ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၁ စာ. ၁၃-၁၄
  • ဘုရားသခင် ဘာတွေ လုပ်ဆောင်မလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင် ဘာတွေ လုပ်ဆောင်မလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မကောင်းမှုအားလုံး အဆုံးတိုင်စေမယ်
  • ကမ္ဘာမြေကို ပရဒိသု ဖြစ်စေမယ်
  • ဖျားနာခြင်းနဲ့ သေခြင်းကို ဖယ်ရှားပေးမယ်
  • ပြည့်ဝစုံလင်တဲ့အစိုးရ တည်ထောင်ပေးမယ်
  • ဘုရားသခင့်နိုင်ငံတော်က ဘာတွေ လုပ်ဆောင်ပေးမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၀
  • ကမ္ဘာမြေကြီးနဲ့ပတ်သက်တဲ့ ဘုရားသခင့်ရည်ရွယ်ချက်က ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ဘုရားသခင့်နိုင်ငံတော်က ယေရှုအတွက် ဘာဖြစ်လို့ အရေးကြီးတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဘုရားသခင့်နိုင်ငံတော်ဆိုတာ ဘာလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၁ စာ. ၁၃-၁၄
ဘုရားလူမျိုးက ကမ္ဘာကို ပရဒိသုဖြစ်အောင် လုပ်ဆောင်နေစဉ်

ဘုရားသခင် ဘာတွေ လုပ်ဆောင်မလဲ

အခက်အခဲ ကြုံရတဲ့အခါ မိတ်ဆွေရဲ့ အကူအညီကို မျှော်လင့်တတ်ကြတယ်။ အဲသလိုစိတ်ထားကြောင့် ဘုရားသခင် ဘာမှ ကူညီမပေးတဲ့အတွက် မိတ်ဆွေ မပီသဘူးလို့ တချို့ ဆိုကြတယ်။ တကယ်တော့ ကျွန်တော်တို့အကျိုးအတွက် ဘုရားသခင် များစွာလုပ်ဆောင်ခဲ့ပြီးတဲ့အပြင် ဒီနေ့ ကြုံနေရတဲ့ ပြဿနာတွေ၊ ဆင်းရဲဒုက္ခတွေကိုလည်း ဖြေရှင်းပေးဦးမယ်။ ဘုရားသခင် ဘာတွေ လုပ်ဆောင်ပေးမလဲ။

မကောင်းမှုအားလုံး အဆုံးတိုင်စေမယ်

ဘုရားသခင်က မကောင်းမှုအားလုံးကို အမြစ်ပါမကျန် ဖယ်ရှားပေးပါတော့မယ်။ “တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေ” တယ်လို့ ဆိုတဲ့အခါ မကောင်းမှု ဖြစ်ပေါ်စေသူအကြောင်း ဖော်ပြတယ်။ (၁ ယောဟန် ၅:၁၉) အဲဒီ “ဆိုးညစ်သူ” ဟာ “ဒီလောကရဲ့မင်း” လို့ ယေရှု ခေါ်ဆိုတဲ့ စာတန်မာရ်နတ်ပါပဲ။ (ယောဟန် ၁၂:၃၁) ကမ္ဘာ့အခြေအနေ ဆိုးရွားရတဲ့အကြောင်းရင်းဟာ လူ့လောကကို စာတန် လွှမ်းမိုးထားလို့ပါပဲ။ ဘုရားသခင် ဘာတွေ လုပ်ဆောင်မလဲ။

ယေဟောဝါဘုရားက သားတော် ယေရှုခရစ်အားဖြင့် “သေခြင်းကို ဖြစ်ပေါ်စေတဲ့ မာရ်နတ်ကို . . . ဖျက်ဆီး” ပစ်ပါလိမ့်မယ်။ (ဟီဘရူး ၂:၁၄။ ၁ ယောဟန် ၃:၈) မာရ်နတ်ကလည်း ဖျက်ဆီးခံရတော့မှာမို့ “သူ့အတွက် အချိန်နည်းနည်းပဲ ကျန်တော့မှန်း” သိထားတယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၂:၁၂) မကောင်းမှု ဖြစ်ပေါ်စေသူအားလုံးကိုလည်း ဘုရားသခင် ဖျက်ဆီးပစ်ပါလိမ့်မယ်။—ဆာလံ ၃၇:၉။ ပညာအလိမ္မာ ၂:၂၂။

ကမ္ဘာမြေကို ပရဒိသု ဖြစ်စေမယ်

ဖန်ဆင်းရှင်က ကမ္ဘာပေါ်ကနေ ဆိုးသွမ်းမှုအားလုံးကို ဖယ်ရှားပြီးနောက် လူသားတွေ၊ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ထာဝရ ရည်ရွယ်ချက်ကို ပြည့်စုံစေပါလိမ့်မယ်။ ကျွန်တော်တို့ ဘာမျှော်လင့်နိုင်သလဲ။

တည်မြဲတဲ့ ငြိမ်းချမ်းလုံခြုံမှု။ “စိတ်နူးညံ့သူတွေကတော့ ကမ္ဘာမြေကို ပိုင်ဆိုင်ရလိမ့်မယ်။ များပြားလှတဲ့ ငြိမ်သက်ခြင်းကြောင့် ပျော်ရွှင်ကြည်နူးရလိမ့်မယ်။”—ဆာလံ ၃၇:၁၁။

ကျန်းမာရေးနဲ့ညီတဲ့ အစားအသောက် အလျှံအပယ်။ “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။ တောင်ပေါ်မှာ ဖွေးဖွေးလှုပ်နေလိမ့်မယ်။”—ဆာလံ ၇၂:၁၆။

နှစ်လို့ဖွယ်အိမ်နဲ့ ကျေနပ်ဖွယ်အလုပ်။ “လူတွေက အိမ်တွေ ဆောက်ပြီး ကိုယ်တိုင် နေထိုင်ရလိမ့်မယ်။ စပျစ်ခြံတွေစိုက်ပြီး စပျစ်သီးတွေကို ကိုယ်တိုင် စားသုံးရလိမ့်မယ်။ . . . ငါရွေးချယ်ထားသူတွေဟာ ကိုယ့်လုပ်အားရဲ့ အကျိုးကျေးဇူးကို အပြည့်အဝ ခံစားရလိမ့်မယ်။”—ဟေရှာယ ၆၅:၂၁၊ ၂၂။

ဒီလိုအခြေအနေမျိုးကို မြင်တွေ့ချင်နေပြီလား။ မကြာခင် လူအားလုံး နေ့စဉ် တွေ့ကြုံခံစားကြရပါတော့မယ်။

ဖျားနာခြင်းနဲ့ သေခြင်းကို ဖယ်ရှားပေးမယ်

အခုချိန်မှာ လူတိုင်း ဖျားနာကြတယ်၊ သေရကြတယ်။ ဒါပေမဲ့ ဒါတွေ မကြာခင် ကွယ်ပျောက်တော့မယ်။ ဘုရားသခင်က “မိမိရဲ့သားကို ယုံကြည်သက်ဝင်သူတိုင်း ဖျက်ဆီးမခံရဘဲ ထာဝရအသက် ရ” နိုင်ဖို့ ယေရှုရဲ့ ရွေးဖိုးပူဇော်သကာရဲ့အကျိုးကို ခံစားစေပါတော့မယ်။ (ယောဟန် ၃:၁၆) ဘာတွေ ဖြစ်လာမလဲ။

ဖျားနာမှု မရှိတော့ဘူး။ “ပြည်သူပြည်သားတွေက ‘နေမကောင်းဘူး’ လို့ မညည်းရတော့ဘူး။ တိုင်းပြည်မှာ နေထိုင်သူတွေဟာ အပြစ်မှန်သမျှ ခွင့်လွှတ်ခံရလိမ့်မယ်။”—ဟေရှာယ ၃၃:၂၄။

သေဘေး မကြုံရတော့ဘူး။ “သေမင်းကိုလည်း ထာဝစဉ် ဖယ်ရှားမယ်။ အချုပ်အခြာအာဏာပိုင်ရှင် ယေဟောဝါက လူအားလုံးရဲ့ မျက်ရည်ကို သုတ်ပေးမယ်။”—ဟေရှာယ ၂၅:၈။

ထာဝစဉ် အသက်ရှင်ကြမယ်။ “ဘုရားသခင် ပေးတဲ့ ဆုကျေးဇူးကတော့ သခင်ခရစ်တော် ယေရှုအားဖြင့် ထာဝရအသက်ပဲ။”—ရောမ ၆:၂၃။

သေလွန်သူတွေ အသက်ပြန်ရှင်လာကြမယ်။ “ဖြောင့်မတ်သူရော မဖြောင့်မတ်သူတွေပါ ရှင်ပြန်ထမြောက်လာမယ်။” (တမန်တော် ၂၄:၁၅) ရွေးဖိုးဆိုတဲ့ ဘုရားပေးဆုကျေးဇူးကနေ အကျိုးခံစားကြမယ်။

ဒါတွေကို ဘုရားသခင် ဘယ်လို အကောင်အထည် ဖော်မလဲ။

ပြည့်ဝစုံလင်တဲ့အစိုးရ တည်ထောင်ပေးမယ်

ယေရှုခရစ် အုပ်ချုပ်မယ့် ကောင်းကင်အစိုးရအားဖြင့် လူသားတွေနဲ့ ကမ္ဘာမြေအတွက် ဘုရားရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်မယ်။ (ဆာလံ ၁၁၀:၁၊ ၂) “ကောင်းကင်မှာ စံမြန်းတဲ့ ကျွန်တော်တို့ရဲ့အဖ၊ . . . နိုင်ငံတော် လာပါစေ” ဆိုပြီး ဆုတောင်းဖို့ နောက်လိုက်တွေကို ယေရှု သင်ပေးခဲ့တဲ့ နိုင်ငံတော်အစိုးရပါပဲ။—မဿဲ ၆:၉၊ ၁၀။

ဘုရားနိုင်ငံတော်က ကမ္ဘာမြေကို အုပ်ချုပ်ပြီး မကောင်းမှုတွေ၊ ဆင်းရဲဒုက္ခတွေကို ကမ္ဘာမြေကနေ ဖယ်ရှားပစ်မယ်။ ဒီနိုင်ငံတော်ဟာ လူသားတွေ ရနိုင်တဲ့ အကောင်းဆုံးအစိုးရ ဖြစ်မယ်။ ဒါကြောင့် ယေရှုက မြေကြီးပေါ် အမှုဆောင်ချိန်မှာ “နိုင်ငံတော်သတင်းကောင်း” ကို အားကြိုးမာန်တက် ဟောပြောခဲ့ရုံမက တပည့်တွေကိုလည်း ထပ်တူဟောပြောဖို့ မှာကြားခဲ့တယ်။—မဿဲ ၄:၂၃။ ၂၄:၁၄။

လူတွေကို အလွန်ချစ်လို့ ဒီကောင်းမွန်တဲ့အရာအားလုံးကို လုပ်ဆောင်ပေးမယ်လို့ ယေဟောဝါဘုရား ကတိပြုထားတယ်။ ဒါကြောင့် ဘုရားအကြောင်း သိချင်စိတ်၊ ဘုရားနဲ့ ရင်းနှီးချင်စိတ် ပေါ်မလာဘူးလား။ ဘုရားကို သိလာရင် ဘာအကျိုးခံစားရမလဲ။ နောက်ဆောင်းပါးမှာ ရှင်းပြပါမယ်။

ဘုရားသခင် ဘာတွေ လုပ်ဆောင်မလဲ ဖျားနာခြင်းနဲ့ သေခြင်းကို ဘုရားသခင် ဖယ်ရှား ပေးမယ်။ ဘုရားနိုင်ငံတော်အစိုးရအောက်မှာ လူတွေကို စည်းလုံးစေမယ်။ ကမ္ဘာမြေကို ပရဒိသု ဖြစ်စေမယ်

ဘုရားနိုင်ငံတော်ဆိုတာ ဘာလဲ

  • ဘုရားအလိုတော်ကို ပြည့်စုံစေမယ့် ကောင်းကင်အစိုးရ ဖြစ်တယ်။—ကမ္ဘာဦး ၁:၂၈။ မဿဲ ၆:၉၊ ၁၀။

  • ကောင်းကင်နဲ့ မြေကြီးပေါ်က အခွင့်အာဏာရှိသမျှကို ရထားသူ၊ ဘုရားခန့်အပ်ခံဘုရင်က အုပ်ချုပ်မယ်။—ဟေရှာယ ၉:၆၊ ၇။ ၁၁:၂-၄။ မဿဲ ၂၈:၁၈။

  • ဘုရားရဲ့ ပညတ်တွေကို အခြေခံထားတဲ့ ယေရှုရဲ့ သွန်သင်ချက်တွေနဲ့အညီ အုပ်ချုပ်မယ်။—မဿဲ ၂၂:၃၇-၃၉။ ယာကုပ် ၂:၈။

  • ကမ္ဘာတစ်ဝန်း “နိုင်ငံတော်သတင်းကောင်း” ဟောပြောနေတဲ့ လူသန်းနဲ့ချီအပေါ် အုပ်ချုပ်နေပြီ။—မဿဲ ၂၄:၁၄။ ၂၈:၁၉၊ ၂၀။a

a နိုင်ငံတော်အကြောင်း ထပ်သိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ ပျော်စရာဘဝ ထာဝရ စံစားကြ စာအုပ် သင်ခန်းစာ ၃၂ နဲ့ ၃၃ မှာ ကြည့်ပါ။ www.pr2711.com/my မှာလည်း ကြည့်နိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ