ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၂ စာ. ၈-၉
  • အိမ်ထောင်ဖက် ဖောက်ပြန်သွားတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ဖက် ဖောက်ပြန်သွားတဲ့အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကူအညီဖြစ်စေမယ့် ကျမ်းပိုဒ်များ
  • ပန်းတိုင်များချခြင်းဖြင့် အတားအဆီးများကို ကျော်လွှားခြင်း
    နိုးလော့!—၂၀၀၂
  • ပြဿနာကြုံချိန်မှာ နှစ်သိမ့်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ပြန်လည်သင့်မြတ်ခြင်းသည် ဖြစ်နိုင်မည်လော
    နိုးလော့!—၂၀၀၁
  • သက်မွေးလုပ်ငန်းကို မှန်ကန်စွာရွေးချယ်နိုင်ခဲ့
    နိုးလော့!—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၂ စာ. ၈-၉
အမျိုးသမီးတစ်ယောက် ဆုတောင်းနေစဉ်

အိမ်ထောင်ဖက် ဖောက်ပြန်သွားတဲ့ အခါ

“ကျွန်မကို ကွာပြီး နောက်တစ်ယောက် ယူတော့မယ်လို့ ကျွန်မခင်ပွန်း ထုတ်ပြောတော့ သေချင်စိတ်ပေါက်သွားတယ်။ အထူးသဖြင့် သူ့အတွက် စွန့်လွှတ်အနစ်နာခံခဲ့တာတွေကို စဉ်းစားမိရင် လုံးဝ မတရားဘူး။”—မာရီယာ၊ စပိန်။

“ကျွန်တော့်မိန်းမ ကျွန်တော့်ကို ထားရစ်ခဲ့တော့ သေလူလို ဖြစ်သွားတယ်။ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ၊ အစီအစဉ်တွေ ပျက်စီးကုန်တယ်။ အပူအပင် မရှိဘူးလို့ ထင်ရတဲ့နေ့တွေမှာတောင် စိတ်ပျက်လက်ပျက် ဖြစ်နေပြန်တယ်။”—ဘီလ်၊ စပိန်။

အိမ်ထောင်ရေး ဖောက်ပြန်မှုဟာ စိတ်ပျက်စရာပါပဲ။ တချို့က နောင်တရတဲ့ အိမ်ထောင်ဖက်ကို ခွင့်လွှတ်ပြီး ဆက်ပေါင်းကြတာတွေ ရှိတာ မှန်ပါတယ်။a ဒါပေမဲ့ ဆက်ပေါင်းသည်ဖြစ်စေ၊ ကွဲသွားသည်ဖြစ်စေ အိမ်ထောင်ရေး ဖောက်ပြန်မှုကြောင့် နာကျင်ခံစားရတာပါပဲ။ ဒီခံစားချက်ကို ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ။

အကူအညီဖြစ်စေမယ့် ကျမ်းပိုဒ်များ

အပြစ်မဲ့ အိမ်ထောင်ဖက်တွေဟာ ဝမ်းနည်းကြေကွဲကြပေမဲ့ ကျမ်းစာကနေ နှစ်သိမ့်မှု ရကြတယ်။ သူတို့ရဲ့ မျက်ရည်တွေ၊ နာကျင်မှုတွေကို ဘုရားသခင် သိမြင်တယ်၊ စာနာတယ်ဆိုတာ သိလာကြတယ်။—မာလခိ ၂:၁၃-၁၆။

“စိုးရိမ်စိတ်တွေ သိပ်များနေတဲ့အခါ ကိုယ်တော် နှစ်သိမ့်ပေးပြီး စိတ်သက်သာရာ ရစေတယ်။”—ဆာလံ ၉၄:၁၉။

“အဲဒီကျမ်းချက်ကို ဖတ်တဲ့အခါ သနားစာနာတတ်တဲ့ ဖခင်လို ယေဟောဝါက ကျွန်တော့်ကို ကြင်နာစွာ နှစ်သိမ့်ပေးနေသလို ခံစားရတယ်” လို့ ဘီလ် ပြောတယ်။

“သစ္စာစောင့်သိသူကို ကိုယ်တော်ကလည်း သစ္စာစောင့်သိတယ်။”—ဆာလံ ၁၈:၂၅။

ခင်ပွန်းသည် ဖောက်ပြန်သွားတဲ့ ကာမန် ဒီလိုပြောတယ်– “ကျွန်မခင်ပွန်း သစ္စာမရှိပေမဲ့ ယေဟောဝါကတော့ သစ္စာစောင့်သိမယ်ဆိုတာ ယုံကြည်တယ်။ ဘုရားက ကျွန်မကို ဘယ်တော့မှ စိတ်ပျက်အောင်လုပ်မှာ မဟုတ်ဘူး။”

“ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ . . . ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက . . . ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။”—ဖိလိပ္ပိ ၄:၆၊ ၇။

“ဒီကျမ်းချက်ကို အကြိမ်ကြိမ် ဖတ်တယ်။ ဘုရားဆီ ဆုတောင်းလေ စိတ်ငြိမ်သက်မှု ခံစားရလေပဲ” လို့ ဆာရှာ ပြောတယ်။

အထက်မှာ ဖော်ပြခဲ့သူအားလုံးဟာ လက်လျှော့အရှုံးပေးလိုက်ချင်စိတ် ပေါ်ခဲ့ကြတယ်။ ဒါပေမဲ့ ယေဟောဝါဘုရားကို ယုံကြည်ကိုးစားပြီး ကျမ်းစာကနေ ခွန်အားရယူခဲ့ကြတယ်။ ဘီလ် ဒီလိုပြောတယ်– “အရာရာ ပြိုလဲပျက်စီးသွားပုံရပေမဲ့ ယုံကြည်ခြင်းကြောင့် ဘဝအဓိပ္ပာယ် ပြန်ရှိလာတယ်။ ‘မှောင်မိုက်တဲ့ ချိုင့်ဝှမ်းထဲ’ လျှောက်ရချိန်တွေမှာ ကျွန်တော်နဲ့အတူ ဘုရား ရှိခဲ့တယ်။”—ဆာလံ ၂၃:၄။

a အိမ်ထောင်ဖက်ကို ခွင့်လွှတ်ခြင်း၊ မလွှတ်ခြင်းနဲ့ပတ်သက်ပြီး ၂၀၀၁၊ ဩဂုတ် ၈ ရက်ထုတ် နိုးလော့! “အိမ်ထောင်ဖက်တစ်ဦး ဖောက်ပြန်သောအခါ” ဆောင်းပါးမှာ ကြည့်ပါ။

လူတချို့ လုပ်ဆောင်ခဲ့ရာများ

နှစ်သိမ့်ပေးတဲ့ ကျမ်းချက်တွေကို တွေးတောဆင်ခြင်ပါ။

“ယောဘကျမ်း၊ ပြီးတော့ ဆာလံကျမ်းကို ဖတ်တယ်။ ကျွန်တော့်အခြေအနေနဲ့ ကိုက်ညီပုံရတဲ့ ကျမ်းချက်တိုင်းကို မှတ်သားတယ်။ ကျွန်တော် ခံစားရတဲ့ နာကျင်မှုနဲ့ စိုးရိမ်မှုတို့ကို ဒီကျမ်းရေးသူတွေလည်း ခံစားခဲ့ကြပါလားဆိုပြီး သဘောပေါက်လာတယ်” လို့ ဘီလ် ရှင်းပြတယ်။

တေးဂီတမှာ နှစ်သိမ့်မှု ရှာပါ။

“ညဘက် အိပ်မပျော်တဲ့အခါ တေးသီချင်း နားထောင်တယ်။ တကယ် နှစ်သိမ့်မှု ရတယ်” လို့ ကာမန် ပြောတယ်။ “ဂီတာတီး သင်တယ်။ ဂီတက စိတ်သက်သာရာ ရစေတယ်” လို့ ဒေနီယယ် ပြောတယ်။

ကိုယ့်ခံစားချက်ကို ပြောပြပါ။

ဒေနီယယ် ဒီလိုပြောတယ်- “ကိုယ့်ခံစားချက်တွေ ပြောလေ့ပြောထ မရှိဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ရင်းနှီးတဲ့မိတ်ဆွေတွေ ရှိတယ်။ နေ့တိုင်း သူတို့နဲ့ စကားပြောတယ်။ ကျွန်တော့်ခံစားချက်တွေကို ပြောပြတယ်။ စာရေးအသိပေးတယ်။ သူတို့ တကယ်ကူညီပေးကြတယ်။” ဆာရှာ ဒီလိုပြောတယ်- “မိသားစုအကူအညီက သိပ်အရေးကြီးတယ်။ အမေက အမြဲအသင့်ရှိတယ်။ ကျွန်မ စကားပြောချင်ရင် နားထောင်ပေးတယ်။ အဖေကလည်း စိတ်ချလုံခြုံစေတယ်။ နာလန်ထူလာနိုင်အောင် ကူညီပေးတယ်။”

စွဲစွဲမြဲမြဲ ဆုတောင်းပါ။

“အမြဲ ဆုတောင်းတယ်။ ကျွန်မအနားမှာ ဘုရား ရှိနေတယ်၊ နားထောင်ပေးနေတယ်၊ ကူညီပေးနေတယ်လို့ ခံစားရတယ်။ ဆိုးရွားတဲ့ကာလကို ကျော်ဖြတ်ရင်း ဘုရားနဲ့ ပိုရင်းနှီးလာတယ်” လို့ ကာမန် ပြောပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ