တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဧပြီ ၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ တက်ရောက်သည့်လူသစ်များအရေအတွက်အပါအဝင် သတိရအောက်မေ့ပွဲဆိုင်ရာ ထူးခြားချက်များ၊ ဧပြီ ၇ ရက်နေ့အတွက်၊ အထူးဟောပြောချက်ဖြစ်သည့် “မေရှိယရောက်ရှိခြင်းနှင့် ကိုယ်တော်၏အုပ်ချုပ်ရေး” ကိုတက်ရောက်ကြားနာသူများစေရန် မည်သို့ပြုနိုင်ကြောင်း ဆွေးနွေးပါ။ ဤအပတ်အတွက် လယ်ကွင်းလုပ်ငန်းအစီအစဉ်ကို ဖေါ်ပြပါ။ နှစ်စဉ်ကြေးများနှင့်စပ်လျဉ်း၍ မည်သို့ပြုလုပ်ရကြမည်အကြောင်း အသင်းတော်နှင့်အကျဉ်းချုပ် ပြန်သုံးသပ်ပါ။
၁၅ မိ။ “အသင်းတော်တွင် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကို ထမ်းဆောင်ခြင်း။” ဟောပြောရန်။ မောင်နှံစုံတစ်တွဲအား ညီအစ်မများ အဘယ်ကြောင့်နှင့်အဘယ်အချိန်တွင် ခေါင်းအုပ်ရကြောင်းကို Index စာအုပ်တွင် မည်သို့ရှာဖွေယူနိုင်ကြောင်း စာအုပ်ကြီးသင်တန်းမှူးရှင်းပြနေခြင်းကို ကောင်းစွာပြင်ဆင်၍သရုပ်ပြပေးရန်။
၂၀ မိ။ အပြန်အလှန်စကားအတွက် အကြောင်းအရာအသစ်။ အကြောင်းအရာအသစ်ကို ပရိသတ်နှင့်ဆွေးနွေး။ ထို့ပြင် နောက်ဆုံးထုတ်ကင်းမျှော်စင် မှ တင်ပြပြောဆိုရန်အချက်အမျိုးမျိုးကို သုံးသပ်ပါ။ စာပေစာတမ်းများကို တကယ်စိတ်ဝင်စားသူတို့ကို သတိရမှတ်မိပြီး နှစ်စဉ်ကြေးယူစေရန် ညီအစ်ကိုများတိုက်တွန်းကြဖို့အားပေး။ ကောင်းစွာပြင်ဆင်ထားသောကြေညာသူတစ်ဦး ဤသို့ပြောရန်။ “နေကောင်းလား။ ကျွန်ုပ်အမည်မှာ ___________ ဖြစ်သည်။ မေးခွန်းတစ်ခုမေးလို၍ ခဏစကားပြောခွင့်ပြုပါ။ ကျွန်ုပ်တို့ခေတ်တွင် တည်မြဲသောငြိမ်သက်ခြင်း ရောက်နိုင်မည်လော။ [ဖြေဆိုပါစေ။] ယခင်သမိုင်းကိုသာထောက်ရလျှင် မျှော်လင့်စရာမရှိလှပါ။ သို့သော် လုကာ ၂၁ တွင်ကျွန်ုပ်တို့ခေတ်အကြောင်း မည်သို့ပရောဖက်ပြုထားကြောင်း သတိပြုပါ။ [အခန်းငယ် ၁၀၊ ၁၁၊ ၂၆ တို့ကိုဖတ်။] ဤအခြေအနေများ ပထမကမ္ဘာစစ်ကတည်းကရှိခဲ့ပြီ။ သို့ရာတွင် မျှော်လင့်ချက်ကင်းမဲ့မနေပါ။ လူသားတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စေသည့် ဤအခြေအနေများပင်လျှင် မြေကြီးကို ဘုရားသခင်၏နိုင်ငံတော်သည် မကြာမီသန့်ရှင်းပစ်မည်၊ တည်မြဲသောငြိမ်သက်ခြင်းကို တင်သွင်းမည်အကြောင်း သက်သေထူသည်။ အခန်းငယ် ၂၈ နှင့် ၃၁ တွင်ယေရှုဤသို့ဆက်ဆိုသည်။ [ကျမ်းချက်များဖတ်။] ထိုကြောင့် ဤစိတ်ဓာတ်ကျစရာအမင်္ဂလာအခြေအနေများက မကြာမီအလွန်ဝမ်းသာစရာအပြောင်းအလဲကြီး ဖြစ်တော့မည်အကြောင်း သက်သေထူနေသည်။ ဤသည်ကား သတင်းကောင်းမဟုတ်သလော။ [ဖြေဆိုပါလေစေ။] ကင်းမျှော်စင် ပါဤဆောင်းပါး [လျောက်ပတ်သောအပိုဒ် သို့မဟုတ် ရုပ်ပုံကိုရွေး] သည်မကြာမီဖြစ်ပျက်မည့်အပြောင်းအလဲတို့ကို ဖေါ်ပြပေးသည်။ သင်နှင့်သင့်မိသားစုလည်း ယင်းတို့ကို မည်သို့တွေ့မြင်ခံစားနိုင်မည့်နည်းလမ်းကို တင်ပြထားသည်။ ဤအကြောင်းကိုဖတ်လိုလျှင် ကင်းမျှော်စင် နှင့်နိုးလော့ မဂ္ဂဇင်းများကို သင့်အတွက်ထားရစ်ခဲ့ချင်သည်။” စိတ်ဝင်စားမှုအခြေအနေကိုကြည့်ရှုကာ ကြေညာသူအနေနှင့် နှစ်စဉ်ကြေးအကြောင်းပြောသင့်မသင့် ဆုံးဖြတ်နိုင်သည်။ အများအားဖြင့်ဆိုလျှင် ပြန်လည်ပတ်သွားသည့်အခါ အိမ်ရှင်သည် ယူပြီးသားစာစောင်များကို ဖတ်မဖတ်ပေါ်အခြေခံပြီး နှစ်စဉ်ကြေးကမ်းလှမ်းခြင်းသည် သင့်တော်ပေသည်။ ထို့ပြင် မဂ္ဂဇင်းများကို ဘာသာစကားပေါင်း မည်မျှဖြင့်ထုတ်ဝေကြောင်း၊ ကျွန်ုပ်တို့လုပ်ငန်း မည်မျှကျယ်ပြန့်ကြောင်း ကြေညာသူတင်ပြနိုင်သည်။ ကျွန်ုပ်တို့၏စေတနာ့ဝန်ထမ်းလုပ်ငန်းဖြင့် ကျမ်းစာပညာတိုးတက်စေကြောင်း၊ အခွင့်အရေးရလျှင် ကမ္ဘာချီလုပ်ငန်းကို မည်သို့ဆောင်ရွက်ကြောင်း၊ အလှူငွေများဖြင့် ထမ်းဆောင်နေကြောင်း ပြောပြနိုင်သည်။ ဤအပိုင်းကို အပြန်အလှန်စကားအတွက် အကြောင်းအရာအသစ်ကို အားလုံးအသုံးပြုကြရန် အားပေးတိုက်တွန်းရင်း နိဂုံးချုပ်ပါ။
သီချင်း ၆၀ နှင့် ဆုတောင်းချက်။
ဧပြီ ၈ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်သတင်းများ။
၁၅ မိ။ “သတင်းကောင်းဝေငှခြင်း—နားထောင်ခြင်းအားဖြင့် ပိုမိုထိရောက်စေခြင်း။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၄ ကိုသုံးသပ်ရာတွင် အိမ်ရှင်စိုးရိမ်နေသည့်အကြောင်းကို ကြေညာသူသတိမပြုမိသဖြင့် စကားပြောဆိုခွင့်ကောင်းကို ဆုံးရှုံးလိုက်ခြင်းကို သရုပ်ပြပါ။ ယင်းအခြေအနေကို မည်သို့ကိုင်တွယ်လျှင်ကောင်းမည်ဖြစ်ကြောင်း ပရိသတ်အားမေးမြန်းပါ။ ထိုနောက် ယင်းကြေညာသူကိုပင် တစ်ဖန်ပြန်သရုပ်ပြစေပါ။ သို့သော် ဤတစ်ကြိမ်တွင် အိမ်ရှင်နှင့်ကောင်းစွာစကားစမြည်ပြောဆိုနိုင်ရန် လျော်ကန်စွာမည်သို့ပြုပုံကို တင်ပြစေပါ။
၂၅ မိ။ “ကိုယ်တိုင်ကြိုးစားမှုနှင့်အညီ ရိတ်သိမ်းခြင်း။” ကြားညှပ်ဆောင်းပါးကိုအခြေပြုသည့် ဟောပြော၍ဆွေးနွေးခန်း။ အကြီးအကဲတင်ပြရန်။ မိမိဒေသနှင့် မည်သို့ဆိုင်ကြောင်း တင်ပြ။ အချိန်ခွင့်ပြုသည့်အတိုင်း အပိုဒ်နှင့်ကိုးကားထားသောကျမ်းချက်များကို ဖတ်ရန်။
သီချင်း ၁၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၁၅ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ကမ္ဘာချီလုပ်ငန်းအတွက် ငွေကြေးဖြင့်ထောက်ပံ့ခြင်းကို အသင်းမကျေးဇူးတင်ကြောင်းတင်ပြ။ ဒေသအသင်းတော်လိုအပ်ရာအတွက် ရက်ရောစွာလှူဒါန်းကြခြင်းကိုချီးမွမ်း။
၁၅ မိ။ “ကင်းမျှော်စင် ကိုဖတ်ကြရန် သူတစ်ပါးကိုအားပေး။” အားတက်သရောဟောပြော၍ ကင်းမျှော်စင် ကိုအဘယ်ကြောင့်တန်ဖိုးထားကြောင်း၊ ယင်းကိုမှန်မှန်ဖတ်ရှုသည့်အတွက် မည်သို့အကျိုးခံစားခဲ့ရကြောင်း ကြေညာသူနှစ်ဦးသုံးဦးကို ကောင်းစွာပြင်ဆင်ပြောဆိုစေရန်။
၂၀ မိ။ “စည်းဝေးများကို အချိန်မှန်စ၍နိဂုံးချုပ်။” မေးဖြေဆွေးနွေးရန်။ အပိုဒ်တိုင်းကိုဖတ်ရန်။
သီချင်း ၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၂ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ ခန်းမသန့်ရှင်းရေးအစီအစဉ်များကို ပြန်ဆွေးနွေး။ ယေဟောဝါအားဝတ်ပြုကိုးကွယ်ရာနေရာကို သန့်ရှင်းစွာထားရန် ဝိုင်းဝန်းကူညီဖို့လိုကြောင်း ညီအစ်ကိုများအား တန်ဖိုးထားရန် ကူညီပေးပါ။—ထပ်ဆင့်သိလိုပါက ဩဂုတ်လ ၁၉၈၉ ခု၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၇ ပါ “သင့်နိုင်ငံတော်ခန်းမကို လေးစားသလော” ဆောင်းပါးကိုကြည့်ပါ။
၁၅ မိ။ “ကျွန်ုပ်တို့စာပေများကို ကောင်းစွာအသုံးပြု။” မေးဖြေပြုလုပ်ရန်။ အိမ်ပေါက်ဝတွင် စာပေမဝေငှမီ အိမ်ရှင်သည် အမှန်စိတ်ဝင်စားမှုရှိမရှိ သတိပြုနိုင်ပုံကိုတင်ပြသော သရုပ်ပြခန်းနှစ်ခုပြပါ။
၁၀ မိ။ ဧည့်ကြိုများ၏တာဝန်။ ဧည့်ကြိုများကိုကြီးကြပ်သောညီအစ်ကိုကို လူတွေ့ခေါ်မေးမြန်းပါ။ သူတို့၏တာဝန်များကို ဆွေးနွေးပြီး ဧည့်ကြိုများကို အသင်းတော်မည်သို့ဝိုင်းဝန်းကူညီနိုင်ကြောင်း တင်ပြ။ (မိမိတို့ဓမ္မအမှုကိုကျေပွန်ရန် အဖွဲ့အစည်း၊ စာမျက်နှာ ၈၀၊ ၈၁ နှင့် ဒီဇင်ဘာ ၁၉၈၉ ခု၊ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၇ ကိုရှု။) တစ်ခါတစ်ရံ ဧည့်ကြိုများသည် မိဘတို့အား သူတို့သားသမီးကိုထိန်းသိမ်းပေးရန် ပြောစရာလိုလိမ့်မည်ဟုတင်ပြ။ စည်းဝေးတွင် သက်သောင့်သက်သာရှိရန်နှင့်စည်းကမ်းသေဝပ်မှုရှိရန် သတိပြုရ၏။ တက်ရောက်သူအရေအတွက်ကိုလည်း မှတ်ပေးမည်။ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများအား ထိုင်ခုံသို့ပို့ပေးရ၊ အစရှိသည်တို့ပြုရ၏။
၁၀ မိ။ ဓမ္မအမှုတွင် ဝေစာများအသုံးပြုခြင်း။ ရယူနိုင်သော ဝေစာအမျိုးမျိုးကို ပြပါ။ ယင်းတို့ကို နည်းအမျိုးမျိုးဖြင့် မည်သို့အသုံးပြုနိုင်ကြောင်းပြပါ။ ဝေစာများကို မည်သို့အသုံးပြုကြောင်း ပရိသတ်မှတင်ပြချက်များတောင်းဆို။ ယင်းနှင့်ပတ်သက်၍ တွေ့ကြုံမှုအချို့တင်ပြနိုင်သည်။ ဝေစာများအသုံးပြု၍ ကျမ်းစာသင်အံမှုမည်ကဲ့သို့စနိုင်ကြောင်း ဇန်နဝါရီလတွင် တင်ပြခဲ့သည်။ ဤသို့ချဉ်းကပ်ပုံနှင့်စပ်လျဉ်း၍ ရရှိသောတွေ့ကြုံမှုတို့ကို ပြောဆိုစေပါ။ ယင်းတို့ကိုအသုံးပြုရာတွင် ရရှိသည့်အခြားတွေ့ကြုံမှုများအတွက် “ဝေစာများ” ခေါင်းစဉ်အောက် Index ကိုလည်းကြည့်ပါ။
သီချင်း ၁၈၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဧပြီ ၂၉ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များ။
၁၅ မိ။ အားလပ်ချိန်ကို ဟန်ချက်ညီမျှစွာအသုံးပြုခြင်း။ လူငယ်များစွာကို အားလပ်ချိန်အကြောင်း လူတွေ့ခေါ်မေးပါ။ Young People Ask စာအုပ်၊ အခန်း ၃၅ မှ ၃၇ ပါအကြောင်းကိုအသုံးပြုပါ။ လူတွေ့ခေါ်မေးမြန်းသောညီအစ်ကိုသည် ဤသို့မေးနိုင်။ သင့်ဖတ်ရှုရာကို အဘယ်ကြောင့်ရွေးဖတ်ရန်လိုသနည်း။ သင့်လျော်သောစာပေကို မည်သို့ရွေးချယ်နိုင်သနည်း။ တီဗွီရှုစားခြင်း၏ ဆိုးကျိုးအချို့ကားအဘယ်နည်း။ ယင်းကိုမည်သို့ချုပ်ထိန်းနိုင်သနည်း။ လောကီလူငယ်များကို အတုမယူခြင်းအားဖြင့် သင်အဘယ်အရာမျှလက်လွတ်ဆုံးရှုံးမသွားပါဟု မည်သို့ဆိုနိုင်မည်နည်း။ သူတို့ကိုအတုယူခြင်းကား အဘယ်ကြောင့်အန္တရာယ်ရှိသနည်း။ ကျန်းခံ့သောအပန်းဖြေမှုရရန် နည်းလမ်းကောင်းအချို့ကားအဘယ်နည်း။ ဤကိစ္စရပ်တွင် ဟန်ချက်ညီရန် အဘယ်ကြောင့်လိုအပ်သနည်း။ (သို့မဟုတ် Index ကိုအသုံးပြုကာ အားလပ်ချိန်တွင် မည်သို့လေ့လာသုံးသပ်နိုင်ကြောင်း တင်ပြပါ။)
၁၅ မိ။ တစ်အိမ်မှတစ်အိမ် ဟောပြောပါ။ မိမိတို့ဓမ္မအမှုကို ကျေပွန်ရန်အဖွဲ့အစည်း စာမျက်နှာ ၁၀၆-၁၁၀ ကိုအခြေခံ၍ အားတက်သရောဟောပြော။ အုပ်စုလိုက် တစ်အိမ်မှတစ်အိမ်သက်သေခံခြင်း အသင်းတော်အစီအစဉ်ကိုသတိပြုစေကာ မိမိဒေသနှင့်မည်သို့သက်ဆိုင်ကြောင်းတင်ပြ။ တစ်အိမ်မှတစ်အိမ်ဓမ္မအမှုတွင် ထိရောက်စွာဟောပြောနိုင်ရန် ကြေညာသူလူသစ်များကိုလေ့ကျင့်ပေးခြင်း၏ အရေးကြီးမှုကိုတင်ပြပါ။
၁၀ မိ။ ဒေသလိုအပ်ရာများ။
သီချင်း ၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။