ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၃ စာ. ၃
  • သေခြင်းနဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာ အမှန်တရား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သေခြင်းနဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာ အမှန်တရား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိ အဖွဲ့အစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သက်သေခံချက်ဖြစ်စေသည့် ဗီဒီယိုခွေများ၏အကျိုးသက်ရောက်မှု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • “ဒါဟာ အသစ်အဆန်းပဲ”
    နိုးလော့!—၂၀၁၆
  • ကျမ်းစာသင်အံမှု စတင်နိုင်အောင် အထောက်အကူပြုတဲ့ ဗီဒီယိုအသစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၃ စာ. ၃
အမျိုးသမီးတစ်ယောက်ရဲ့ ကလေးဘဝ၊ စန္ဒယား လေ့ကျင့်၊ ပန်းစည်းနဲ့၊ လက်ထပ်တဲ့နေ့၊ ခင်ပွန်း၊ သားနဲ့အတူ၊ အိုမင်းမစွမ်းဖြစ်နေတဲ့ ခင်ပွန်းနဲ့၊ စန္ဒယားတီးနေ၊ အခု တစ်ယောက်တည်းပုံတွေကို တွေ့ရစဉ်

သေခြင်းနဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာ အမှန်တရား

ကိုယ်အားကျတဲ့ နာမည်ကျော် ဂီတပညာရှင်တစ်ယောက်အကြောင်း ဗီဒီယို ကြည့်နေတယ် ဆိုပါစို့။ သူ့ရဲ့ ငယ်ဘဝအကြောင်း၊ ဂီတပညာ သင်ယူပုံအကြောင်း၊ အကြိမ်ကြိမ် လေ့ကျင့်တဲ့အကြောင်းတွေနဲ့ အစပြုထားတယ်။ နောက်တော့ ကမ္ဘာလှည့်ပြီး တေးဂီတ ဖျော်ဖြေပုံ၊ ကမ္ဘာကျော် ဖြစ်လာပုံအကြောင်းတွေ တွေ့ရတယ်။ ဒါပေမဲ့ ရွှေရောင်လွှမ်းတဲ့ နှစ်တွေတစ်လျှောက် သူ့ပုံရိပ်တွေကို ပြပြီးတဲ့နောက် သေဆုံးတာနဲ့ နိဂုံးချုပ်ထားတယ်။

ဒီဗီဒီယိုဟာ စိတ်ကူးယဉ်ဇာတ်လမ်း မဟုတ်ဘူး။ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါ။ ဂီတပညာရှင်၊ သိပ္ပံပညာရှင်၊ အားကစားအကျော်အမော်၊ ဘယ်နာမည်ကျော်ပုဂ္ဂိုလ်ပဲ ဖြစ်ပါစေ ဇာတ်လမ်းကတော့ အတူတူပါပဲ။ အောင်မြင်မှုတွေ အများကြီး ရခဲ့ပေမဲ့ အသက်ကြီးပြီး သေဆုံးရတဲ့ အဖြစ်ဆိုးကို မကြုံရဘူးဆိုရင် ဘယ်လောက်တောင် အောင်မြင်ကျော်ကြားလိမ့်မလဲ။

ဝမ်းနည်းစရာကောင်းတာ မှန်ပေမဲ့ ဒီအဖြစ်ကို ကျွန်တော်တို့အားလုံး ကြုံကြရမယ်။ (ဒေသနာ ၉:၅) ဘယ်လောက်ပဲ ကြိုးစားပါစေ အိုခြင်းနဲ့ သေခြင်းကို မရှောင်လွှဲနိုင်ကြဘူး။ ဒီ့ပြင် မတော်တဆမှု၊ ရောဂါဆိုးကြောင့်လည်း အသေစောနိုင်ပါတယ်။ ကျမ်းစာမှာ ဖော်ပြထားတဲ့အတိုင်းပဲ ကျွန်တော်တို့ဟာ “မြူခိုးလိုပဲ ခဏပေါ်လာပြီးနောက် ပျောက်ကွယ်သွားမှာ” ဖြစ်တယ်။—ယာကုပ် ၄:၁၄။

တချို့လူတွေအတွက် ဘဝဟာ မရေရာ၊ မသေချာလွန်းတော့ “စားကြ၊ သောက်ကြစို့။ မနက်ဖြန် သေရမှာပဲ” ဆိုတဲ့ ဘဝပုံစံကို လိုက်နေကြတယ်။ (၁ ကောရိန္သု ၁၅:၃၂) အဲဒီလိုနေထိုင်ခြင်းဟာ သေခြင်းနဲ့ပတ်သက်တဲ့ ဝမ်းနည်းစရာ အမှန်တရားကို တကယ် လက်ခံကြလို့များလား။ အနှေးနဲ့ အမြန်ဆိုသလို အထူးသဖြင့် အဖြစ်ဆိုး ကြုံရတဲ့အခါ ‘ဘဝဆိုတာ ဒါပဲလား’ လို့ မေးတတ်ကြတယ်။ ဘယ်ကနေ အဖြေရနိုင်မလဲ။

ဒီနေ့ လူများစွာက သိပ္ပံပညာကို မျှော်ကိုးကြတယ်။ သိပ္ပံပညာနဲ့ ဆေးပညာ တိုးတက်မှုကြောင့် လူ့သက်တမ်း ပိုရှည်စေမယ့်နည်းကို တွေ့လာကြတယ်။ သိပ္ပံပညာရှင်တချို့ဆိုရင် လူ့အသက် ပိုရှည်အောင် ကြိုးစားနေကြတယ်။ ဘယ်လောက်ပဲ ကြိုးစားပါစေ အောက်ပါမေးခွန်းတွေကတော့ အဖြေ ရှာမရသေးဘူး။ ဘာကြောင့် အိုရသေရသလဲ။ ရန်သူသေခြင်းကို အောင်နိုင်မယ့် မျှော်လင့်ချက် ရှိသလား။ ဒီအကြောင်းအရာတွေကို နောက်ဆောင်းပါးတွေမှာ ဆွေးနွေးပါမယ်။ ဘဝဆိုတာ ဒါပဲလားဆိုတဲ့ မေးခွန်းကို ဖြေဆိုသွားပါမယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ