ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၃/၁ စာ. ၄-၇
  • မိထွေးပထွေးမိသားစုများအောင်မြင်နိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိထွေးပထွေးမိသားစုများအောင်မြင်နိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အခြေခံအရည်အချင်း
  • ဆုံးမပဲ့ပြင်ခြင်း—သတိပြုစရာအကြောင်း
  • မိဘများဆက်သွယ်ရန်လို
  • မိသားစုစည်းလုံးမှုကိုခိုင်မြဲစေခြင်း
  • မိထွေးပထွေးမိသားစုများ၏ထူးခြားသောအခက်အခဲများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • မိဘရဲ့နောက်အိမ်ထောင်နဲ့ ဘယ်လိုစခန်းသွားရပါ့မလဲ
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • မိထွေးပထွေး မိသားစုနဲ့ ငါဘယ်လို စခန်းသွားရမလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • နောက်အိမ်ထောင်ပြုတဲ့အခါ ကြုံတွေ့ရတတ်တဲ့ အခက်အခဲများ
    နိုးလော့!—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၃/၁ စာ. ၄-၇

မိထွေးပထွေးမိသားစုများအောင်မြင်နိုင်

အာင်မြင်သောမိထွေးပထွေးမိသားစုများရှိနိုင်ပါမည်လော။ အထူးသဖြင့် အိမ်သားအားလုံးက “ကျမ်းစာရှိသမျှသည် ဘုရားရှင်ဝိညာဉ်တော်မှုတ်သွင်းထား၍ သင်ကြားခြင်း၊ အပြစ်ဖော်ပြခြင်း၊ ပဲ့ပြင်ခြင်း၊ ဖြောင့်မတ်အောင်ဆုံးမခြင်းများ၌ အကျိုးရှိ” ကြောင်းကို သတိရကြမည်ဆိုလျှင် ရှိနိုင်ပါသည်။ (၂ တိမောသေ ၃:၁၆၊ ကဘ) ကျမ်းစာမူများကို ယောက်စီယောက်တိုင်းလိုက်နာကြသည့်အခါ အောင်မြင်ဖို့အကြောင်းများသည်။

အခြေခံအရည်အချင်း

သမ္မာကျမ်းစာသည် လူ့ဆက်ဆံရေးကိုထိန်းချုပ်ရန် ပညတ်အနည်းငယ်သာချမှတ်ထားသည်။ ပညာရှိစွာပြုမူဖို့ လမ်းညွှန်ပေးသော ကောင်းသည့်အရည်အချင်းများနှင့် သဘောထားများကိုမွေးမြူရန် အများအားဖြင့်တိုက်တွန်းထားသည်။ ကောင်းသောသဘောထားများနှင့် အရည်အချင်းတို့က သာယာသောမိသားစုဘဝ၏အခြေခံဖြစ်သည်။

အောင်မြင်သောမိသားစုဖြစ်ရန် အဓိကလိုအပ်သည့်အရည်အချင်းမှာ မေတ္တာဖြစ်ကြောင်း သိသာထင်ရှားပုံပေါ်သော်လည်း ယင်းသို့ ပြောထိုက်သည်။ တမန်တော်ပေါလုက “မေတ္တာစိတ်သည် လျှို့ဝှက်ခြင်းနှင့်ကင်းစေလော့။ . . . ညီအစ်ကိုချစ်ခြင်းအရာမှာ၊ ပကတိပေါက်ဖော်ကဲ့သို့ တစ်ယောက်ကိုတစ်ယောက်စုံမက်ကြလော့” ဟုဆိုသည်။ (ရောမ ၁၂:၉၊ ၁၀) “မေတ္တာ” ဟူသောစကားလုံးကို တလွဲအသုံးပြုခဲ့ကြသော်လည်း ဤတွင်ပေါလုရည်ညွှန်းနေသော အရည်အချင်းမှာထူးခြားသည်။ ယင်းသည် ဘုရားရေးရာချစ်ခြင်းဖြစ်ပြီး “ဖောက်ပြန်ခြင်းသဘောနှင့် အစဉ်ကင်းလွတ်၏။” (၁ ကောရိန္သု ၁၃:၈) သမ္မာကျမ်းစာက ယင်းကို တစ်ကိုယ်ကောင်းမဆန်ခြင်း၊ အကျိုးဆောင်ရန်အသင့်ရှိခြင်းဟုဖော်ပြသည်။ ယင်းသည် သူတစ်ပါး၏ကောင်းရာကောင်းကျိုးကို ထိရောက်စွာပြုမူသည်။ စိတ်ရှည်၍ ကြင်နာတတ်ပြီး မည်သည့်အခါမျှ မနာလိုခြင်း၊ ဝါကြွားခြင်း သို့မဟုတ် စိတ်ကြီးဝင်ခြင်းမဖြစ်တတ်။ ကိုယ်အကျိုးကိုမရှာတတ်ပါ။ အမြဲထောက်ထားညှာတာတတ်ပြီး ယုံကြည်စိတ်ချတတ်၏၊ မျှော်လင့်တတ်၍ ဖြစ်လာသမျှကိုခံရပ်နိုင်၏။—၁ ကောရိန္သု ၁၃:၄-၇။

စစ်မှန်သောမေတ္တာသည် သဘောထားကွဲလွဲမှုများကိုပြေလည်စေပြီး ကြီးပြင်းလာပုံနှင့် ပင်ကိုစရိုက်ချင်းမတူသူများကို ပေါင်းစည်းစေသည်။ ထို့ပြင် ကွာရှင်းခြင်း သို့မဟုတ် မိဘအရင်းသေခြင်းကြောင့်ဖြစ်ပေါ်တတ်သော ဝမ်းနည်းဖွယ်အကျိုးဆက်များကို ဖြေသိမ့်ပေး၏။ ပထွေးဖြစ်လာသူတစ်ဦးက သူ့အတွက်တကယ့်ပြဿနာဖြစ်ခဲ့ရာတို့ကို ဤသို့ဖော်ပြခဲ့သည်– “ကျွန်တော့်မယားပါကလေးတွေရဲ့ခံစားချက်တွေ၊ ကျွန်တော့်မိန်းမရဲ့ခံစားချက်တွေကိုတောင် ထည့်မစဉ်းစားဘဲ ကိုယ့်ခံစားချက်တွေကိုပဲ ဂရုစိုက်လွန်းခဲ့တယ်။ သိပ်အကဲမဆတ်ဖို့ ကျွန်တော်သင်ယူခဲ့ရတယ်။ အဲ့ဒါထက် နှိမ့်ချဖို့သင်ယူခဲ့ရတယ်။” လိုအပ်သောပြောင်းလဲမှုများကို ပြုလုပ်နိုင်ရန် မေတ္တာကသူ့အားထောက်ကူပေးခဲ့သည်။

မိရင်းဖရင်း

ယခုအတူမရှိတော့သည့် ကလေးတို့၏မိရင်းဖရင်းနှင့်ဆက်ဆံမှုကို ကိုင်တွယ်ရာတွင် မေတ္တာကထောက်ကူပေးနိုင်သည်။ ပထွေးတစ်ဦးက ဤသို့ဖွင့်ပြောပြသည်– “ကျွန်တော့်မယားပါကလေးတွေ ကျွန်တော့်ကိုဦးစားပေးတာပဲ လိုချင်ခဲ့တယ်။ သူတို့အဖေအရင်းဆီသွားလည်ကြတဲ့အခါ အဲဒီလူကိုကျွန်တော်အပြစ်မရှာဘဲမနေနိုင်ခဲ့ဘူး။ သူတို့အဲဒီလူနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး ပြန်လာတဲ့နေ့ဆိုရင် ကျွန်တော်ခံရခက်လိုက်တာ။ သူတို့စိတ်ဆင်းရဲပြီးပြန်လာရင် ကျွန်တော်ပျော်တယ်။ တကယ်တော့သူတို့ကိုလက်လွှတ်လိုက်ရမှာ ကျွန်တော်စိုးရိမ်ခဲ့တယ်။ ကျွန်တော့်အတွက်အခက်ဆုံးတစ်ခုက ကျွန်တော့်မယားပါကလေးတွေအတွက် သူတို့အဖေအရင်းဟာ အရေးပါတယ်ဆိုတာကို လက်ခံနိုင်ဖို့ပဲ။”

“ချက်ချင်း” မေတ္တာတုံ့ပြန်ခြင်းကို မျှော်လင့်ရန်လက်တွေ့မကျကြောင်း ဤပထွေးအား စစ်မှန်သောမေတ္တာက သိမြင်လာစေခဲ့သည်။ ကလေးများက သူ့ကိုချက်ချင်းလက်မခံသည့်အခါ ငြင်းပယ်ခံရသည်ဟု မယူမှတ်သင့်ပေ။ ကလေးတို့၏နှလုံးသားထဲတွင် ဖခင်အရင်း၏နေရာကို မည်သည့်အခါမျှ လုံးလုံးလျားလျားအစားထိုးယူ၍မရနိုင်ကြောင်း သူသဘောပေါက်လာခဲ့သည်။ ပထွေးဖြစ်သူမှာ ကလေးတို့မေတ္တာရဖို့ကြိုးစားရမည့်သူဖြစ်သော်လည်း ဖခင်အရင်းကိုမူ သူတို့ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြပြီဖြစ်သည်။ သုတေသနပညာရှင် အဲလစ်ဇဘက် အိုင်စတိုင်က “မိရင်းဖရင်းကို ဘယ်တော့မှ မည်သည့်အခါမျှ အစားမထိုးနိုင်ပါ။ သေဆုံးခဲ့သောမိဘ သို့မဟုတ် သားသမီးများကိုပစ်ထားခဲ့သောမိဘပင်လျှင် ကလေးများ၏ဘဝအသက်တာတွင် အရေးကြီးကဏ္ဍ၌ဆက်တည်ရှိသည်” ဟုသူဆိုရာတွင် များစွာသောသူတို့၏အတွေ့အကြုံကို ဖော်ပြသည်။

ဆုံးမပဲ့ပြင်ခြင်း—သတိပြုစရာအကြောင်း

လင်ပါမယားပါကလေးများအပါအဝင် လူငယ်များအတွက် မေတ္တာပါသောဆုံးမပဲ့ပြင်မှု မရှိမဖြစ်လိုအပ်ကြောင်း သမ္မာကျမ်းစာကဖော်ပြသည်။ (သု. ၈:၃၃) ယင်းနှင့်ပတ်သက်သော ကျမ်းစာ၏ရပ်တည်ချက်ကို အတတ်ပညာရှင်အချို့ သဘောတူလက်ခံလာကြပေပြီ။ ပါမောက္ခဆရဲစ် အဲလ်ဗက်စ် ဒီအရောဇူက “ပင်ကိုသဘောအရ မည်သူတစ်ဦးမျှ ကန့်သတ်ချက်များကိုမနှစ်သက်ကြချေ၊ သို့သော် ယင်းတို့ရှိရန်လိုသည်။ ‘မရဘူး’ ဟူသည်အကာအကွယ်ဖြစ်စေသည့် စကားတစ်ခွန်းဖြစ်သည်” ဟုဖော်ပြသည်။

သို့သော် ပေါင်းစပ်ထားသောမိသားစုတစ်ခုတွင် ဆုံးမပဲ့ပြင်ခြင်းကိုရှုမြင်ပုံက အကြီးအကျယ်စိတ်ဝမ်းကွဲမှုများဖြစ်ပေါ်စေနိုင်သည်။ လင်ပါမယားပါကလေးတို့မှာ ယခုသူတို့နှင့်အတူမနေတော့သည့် လူကြီးတစ်ဦး၏ပုံသွင်းခြင်းကို အနည်းနှင့်အများ ခံခဲ့ရကြပြီ။ မိထွေး သို့မဟုတ် ပထွေးကိုအနှောင့်အယှက်ဖြစ်စေသည့်အကျင့် သို့မဟုတ် အလေ့အထများသူတို့၌ရှိကောင်းရှိပေမည်။ ထို့ပြင် မိထွေး သို့မဟုတ် ပထွေးဖြစ်သူသည် အချို့သောကိစ္စရပ်များနှင့်ပတ်သက်၍ အဘယ်ကြောင့်တင်းမာနေရကြောင်း သူတို့မသိ၍ဖြစ်နိုင်သည်။ အခြေအနေတစ်ခုကို မည်သို့အောင်မြင်စွာကိုင်တွယ်မည်နည်း။ ပေါလုက ခရစ်ယာန်များကိုဤသို့တိုက်တွန်းထားသည်– “ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မီအောင်လိုက်လော့။” (၁ တိမောသေ ၆:၁၁) မိထွေးပထွေးတို့နှင့် လင်ပါမယားပါကလေးတို့သည် တစ်ဦးကိုတစ်ဦးနားလည်ဖို့ကြိုးစားကြစဉ် နူးညံ့သိမ်မွေ့၍ စိတ်ရှည်ရန် ခရစ်ယာန်မေတ္တာကထောက်ကူပေးသည်။ မိထွေးပထွေးဖြစ်သူသည် စိတ်မရှည်ဘဲ ‘စိတ်ဆိုးကာ အမျက်ထွက်၍ အသရေပျက်အောင်ပြောဆို’ မည်ဆိုလျှင် ရရှိထားသောမည်သည့်ဆက်ဆံရေးကိုမဆို အလျင်အမြန်ပျက်စီးစေနိုင်သည်။—ဧဖက် ၄:၃၁။

ယင်းနှင့်ပတ်သက်၍အကူအညီဖြစ်စေမည့် ထိုးထွင်းသိမြင်မှုကို ပရောဖက်မိက္ခာက ဤသို့ဖော်ပြခဲ့သည်– “အချင်းလူ၊ ကောင်းသောလမ်းကိုပြတော်မူပြီ။ တရားသဖြင့်ပြုခြင်း၊ ကရုဏာကိုနှစ်သက်ခြင်း၊ သင်၏ဘုရားသခင့်ရှေ့တော်၌ နှိမ့်ချသောစိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သကာကို ထာဝရဘုရားတောင်းတော်မူသနည်း။” (မိက္ခာ ၆:၈) ဆုံးမပဲ့ပြင်မှုပေးသည့်အခါ တရားမျှတဖို့အရေးကြီးသည်။ သို့သော် ကြင်နာခြင်းကော အသို့နည်း။ ခရစ်ယာန်အကြီးအကဲတစ်ဦးက တနင်္ဂနွေနေ့နံနက်ပိုင်းတွင် အသင်းတော်ဝတ်ပြုရေး၌ပါဝင်ရန် မိမိ၏မယားပါကလေးများကို အိပ်ရာနှိုးဖို့ခက်ခဲလေ့ရှိကြောင်း ပြန်ပြောပြသည်။ သူတို့ကိုကြိမ်းမောင်းမည့်အစား ကြိုးစား၍ကြင်နာမှုပြခဲ့သည်။ စောစောထ၍ နံနက်စာကိုပြင်ဆင်ပြီးနောက် သူတို့တစ်ဦးစီထံ သောက်စရာပူပူကလေးယူသွားပေးခဲ့သည်။ ရလဒ်ကား အိပ်ရာထကြဖို့သူ၏တောင်းဆိုချက်ကို နာခံလိုစိတ်ပိုရှိလာခြင်းဖြစ်သည်။

ပါမောက္ခအာနာလွီဇာ ဗယေရာ ဒီမတို့စ်က အောက်ပါစိတ်ဝင်စားဖွယ်စကားကိုပြောခဲ့သည်– “အရေးကြီးသည်မှာ မည်သို့သောမိသားစုမျိုးမဟုတ်ဘဲ၊ ၎င်း၏ဆက်ဆံရေးအရည်အသွေးဖြစ်သည်။ ကျွန်မလေ့လာခဲ့သမျှမှ သိရှိရသည်ကား အမူအကျင့်ပြဿနာများရှိသော လူငယ်များသည် အများအားဖြင့် မိဘအုပ်ထိန်းမှုနည်းပြီး စည်းကမ်းမရှိ ဆက်သွယ်မှုနည်းသည့်မိသားစုအသိုင်းအဝိုင်းမှဖြစ်သည်။ သားသမီးပြုစုပျိုးထောင်ခြင်းတွင် မရဘူးပြောရန် လိုအပ်ကြောင်းကို အလေးပေးခြင်းသည် မည်သည့်အခါမျှပိုသည်မရှိပါ” ဟုလည်း သူဆိုခဲ့သည်။ ထို့ပြင် ဒေါက်တာ အယ်မလီနှင့် ဂျွန်ဗစ်ရှာတို့က ဤသို့မှတ်ချက်ချသည်– “အခြေခံအားဖြင့် ဆုံးမခံရသူသည် ဆုံးမသူ၏တုံ့ပြန်မှုများအပြင် သူနှင့်ဆက်ဆံရေးကောင်းဖို့ကို အလေးပေးမှသာ ဆုံးမပဲ့ပြင်မှုက အကျိုးရှိမည်ဖြစ်သည်။”

ဤမှတ်ချက်များက မိထွေးပထွေးမိသားစုများတွင် မည်သူကဆုံးမပဲ့ပြင်သင့်သနည်း ဟူသောမေးခွန်းနှင့်ပတ်သက်နေသည်။ မရဘူးဟုပြောသူမှာ မည်သူဖြစ်သင့်သနည်း။ အချို့မိဘတို့သည် ကိစ္စရပ်များကိုဆွေးနွေးတိုင်ပင်ပြီးနောက် ကလေးများနှင့်ရင်းနှီးသောဆက်ဆံရေးရှိရန် မိထွေးပထွေးတို့ကိုအချိန်ပေးစဉ်ကာလတွင် မိခင်ရင်း သို့မဟုတ် ဖခင်ရင်းက စစဦးဆုံး အဓိကဆုံးမသင့်ကြောင်း ဆုံးဖြတ်ခဲ့ကြသည်။ မိထွေး သို့မဟုတ် ပထွေး၏ဆုံးမပဲ့ပြင်မှုကိုမခံရမီ သူတို့၏မေတ္တာကိုရထားသည်ဟု ယုံကြည်စိတ်ချရန် ကလေးများသင်ယူပါလေစေ။

ပထွေးဆိုလျှင်ကော။ အိမ်ထောင်ဦးစီးသည် ဖခင်ဖြစ်သည်ဟု ကျမ်းစာကဆိုထားသည်မဟုတ်လော။ မှန်ပါသည်။ (ဧဖက် ၅:၂၂၊ ၂၃; ၆:၁၊ ၂) သို့သော် ပထွေးသည် အထူးသဖြင့် ဒဏ်ပေးခြင်းနှင့်ပတ်သက်နေလျှင် ဆုံးမပဲ့ပြင်သည့်ကိစ္စကို ခေတ္တတာဝန်လွှဲထားလိုပေမည်။ ‘ဖခင် [အသစ်] ၏နည်းဥပဒေသကိုနားထောင်’ ရန် ကလေးများအတွက် အုတ်မြစ်ချပေးစဉ် ‘သူတို့မိခင်၏တရား’ ကိုလိုက်နာဖို့ သူခွင့်ပြုပေမည်။ (သု. ၁:၈; ၆:၂၀; ၃၁:၁) နောက်ဆုံးတွင် ယင်းက ဦးစီးမှုမူကိုမဆန့်ကျင်ကြောင်း အထောက်အထားများက တင်ပြသည်။ ထို့အပြင် ပထွေးတစ်ဦးက ဤသို့ပြောပြသည်– “ဆုံးမပဲ့ပြင်တယ်ဆိုတဲ့အခါ သတိပေးတာ၊ အမှားပြင်ပေးတာ၊ အပြစ်ဖော်ပြတာတွေပါတယ်ဆိုတာ ကျွန်တော်မှတ်မိတယ်။ အဲဒါတွေကို မျှမျှတတ၊ မေတ္တာပါပါ၊ စာနာတဲ့နည်းနဲ့ပေးပြီး မိဘတွေကလည်း ပုံသက်သေပြမယ်ဆိုရင် အောင်မြင်လေ့ရှိတယ်။”

မိဘများဆက်သွယ်ရန်လို

နယပုံပြင် ၁၅:၂၂ က “တိုင်ပင်ခြင်းမရှိလျှင်၊ အကြံပျက်တတ်၏” ဟုဆိုသည်။ မိထွေးပထွေးမိသားစုတစ်ခုတွင် မိဘများသည် အတွင်းရေးကို အေးအေးဆေးဆေး၊ ပွင့်ပွင့်လင်းလင်းပြောဆိုကြခြင်းသည် အရေးကြီး၏။ အို အက်စ်တာဒို ဒီ စောင်ပေါင်လူးသတင်းစာတွင် ဆောင်းပါးရှင်တစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “ကလေးများသည် မိဘတို့ချမှတ်ထားသော ကန့်သတ်ချက်များကို ကျော်၍ရမရ စမ်းသပ်ကြည့်လိုကြလေ့ရှိသည်။” ယင်းကို မိထွေးပထွေးမိသားစုများတွင် နှစ်ဆတွေ့ရမည်။ ထို့ကြောင့် မိဘတို့သည် စည်းလုံးကြောင်း ကလေးများသိမြင်လာဖို့အတွက် ကိစ္စအသီးသီးတွင် မိဘများသဘောချင်းညီညွတ်ဖို့လိုသည်။ သို့သော် မိထွေး သို့မဟုတ် ပထွေးဖြစ်သူသည် မတရားစွာဆက်ဆံသည်ဟု မိခင်ရင်း သို့မဟုတ် ဖခင်ရင်းကခံစားရလျှင်ကော။ သို့ဖြစ်လျှင် ကလေးများရှေ့တွင်မဟုတ်ဘဲ နှစ်ဦးချင်းသီးသန့်ဖြေရှင်းသင့်သည်။

နောက်အိမ်ထောင်ပြုခဲ့သော မိခင်တစ်ဦးက ဤသို့ပြန်ပြောပြသည်– “ပထွေးဟာကလေးတွေကို မဆင်မခြင်၊ မတရားသဖြင့်ဆုံးမတယ်လို့ အထူးသဖြင့် အမေလုပ်သူက ခံစားရတာဟာ မိခင်တစ်ယောက်အတွက် အခက်ခဲဆုံးပါပဲ။ အဲဒါက နှလုံးကြေကွဲစရာဖြစ်ပြီး ကလေးတွေကိုကာကွယ်ပေးချင်စိတ်ပေါက်စေတယ်။ အဲလိုအခါမျိုးမှာ လင်သားကို ဆက်လက်အောက်ခံပြီး သူ့ကိုထောက်မပေးဖို့မလွယ်ကူစေဘူး။

“တစ်ခါက အသက် ၁၂ နဲ့ ၁၄ နှစ်အရွယ်ရှိတဲ့ ကျွန်မသားနှစ်ယောက်က ကိစ္စတစ်ခုကိုလုပ်ဖို့ သူတို့ပထွေးကိုခွင့်တောင်းတယ်။ သူက ချက်ချင်းပဲငြင်းလိုက်ပြီး သားတွေဘာကြောင့်အရေးတကြီးတောင်းဆိုတယ်ဆိုတာကို ရှင်းပြခွင့်မပေးဘဲ အခန်းထဲကထွက်သွားလေရော။ ကလေးတွေကငိုတော့မလိုဖြစ်ပြီး ကျွန်မလည်းစကားမပြောနိုင်အောင်ဖြစ်သွားတယ်။ သားအကြီးက ကျွန်မကိုကြည့်ပြီး ‘အမေ၊ သူဘာလုပ်လိုက်တယ်ဆိုတာ မြင်တယ်မဟုတ်လား’ လို့ပြောတယ်။ ‘အင်း၊ အမေမြင်ပါတယ်။ ဒါပေမဲ့ သူကအိမ်ထောင်ဦးစီးဖြစ်တော့ ကျမ်းစာက ဦးစီးမှုကိုနာခံဖို့ပြောတယ်’ လို့ကျွန်မဖြေခဲ့ရတယ်။ သူတို့က လိမ္မာတဲ့ကလေးတွေဖြစ်လို့ အဲဒါကိုသဘောတူပြီး နည်းနည်းငြိမ်သွားကြတယ်။ အဲဒီညနေမှာပဲ ဘယ်လိုဖြစ်ပျက်ခဲ့တယ်ဆိုတာ ကျွန်မယောက်ျားကိုရှင်းပြလိုက်တော့ သူသိပ်အာဏာပိုင်ဆန်သွားတာ သိသွားတယ်။ ကလေးတွေအခန်းကိုတန်းသွားပြီး သူတောင်းပန်ခဲ့တယ်။

“အဲဒီအဖြစ်အပျက်ကနေ ကျွန်မတို့အများကြီးသင်ယူခဲ့ကြတယ်။ ကျွန်မယောက်ျားက ဆုံးဖြတ်ချက်တွေမချခင် နားထောင်ပေးဖို့လိုတယ်ဆိုတာသိလာတယ်။ ကျွန်မကျတော့ စိတ်ထိခိုက်တဲ့အခါမှာတောင် ဦးစီးမှုမူကိုနာခံရမယ်ဆိုတာကိုတတ်သိလာတယ်။ ကလေးတွေက လက်အောက်ခံဖို့အရေးကြီးတယ်ဆိုတာ သိလာကြတယ်။ (ကောလောသဲ ၃:၁၈၊ ၁၉) ပြီးတော့ ကျွန်မယောက်ျားရဲ့ လှိုက်လှိုက်လှဲလှဲတောင်းပန်ချက်က နှိမ့်ချဖို့အရေးကြီးတယ်ဆိုတာကို ကျွန်မတို့အားလုံးသဘောပေါက်ခဲ့ကြတယ်။ (သု. ၂၉:၂၃) အခုဆိုရင် ကျွန်မသားနှစ်ယောက်စလုံးဟာ ခရစ်ယာန်အကြီးအကဲတွေဖြစ်နေကြပြီ။”

အမှားများပြုလုပ်မိကြပေမည်။ ကလေးများသည် စိတ်ထိခိုက်စရာများ ပြောမိလုပ်မိကြပေလိမ့်မည်။ မိထွေးပထွေးတို့သည် လတ်တလောဖိစီးမှုများကြောင့် မစဉ်းစားမဆင်ခြင်ဘဲပြုမိကြပေမည်။ သို့သော် “တောင်းပန်ပါတယ်၊ ကျေးဇူးပြု၍ခွင့်လွှတ်ပါ” ဟူသည့်စကားရိုးရိုးလေးက စိတ်ထိခိုက်မှုများကိုပြေပျောက်စေနိုင်သည်။

မိသားစုစည်းလုံးမှုကိုခိုင်မြဲစေခြင်း

မိထွေးပထွေးမိသားစုတွင် နွေးထွေးသောဆက်ဆံရေးရှိရန် အချိန်လိုသည်။ သင်သည် မိထွေး သို့မဟုတ် ပထွေးတစ်ဦးဖြစ်မည်ဆိုလျှင် စာနာမှုပြရန်လိုသည်။ နားလည်မှုရှိပြီး ကလေးတို့ကိုအချိန်ပေးဖို့အသင့်ရှိပါ။ ကလေးအငယ်များနှင့်ကစားပါ။ အကြီးများနှင့်စကားပြောဆိုဖို့အသင့်ရှိပါ။ ဥပမာ၊ ညစာပြင်ခြင်း သို့မဟုတ် ကားဆေးခြင်းကဲ့သို့သော အိမ်မှုကိစ္စများကိုကူလုပ်စေခြင်းဖြင့် အချိန်ကိုအတူတကွအသုံးပြုရန် အခွင့်အရေးရှာယူပါ။ ဈေးဝယ်သည့်အခါ လိုက်ကူညီရန် ဖိတ်ခေါ်ပါ။ ထို့ပြင် ချစ်ခင်ကြင်နာသည့်အပြုအမူလေးများက သင့်မေတ္တာကိုဖော်ပြပေးပေမည်။ (သို့သော် ပထွေးဖြစ်သူတို့အနေဖြင့် မယားပါသမီးများနှင့် လျောက်ပတ်သောစည်းအတိုင်းကျင့်ကြံပြုမူကာ သူတို့ကိုကသိကအောက်မဖြစ်စေရန် အမှန်သတိပြုသင့်သည်။ မိထွေးများအနေနှင့်လည်း ယောက်ျားလေးများ၌ သူတို့စည်းသူတို့ရှိကြောင်း သတိပြုသင့်သည်။)

မိထွေးပထွေးမိသားစုများသည် အောင်မြင်နိုင်ပါသည်။ များစွာသည် အောင်မြင်နေသည်။ အောင်မြင်မှုအရှိဆုံးမိသားစုများမှာ ပါဝင်ပတ်သက်သူအားလုံး၊ အထူးသဖြင့် မိဘများက သဘောထားမှန်ကြပြီး ယုတ္တိရှိရှိတောင်းဆိုမျှော်လင့်ကြသည့်မိသားစုများဖြစ်သည်။ တမန်တော်ယောဟန်က “ချစ်သူတို့၊ ငါတို့သည် အချင်းချင်းချစ်ကြကုန်အံ့။ အကြောင်းမူကား၊ ချစ်ခြင်းမေတ္တာသည် ဘုရားသခင်နှင့်စပ်ဆိုင်၏” ဟုရေးသားခဲ့သည်။ (၁ ယောဟန် ၄:၇) မှန်ပါသည်၊ လှိုက်လှဲစွာချစ်ခြင်းသည် သာယာသောမိထွေးပထွေးမိသားစု၏ လျှို့ဝှက်ချက်အစစ်အမှန်ဖြစ်သည်။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သာယာသောမိထွေးပထွေးမိသားစုတို့သည်

ဘုရားသခင့်နှုတ်မြွက်စကားတော်ကို အတူတကွလေ့လာကြသည် . . .

အချိန်ကိုအတူတကွအသုံးပြုကြသည် . . .

အတူတကွစကားပြောဆိုကြသည် . . .

အတူတကွလုပ်ကိုင်ကြသည်. . .

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ