ၂၀-၂၂
  • ယေဟောဝါထံလက်ခံနိုင်ရာယဇ်များပူဇော်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါထံလက်ခံနိုင်ရာယဇ်များပူဇော်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခြားနားသောလမ်းများကိုရွေးချယ်ခြင်း
  • ယေဟောဝါ၏သွန်သင်ချက်နှင့် ကာဣန၏တုံ့ပြန်မှု
  • ကျွန်ုပ်တို့အတွက်သင်ခန်းစာ
  • မတူညီသည့်သဘောထားများကို ကြီးထွားစေသောညီနောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဒေါသထွက်ပြီး လူကိုသတ်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • သားလိမ္မာနဲ့ သားမိုက်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၂/၁ စာ. ၂၀-၂၂

ယေဟောဝါထံလက်ခံနိုင်ရာယဇ်များပူဇော်ခြင်း

သမိုင်းတွင်တစ်ချိန်က ဧဒင်ဥယျာဉ်၏အရှေ့ဘက်ဝင်ပေါက်၌ ထူးခြားမှတ်သားဖွယ်ဖြစ်ရပ်တစ်ခုကို ရှုမြင်နိုင်သည်။a ၎င်းနေရာကို တန်ခိုးကြီးသောခေရုဗိမ်များက စောင့်ကြပ်ထားကြရာ ယင်းတို့၏ကြောက်မက်ဖွယ်အသွင်ကြောင့် မည်သူမျှမဖြတ်သန်းဝံ့ချေ။ ထို့အတူ ရဲရဲတောက်နေသောမီးစက်လက်နက်သည် ညဘက်တွင် ပတ်ဝန်းကျင်ရှိသစ်ပင်များကြား အလင်းဖြာစေခဲ့မည်ဖြစ်ရာ ချောက်ချားဖွယ်ဖြစ်ခဲ့ဟန်ရှိ၏။ (ကမ္ဘာဦး ၃:၂၄) ယင်းသည် အလွန်ဆန်းကြယ်ခဲ့မည်ဖြစ်သော်လည်း တွေ့ မြင်သူများသည် ခပ်လှမ်းလှမ်း၌သာ နေခဲ့ကြ၏။

ကာဣနနှင့်အာဗေလတို့သည် ထိုပတ်ဝန်းကျင်သို့ အကြိမ်ကြိမ်လည်ပတ်ခဲ့ကြပေမည်။ သူတို့ကိုဥယျာဉ်အပြင်ဘက်တွင် အာဒံနှင့်ဧဝတို့မွေးဖွားခဲ့ကြရာ သူတို့မိဘများတစ်ချိန်ကနေထိုင်ခဲ့ကြသော ရေပေါများကာ စိမ်းလန်းစိုပြည်ပြီး အသီးအနှံလှိုင်လှိုင်သီးပွင့်သည့် ပရဒိသု၌နေထိုင်ခြင်းသည် မည်သို့ဖြစ်မည်ကို မှန်းဆရုံသာမှန်းဆနိုင်ခဲ့ကြပေမည်။ ယခုတွင် ဧဒင်နှင့်စပ်လျဉ်း၍ မြင်တွေ့နိုင်သောအနည်းအကျဉ်းသည် မြေရိုင်းနှင့်တောထူနေမည်မှာမုချပင်။

ထိုဥယျာဉ်သည် အဘယ်ကြောင့်ပြုစုပျိုးထောင်ခြင်းမရှိ၍ ၎င်းမှ သူတို့အဘယ်ကြောင့်နှင်ထုတ်ခံခဲ့ရကြောင်း သားသမီးများကို အာဒံနှင့်ဧဝတို့ ရှင်းပြခဲ့ကြမည်မှာသေချာပါသည်။ (ကမ္ဘာဦး ၂:၁၇; ၃:၆၊ ၂၃) ကာဣနနှင့်အာဗေလတို့သည် မည်မျှမချင့်မရဲဖြစ်လိုက်ကြမည်ဖြစ်ခြင်း! ဥယျာဉ်ကိုသူတို့မြင်နိုင်လျက်နှင့် မဝင်ရောက်နိုင်ခဲ့ကြချေ။ ပရဒိသုနှင့် ဤမျှနီးနေလျက်ကယ် ဝေးနေကြရ၏။ မစုံလင်မှုက ကာဣနနှင့်အာဗေလကိုစွန်းထင်းစေခဲ့ပြီး သူတို့သည် ဘာမျှမတတ်နိုင်သလောက်ဖြစ်သည်။

မိဘများ၏ဆက်ဆံရေးကလည်း အခြေအနေကိုမထူးခြားစေနိုင်ပါ။ ဧဝကိုတရားစီရင်သောအခါ ဘုရားသခင်က ဤသို့ဆိုခဲ့သည်– “သင့်ယောက်ျားကို သင်တောင့်တမည်ဖြစ်၍ သူသည် သင့်ကိုစိုးမိုးလိမ့်မည်။” (ကမ္ဘာဦး ၃:၁၆၊ ကဘ) ထိုပရောဖက်ပြုချက်အတိုင်း ယခုတွင် အာဒံသည် သူ၏ဇနီးအား အနိုင်အထက်ပြုခဲ့ရမည်ဖြစ်ကာ အဖော်မွန်နှင့် အထောက်အမတစ်ဦးအဖြစ် ဆက်ဆံတော့မည်မဟုတ်ချေ။ ဧဝသည်လည်း ဤသူကိုအလွန်အကျွံမှီခိုနေရဟန်ရှိသည်။ ကျမ်းတစ်စောင်က “တောင့်တ” ကို “ရောဂါသဖွယ်ဆန္ဒရမ္မက်” ဟူ၍ဖော်ပြခဲ့သည်။

ဤအိမ်ထောင်ရေးအခြေအနေသည် မိဘများအပေါ် သူငယ်များ၏လေးစားမှုကို မည်မျှထိခိုက်စေခဲ့ကြောင်းကို သမ္မာကျမ်းစာကဖော်ပြမထားပါ။ သို့သော် အာဒံနှင့်ဧဝတို့သည် သားသမီးများအတွက် မကောင်းသောပုံသက်သေကိုချမှတ်ခဲ့ကြသည်မှာ ထင်ရှားသည်။

ခြားနားသောလမ်းများကိုရွေးချယ်ခြင်း

နောက်ပိုင်းတွင် အာဗေလသည် သိုးထိန်းတစ်ဦးဖြစ်လာခဲ့ပြီး၊ ကာဣနသည် လယ်လုပ်ခဲ့သည်။ (ကမ္ဘာဦး ၄:၂) အာဗေလသည် သူ၏သိုးအုပ်ကိုထိန်းကျောင်းနေစဉ် ဧဒင်အရပ်မှ သူ၏မိဘများ နှင်ထုတ်မခံရမီကပြုခဲ့သည့် ထူးခြားသောပရောဖက်ပြုချက်ကို စေ့စေ့တွေးခဲ့မည်မှာ မုချပင်– “သင်နှင့်မိန်းမကိုလည်းကောင်း၊ သင်၏အမျိုးအနွယ်နှင့် မိန်းမ၏အမျိုးအနွယ်ကိုလည်းကောင်း ငါသည်ရန်ငြိုးဖွဲ့စေမည်။ သူသည်သင်၏ခေါင်းကိုကြိတ်လိမ့်မည်၊ သင်သည်သူ၏ဖနောင့်ကိုကြိတ်လိမ့်မည်။” (ကမ္ဘာဦး ၃:၁၅) ‘မြွေကိုကြိတ်မည့် မျိုးနွယ်တော်နှင့်ပတ်သက်သောဘုရားသခင့်ကတိတော်သည် မည်သို့ပြည့်စုံပြီး၊ ဤမျိုးနွယ်တော်သည် မည်သို့ဖနောင့်အကြိတ်ခံရမည်ကို’ အာဗေလတွေးတောခဲ့ပေမည်။

အချိန်အတန်ကြာလေသော် ကာဣနနှင့်အာဗေလတို့အရွယ်ရောက်သောအခါ သူတို့သည် ယေဟောဝါထံ အသီးသီးပူဇော်သကာဆက်သခဲ့ကြသည်။ အာဗေလသည် သိုးထိန်းဖြစ်သောကြောင့် “မိမိသိုးစုတွင်အဦးဖွားသော သားအချို့နှင့်၊ သိုးထီးဆီဥကို” ဆက်သခဲ့ခြင်းသည် အံ့သြဖွယ်မရှိချေ။ တစ်ဖက်တွင် ကာဣနသည် “မြေအသီးကို” ပူဇော်ခဲ့၏။ ယေဟောဝါသည် အာဗေလ၏ပူဇော်သကာကိုလက်ခံခဲ့သော်လည်း “ကာဣနနှင့်သူ၏ပူဇော်သကာကို ပမာဏပြုတော်မမူ” ခဲ့ချေ။ (ကမ္ဘာဦး ၄:၃-၅) အဘယ်ကြောင့်နည်း။

အာဗေလ၏ယဇ်သည် “မိမိသိုးစုတွင်အဦးဖွားသော သားအချို့” ဖြစ်ကာ ကာဣန၏ပူဇော်သကာမှာမူ “မြေအသီး” မျှသာဖြစ်သောကြောင့်ဟု အချို့ကထောက်ပြကြသည်။ သို့သော် ယေဟောဝါသည် “အာဗေလနှင့်သူ၏ပူဇော်သကာကို ပမာဏပြုတော်မူ” ပြီး “ကာဣနနှင့်သူ၏ပူဇော်သကာကို ပမာဏပြုတော်မမူ” ဟုမှတ်တမ်းကဆိုထားသောကြောင့် ကာဣနပူဇော်ခဲ့သော ပစ္စည်းအရည်အသွေးကြောင့် မဟုတ်ချေ။ ယေဟောဝါသည် ကိုးကွယ်သူ၏နှလုံးအခြေအနေကို အဓိကကြည့်ရှုတော်မူ၏။ ထိုသို့ပြုရာတွင် ကိုယ်တော်သည် အဘယ်အရာကိုသိမြင်ခဲ့သနည်း။ အာဗေလသည် “ယုံကြည်ခြင်းအားဖြင့်” ယဇ်ပူဇော်ခဲ့သည်ဟု ဟေဗြဲ ၁၁:၄ ကဆိုသည်။ ထို့ကြောင့် ကာဣနသည် ယုံကြည်ခြင်းကင်းမဲ့နေဟန်ရှိခြင်းကြောင့် အာဗေလ၏ယဇ်သည် လက်ခံဖွယ်ရာဖြစ်စေခဲ့သည်။

ဤကိစ္စနှင့်ပတ်သက်၍ အာဗေလ၏ပူဇော်သကာတွင် သွေးသွန်းခြင်းပါဝင်ခဲ့သည်ကို မှတ်သားထိုက်သည်။ ဖနောင့်ဖြင့်အကြိတ်ခံရမည့် မျိုးနွယ်တော်နှင့်ပတ်သက်သော ဘုရားသခင့်ကတိတော်သည် သက်ရှိယဇ်လိုအပ်မည်ဖြစ်ကြောင်းကို သူမှန်ကန်စွာကောက်ချက်ချနိုင်ခဲ့ပေမည်။ ထို့ကြောင့် အာဗေလ၏ပူဇော်သကာသည် အပြစ်ဖြေပေးဖို့အတွက် အသနားခံခြင်းဖြစ်ခဲ့ပြီး အချိန်တန်သောအခါ အပြစ်ဖြေစရာအကြောင်းကို ဘုရားသခင်စီစဉ်ပေးမည်ဟု ယုံကြည်ကြောင်းဖော်ပြခြင်းဖြစ်သည်။

တစ်ဖက်တွင် ကာဣနသည် သူ၏ပူဇော်သကာကို အပေါ်ယံသဘောဖြင့်သာပူဇော်ခဲ့ပုံရှိ၏။ “သူ၏ပူဇော်သကာသည် ဘုရားသခင်ကိုထောက်ပံ့သူတစ်ဦးအဖြစ် အသိအမှတ်ပြုရုံမျှသာဖြစ်၏” ဟု ၁၉ ရာစုမှ သမ္မာကျမ်းစာအနက်ဖွင့်သူတစ်ဦးကဆိုခဲ့သည်။ “ယင်းက မိမိနှင့်မိမိဖန်ဆင်းရှင်စပ်ကြား ကွာဟမှုတကယ်ရှိနေခြင်းကို သူအသိအမှတ်မပြုကြောင်း၊ အပြစ်ဝန်ချတောင်းပန်စရာလိုခြင်း၊ သို့မဟုတ် အပြစ်ဖြေစရာလိုခြင်းကို အသိအမှတ်မပြုကြောင်းကိုလည်း ရှင်းလင်းစွာဖော်ပြသည်။”

ထို့အပြင် ကာဣနက မိမိသည် သားဦးအနေဖြင့် မြွေစာတန်ကိုဖျက်ဆီးပစ်မည့် ကတိထားရာမျိုးနွယ်တော်ဖြစ်သည်ဟုပင် အတင့်ရဲစွာယူမှတ်ခဲ့ပေမည်။ ဧဝကလည်း သူ၏သားဦးအတွက် ထိုသို့သောမြင့်မားသည့်ရည်မှန်းချက်များ စိတ်ထဲသိုထားခဲ့ပေမည်။ (ကမ္ဘာဦး ၄:၁) သို့သော် ကာဣနနှင့်ဧဝတို့သည် ထိုသို့မျှော်လင့်ခဲ့မည်ဆိုလျှင် အမှန်ပင်အမှားကြီးမှားနေကြသည်။

ယေဟောဝါသည် အာဗေလ၏ယဇ်ကိုနှစ်သက်ကြောင်း မည်သို့ဖော်ပြသည်ကို သမ္မာကျမ်းစာကဖော်ပြမထားပါ။ ကောင်းကင်မှမီးလောင်ကျွမ်းခြင်းအားဖြင့်ဖြစ်သည်ဟု အချို့ယူဆကြသည်။ မည်သို့ပင်ဖြစ်စေ မိမိ၏ပူဇော်သကာသည် ငြင်းပယ်ခံရကြောင်းသိသောအခါ “ကာဣနသည် အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။” (ကမ္ဘာဦး ၄:၅) ကာဣနသည် ပျက်စီးခြင်းသို့ဦးတည်ခဲ့သည်။

ယေဟောဝါ၏သွန်သင်ချက်နှင့် ကာဣန၏တုံ့ပြန်မှု

ယေဟောဝါသည် ကာဣနကို ကျိုးကြောင်းဆင်ခြင်ခဲ့သည်။ “သင်သည်အဘယ်ကြောင့်စိတ်ဆိုးသနည်း။ အဘယ်ကြောင့်မျက်နှာပျက်သနည်း” ဟုကိုယ်တော်ကမေးမြန်းခဲ့သည်။ ယင်းက သူ၏ခံစားချက်များနှင့် ရည်မှန်းချက်များကိုသုံးသပ်ရန် ကာဣနအတွက် အခွင့်ကောင်းဖြစ်စေခဲ့သည်။ “သင်သည်ကောင်းမွန်စွာပြုလျှင် အခွင့်မရသလော။ ကောင်းမွန်စွာမပြုလျှင်၊ အပြစ်ဖြေသောယဇ်ကောင်သည် တံခါးနားမှာဝပ်လျက်ရှိ၏။ သူသည်သင်၏အလိုသို့လိုက်၍၊ သင်သည်သူ့ကိုအုပ်စိုးရ၏” ဟုဆက်၍ ယေဟောဝါမိန့်ဆိုခဲ့သည်။—ကမ္ဘာဦး ၄:၆၊ ၇။ (စာမျက်နှာ ၂၃ ရှိလေးထောင့်ကွက်ရှု။)

ကာဣနသည် နားမထောင်ခဲ့ချေ။ ယင်းအစား သူသည် အာဗေလကို လယ်သို့ခေါ်သွား၍ သတ်ပစ်ခဲ့သည်။ နောက်ပိုင်းတွင် အာဗေလကိုအဘယ်နေရာ၌ တွေ့နိုင်မည်နည်းဟု ယေဟောဝါမေးမြန်းသောအခါ ကာဣနသည် လိမ်လည်ခြင်းဖြင့် အပြစ်ပိုများစေခဲ့သည်။ “အကျွန်ုပ်မသိပါ။ အကျွန်ုပ်သည်ညီကိုစောင့်ရသောသူ ဖြစ်ပါသလော” ဟုပြန်ချေပခဲ့သည်။—ကမ္ဘာဦး ၄:၈၊ ၉။

အာဗေလကိုမသတ်မီနှင့်သတ်ပြီးနောက်တွင် ကာဣနသည် ‘ကောင်းမွန်စွာပြု’ ရန်ငြင်းဆန်ခဲ့သည်။ သူသည် မိမိကိုအပြစ်အားအုပ်စိုးရန်ခွင့်ပြုလိုက်သောကြောင့် လူ့မိသားစုနေထိုင်ရာအရပ်ဒေသမှ နှင်ထုတ်ခံခဲ့ရသည်။ ကာဣနကိုသတ်ပစ်ခြင်းဖြင့် အာဗေလ၏သေခြင်းကို မည်သူမျှကလဲ့စားမချေစေနိုင်ရန် လေးနက်သည့်အမိန့်မျှဖြစ်မည့် “အမှတ်” လက္ခဏာတစ်ခုချမှတ်ခဲ့သည်။—ကမ္ဘာဦး ၄:၁၅။

နောက်ပိုင်းတွင် ကာဣနသည် မြို့တစ်မြို့ကိုတည်ထောင်ကာ ၎င်းကို မိမိသား၏အမည်ဖြင့်မှည့်ခဲ့သည်။ သူ၏မျိုးနွယ်သည် အကြမ်းဖက်မှုတွင်နာမည်ကြီးလာခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။ နောက်ဆုံး၌ ကာဣန၏မျိုးဆက်သည် မဖြောင့်မတ်သူအားလုံးကိုရှင်းလင်းပစ်သည့် နောဧခေတ်၌ ရေလွှမ်းမိုးခြင်းတွင် အဆုံးတိုင်ခဲ့သည်။—ကမ္ဘာဦး ၄:၁၇-၂၄; ၇:၂၁-၂၄။

ကာဣနနှင့်အာဗေလတို့၏ကျမ်းစာမှတ်တမ်းကို အပျင်းဖြေဖတ်ရန်အတွက်သာ ထိန်းသိမ်းထားခဲ့ခြင်းမဟုတ်ချေ။ ယင်းအစား “ငါတို့ကို ဆုံးမသြဝါဒပေး၍ရေးထား” ခြင်းဖြစ်ပြီး “သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း . . . များ၌အကျိုးရှိ၏။” (ရောမ ၁၅:၄; ၂ တိမောသေ ၃:၁၆၊ ကဘ) ဤမှတ်တမ်းမှ ကျွန်ုပ်တို့အဘယ်အရာကိုသိရှိနိုင်သနည်း။

ကျွန်ုပ်တို့အတွက်သင်ခန်းစာ

ကာဣနနှင့်အာဗေလတို့ကဲ့သို့ ယနေ့ခရစ်ယာန်များသည် ပကတိမီးရှို့ရာယဇ်မဟုတ်ဘဲ “နာမတော်ကို လူအများရှေ့ဝန်ခံရာနှုတ်ခမ်းအသီးတည်းဟူသော ချီးမွမ်းခြင်းယဇ်” ကိုဘုရားသခင်အားပူဇော်ရန် ဖိတ်ခေါ်ခံရကြသည်။ (ဟေဗြဲ ၁၃:၁၅၊ ကဘ) ယေဟောဝါသက်သေများသည် နိုင်ငံဒေသ ၂၃၀ ကျော်တွင်ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြစဉ် ကမ္ဘာချီအတိုင်းအတာဖြင့် ပြီးမြောက်နေလျက်ရှိသည်။ (မဿဲ ၂၄:၁၄) ထိုလုပ်ငန်းတွင် သင်ပါဝင်နေသလော။ သို့ဆိုလျှင် “သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်” ကြောင်းစိတ်ချနိုင်သည်။—ဟေဗြဲ ၆:၁၀၊ ကဘ။

ကာဣနနှင့်အာဗေလတို့၏ပူဇော်သကာများကဲ့သို့ သင့်ယဇ်ကို အပြင်ပန်းလက္ခဏာ—ဥပမာ၊ ဓမ္မအမှုတွင် သင်ပါဝင်သော နာရီပမာဏအားဖြင့်မျှ—မဆုံးဖြတ်ချေ။ ထိုထက်မက ယေဟောဝါကြည့်မြင်တော်မူ၏။ ကိုယ်တော်သည် လူတစ်ဦး၏အတွင်းအကျဆုံးစရိုက်လက္ခဏာများဖြစ်သော အတွေးအခေါ်များ၊ ခံစားချက်များနှင့် စေ့ဆော်မှုများဖြစ်သည့် “နှလုံးကျောက်ကပ်တို့ကိုစေ့စေ့စစ်ကြော” သည်ဟုယေရမိ ၁၇:၁၀ ကဆိုသည်။ ထို့ကြောင့် တကယ်အရေးပါသည်ကား ပမာဏမဟုတ်ဘဲ ရည်ရွယ်ချက်ဖြစ်၏။ အမှန်မှာ ယဇ်တစ်ခုသည် ကြီးကြီးသေးသေး မေတ္တာ၏လှုံ့ဆော်မှုကိုခံရသောနှလုံးဖြင့်ပြုသော ပူဇော်သကာဖြစ်မည်ဆိုလျှင် ယင်းကို ဘုရားသခင်တန်ဖိုးထားတော်မူ၏။—မာကု ၁၂:၄၁-၄၄ နှင့် ၁၄:၃-၉ ကိုနှိုင်းယှဉ်။

တစ်ချိန်တည်းတွင် ယေဟောဝါသည် ကာဣန၏နှလုံးမပါ့တပါပူဇော်သကာကိုလက်မခံခဲ့သကဲ့သို့ ကျွန်ုပ်တို့၏ချို့တဲ့သောယဇ်များကို ကိုယ်တော်လက်ခံလိမ့်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့သတိပြုသင့်သည်။ (မာလခိ ၁:၈၊ ၁၃) သင်၏အကောင်းဆုံးအရာကို ပေးဆက်ရန်၊ နှလုံး၊ စိုးလ်၊ စိတ်နှင့် အစွမ်းရှိသမျှဖြင့် ကိုယ်တော်အားဝတ်ပြုရန် ယေဟောဝါတောင်းဆို၏။ (မာကု ၁၂:၃၀) သင်သည် ထိုသို့ပြုနေသလော။ သို့ဆိုလျှင် သင့်ယဇ်ကို ကျေကျေနပ်နပ်ရှုမြင်နိုင်စရာအကြောင်းရှိသည်။ ပေါလုကဤသို့ရေးသားခဲ့သည်– “လူတိုင်း ကိုယ်ပြုသောအမှုကိုစစ်ကြောစေ။ သို့ပြုလျှင် သူတစ်ပါး၌မဆိုဘဲ ကိုယ်၌သာဝါကြွားဝမ်းမြောက်စရာအကြောင်းရှိလိမ့်မည်။”—ဂလာတိ ၆:၄။

ကာဣနနှင့်အာဗေလတို့သည် တစ်မျိုးတည်းပြုစုပျိုးထောင်ခံခဲ့ကြရသည်။ သို့သော် အချိန်နှင့် အခြေအနေသည် တစ်ဦးစီအား တစ်မူထူးခြားသောဉာဉ်များကိုဖြစ်ပေါ်စေ၏။ ကာဣန၏သဘောထားသည် မနာလိုမှု၊ အငြင်းပွားမှုနှင့် အမျက်ထွက်ခြင်းတို့အားဖြင့် တဖြည်းဖြည်းယိုယွင်းပျက်စီးလာခဲ့သည်။

တစ်ဖက်တွင် ဘုရားသခင်သည် အာဗေလကို ဖြောင့်မတ်သူတစ်ဦးအဖြစ် အမှတ်ရခဲ့၏။ (မဿဲ ၂၃:၃၅) ဘာပဲဖြစ်ဖြစ် ဘုရားသခင်နှစ်သက်သည်ကိုပြုမည်ဟု အာဗေလစိတ်ပိုင်းဖြတ်ထားခြင်းက သူ၏မိသားစုမှ ကျေးဇူးကန်းသူများဖြစ်ကြသော အာဒံ၊ ဧဝနှင့် ကာဣနတို့နှင့် သူ့အားမတူစေဘဲ နှစ်လိုဖွယ်ဖြစ်စေခဲ့သည်။ အာဗေလသည် သေလွန်သော်လည်း “ယခုပင်တရားဟောသေး၏” ဟုသမ္မာကျမ်းစာကဆိုသည်။ ဘုရားသခင်၏အမှုတော်ကို သစ္စာရှိရှိထမ်းဆောင်ခဲ့သည့် သူ၏အကြောင်းသည် သမ္မာကျမ်းစာတွင်ပါဝင်သော ထာဝရသမိုင်းမှတ်တမ်းတွင် တစ်စိတ်တစ်ပိုင်းပါဝင်သည်။ ဘုရားသခင်အား လက်ခံနိုင်ဖွယ်ယဇ်များကို အဆက်မပြတ်ပူဇော်ခြင်းအားဖြင့် အာဗေလ၏ပုံသက်သေကို ကျွန်ုပ်တို့လိုက်လျှောက်ကြပါစို့။—ဟေဗြဲ ၁၁:၄။

[အောက်ခြေမှတ်ချက်များ]

a ဧဒင်ဥယျာဉ်သည် မျက်မှောက်ခေတ်တူရကီနိုင်ငံအရှေ့ဘက်ပိုင်းရှိ တောတောင်ထူထပ်သည့်ဒေသတွင်တည်ရှိခဲ့သည်ဟု တချို့ကယူဆကြ၏။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ