မေးခွန်းသေတ္တာ
▪ နှစ်ခြင်းမခံသေးသည့်ကြေညာသူများအဖြစ် အသိအမှတ်ပြုမခံရမီ ခရစ်ယာန်မိဘများ၏ ကလေးငယ်များသည် အဘယ်အတိုင်းအတာအထိ လယ်ကွင်းဓမ္မအမှုတွင် ပါဝင်နိုင်သနည်း။
ခရစ်ယာန်မိဘများသည် မိမိတို့၏သားသမီးများအား ပါရမီရင့်ကျက်သော ယေဟောဝါကိုချစ်မြတ်နိုးသည့်ကျေးကျွန်များအဖြစ်သို့ ကြီးပြင်းလာစေလိုပါသည်။ (၁ ရာ၊ ၂:၁၈၊ ၂၆။ လု၊ ၂:၄၀) အလွန်ငယ်ရွယ်သောအသက်တွင်ပင် ခရစ်ယာန်အိမ်ထောင်စုရှိ ကလေးငယ်များသည် သူတို့၏ ကျမ်းစာအခြေခံ ယုံကြည်ချက်ကို ရှင်းလင်းပြတ်သားစွာ ခုခံတင်ပြပြောဆိုနိုင်ရမည်။ နို့စို့အရွယ်ကတည်းက မိဘများနှင့်အတူ လယ်ကွင်းဓမ္မအမှုတွင် သားသမီးများပါဝင်ခြင်းအားဖြင့် သူတို့၏ဝိညာဏကြီးပြင်းမှုသည် နှုန်းထားတိုးမြင့်စွာ တိုးတက်လာပါသည်။ သို့သော် လယ်ကွင်းလုပ်ငန်း၌ ပျော်ရွှင်မှုရရှိရန်၊ နှစ်ခြင်းမခံရသေးသည့်ကြေညာသူများအဖြစ် သတ်မှတ်ခံလိုစိတ်ရှိပြီး နိုင်ငံတော်သတင်းဟောပြောခြင်းလုပ်ငန်းတွင် ဆက်ပါဝင်လိုမည်ဆိုလျှင် စိတ်နှလုံးလှုံဆော်မှုအတိုင်း ကလေးငယ်များလုပ်ဆောင်ကြရန် အရေးကြီးပါသည်။ ထိုကြောင့် မိဘများ၏ ဂရုစိုက်လေ့ကျင့်သွန်သင်ပေးမှု လိုအပ်လာပါသည်။ (၁ တိ၊ ၄:၆။ ၂ တိ၊ ၂:၁၅) မိဘများသဘောတူညီမည်ဆိုလျှင် အခြားအရည်အချင်းရှိကြေညာသူများလည်း တစ်ခါတစ်ရံကူညီပေးနိုင်ပါသည်။—မိမိတို့ဓမ္မအမှု၊ စာမျက်နှာ ၁၂၅-၁၂၇။
အမူအကျင့်ကောင်းသောကလေးများသည် သူတို့၏ခရစ်ယာန်မိဘများနှင့်အတူ တစ်အိမ်မှတစ်အိမ်လုပ်ငန်းတွင် ပါဝင်ကြစဉ် ဓမ္မအမှုကို မည်သို့ဆောင်ရွက်ရကြောင်း သင်ယူတတ်သိသွားကြပါသည်။ သို့သော်သူတို့ကိုယ်တိုင် အရည်အချင်းအနည်းငယ်ဖြင့် တတ်ကျွမ်းလာမှသာလျှင် နှစ်ခြင်းမခံရသေးသည့်ကြေညာသူများအဖြစ် အသိအမှတ်ပြုခံရလိမ့်မည်။ အတူတကွတွဲအမှုဆောင်ကြရာတွင် ကလေးငယ်သည် အဘယ်အတိုင်းအတာအထိ ပါဝင်နိုင်ကြောင်း ခရစ်ယာန်မိဘများဆုံးဖြတ်နိုင်ပါလိမ့်မည်။ နှစ်ခြင်းမခံရသေးသည့်ကြေညာသူများအဖြစ် အသိအမှတ်ပြုမခံရသေးသောကလေးများသည် မိမိကိုယ်တိုင် တစ်ယောက်တည်းသော်လည်းကောင်း၊ အခြားကလေးများနှင့်အတူတွဲ၍သော်လည်းကောင်း လယ်ကွင်းလုပ်ငန်းပြုလုပ်ခွင့်မရှိသေးပါ။ ကျမ်းချက်တစ်ချက်ကို ဖတ်စေခြင်း၊ ဝေစာသို့မဟုတ်မဂ္ဂဇင်းကို ဝေငှပေးခြင်း၊ စာပေတစ်ခုခုတွင် ရုပ်ပုံကို အိမ်ရှင်အားဖွင့်ပြခြင်း အစရှိသည်တို့ကိုပြုစေခြင်းအားဖြင့် လယ်ကွင်းလုပ်ငန်းအတွက် သားသမီးများကို မိဘများပြင်ဆင်ပေးနိုင်ပါသည်။ ကလေးသည် တဖြည်းဖြည်းကြီးလာသည့်အခါ ဆွေးနွေးခန်းတွင် ပိုမိုပါဝင်လာနိုင်ပါလိမ့်မည်။
ကောင်းစွာလေ့ကျင့်ပေးခြင်းအားဖြင့် ကလေးငယ်များသည် မိဘတို့၏ညွှန်ကြားမှုကိုလိုက်နာခြင်း၊ စည်းကမ်းသေဝပ်စွာပြုမူခြင်းအားဖြင့် ဓမ္မအမှုဆောင်ခြင်း၏ အရေးကြီးမှုကို သူတို့သဘောပေါက်လာလိမ့်မည်။ နှစ်ခြင်းမခံရသေးသည့်ကြေညာသူများအဖြစ် အသိအမှတ်ပြုမခံရသေးသော ကလေးငယ်များကို မိဘများသည် လယ်ကွင်းလုပ်ငန်းအတွက်အစည်းအဝေးများသို့ သူတို့အား အခြားသူများ စောင့်ရှောက်ကြည့်ရှုပေးလိမ့်မည်ဟု မျှော်လင့်လျက် တစ်ယောက်တည်းပို့လိုက်ခြင်းကို မပြုသင့်ပါ။ သားသမီးများကိုဂရုစိုက်သောမိဘများသည် မိမိကလေးများကို ကိုယ်တိုင်ကြပ်မတ်စောင့်ရှောက်ရန် တာဝန်ရှိသည်ကို အသိအမှတ်ပြုကြပါမည်။ ဓမ္မအမှုဆောင်ရွက်ခြင်းဖြင့် ယေဟောဝါကိုဝတ်ပြုလိုစိတ် တကယ်ရှိသူ အသင်းတော်မှကလေးငယ်များကို လေ့ကျင့်ပေးရေးတွင် အခြားတာဝန်သိတတ်သောကြေညာသူများလည်း ပါဝင်ကူညီပေးလိုကောင်း ကူညီပေးလိုပါလိမ့်မည်။