တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဖေဖေါ်ဝါရီ ၁၂ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၉ မိ။ ဒေသကြေညာချက်များ။ ကြေညာချက်များမှ ဖေဖေါ်ဝါရီလတွင် ဝေငှရာကို ဖေါ်ပြပါ။ အသင်းတော်တွင်ရှိနေသော လက်ဟောင်းစာအုပ်များ၏ အမည်များကို ပြောပြပါ။ နောက်ဆုံး အပြန်အလှန်စကားအတွက် အကြောင်းအရာနှင့်တွဲ၍ အသုံးပြုနိုင်သော နိဒါန်းများကို အတိုချုပ်ဆွေးနွေးပါ။
၁၈ မိ။ နေ့စဉ်ကျမ်းချက်ကို နေ့တိုင်းမှန်မှန် ဖတ်ကြရန် အားပေးပါ။ ဘုရားရေးရာ ဆက်ကပ်အပ်နှံခြင်း ခရိုင်စည်းဝေးကြီးမှ လျောက်ပတ်သော အကြောင်းတစ်ခုခုကို အသုံးပြုပါ။
၁၈ မိ။ တိုက်နယ်စည်းဝေးပွဲကို အားလုံးတက်ကြရန် ဦးစီးကြီးကြပ်မှူး လျောက်ပတ်စွာ အားပေးတိုက်တွန်းပါ။ အဖွဲ့အစည်းစာအုပ်၊ စာမျက်နှာ ၇၅ ကိုကြည့်ပါ။
သီချင်း ၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖေါ်ဝါရီ ၁၈ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များ နှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ လျောက်ပတ်သော ကြေညာချက်များ။ စနေတနင်္ဂနွေနေ့များအတွက် လယ်ကွင်းလုပ်ငန်းအစီအစဉ်ကို ဆွေးနွေးပါ။
၂၅ မိ။ ယေဟောဝါ၏ဖြောင့်မတ်သောစံချိန်များကို မှီအောင်လိုက်ခြင်း။ အသက်ကြီးသူတစ်ဦး ဟောပြောရန်။ အဖွဲ့အစည်းစာအုပ် စာမျက်နှာ ၁၂၇ ကိုကြည့်ပါ။
၁၅ မိ။ “ကျမ်းစာစာပေများ ဝေငှရန် နိုးကြားနေ”။ မေးဖြေဆွေးနွေးရန်။ အပိုဒ် ၅ ကိုသုံးသပ်ရာတွင် ဝေငှနေသောစာပေများကို အိမ်ရှင်ရထားနှင့်သည်ဖြစ်၍ ကြေညာသူသည် သူနှင့် သင်အံမှုစပေးရန် ကမ်းလှမ်းပြောဆိုပုံကို သရုပ်ပြပါ။ ထို့ပြင် စာအုပ်များဝေငှပြီး သင်အံမှုများ လွယ်လင့်တကူစနိုင်ခဲ့သော ကြေညာသူတစ်ဦးကို ခေါ်မေးမြန်းပါ။
သီချင်း ၆၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖေါ်ဝါရီ ၂၆ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်း မှတ်တမ်း။
၂၀ မိ။ “သတင်းကောင်းဝေငှခြင်း။—ဝေစာများကို ထိရောက်စွာ အသုံးပြုခြင်းအားဖြင့်”။ မေးဖြေရန်။ အပိုဒ် ၅ နှင့် ၆ ကိုသုံးသပ်ရာတွင် (၁) ငြိမ်းချမ်းသော ကမ္ဘာသစ်တွင် အသက်တာ နှင့် (၂) ကျမ်းစာကို သင်အဘယ်ကြောင့် စိတ်ချနိုင်တို့ကို နိဒါန်းတွင် မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြချက်နှစ်ခု တင်ဆက်ပါ။ အစအဆုံးပြောစရာမလိုပါ။ အပြန်အလှန်စကားသို့ မည်သို့စကားလွှဲပြောင်းမည်ကိုသာ သရုပ်ပြစေပါ။ အခွင့်အရေးရတိုင်း ဝေစာများဝေငှရန် အသင့်ရှိခြင်း၏ တန်ဘိုးကို အလေးအနက်ပေါ်လွင်စေပါ။ အသင်းတော်၏ လုပ်ငန်းတော်အစီအစဉ်များကို ကြေညာပါ။ အားလုံးပါဝင်ကြရန် တိုက်တွန်း။
၁၅ မိ။ သင့်ဓမ္မအမှုကို တိုးချဲ့ရန် နည်းလမ်းများ။ အဖွဲ့အစည်းစာအုပ် စာမျက်နှာ ၁၁၀ ကိုဟောရန်။ မတ်လ နှင့် ဧပြီလများတွင် အရံရှေ့ဆောင်ကြရန် အားပေးပါ။
သီချင်း ၁၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၅ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၈ မိ။ ဒေသကြေညာချက်များ။ ဤအပတ်အတွက် အသင်းတော်၏ လယ်ကွင်းလုပ်ငန်းအစီအစဉ်ကို ပြန်လည်သုံးသပ်ပါ။ စနေ၊ တနင်္ဂနွေနေ့တွင် အမှုဆောင်ထွက်နိုင်ကြသူများ အစီအစဉ်ပြုလုပ်ကြဖို့အားပေးပါ။
၁၂ မိ။ အမှုဆောင်ထွက်ခဲသော ရပ်ကွက်။ အသင်းတော်၌ အမှုဆောင်ထွက်ခဲသောရပ်ကွက် ရှိနေမည်ဆိုလျှင် ၄င်းတွင်မှန်မှန်ထွက်ကြရန် အားပေးပါ။
၁၅ မိ။ “ဓမ္မအမှုဆောင်များအနေနှင့် ကျွန်ုပ်တို့ထိရောက်မှုကို တိုးတက်စေ”။ မေးဖြေရန်။ အပိုဒ် ၄ ကိုလေ့လာသည့်အခါ အကြံပြုထားသည့် နိဒါန်းများနှင့် လိုရင်းတိုရှင်းသော သရုပ်ပြချက်နှစ်ခုကို တင်ဆက်ပါ။ ယင်းတို့ကို ရိုးမှန်သော၊ အပြုသဘောဖြင့် တင်ဆက်ရမည်။
၁၀ မိ။ ဒေသလိုအပ်ရာများ။ သို့မဟုတ် “ခရစ်ယာန်ဖြစ်ခြင်းကား အဘယ်နည်း” အကြောင်းဟောပါ။ Insight စာအုပ် အတွဲ ၁ ပါအကြောင်းကိုအခြေခံ၍ ဟောပြောပါမည်။ ယေရှု၏ မေတ္တာ နှင့် ကိုယ်ကျိုးစွန့်ခြင်း ပုံသက်သေကို လိုက်လျှောက်ရန် အရေးကြီးကြောင်း ပေါ်လွင်စေပါ။
သီချင်း ၁၆၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၂ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်းများ။ “နိုင်ငံတော်ခန်းမများကို ထင်ရှားစေခြင်း။ ဒေသအသင်းတော်နှင့် သက်ဆိုင်ချက်များကို ဖေါ်ပြပါ။
၁၅ မိ။ ဒေသလိုအပ်ရာများ။
၂၀မိ။ “ထိရောက်သော နိဒါန်းများ။” မေးဖြေဆွေးနွေးခြင်း။ Reasoning စာအုပ်ပါ (စာမျက်နှာ ၉-၁၅) နိဒါန်းများအနက် သင့်ရပ်ကွက်အတွက် သင့်တော်ရာ တစ်ခုကို သရုပ်ပြပါ။ လယ်ကွင်းလုပ်ငန်းသို့ Reasoning စာအုပ်ယူဆောင်သွားကြရန် အားပေးပါ။ မေးခွန်းများနှင့် ကန့်ကွက်ချက်များကို ဖြေဆိုရာတွင် ၄င်းကိုအသုံးပြုကြရန် အားပေးပါ။ စနေ၊ တနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ ပါဝင်ဖို့ တိုက်တွန်း။
သီချင်း ၁၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။