ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၀ စာ. ၁၀
  • သတင်းကောင်းဝေငှခြင်း—ဆုတောင်းခြင်းဖြင့်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းဝေငှခြင်း—ဆုတောင်းခြင်းဖြင့်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာသင်အံမှုများတွင်
  • ညီအစ်ကိုညီအစ်မများအတွက်
  • ဆုတောင်းခြင်း အခွင့်ထူး
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆုတောင်းခြင်းအားဖြင့် ယေဟောဝါနဲ့ ရင်းနှီးအောင် ကြိုးစားပါ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဆုတောင်းခြင်း အခွင့်ထူးကို တန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ဆုတောင်းခြင်းမှတစ်ဆင့် မစမှု မည်သို့ရနိုင်ပုံ
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၁၁/၉၀ စာ. ၁၀

သတင်းကောင်းဝေငှခြင်း—ဆုတောင်းခြင်းဖြင့်

၁ ဖိလိပ္ပိအသင်းသားများထံ ဤသို့တမန်တော်ပေါလုအားပေးခဲ့သည်။ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသောကိုယ်တော်အားဖြင့် ခပ်သိမ်းသောအရာတို့ကို ငါတတ်စွမ်းနိုင်၏။” (ဖိ၊ ၄:၁၃) သတင်းကောင်းကိုရဲရင့်စွာတင်ပြနိုင်ရန်ခွန်အားအတွက် ယေဟောဝါကိုလုံးလုံးမှီခိုအားထားရန်လိုပါသည်။ ယင်းကိုမည်သို့ပြုလုပ်နိုင်မည်နည်း။

၂ “အားမလျော့ပဲ ကြိုးစား၍ဆုတောင်းရမည်” အကြောင်းယေရှုအလေးအနက်ဖေါ်ပြခဲ့သည်။ (လု၊ ၁၈:၁) ပေါလုကလည်း “မခြားမလပ်ဆုတောင်းပတ္ထနာပြုကြလော့” ဟုမှာကြားသည်။ (၁ သက်၊ ၅:၁၇) မှန်သည်၊ ဆုတောင်းခြင်းမှ ခွန်အားပြည့်လာသည်။ သတင်းကောင်းကိုလည်း ဆုတောင်းခြင်းဖြင့်တင်ပြရန်လိုပါသည်။ သူတစ်ပါးအားသက်သေခံနိုင်ခွင့်ကောင်းများအတွက် ဆုတောင်းနိုင်သည်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ဉာဏ်ပညာနှင့်ထိုးထွင်းဉာဏ်အသုံးပြုနိုင်ရန်၊ ကျမ်းစာသင်သားများ၏နှလုံးကိုထိမိစေရန်နှင့် အောင်မြင်မှုတွေ့ရှိဖို့ဆုတောင်းနိုင်ပါသည်။ အဆုံးမတိုင်မီ နိုင်ငံတော်သတင်းကောင်းဟောပြောရန် အရေးကြီးနေသည့်အတွက် ကမ္ဘာချီနိုင်ငံတော်ရေးရာတိုးတက်ရန်လည်း ဆုတောင်းနိုင်ပါသည်။ (မ၊ ၂၄:၁၄) ဝိညာဏငိုက်မျဉ်းခြင်းကိုရှောင်နိုင်ရန် ဆုတောင်းပတ္ထနာပြုရာတွင် ‘နိုးနိုးကြားကြား’ ရှိဖို့လိုသည်။ ဤနည်းဖြင့် ယေဟောဝါ၏ရည်ရွယ်ချက်များအကြောင်း သူတစ်ပါးအားပြောပြနိုင်ခွင့်ကို တန်ဖိုးထားလေးစားသည့်သဘော တိုးပွားများပြားစေမည်။​—ကော၊ ၄:၂။ က ၆၃ စာမျက်နှာ ။

ကျမ်းစာသင်အံမှုများတွင်

၃ ကျမ်းစာသင်အံမှုကျင်းပရာတွင် ဆုတောင်းခြင်းသည်အဘယ်ကြောင့် ဤမျှအရေးကြီးရသနည်း။ ဆုတောင်းခြင်းဖြင့် ကျမ်းစာသင်အံမှုစခြင်းသည် စိတ်ထားမှန်ရရှိစေပြီး၊ ပြောဆိုလေသမျှ၏အရေးကြီးမှုကို သင်သားအားသဘောပေါက်စေသည်။ ယေဟောဝါထံတော်မှလာသောညွှန်ကြားမှုကို သူစောင့်မျှော်တတ်စေသည်။ ကျွန်ုပ်တို့၏ပုံသက်သေအားဖြင့်လည်း သင်သားသည် ဆုတောင်းတတ်လာပေမည်။​—လု၊ ၁၁:၁။

၄ အိမ်တွင်းကျမ်းစာသင်အံမှုတွင် ကျွန်ုပ်တို့၏ဆုတောင်းချက်များ၌ အဘယ်အရာများအတွက်ထည့်ဆုတောင်းနိုင်ပါသနည်း။ ယေရှု၏စံထားရာဆုတောင်းချက်နှင့် ဖိလိပ္ပိအသင်းသားများအတွက် ပေါလု၏ဆုတောင်းချက်သည် အလွန်ကောင်းသောပုံသက်သေများဖြစ်သည်။ (မ၊ ၆:၉-၁၃။ ဖိ၊ ၁:၉-၁၁) ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ရှည်လျားစရာမလိုပါ။ သို့သော် တိကျသောအချက်များနှင့်စပ်လျဉ်းရမည်။ ယေဟောဝါဘုရားသခင်၏ မရေမတွက်နိုင်သောအံ့ချီးဖွယ်လုပ်ရပ်များအတွက် ကျေးဇူးတင်ချီးမွမ်းလိုကြောင်း ထည့်ဆုတောင်းသင့်ပါသည်။ ကိုယ်တော်၏ကြီးမြတ်တော်မူခြင်း၊ ဘုန်းအသရေတော်နှင့် ပြည့်ဝစုံလင်သောအရည်အချင်းများကိုအသိအမှတ်ပြုနိုင်ပါသည်။ (ဆာ၊ ၁၄၅:၃-၅) ကျမ်းစာသင်သားကို နာမည်နာမဖြင့်ဖေါ်ကာ၊ သူ၏အခြေအနေကိုအသိအမှတ်ပြု၍ ဝိညာဉ်ရေးဘက်တိုးတက်လာစေရန် ဆုတောင်းပေးခြင်းသည်လည်း အလွန်အကျိုးရှိပေသည်။ သူတိုးတက်လာသည့်အခါ စည်းဝေးများကိုတက်ခြင်းနှင့် သင်ယူနေသည့်သမ္မာတရားကိုသူတစ်ထူးအားတင်ပြပြောဆိုရန် ကြိုးစားလေသမျှကို ယေဟောဝါကောင်းချီးပေးတော်မူရန် တောင်းဆိုနိုင်ပါသည်။ ကမ္ဘာချီဟောပြောခြင်းလုပ်ငန်းအပေါ် ယေဟောဝါဆက်ကောင်းချီးပေးတော်မူရန် ဆုတောင်းနိုင်ပါသည်။

ညီအစ်ကိုညီအစ်မများအတွက်

၅ ယေဟောဝါ၏လူမျိုးအားလုံး ကျွန်ုပ်တို့၏လုပ်ဖေါ်ကိုင်ဖက်များဖြစ်ကြသည်။ (၁ ကော၊ ၃:၉) ထိုကြောင့် သတင်းကောင်းဟောပြောခြင်းကို လောကီအာဏာရှင်များအနှောင့်အယှက်ပြုသည့်အခါ “ရှင်ဘုရင်မှစ၍ မင်းအာဏာရှိသောသူအပေါင်း” တို့အတွက် ဆုတောင်းပေးရန် အကြောင်းပေါ်လာပါသည်။ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း။ “ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်း၊ လျောက်ပတ်စွာကျင့်ခြင်းအမျိုးမျိုးကိုပြု၍ ငြိမ်ဝပ်ဆိတ်ညံစွာနေရမည်အကြောင်း” တည်း။ (၁ တိ၊ ၂:၁၊ ၂) ဤကဲ့သို့သောဆုတောင်းချက်များသည် ကမ္ဘာတစ်ဝန်းရှိ ကျွန်ုပ်တို့ညီအစ်ကိုများအကျိုးအလိုငှာဖြစ်သည်။ ကျွန်ုပ်တို့လုပ်ငန်းကို အာဏာရှိသူများ နှစ်သက်မည်အကြောင်းဆုတောင်းအပ်သည်။

၆ ခက်ခဲသောအခြေအနေများအောက်တွင် ဟောပြောနေကြသောညီအစ်ကိုများ ခွန်အားရှိရန်၊ ဝိညာဉ်ရေးဘက်ဖျားနာနေသူများ ဓမ္မအမှုတွင်အပြည့်အဝပါဝင်လာရန်အတွက် ဆုတောင်းပေးနိုင်ပါသည်။ (၂ သက်၊ ၃:၁၊ ၂) “သင်တို့တွင်ကြိုးစားအမှုဆောင်နေကြသော” အသင်းတော်အကြီးအကဲများ၊ နယ်လှည့်ကြီးကြပ်မှူးများနှင့် အုပ်ချုပ်ရေးအဖွဲ့အတွက်လည်း ဆုတောင်းပေးရန်ကောင်းပေသည်။​—၁ သက်၊ ၅:၁၂။

၇ အချိန်အခါမရွေး ယေဟောဝါအပေါ် ကျွန်ုပ်တို့၏စိုးရိမ်ပူပန်မှုတို့ကို ပုံအပ်နိုင်ပါသည်။ (ဆာ၊ ၅၅:၂၂။ ၁ ပေ၊ ၅:၇) ကိုယ်တော်၏အလိုတော်နှင့်အညီ ကျွန်ုပ်တို့တောင်းလေသမျှဆုကို ကိုယ်တော်နားညောင်းတော်မူမည်အကြောင်း စိတ်ချနိုင်ပါသည်။ (၁ ယော၊ ၅:၁၄) ထိုကြောင့် ကျွန်ုပ်တို့ဓမ္မအမှုကိုကျေပွန်စွာဆောင်ရွက်နိုင်ရန် ယေဟောဝါ၏အကူအညီကိုတောင်းဆိုပါက ကျွန်ုပ်တို့ဆုပတ္ထနာကိုနားညောင်းတော်မူ၍ အောင်မြင်စေမည်အကြောင်း စိတ်ချနိုင်ပါသည်။​—၂ တိ၊ ၄:၅။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ