တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဧပြီ ၁၆ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့ နိုင်ငံတော် ဓမ္မအမှုမှလျောက်ပတ်သော ကြေညာချက်များ။ ဤလအတွင်း လုပ်ငန်းတော်တွင်ပါဝင်နှင့်ပြီးသား ကြေညာသူများကို ချီးမွမ်းပါ။ ဧပြီလအတွင်း လယ်ကွင်းလုပ်ငန်းတွင် အားလုံးဇွဲရှိရှိ ပါဝင်ကြရန် တိုက်တွန်းပါ။ မိမိရပ်ကွက်တွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှနိုင်ရန် လက်တွေ့ကျ အကြံဉာဏ်များပေးပါ။ လယ်ကွင်းလုပ်ငန်းအတွက် အသင်းတော်အစီအစဉ်များအကြောင်း ကြေညာသူများကို သတိပေးပါ။
၂၀ မိ။ “ဘုရားသခင့်နှုတ်ကပတ်တော်၌ ယုံကြည်ခြင်း တည်ဆောက်ပေးပါ။” မေးဖြေရန်။ အပိုဒ် ၃ ကိုလေ့လာစဉ် လယ်ကွင်းလုပ်ငန်း၌ အသုံးပြုနိုင်သည့် အချက်ကောင်းများနှင့် အကြံပေးချက်များကို ပရိသတ်မှ ထိထိမိမိပြောဆိုနိုင်သော ကြေညာသူများအား တင်ပြပြောဆိုစေပါ။ သူတို့ပြောဆိုမည့်အကြောင်းများကို ကြိုတင်ပြင်ဆင်ထားပါလေစေ။
၁၅ မိ။ တိုး၍စိတ်ဝင်စားလာစေရန် ပြန်လည်ပတ်သွားခြင်း။ အသင်းမစာပေများကို စိတ်ဝင်စားသူအားလုံးထံ ပြန်လည်ပတ်မှု ချက်ချင်းပြုလုပ်ရန် ကြေညာသူများကို အားပေးပါ။ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်ပြီး သူတို့နှင့်ကျမ်းစာသင်အံမှု ကျင်းပရန်လိုအပ်ကြောင်း ရှေ့တွင် တင်ပြခဲ့။ သို့ပြုရန် မည်မျှလိုအပ်ပြီး စိတ်ဝင်စားသူတို့ထံ မပျက်မကွက်သွားကြရန် အားလုံးကို တိုက်တွန်းပေးပြီးနောက် စာအုပ်ဝေငှထားသည့်အိမ်များတွင် ပြန်လည်ပတ်မှု မည်သို့ပြုလုပ်နိုင်ကြောင်း သရုပ်ပြချက် နှစ်မျိုးကို တင်ဆက်ပါ။
သီချင်း ၂၃ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဧပြီ ၂၃ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၇ မိ။ ဒေသကြေညာချက်များ။ မတ်လအတွင်း အသင်းမထံပို့သည့် အလှူငွေလက်ခံကျေးဇူးတင်ချက် အကြောင်းပါအပါအဝင် စာရင်းအင်းမှတ်တမ်း။ ငွေကြေးဖြင့် နိုင်ငံတော်လုပ်ငန်းကို ရက်ရက်ရောရောထောက်ပံ့ကြခြင်းကို အသင်းတော်အားချီးမွမ်းပေးပါ။ အသင်းတော်၏ လယ်ကွင်းလုပ်ငန်းအစီအစဉ်များတင်ပြ။ ကြေညာသူများ စနေ၊ တနင်္ဂနွေနေ့များတွင် အမှုဆောင်ထွက်ကြရန် အားပေး။
၁၀ မိ။ မေးခွန်းသေတ္တာပါအကြောင်းများကို အကြီးအကဲ ဟောပြော။ အသင်းမ၏ ထူးခြားသော တိတ်ခွေများအကြောင်း ပြောပြပြီး ခရစ်ယာန်အိမ်ထောင်စုများမက တစ်ဦးစီအနေနှင့် ယင်းတို့ကို မည်သို့အသုံးပြုနိုင်ကြောင်း ညီအစ်ကိုများအား ပြောပြပါ။
၁၈ မိ။ “သတင်းကောင်းကို ဝေငှခြင်း—ခွဲခြားသိမြင်နိုင်စွမ်းဖြင့်။” မေးဖြေရန်။ အပိုဒ် ၃ ကိုသုံးသပ်ပြီးနောက် အိမ်ရှင်၏ အခြေအနေအရ ဟောပြောချက်ကို မည်သို့ပြုပြင်ပေးနိုင်ကြောင်း သရုပ်ပြခန်းတို နှစ်ခုတင်ပြပါ။ နိဒါန်းစကားပြောနေစဉ် သို့မဟုတ် နိဒါန်းပျိုးနေစဉ်ပင် ဟောပြောချက်ကို ပြုပြင်ပြောဆိုပုံကိုပြပြီးသည်နှင့် သရုပ်ပြခန်းများကို ရပ်လိုက်နိုင်သည်။
၁၀ မိ။ ဒေသလိုအပ်ရာ။
သီချင်း ၂၂၅ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
ဧပြီလ ၃၀ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စနေ၊ တနင်္ဂနွေ လုပ်ငန်းတော်အစီအစဉ်များပါ။ ဒေသခံရပ်ကွက်ရှိသူများအတွက် နောက်ဆုံးထုတ် မဂ္ဂဇင်းများပါ အဘယ်အကြောင်းများ အထူးစိတ်ဝင်စားဖွယ်ဖြစ်မည်ကို အကြံပေးပါ။
၂၀ မိ။ “တိုး၍အလုပ်လုပ်ကိုင်ရန် အချိန်။” မေးဖြေဆွေးနွေးရန်။ မေနှင့်ဇွန်လများတွင် အရံရှေ့ဆောင်မည့် သူများ၏ နာမည်စာရင်းကိုဖေါ်ပြပါ။
၁၅ မိ။ နေ့စဉ်ကျမ်းချက် လေ့လာဆွေးနွေးခြင်း၏ တန်ဖိုးကို အထူးပေါ်လွင်စေသည့် ဟောပြောချက်နှင့် သရုပ်ပြခန်းကို တင်ဆက်ပါ။ ယင်းကို မည်သို့ပြုလုပ်နိုင်ကြောင်း အကြံပေးပါ။ ကျမ်းစာကို နေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုခြင်း—၁၉၉၀ ၏ ကျမ်းဦးစကားပါ အကြောင်းပေါ် အခြေပြု၍ ဟောပြောပါ။
သီချင်း ၄၆ နှင့် နိဂုံးချုပ် ဆုတောင်းချက်။
မေ ၇ ရက်နေ့တွင် အစပြုမည့် အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ ဤအပတ် စနေ၊ တနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အားပေးပါ။ မေလတွင် အရံရှေ့ဆောင်သူများအားလုံး ဦးစီးကြီးကြပ်မှူးထံမှ ရရှိသော လျှောက်လွှာများကို ဖြည့်စွက်ပြီးသားဖြစ်သင့်သည်။ အချိန်ရှိလျှင် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို လျောက်ပတ်စွာ တင်ဆက်နည်းများ တင်ပြပါ။
၂၀ မိ။ “ကျွန်ုပ်တို့ဓမ္မအမှုကို မရပ်မစဲ ဆက်ဆောင်ရွက်ခြင်း။” မေးဖြေခြင်း။ အရည်အချင်းရှိ ညီအစ်ကိုတစ်ဦးအား အပိုဒ်များဖတ်စေပါ။ ပရိသတ်ရှိ အခြားသူများမူ ကိုးကားထားသည့် ကျမ်းချက်များကို ဖတ်၍ရှင်းပြနိုင်သည်။ ဤအကြောင်းကို ဒေသခံညီအစ်ကိုများ မည်သို့လက်တွေ့အသုံးပြုနိုင်ပြီး ရပ်ကွက်တွင် အခက်အခဲကြုံလျှင် မည်သို့ဖြေရှင်းနိုင်ကြောင်း၊ သဘောထားမှန် မည်သို့ရှိမြဲရှိစေနိုင်ကြောင်း တင်ပြပါ။ အဆုံးတိုင် ဇွဲလုံ့လနှင့် ယေဟောဝါအမှုတော်ထမ်းရန် စိတ်ဆုံးဖြတ်ထားသင့်သည်။
၁၅ မိ။ ကင်းမျှော်စင်နှစ်စဉ်ကြေးများ ကမ်းလှမ်းပါ။ ယေဟောဝါ၏ ကမ္ဘာသစ်တွင် အသက်ရလိုသူများ ကင်းမျှော်စင်နှစ်စဉ်ကြေးယူရန် မည်မျှအရေးကြီးကြောင်း အကျဉ်းချုပ် ဖေါ်ပြပါ။ နှစ်စဉ်ကြေး ဝေငှပုံကို သရုပ်ပြပါ။
သီချင်း ၇၁ နှင့် နိဂုံးချုပ် ဆုတောင်းချက်။