ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၃ စာ. ၁၄-၁၅
  • အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျေနပ်ရောင့်ရဲခြင်း
  • ကျန်းမာရေးပြဿနာကို ခါးစည်းခံခြင်း
  • အိမ်ထောင်ရေး ခိုင်မြဲစေခြင်း
  • ခိုင်ခံ့ပျော်ရွှင်တဲ့ အိမ်ထောင်ကို တည်ဆောက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • အိမ်ထောင်ခိုင်မြဲရေးသော့ချက်နှစ်ခု
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • ဉာဏ်ပညာ၏ သာ၍မြင့်မားသောဇာစ်မြစ်
    သမ္မာကျမ်းစာ—ဘုရားသခင့်နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော ဘုရားသခင့်နှုတ်မြွက်လော
  • ဇရာအို ကာလပိုင်း
    မိသားစုဘဝကို ရွှင်လန်းစေခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၃ စာ. ၁၄-၁၅
အစောပိုင်းမှာ ဖော်ပြခဲ့တဲ့ သိပ္ပံပညာရှင်နဲ့ဇနီး အတူချက်ပြုတ်နေကြစဉ်

အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်ခြင်း

အိုနာသေခြင်း ကင်းတဲ့ဘဝမျိုး သင်လည်း ပိုင်ဆိုင်နိုင်ပါတယ်။ လက်ရှိဘဝကတော့ ကြမ်းတမ်းခက်ခဲလှပါတယ်။ အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်နိုင်ဖို့ ဘာက ကူညီပေးမလဲ။ ကျေနပ်ပျော်ရွှင်စရာကောင်းတဲ့ဘဝ ပိုင်ဆိုင်နိုင်ဖို့ ကျမ်းစာက လမ်းညွှန်ပေးနိုင်ပါတယ်။ ဘဝအခက်အခဲတချို့ကို ကျမ်းစာ ကူညီဖြေရှင်းပေးနိုင်ပုံအကြောင်း သုံးသပ်ကြည့်ပါ။

ကျေနပ်ရောင့်ရဲခြင်း

ကျမ်းစာအကြံပြုချက်။ “ခင်ဗျားတို့ရဲ့ဘဝမှာ ငွေတပ်မက်တာကို ရှောင်ပါ။ ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ။”—ဟီဘရူး ၁၃:၅။

ယနေ့လောကမှာ မရှိမဖြစ်ဆိုတဲ့ ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ ပြည့်နှက်နေတယ်။ ကျမ်းစာကတော့ “ရှိတာလေးနဲ့ ရောင့်ရဲတင်းတိမ်ပါ” လို့ ဆိုထားတယ်။ ဘယ်လိုနည်းနဲ့လဲ။

“ငွေတပ်မက်တာကို” ရှောင်ပါ။ လူတွေဟာ “ငွေတပ်မက်” တဲ့အတွက် ကျန်းမာရေး၊ မိသားစု၊ မိတ်ဆွေ၊ ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာကိုတောင် စတေးတတ်ကြတယ်။ (၁ တိမောသေ ၆:၁၀) နှမြောစရာပါပဲ။ စည်းစိမ်ဥစ္စာကို တပ်မက်သူဟာ “ဘယ်တော့မှ . . . ရောင့်ရဲနိုင်မှာ မဟုတ်ဘူး။”—ဒေသနာ ၅:၁၀။

ပစ္စည်းကို မဟုတ်ဘဲ လူကို တန်ဖိုးထားပါ။ ရုပ်ပစ္စည်းတွေဟာ သူ့နေရာနဲ့သူ အသုံးဝင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကို မချစ်နိုင်ဘူး။ ကျေးဇူးမတင်တတ်ကြဘူး။ လူတွေပဲ ချစ်တတ်၊ ကျေးဇူးတင်တတ်တယ်။ “မိတ်ဆွေစစ်” ရှိခြင်းက ကျေနပ်ရောင့်ရဲတဲ့ဘဝ ပိုင်ဆိုင်စေနိုင်တယ်။—ပညာအလိမ္မာ ၁၇:၁၇။

ကျမ်းစာလမ်းညွှန်ချက်ကို လိုက်နာခြင်းအားဖြင့် အခုပဲ ဘဝကို အကောင်းဆုံး မွေ့လျော်နိုင်တယ်

ကျန်းမာရေးပြဿနာကို ခါးစည်းခံခြင်း

ကျမ်းစာအကြံပြုချက်။ “ရွှင်လန်းတဲ့စိတ်ဟာ ဆေးစွမ်းကောင်းတစ်လက်ပဲ။”—ပညာအလိမ္မာ ၁၇:၂၂။

ရွှင်လန်းမှုက “ဆေးစွမ်းကောင်းတစ်လက်” လိုပဲ ကျန်းမာရေးပြဿနာကို ခံရပ်နိုင်အောင် ကူညီပေးနိုင်တယ်။ ဒါပေမဲ့ ဖျားနာနေချိန်မှာ ဘယ်လို ပျော်ရွှင်နိုင်မလဲ။

ကျေးဇူးသိတတ်ပါ။ ကိုယ့်ရောဂါဝေဒနာအကြောင်းပဲ စဉ်းစားနေရင် “နေ့ရက်တိုင်း” ဟာ ဆိုးရွားပုံပေါက်တယ်။ (ပညာအလိမ္မာ ၁၅:၁၅) ဒါကြောင့် “ကျေးဇူးသိတတ်ကြပါ” လို့ ကျမ်းစာက ဆိုတယ်။ (ကောလောသဲ ၃:၁၅) သေးငယ်တဲ့အရာပဲ ဖြစ်ပါစေ ကိုယ့်မှာရှိထားတဲ့ ကောင်းတဲ့အရာတွေအတွက် ကျေးဇူးတင်ပါ။ နေဝင်ဆည်းဆာအလှ၊ လေပြေလေညှင်း၊ ချစ်ခင်ရသူရဲ့ အပြုံးတို့က ဘဝကို ပြည့်စုံစေနိုင်ပါတယ်။

တခြားသူတွေအတွက် လုပ်ဆောင်ပေးပါ။ ကျန်းမာရေး မကောင်းပေမဲ့ “ရယူခြင်းထက် ပေးကမ်းခြင်းက ပိုပျော်ရွှင်စေတယ်။” (တမန်တော် ၂၀:၃၅) ကိုယ့်လုပ်ဆောင်မှုတွေကို တခြားသူတွေ ကျေးဇူးတင်ကြောင်း ပြောတဲ့အခါ ကျေနပ်ပျော်ရွှင်ကြတယ်။ ကိုယ့်ပြဿနာတွေကို ခဏလောက် မေ့သွားတတ်ကြတယ်။ တခြားသူတွေကို ကူညီခြင်းက ကျွန်တော်တို့ဘဝကိုလည်း ပိုကောင်းမွန်စေနိုင်ပါတယ်။

အိမ်ထောင်ရေး ခိုင်မြဲစေခြင်း

ကျမ်းစာအကြံပြုချက်။ ‘ပိုအရေးကြီးတဲ့အရာတွေကို ပိုင်းခြားသိကြပါ။’—ဖိလိပ္ပိ ၁:၁၀။

တစ်ယောက်ကို တစ်ယောက် အချိန်မပေးနိုင်တဲ့ မောင်နှံစုံတွေဟာ စိမ်းကားသွားတတ်ကြတယ်။ ဒါကြောင့် လင်မယားတွေဟာ မိမိတို့ရဲ့ အိမ်ထောင်ရေးကို ပိုအရေးကြီးတဲ့အရာတစ်ခုအဖြစ် ဦးစားပေးသင့်ပါတယ်။

အတူတူ လုပ်ဆောင်ပါ။ ကိုယ်စိတ်ဝင်စားရာတွေကိုပဲ တစ်ယောက်တည်း မလုပ်ဆောင်ဘဲ အတူတကွ လုပ်ဆောင်ဖို့ စီစဉ်ပါ။ “လူတစ်ယောက်ထက် နှစ်ယောက်က ပိုကောင်းတယ်” လို့ ကျမ်းစာ ဆိုထားတယ်။ (ဒေသနာ ၄:၉) ချက်ပြုတ်တာ၊ လမ်းလျှောက်တာ၊ ဆိုင်ထိုင်တာ၊ ဈေးသွားတာတွေကို အတူတူ လုပ်နိုင်ပါတယ်။

ချစ်မြတ်နိုးကြောင်း ဖော်ပြပါ။ လင်နဲ့ မယား အပြန်အလှန် ချစ်ခင်လေးစားဖို့ ကျမ်းစာက အားပေးထားတယ်။ (ဧဖက် ၅:၂၈၊ ၃၃) နွေးထွေးတဲ့အပြုံး၊ မေတ္တာပါတဲ့ ပွေ့ဖက်မှု၊ လက်ဆောင်လေးတစ်ခုက အိမ်ထောင်ခိုင်မြဲစေနိုင်တယ်။ လိင်ကိစ္စဟာ အိမ်ထောင်သည်တွေအတွက်ပဲ ဖြစ်ရပါမယ်။—ဟီဘရူး ၁၃:၄။

“ဘဝရည်ရွယ်ချက် ရှာတွေ့သွားပြီ”

—ဂျပန်နိုင်ငံက ရီယိုကို မီယာမိုတို ပြောပြတယ်။

ကျွန်မရဲ့ ဘဝ ခက်ခဲကြမ်းတမ်းခဲ့တယ်။ ယောက်ျားက အရက်သမား။ အလုပ်မမြဲဘူး။ ကလေးလေးယောက်အတွက် ဖခင်တာဝန်လည်း မကျေဘူး။ ကျွန်မ ဘယ်လောက်ပဲ အလုပ်ကြိုးစားပါစေ အခြေအနေ တိုးတက်မယ့်ပုံ မပေါ်ဘူး။ ‘ဒါဟာ ကံကြမ္မာပဲလား။ အရင်ဘဝက မကောင်းမှုအတွက် ပြစ်ဒဏ်ခံနေရတာပဲလား’ လို့ တွေးမိတယ်။

တစ်နေ့ ယေဟောဝါသက်သေတစ်ယောက် အိမ်ကို ရောက်လာတယ်။ ဘုရားနိုင်ငံတော်နဲ့ ထာဝရအသက်အကြောင်း နွေးထွေးတဲ့အပြုံးနဲ့ အားတက်သရော ပြောပြတယ်။ ကျမ်းစာ လေ့လာဖို့ ကမ်းလှမ်းတယ်။ ဘုရားသခင် ရှိကြောင်း၊ ဉာဏ်ပညာရှိတဲ့၊ တရားမျှတတဲ့ မေတ္တာရှင် ဖြစ်ကြောင်း သိလာတယ်။ လူသေတွေရဲ့ အခြေအနေ၊ ကံကြမ္မာကြောင့် ဒုက္ခခံနေရတာ မဟုတ်ကြောင်းကိုလည်း သိလာတယ်။

ဘုရားနဲ့ ဆက်ဆံရေးကောင်း ရှိမှပဲ ကျေနပ်စရာကောင်းတဲ့ဘဝ ပိုင်ဆိုင်နိုင်ကြောင်းကိုလည်း သဘောပေါက်လာတယ်။ ကျမ်းစာအမှန်တရား သိရတဲ့အတွက် အားရှိလာတယ်။ လွတ်လပ်လာတယ်။ လန်းဆန်းလာတယ်။ ဘဝရည်ရွယ်ချက် ရှာတွေ့သွားပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ