ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၀/၁ စာ. ၄
  • နားထောင်ပေးမယ့်သူ ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နားထောင်ပေးမယ့်သူ ရှိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဆုတောင်းခြင်းဖြင့် ဘုရားသခင်နဲ့ ရင်းနှီးအောင်လုပ်ပါ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဆုတောင်းချက်တွေကို ဘုရားသခင် နားထောင်သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၀/၁ စာ. ၄
တပည့်တွေ ခေါင်းငုံ့ထားချိန်မှာ ယေရှု ခေါင်းမော့ပြီး ဆုတောင်းနေ

မျက်နှာဖုံးဆောင်းပါး | ဆုတောင်းတာ အကျိုးရှိသလား

နားထောင်ပေးမယ့်သူ ရှိသလား

ဆုတောင်းပေမဲ့ နားထောင်ပေးမယ့်သူမရှိတဲ့အတွက် ဆုတောင်းတာက အချိန်ဖြုန်းတာသက်သက်ပဲလို့ တချို့ ထင်ကြတယ်။ တချို့ကျတော့ ကြိုးစားဆုတောင်းပေမဲ့ ဆုတောင်းမပြည့်ဘူးလို့ ခံစားနေရပြန်တယ်။ ဘုရားမဲ့ဝါဒီတစ်ဦး သူ့စိတ်ထဲမှာ ဘုရားသခင်ကို သူ့ဘာသာသူ ရုပ်လုံးဖော်ကြည့်ပြီး ကိုယ်တော်တကယ်ရှိတယ်ဆိုရင် အသံလေးကြားပါရစေလို့ ဆုတောင်းတယ်။ ဒါပေမဲ့ ဘုရားသခင်က “တိတ်ဆိတ်မြဲတိတ်ဆိတ်” နေတယ်ဆိုပြီး သူပြောပြတယ်။

ဒါပေမဲ့ ဆုတောင်းတာကို နားထောင်ပေးတဲ့ ဘုရားတစ်ပါးရှိတယ်လို့ ကျမ်းစာမှာ အာမခံထားပါတယ်။ ဆုတောင်းခြင်းနဲ့ပတ်သက်ပြီး ဟိုးအရင်ကတည်းက ကျမ်းစာမှာ အခုလိုဖော်ပြထားပါတယ်– “ကူမတော်မူရန် အထံတော်သို့ သင်တို့ဟစ်အော်ကြသောအခါ ကိုယ်တော် [ဘုရားသခင်] သည် နားညောင်းတော်မူ၍ အဖြေပေးလိမ့်မည်။” (ဟေရှာယ ၃၀:၁၉၊ ခမ) “သဘောဖြောင့်သောသူ ဆုတောင်းသောပတ္ထနာကိုကား နှစ်သက်တော်မူ၏” လို့လည်း ကျမ်းစာမှာဆိုထားပါတယ်။—သုတ္တံ ၁၅:၈။

ဘုရားသခင်ဆီ ယေရှု ဆုတောင်းတဲ့အခါ “နားညောင်းခံရ” ပါတယ်။—ဟေဗြဲ ၅:၇

ဆုတောင်းချက်တွေ ဖြေကြားခံခဲ့ရတဲ့ လူတွေအကြောင်းလည်း ကျမ်းစာမှာ မှတ်တမ်းတင်ထားတယ်။ ယေရှုက ‘ကယ်တင်ပေးနိုင်သောအရှင်အား တိုးလျှိုးအသနားခံဆုတောင်း’ တဲ့အခါ “နားညောင်းခံရ” တယ်လို့ ကျမ်းစာမှာဖော်ပြထားပါတယ်။ (ဟေဗြဲ ၅:၇) တခြားနမူနာတွေကို ဒံယေလ ၉:၂၁ နဲ့ ၂ ရာဇဝင်ချုပ် ၇:၁ တို့မှာ တွေ့နိုင်ပါတယ်။

ဆုတောင်းပေမဲ့ ဖြေကြားမခံရဘူးလို့ တချို့ ဘာကြောင့်ထင်ကြတာလဲ။ ဖြေကြားခံရဖို့ သမ္မာကျမ်းစာမှာဖော်ပြထားတဲ့ဘုရား ယေဟောဝါa ဆီကိုသာ ဆုတောင်းရမှာဖြစ်ပြီး တခြားဘုရားတွေ၊ ဘိုးဘေးဘီဘင်တွေဆီ ဆုတောင်းလို့မရပါဘူး။ ဒါ့အပြင် ဘုရားသခင့် “အလိုတော်နှင့်အညီ၊” တစ်နည်းအားဖြင့် ဘုရားသခင်နှစ်သက်လက်ခံရာကို ဆုတောင်းရမှာဖြစ်တယ်။ အဲဒီအတိုင်းဆုတောင်းမယ်ဆိုရင် ကိုယ်တော် “နားညောင်း” ပေးမယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (၁ ယောဟန် ၅:၁၄) ဒါကြောင့် ကျွန်ုပ်တို့ဆုတောင်းတာ ဖြေကြားခံရဖို့ ကျမ်းစာမှာဖော်ပြထားတဲ့ဘုရားသခင်ကို ရင်းနှီးသိကျွမ်းပြီး ကိုယ်တော့်အလိုတော်အကြောင်း သင်ယူဖို့လိုအပ်ပါတယ်။

ဆုတောင်းတယ်ဆိုတာ ဘာသာရေးလုပ်ရိုးလုပ်စဉ်လောက်ပဲမဟုတ်ဘူး၊ ဆုတောင်းသံကို ဘုရားနားထောင်ဖြေကြားပေးတယ်ဆိုတာ လူအများစုက ယုံကြည်ထားကြတယ်။ ကင်ညာနိုင်ငံက အိုက်ဇက် အခုလိုပြောတယ်– “သမ္မာကျမ်းစာကို နားလည်နိုင်ဖို့ ကျွန်တော် ဆုတောင်းတယ်။ ဒါနဲ့ သိပ်မကြာပါဘူး၊ ကျွန်တော့်ဆီ လူတစ်ဦးရောက်လာပြီး ကျွန်တော် ကျမ်းစာနားလည်နိုင်ဖို့ လိုအပ်နေတာတွေကို သူကူညီပေးခဲ့တယ်။” ဖိလစ်ပိုင်နိုင်ငံက ဟဲလ်ဒါဟာ ဆေးလိပ်ဖြတ်ချင်တယ်။ ဖြတ်ဖို့အကြိမ်ကြိမ်ကြိုးစားပေမဲ့ မအောင်မြင်တော့ “ဘုရားသခင်ဆီ ဆုတောင်းပြီး အကူအညီတောင်းကြည့်ပါလား” လို့ သူ့ယောက်ျားက အကြံပေးတယ်။ အကြံပေးချက်အတိုင်း လုပ်ပြီး အခုလိုပြောပြတယ်– “ဘုရား ကူညီပေးခဲ့တာကို ကျွန်မဖြင့် ယုံတောင်မယုံနိုင်ဘူး၊ ဆေးလိပ်သောက်ချင်စိတ်မရှိတော့သလို ခံစားလာရတယ်။ ဒါနဲ့ ကျွန်မ ဆေးလိပ်ဖြတ်နိုင်ခဲ့ပါတယ်။”

ဘုရားသခင်က အလိုတော်နဲ့ညီတဲ့ သင့်ရဲ့အရေးကိစ္စတွေကို ကူညီပေးဖို့စိတ်ဝင်စားသလား။

a ယေဟောဝါဆိုတာ ကျမ်းစာမှာဖော်ပြထားတဲ့ ဘုရားသခင်ရဲ့နာမည်ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ