ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၁ စာ. ၂-၄
  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • စက်တင်ဘာ ၂ ရက်နေ့တွင် အစပြုမည့်အပတ်
  • စက်တင်ဘာ ၉ ရက်နေ့တွင် အစပြုမည့်အပတ်
  • စက်တင်ဘာ ၁၆ ရက်နေ့တွင် အစပြုမည့်အပတ်
  • စက်တင်ဘာ ၂၃ ရက်နေ့တွင်အစပြုမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နဓ ၉/၉၁ စာ. ၂-၄

စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

စက်တင်ဘာ ၂ ရက်နေ့တွင် အစပြုမည့်အပတ်

သီချင်း ၁၇

၁၀ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ တင်ပြစရာအချက်များကိုဖော်ပြပါ။

၂၀ မိ။ “သတင်းကောင်းဝေငှခြင်း​—တိုက်ရိုက်ချဉ်းကပ်နည်းဖြင့် သင်အံမှုများစခြင်း။” မေးဖြေပြုလုပ်ရန်။ အပိုဒ် ၃ နှင့် ၄ ကိုသုံးသပ်ပြီးနောက် Creation စာအုပ်နှင့်ကမ္ဘာသစ်တွင် ငြိမ်းချမ်းသောအသက်တာ ဝေစာကိုအသုံးပြုကာ တိုက်ရိုက်ချဉ်းကပ်နည်းကိုသရုပ်ပြပါ။ တိုက်ရိုက်ချဉ်းကပ်နည်းက အိမ်ရှင်မည်မျှစိတ်ဝင်စားသည်ကိုသိစေမည်။ ပထမအကြိမ်တွင် စာပေဝေငှရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ပြန်လည်ပတ်သွားရန်လိုကြောင်း အလေးအနက်တင်ပြပါ။ ဤအပတ်စနေတနင်္ဂနွေ လယ်ကွင်းလုပ်ငန်း၌ပါဝင်ကြစဉ် တိုက်ရိုက်ချဉ်းကပ်နည်းကိုအသုံးပြုပြီး ကျမ်းစာသင်အံမှုများစရန်ကြိုးစားကြဖို့ အားပေးပါ။

၁၅ မိ။ မေးခွန်းသေတ္တာ။ “ကျွနိုပ်တို့နိုင်ငံတော်ဓမ္မအမှု သည်ပုံစံအသစ်ဖြစ်လာ” နှင့်သီအိုကတစ်သတင်း။ ဤအပတ်စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန်အားပေး။

သီချင်း ၁၅၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၉ ရက်နေ့တွင် အစပြုမည့်အပတ်

သီချင်း ၂၁၄

၁၀ မိ။ ဒေသကြေညာချက်များ။ ဤအပတ်စနေတနင်္ဂနွေ လယ်ကွင်းလုပ်ငန်း၌အသုံးပြုမည့်မဂ္ဂဇင်းများပါအချက်များကို ပြန်သုံးသပ်ပါ။ အချိန်ရရှိလျှင် ဝေငှပုံတစ်ခုနှစ်ခုကို သရုပ်ပြပါ။

၂၀ မိ။ လုပ်ငန်းတော်နှစ်သစ်အတွက် ကိုယ်ပိုင်ပန်းတိုင်များထားပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် လွန်ခဲ့သောလုပ်ငန်းတော်နှစ်အတွက် အသင်းတော်၏လုပ်ငန်းကို ပြန်သုံးသပ်။ တိုးတက်ရာကိုချီးမွမ်းပါ။ လုပ်ငန်းတော်နှစ်သစ်အတွင်း မိမိဒေသတွင်ပိုမိုဂရုစိုက်ရမည့်ကဏ္ဍများကို အကြမ်းဖျင်းဖော်ပြပါ။ လက်တွေ့ကျအကြံပေးချက်များတင်ပြပါ။ တိုက်နယ်ကြီးကြပ်မှူး၏ နောက်ဆုံးအစီရင်ခံချက်မှတ်တမ်းကို ပြန်လည်သုံးသပ်ပါ။ Index မှမိမိလိုအပ်ရာနှင့် ပေးထားသည့်အကြံပြုချက်ကို မည်သို့အသုံးပြုနိုင်သည်ကိုရှာယူပါ။ လုပ်ငန်းတော်ကိုသစ္စာရှိရှိစွဲစွဲမြဲမြဲလုပ်ကိုင်သူများသည် သူတစ်ထူးအတွက် အားပေးမှုဖြစ်။ (ဟေ၊ ၆:၁၀) လွန်ခဲ့သောလုပ်ငန်းတော်နှစ်တွင် တိုးတက်ခဲ့သောကြေညာသူသို့မဟုတ်ရှေ့ဆောင်နှစ်ဦးကို လူတွေ့ခေါ်မေး။ ၁၉၉၂ ခုအတွက် အဘယ်ပန်းတိုင်များထားပြီနည်း။ နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုတော်ဆောင်ခဲ့သည့် ကြေညာသူ သို့မဟုတ် ရှေ့ဆောင်ကိုလည်ခေါ်မေး၍ သူတို့ကြုံတွေ့ခဲ့ရသောအခက်အခဲများကို ယေဟောဝါနှင့်ကိုယ်တော်၏အဖွဲ့အစည်းအကူအညီဖြင့် မည်သို့ကျော်လွှားခဲ့ရကြောင်းတင်ပြပါစေ။ ၁၉၉၂ လုပ်ငန်တော်နှစ်အတွင်း မိမိတို့၏ဓမ္မအမှုတိုးတက်ရေးအတွက် ထားရှိထိုက်သောပန်းတိုင်များထားကြရန် အားပေး။

၁၅ မိ။ “သူတစ်ပါးအားအကျိုးပြုရန်တာဝန်ကိုထမ်းဆောင်ခြင်း။” မေးဖြေတင်ပြရန်။ အပိုဒ် ၄ ကိုသုံးသပ်ရာတွင် ကြေညာသူတစ်ဦး၏ နှစ်ချီသစ္စာရှိပုံသက်သေကို အကြီးအကဲတစ်ဦး နိုင်ငံတော်ခန်းမတွင်ချီးမွမ်းအားပေးနေပုံ သရုပ်ပြ။ ကူညီပေးစရာ အဘယ်အရာလိုအပ်သနည်းဟု မေးမြန်းနိုင်။ သို့ရာတွင် ချီးမွမ်းစကားပြောခြင်းကို အသားပေးရမည်။

သီချင်း ၉၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၁၆ ရက်နေ့တွင် အစပြုမည့်အပတ်

သီချင်း ၄၄

၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ စက်တင်ဘာလမှတ်တမ်းကို ယခုအထိ အကောင်းဆုံးဖြစ်စေရန် ဘာလုပ်ခဲ့ပြီနည်း။ အကောင်းဆုံးဖြစ်စေရန် ဘာလုပ်နိုင်မည်နည်း။ လုပ်ငန်းတော်တွင်ပါဝင်၍ မှတ်တမ်းသွင်းကြရန် အားပေး။

၂၀ မိ။ “အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်​—အပိုင်း ၃။” အသင်းတော်စာအုပ်ကြီးသင်တန်းမှူးနှစ်ဦး ဤအကြောင်းကိုဆွေးနွေး။ မိမိအသင်းတော်နှင့်ပတ်သက်စေပါ။ လုပ်ငန်းတော်အစီအစဉ်များနှင့်ကိုက်ညီစွာ ကြေညာသူများလုပ်ဆောင်ကြရာ နှစ်ဦးနှစ်ဖက်အကျိုးများကို အလေးအနက်တင်ပြ။ လယ်ကွင်းလုပ်ငန်းတွေ့ဆုံခြင်းအတွက် အသုံးပြုသောအိမ်များကိုလေးစားမှုပြရန်လိုကြောင်းတင်ပြ။ မိမိတို့အိမ်ကိုအသုံးပြုခွင့်ပေးသောအိမ်ရှင်များကိုလည်း ကျေးဇူးတင်စကားပြော။ အခြားနေရာများ တစ်ခါတစ်ရံလိုအပ်မည်ဖြစ်၍ မိမိတို့အိမ်ကိုအသုံးပြုစေလိုလျှင် ဦးစီးကြီးကြပ်မှူး သို့မဟုတ် လုပ်ငန်းတော်ကြီးကြပ်မှူးကိုအကြောင်းကြားပါ။ ပြီးခဲ့သောအပတ် လုပ်ငန်းတော်အတွက်ပန်းတိုင်ထားခြင်းအကြောင်းမှ အချက်အချို့ကိုဖေါ်ပြပါ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဓမ္မအမှုတွင် ကြေညာသူများ ပန်းတိုင်ရောက်နိုင်ကြရန်အားပေးကူညီနိုင်သည်။

၁၅ မိ။ “လူငယ်များ​—သင်သည်ခရစ်ယာန်သစ္စာစောင့်သိမှုစမ်းသပ်ချက်ကို အောင်မြင်မည်လော။” ၁၉၉၁ ဇွန် ၁၅ ရက်ထုတ်ကင်းမျှော်စင် ကိုအခြေခံ၍ဟောရန်။ နှစ်ဘဝစံသောအသက်တာ၏မိုက်မဲမှုကို အလေးအနက်ဖော်ပြပါ။

သီချင်း ၁၇၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၃ ရက်နေ့တွင်အစပြုမည့်အပတ်

သီချင်း ၁၈၇

၁၀ မိ။ ဒေသကြေညာချက်များ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ တစ်ချက်နှစ်ချက်ပေါ်လွင်စေပါ။ ဤအပတ်စနေတနင်္ဂနွေနေ့ လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အားပေး။

၂၀ မိ။ “လယ်ကွင်းဓမ္မအမှုတွင် စိုးလ်အပြည့်ရှိလေ​—အပိုင်း ၃။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၄ ၌လုပ်ငန်းတော်တွင်လူသစ်များကို အတွေ့အကြုံရှိကြေညာသူ ကူညီပေးပုံသရုပ်ပြ။ ယုတ္တိရှိကန့်ကွက်ချက်တို့ကို ချေပပုံကို လူသစ်နှင့်လေ့ကျင့်ခန်းနေခြင်းကိုဖေါ်ပြ။

၁၅ မိ။ စက်တင်ဘာလတွင် မည်သို့ပြုခဲ့ပြီနည်း။ တနင်္ဂနွေတစ်ပတ်သာကျန်ရှိတော့၍ လုပ်ငန်းတော်အတွက်အားပေးပါ။

သီချင်း ၇၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ