ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၃ စာ. ၁၂-၁၃
  • ပိုကောင်းမွန်တဲ့ဘဝ ဘယ်လို ပိုင်ဆိုင်နိုင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပိုကောင်းမွန်တဲ့ဘဝ ဘယ်လို ပိုင်ဆိုင်နိုင်မလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကမ္ဘာမြေကို ရည်ရွယ်ထားတဲ့အတိုင်း ပြောင်းလဲပေးဖို့ ဘုရား ကတိပြု
  • နာခံတဲ့ လူသားတွေအတွက် လုပ်ဆောင်ပေးမယ့်အရာတွေကို ယေရှု ဖော်ပြခဲ့
  • ပိုကောင်းမွန်တဲ့ဘဝ ပိုင်ဆိုင်စေတဲ့လမ်းကို ရှာဖွေခြင်း
  • အသက်လမ်းမှာ စတင်လျှောက်လှမ်းခြင်း
  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဘုရားသခင် ဘာတွေ လုပ်ဆောင်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ‘သူ့စကားကို ဆက်နားထောင်ကြပါ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • ဘုရားသခင်နှစ်သက်လက်ခံတဲ့ ဝတ်ပြုရေး
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၃ စာ. ၁၂-၁၃
အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ သိပ္ပံပညာရှင်တစ်ဦး ကျမ်းစာ ဖတ်နေစဉ်

ပိုကောင်းမွန်တဲ့ဘဝ ဘယ်လို ပိုင်ဆိုင်နိုင်မလဲ

လက်ရှိ ဘဝဟာ ဘုရား ရည်ရွယ်ထားတဲ့အတိုင်း ဖြစ်မနေဘူး။ ကမ္ဘာမြေဟာ ဖန်ဆင်းရှင်ရဲ့ အချုပ်အခြာအာဏာကို လေးစားတဲ့သူတွေ၊ ဘုရားလမ်းညွှန်မှုကနေ အကျိုးခံစားချင်တဲ့သူတွေ၊ ဘုရားရဲ့ အရည်အသွေးတွေကို တုပတဲ့သူတွေနဲ့ ပြည့်နေရမှာ။ မိသားစုတွေကို ပျိုးထောင်ရင်း၊ အသစ်သောအရာတွေကို ရှာဖွေလေ့လာရင်း၊ ကမ္ဘာမြေကို ပရဒိသု ဖြစ်စေရင်း ပျော်ပျော်ရွှင်ရွှင် ပူးပေါင်းလုပ်ဆောင်နေကြရမှာ။

ကမ္ဘာမြေကို ရည်ရွယ်ထားတဲ့အတိုင်း ပြောင်းလဲပေးဖို့ ဘုရား ကတိပြု

  • “ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။”—ဆာလံ ၄၆:၉။

  • “ကမ္ဘာမြေကို ဖျက်ဆီးတဲ့သူတွေကို ဖျက်ဆီးဖို့ သတ်မှတ်ထားတဲ့အချိန် ရောက်ပါပြီ။” —ဗျာဒိတ် ၁၁:၁၈။

  • “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။”—ဟေရှာယ ၃၃:၂၄။

  • “ငါရွေးချယ်ထားသူတွေဟာ ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရလိမ့်မယ်။” —ဟေရှာယ ၆၅:၂၂။

ဒီကြိုဟောချက်တွေ ဘယ်လို ပြည့်စုံလာမလဲ။ ကောင်းကင်ကနေ အုပ်ချုပ်မယ့် ပြည့်ဝစုံလင်တဲ့ အစိုးရ ဘုရင်အဖြစ် သားတော်ယေရှုကို ဘုရား ခန့်အပ်ထားပြီ။ အဲဒီအစိုးရကို ဘုရားနိုင်ငံတော်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဒံယေလ ၂:၄၄) ယေရှုအကြောင်းကို ကျမ်းစာမှာ ဒီလိုဆိုထားတယ်- “ယေဟောဝါဘုရားက သူ့ကို . . . ရာဇပလ္လင် အပ်နှင်းလိမ့်မယ်။ သူက . . . ထာဝစဉ် အုပ်စိုးလိမ့်မယ်။”—လုကာ ၁:၃၂၊ ၃၃။

ယေရှု ကမ္ဘာမြေပေါ် ရှိခဲ့စဉ်က တန်ခိုးကြီးလုပ်ရပ်များစွာ လုပ်ဆောင်ခဲ့တယ်။ ဘုရင်အဖြစ် အုပ်ချုပ်တဲ့အခါ လူတွေရဲ့ ဘဝ ယခုထက် ကောင်းမွန်လာမယ်ဆိုတာ ပြတဲ့သဘောပဲ။

နာခံတဲ့ လူသားတွေအတွက် လုပ်ဆောင်ပေးမယ့်အရာတွေကို ယေရှု ဖော်ပြခဲ့

  • လူတွေရဲ့ ဝေဒနာတွေကို ဖယ်ရှားပေးမယ်ဆိုတာ ဖော်ပြတဲ့အနေနဲ့ ရောဂါဝေဒနာအမျိုးမျိုးကို ပျောက်ကင်းစေခဲ့တယ်။—မဿဲ ၉:၃၅။

  • သဘာဝစွမ်းအားစုတွေကို ထိန်းချုပ်ခြင်းအားဖြင့် လူတွေကို ကာကွယ်ပေးမယ်ဆိုတာ ပြတဲ့အနေနဲ့ မုန်တိုင်းစဲစေခဲ့တယ်။—မာကု ၄:၃၆-၃၉။

  • ဘဝလိုအပ်ရာတွေကို ဖြည့်ဆည်းပေးမယ်ဆိုတာကို ပြတဲ့အနေနဲ့ လူထောင်ချီကို ကျွေးမွေးခဲ့တယ်။—မာကု ၆:၄၁-၄၄။

  • လူတွေရဲ့ ဘဝကို ပျော်ရွှင်စေမယ်ဆိုတာကို ပြတဲ့အနေနဲ့ မင်္ဂလာပွဲမှာ ရေကို ဝိုင်ဖြစ်စေခဲ့တယ်။—ယောဟန် ၂:၇-၁၁။

ဘုရားကို ချစ်မြတ်နိုးသူတွေအတွက် ပြင်ဆင်ထားတဲ့ အဲဒီလိုဘဝမျိုး ဘယ်လို ပိုင်ဆိုင်နိုင်မလဲ။ လျှောက်လှမ်းရမယ့် “လမ်း” ရှိတယ်။ “အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့” အဲဒီလမ်းကို “ရှာတွေ့သူတွေ နည်းတယ်” လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။—မဿဲ ၇:၁၄။

ပိုကောင်းမွန်တဲ့ဘဝ ပိုင်ဆိုင်စေတဲ့လမ်းကို ရှာဖွေခြင်း

အသက်လမ်းဆိုတာ ဘာလဲ။ “ငါယေဟောဝါဟာ မင်းတို့ရဲ့ ဘုရားသခင်ပဲ။ မင်းတို့ကောင်းကျိုးအတွက် သွန်သင်ပေးတဲ့အရှင်၊ မင်းတို့လျှောက်သင့်တဲ့ လမ်းအတိုင်း လမ်းညွှန်ပေးတဲ့ အရှင်ပဲ” လို့ ဘုရား မိန့်ဆိုတယ်။ (ဟေရှာယ ၄၈:၁၇) အဲဒီလမ်းပေါ်မှာ လျှောက်လှမ်းခြင်းဟာ အကောင်းဆုံး ဘဝလမ်းစဉ်ပါ။

ယေရှုက “ကျွန်တော်ဟာ လမ်းခရီး ဖြစ်တယ်။ အမှန်တရားလည်း ဖြစ်တယ်။ အသက်လည်း ဖြစ်တယ်” လို့ ပြောခဲ့တယ်။ (ယောဟန် ၁၄:၆) ယေရှုရဲ့ သွန်သင်ချက်အတိုင်း ကျင့်ကြံမယ်၊ သူ့စံနမူနာကို လိုက်လျှောက်မယ်ဆိုရင် ဘုရားသခင်နဲ့ ရင်းနှီးလာပြီး ပိုကောင်းမွန်တဲ့ဘဝ ပိုင်ဆိုင်ကြပါမယ်။

အသက်လမ်းကို ဘယ်လို ရှာတွေ့နိုင်မလဲ။ ဘာသာတရား အများကြီး ရှိပေမဲ့ ယေရှုက “‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူပဲ ဝင်ရလိမ့်မယ်” လို့ သတိပေးခဲ့တယ်။ (မဿဲ ၇:၂၁) “သူတို့ရဲ့ အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်” လို့လည်း ပြောခဲ့တယ်။ (မဿဲ ၇:၁၆) စစ်မှန်တဲ့ဝတ်ပြုရေးနဲ့ မှားယွင်းတဲ့ဝတ်ပြုရေးကို ခွဲခြားသိမြင်နိုင်အောင် ကျမ်းစာက ကူညီပေးနိုင်ပါတယ်။—ယောဟန် ၁၇:၁၇။

အသက်လမ်းမှာ ဘယ်လို လျှောက်လှမ်းနိုင်မလဲ။ အသက်ပေးရှင်အကြောင်း သိကျွမ်းခြင်း ပါဝင်တယ်။ အသက်ပေးရှင်က ဘယ်သူလဲ။ နာမည် ဘယ်လို ခေါ်သလဲ။ ဘယ်လို ပုဂ္ဂိုလ်မျိုးလဲ။ ဘာတွေ လုပ်ဆောင်နေသလဲ။ ကျွန်တော်တို့ကို ဘာတွေ လုပ်စေချင်သလဲ။a

အလုပ်လုပ်ဖို့၊ စားဖို့၊ ကစားဖို့၊ အိမ်ထောင်သားမွေးပြုဖို့လောက်ပဲ လူတွေကို ယေဟောဝါ ဖန်ဆင်းထားတာ မဟုတ်ဘူး။ ဖန်ဆင်းရှင်အကြောင်း သိလာပြီး မိတ်ဆွေ ဖြစ်နိုင်တယ်။ အလိုတော်ကို လုပ်ဆောင်ခြင်းအားဖြင့် ဘုရားကို ချစ်ကြောင်း ပြနိုင်တယ်။ “ထာဝရအသက် ရနိုင်ဖို့ဆိုရင် တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားသခင် အဖကို . . . သိကျွမ်းကြရမယ်” လို့ ယေရှု ပြောခဲ့တယ်။—ယောဟန် ၁၇:၃။

ဘုရားသခင်က ကျွန်တော်တို့ “ကောင်းကျိုးအတွက်” ကျမ်းစာကတစ်ဆင့် သွန်သင်ပေးနေတယ်။—ဟေရှာယ ၄၈:၁၇။

အသက်လမ်းမှာ စတင်လျှောက်လှမ်းခြင်း

တစ်ဆူတည်းသော စစ်မှန်တဲ့ဘုရားရဲ့ နှစ်သက်မှု ရဖို့ အပြောင်းအလဲတချို့ လုပ်ရမယ်။ ခက်ခဲတယ်လို့ ထင်စရာပဲ။ တကယ်တော့ အသက်လမ်းမှာ စလျှောက်လှမ်းတာနဲ့ ပိုကောင်းမွန်တဲ့ဘဝ စလိုက်တာပါပဲ။ ဘုရားနဲ့ပတ်သက်တဲ့ မေးခွန်းတွေ အဖြေရဖို့ သင်အဆင်ပြေတဲ့အချိန်နဲ့ နေရာမှာ အခမဲ့ ကျမ်းစာလေ့လာဖို့ ယေဟောဝါသက်သေတွေ ကူညီပေးချင်ကြပါတယ်။ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက် www.pr2711.com/my ကိုသုံးပြီး ဆက်သွယ်နိုင်ပါတယ်။

a ၂၀၁၉ ကင်းမျှော်စင်၊ အမှတ် ၁ ကိုကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ