ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၂ စာ. ၁၀-၁၁
  • ရောဂါဆိုး ခံစားရတဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောဂါဆိုး ခံစားရတဲ့အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တချို့ ရင်ဆိုင်ဖြေရှင်းကြပုံ
  • ရောဂါဝေဒနာနှင့် အောင်မြင်စွာ အသက်ရှင်နေထိုင်ခြင်း—မည်သို့နည်း
    နိုးလော့!—၂၀၀၂
  • မိသားစုဝင်တစ်ဦး ဖျားနာသည့်အခါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • သင့်ကို ယေဟောဝါဘုရား တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ဆုတောင်းခြင်းကနေ ဘယ်လို အကျိုးရနိုင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၂ စာ. ၁၀-၁၁

ရောဂါဆိုး ခံစားရတဲ့ အခါ

“အဆုတ်နဲ့ အူမကြီးမှာ ကင်ဆာ ဖြစ်နေပြီလို့ သိလိုက်ရတဲ့အခါ သေမိန့်ကျသလို ခံစားလိုက်ရတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ ‘ဒီလိုဖြစ်မယ်လို့ မျှော်လင့်မထားဘူး။ ဒါပေမဲ့ ဖြေရှင်းနည်းတော့ ရှိမှာပါ’ လို့ အားယူရတယ်။”—လင်ဒါ၊ အသက် ၇၁။

“မျက်နှာဘယ်ဖက်ခြမ်း အာရုံကြော အားနည်းတဲ့ရောဂါ ခံစားနေရတယ်။ တစ်ခါတစ်ခါ နာကျင်လွန်းလို့ စိတ်ဓာတ်ကျမိတယ်။ အထီးကျန်စိတ်ကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားခဲ့တာလည်း အကြိမ်ကြိမ်ပဲ။”—အဲလစ်၊ အသက် ၄၉။

ဘီးတပ်ကုလားထိုင်ပေါ်က ရောဂါသည် လူကြီးဘေးနားမှာ ချစ်ရသူတွေ ဝိုင်းနေစဉ်

ကိုယ်တိုင် ဒါမှမဟုတ် ချစ်ခင်ရသူမှာ ရောဂါဆိုး ရှိနေရင် ဘယ်လောက် စိတ်သောကရောက်တတ်တယ်ဆိုတာ နားလည်ပါလိမ့်မယ်။ ရောဂါကြောင့် နာကျင်ရသလို စိတ်ထောင်းတဲ့ဒဏ်လည်း ခံရတယ်။ စိုးရိမ်စရာကောင်းတဲ့ ဆေးကုသမှုတွေ၊ ဆေးကုသဖို့ ခက်ခဲတာ ဒါမှမဟုတ် ငွေမတတ်နိုင်တာ၊ ဘေးထွက်ဆိုးကျိုးတွေကြောင့် ပိုစိုးရိမ်သောကရောက်ရတယ်။ ရောဂါဆိုးကြောင့် စိတ်ဆင်းရဲနိုင်တယ်။

ဘယ်ကနေ အကူအညီ ရနိုင်သလဲ။ လူများစွာကတော့ ဘုရားဆီ ဆုတောင်းခြင်း၊ နှစ်သိမ့်မှုဖြစ်စေတဲ့ ကျမ်းစကားတွေ ဖတ်ရှုခြင်းကနေ စိတ်သက်သာမှု ရကြတယ်။ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ မေတ္တာနဲ့ ထောက်မမှုတို့ကလည်း အထောက်အကူ ပြုနိုင်တယ်။

တချို့ ရင်ဆိုင်ဖြေရှင်းကြပုံ

အသက် ၅၈ နှစ်အရွယ် ရောဘတ် ဒီလိုအကြံပြုတယ်– “ဘုရားကို ယုံကြည်ကိုးစားပြီး ရောဂါဝေဒနာကို ရင်ဆိုင်လိုက်ပါ။ ဘုရား ကူညီပေးပါလိမ့်မယ်။ ယေဟောဝါဘုရားဆီ ဆုတောင်းပါ။ ခံစားချက်တွေကို ပြောပြပါ။ သန့်ရှင်းသော စွမ်းအားတော် ပေးဖို့ တောင်းဆိုပါ။ မိသားစုအတွက် ကြံ့ကြံ့ခံရပ်တည်နိုင်အောင်၊ ရောဂါဝေဒနာကို ခံရပ်နိုင်အောင် ခွန်အားပေးဖို့ တောင်းခံပါ။

“မိသားစုရဲ့ အားပေးထောက်မမှုက အလွန်အရေးကြီးတယ်။ နေ့တိုင်း တစ်ယောက်နှစ်ယောက်ကတော့ ‘အခြေအနေ ဘယ်လိုလဲ’ လို့ ဖုန်းဆက်မေးကြတယ်။ ရပ်ဝေးရပ်နီးက မိတ်ဆွေတွေကလည်း အားပေးကြပါတယ်။ သူတို့ကြောင့် အားရှိနေတာ၊ ခံရပ်နိုင်တာပါ။”

မကျန်းမာတဲ့မိတ်ဆွေဆီ လည်ပတ်မယ်ဆိုရင် လင်ဒါရဲ့ စကားကို မှတ်သားပါ– “လူနာတွေက ဖြစ်နိုင်ရင် သာမန်လူတွေလိုပဲ နေချင်ကြတယ်။ ရောဂါဝေဒနာအကြောင်း တစ်ချိန်လုံး မပြောချင်ကြဘူး။ ဒါကြောင့် ပြောနေကျစကားတွေပဲ ပြောပါ။”

ဘုရားပေးတဲ့ ခွန်အား၊ ကျမ်းစာကနေရတဲ့ နှစ်သိမ့်မှု၊ ချစ်ခင်ရတဲ့ မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အကူအညီကြောင့် ရောဂါဆိုး ခံစားနေရရင်တောင် အသက်ရှင်ရကျိုး နပ်တယ်လို့ ယုံကြည်စိတ်ချနေနိုင်ပါလိမ့်မယ်။

အကူအညီဖြစ်စေမယ့် ကျမ်းပိုဒ်များ

ဘုရားသခင်ကို မှီခိုအားကိုးပါ။

“ယေဟောဝါက ငါမေးလျှောက်တဲ့အခါ ပြန်ဖြေတယ်။ ကြောက်လန့်စရာမှန်သမျှကနေ ငါ့ကို ကယ်တင်တယ်။ ဟောဒီနိမ့်ကျတဲ့လူ ခေါ်တာကို ယေဟောဝါ ကြားတယ်။”—ဆာလံ ၃၄:၄၊ ၆။

“‘သက်သာအောင် ကူညီပေးပါ’ လို့ ဘယ်တော့မှ ဆုမတောင်းဘူး။ ‘ခွန်အားရှိအောင် ကူညီပေးပါ။ ရောဂါဝေဒနာကို ခံရပ်နိုင်အောင် ကူညီပေးပါ’ လို့ပဲ အမြဲဆုတောင်းတယ်” ဆိုပြီး လင်ဒါက ပြောတယ်။

ဘုရားသခင့်စကားတော်ကနေ ခွန်အား ရယူပါ။

“ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။”—ဟေရှာယ ၃၃:၂၄။

အနာဂတ်အတွက် ဘုရားကတိတော်တွေကို တွေးတောဆင်ခြင်ပြီး ခွန်အားရှိစေမယ့် မျှော်လင့်ချက် ရယူပါ။

မိသားစုနဲ့ မိတ်ဆွေတွေရဲ့ အကူအညီ ရယူပါ။

“မိတ်ဆွေစစ်ဆိုတာ အချိန်အခါမရွေး မေတ္တာပြတတ်တယ်။ သူဟာ ဒုက္ခရောက်ချိန်မှာ အားကိုးရတဲ့ ညီအစ်ကိုပဲ။”—ပညာအလိမ္မာ ၁၇:၁၇။

“တသီးတခြား မနေပါနဲ့။ မိတ်ဆွေတွေရဲ့ အကူအညီ ရယူပါ။ အထီးကျန်တဲ့အချိန်၊ ဘုရားသခင် နားမထောင်ပေးဘူးလို့ ခံစားရတဲ့အချိန်တောင် ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘာသာကိုယ် တသီးတခြား မနေပါနဲ့” လို့ အဲလစ် ပြောပြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ