ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၅/၁ စာ. ၃
  • အမှားများတဲ့ အနာဂတ်ကြိုဟောချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှားများတဲ့ အနာဂတ်ကြိုဟောချက်များ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ယုံကြည်စိတ်ချနိုင်လောက်သော တင်ကူးဟောကြားချက်များကို ရှာပုံတော်ဖွင့်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သမ္မာကျမ်းစာတင်ကူးဟောကြားချက်များသည် မည်မျှယုံကြည်စိတ်ချနိုင်ဖွယ်ဖြစ်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဒီကမ္ဘာလောက ကွယ်ပျောက်သွားတော့မလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၅/၁ စာ. ၃
ခရီးအဆုံးကို မမြင်နိုင်တဲ့လမ်းမှာ လမ်းလျှောက်နေကြတဲ့ အမေနဲ့ ကလေးတွေ

မျက်နှာဖုံးဆောင်းပါး | အနာဂတ်ကို ကြိုသိနိုင်သူ ရှိပါသလား

အမှားများတဲ့ အနာဂတ်ကြိုဟောချက်များ

သင့်အနာဂတ်ကို သိချင်ပါသလား။ လူတော်တော်များများကတော့ သိချင်ကြတယ်။ အနာဂတ်ကို ကြိုဟောတဲ့သူတွေလည်း အများကြီးပဲ။ ဒါပေမဲ့ ကြိုဟောချက်တွေက အမှားများနေတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

  • သိပ္ပံပညာရှင်တွေက အနာဂတ်ဖြစ်ရပ်တွေကို ကြိုဟောဖို့ ငွေအများကြီးအကုန်ခံပြီး ခေတ်မှီပစ္စည်းကိရိယာတွေ သုံးကြတယ်။ ဥပမာ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုရဲ့ ဆိုးကျိုးတွေ၊ မိုးလေဝသအခြေအနေတွေကို ကြိုဟောကြတယ်။

  • အကဲခတ်လေ့လာတဲ့ ပညာရှင်တွေက စီးပွားရေးနဲ့ နိုင်ငံရေးအခြေအနေတွေကို ကြိုဟောကြတယ်။ ကမ္ဘာမှာ အချမ်းသာဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ဝေါ့ရဲန်ဘာဖဲတ်က စီးပွားရေးအခြေအနေတွေကို တိတိကျကျမှန်းဆပြီး ရင်းနှီးမြှုပ်နှံနိုင်ခဲ့တဲ့အတွက် သူ့ကို စီးပွားရေးအကြားအမြင်ရသူလို့တောင် ခေါ်ကြတယ်။ ပညာရှင်နိတ်ဆေးဗာဟာ ရရှိနိုင်တဲ့အချက်အလက်တွေကို ဆန်းစစ်ပြီး အမေရိကန်နိုင်ငံရေးကနေ ဟောလိဝုဒ်အကယ်ဒမီဆုရမယ့်သူအထိ အရာရာကို ဟောကိန်းထုတ်လေ့ရှိတယ်။

  • ရှေးဟောင်းပစ္စည်းတွေကို ကြိုဟောချက်တွေအဖြစ် အဓိပ္ပာယ်ကောက်ကြတယ်။ ၁၆ ရာစုက မီရှဲ ဒါ နော့စ်ထရမ်ဒါမက်စ် ရေးသားထားတဲ့ မရေရာမသေချာတဲ့အချက်တွေဟာ ဒီနေ့ခေတ်မှာ ပြည့်စုံနေတယ်လို့ တချို့ ယူမှတ်ကြတယ်။ ရှေးမာရာလူမျိုးတွေရဲ့ ပြက္ခဒိန်ဟာ ၂၀၁၂၊ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ကုန်ဆုံးသွားတဲ့အတွက် အဲဒီနှစ်မှာ ကမ္ဘာပျက်မယ်လို့ တချို့ နိမိတ်ဖတ်ကြတယ်။

  • ဘာသာရေးခေါင်းဆောင်တွေက ကြောက်စရာကောင်းတဲ့ ကမ္ဘာချီကပ်ဘေးတွေ ဖြစ်လာမယ်လို့ ကြိုဟောပြီး အသင်းသားများလာအောင် လုပ်တတ်ကြတယ်။ ဘာသာရေးခေါင်းဆောင် ဟယ်ရာလ် ကမ်ပင်နဲ့ သူ့နောက်လိုက်တွေက ၂၀၁၁ ခုနှစ်မှာ ကမ္ဘာပျက်လိမ့်မယ်လို့ ကြွေးကြော်ခဲ့ကြတယ်။ ကမ္ဘာကြီးကတော့ အခုထက်ထိ ရှိနေတုန်းပါပဲ။

  • အကြားအမြင်ပညာရှင်တွေက သူတို့မှာ အနာဂတ်ကို ကြိုဟောနိုင်စွမ်းရှိတယ်လို့ဆိုတယ်။ အက်ဂါ ခေစီ နဲ့ ဂျီနီ ဒစ်ဆန်တို့ရဲ့ ၂၀ ရာစုအတွက် ကြိုဟောချက်တချို့ တကယ်ဖြစ်လာတယ်။ ဒါပေမဲ့ မဖြစ်လာတာတွေလည်း အများကြီးရှိတယ်။ ဒစ်ဆန်က ၁၉၅၈ ခုနှစ်မှာ တတိယကမ္ဘာစစ်ဖြစ်လိမ့်မယ်လို့ ပြောခဲ့တယ်။ ခေစီက ၁၉၇၅ ခုနှစ်ဝန်းကျင်လောက်မှာ နယူးယောက်မြို့ကြီးဟာ ပင်လယ်အောက် ရောက်သွားလိမ့်မယ်လို့ ပြောခဲ့တယ်။

အနာဂတ်နဲ့ပတ်သက်ပြီး စိတ်ချရတဲ့ကြိုဟောချက် ရှိပါသလား။ ဒါဟာ မေးသင့်တဲ့မေးခွန်းပါပဲ။ အနာဂတ်မှာ ဖြစ်လာမယ့်အရာတွေကို သင်သိထားမယ်ဆိုရင် သင့်ဘဝနဲ့ သင့်ရွေးချယ်မှုတွေအပေါ် အများကြီး အကျိုးသက်ရောက်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ