ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၂/၉၂ စာ. ၁-၄
  • ယေရှုအားရှုမှတ်ရန် သူတစ်ပါးကို လှုံ့ဆော်ပေးပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုအားရှုမှတ်ရန် သူတစ်ပါးကို လှုံ့ဆော်ပေးပါ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • အကြီးမြတ်ဆုံးလူသားနောက်လိုက်ရန် အခြားသူများအားဖိတ်ခေါ်လေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • အကြီးမြတ်ဆုံးလူသားအကြောင်း သူတစ်ပါးသိရှိစေရန် ကူညီပေးလော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ယေရှုခရစ်နှင့်ပတ်သက်သည့် တိကျမှန်ကန်သောအသိပညာကို ဝေမျှ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁၂/၉၂ စာ. ၁-၄

ယေရှုအားရှုမှတ်ရန် သူတစ်ပါးကို လှုံ့ဆော်ပေးပါ

၁ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်သည် အလွန်ထူးခြားပါသည်။ ယင်း၏ ၁၃၃ ခန်းသည် စာရှုသူများအား ယေရှုကိုရှုမှတ်စေ၍ ကိုယ်တော်၏ပုံသက်သေကိုတုပရန် လှုံ့ဆော်တိုက်တွန်းပေးနိုင်ပါသည်။ အုပ်စိုးခဲ့သမျှဘုရင်အားလုံးတို့စုပေါင်း၍ပင် ယေရှုကဲ့သို့ လူအပေါင်းကို ဩဇာမလွှမ်းမိုးနိုင်ဟုဆိုခြင်းသည် အလွန်မှန်ကန်ပါသည်။ ယေရှုအားရှုမှတ်သူများသည် အမှန်အကျိုးခံစားရလိမ့်မည်။

၂ ယေရှုသည် ခမည်းတော်အကြောင်းသွန်သင်ပေးပြီး ကိုယ်တော်တိုင်လည်း ဘုရားသခင့်အရည်အသွေးမြတ်တို့၏ပြယုဂ်ဖြစ်စေခဲ့သည်။ ဆရာသမားအဖြစ် ယေရှု၏ထူးခြားသောအရည်အချင်း၊ ကိုယ်တော်၏သတ္တိပြောင်မြောက်သော ဦးစီးဦးဆောင်မှု၊ ကိုယ်တော်၏ ယုယကြင်နာမှုတို့ကို သုံးသပ်ကြသည့်အခါ စိတ်ကိုထိမိစေသည်။ ကျွန်ုပ်တို့အားရွေးနှုတ်ခြင်းငှာ အသက်တော်ကိုစွန့်ခဲ့စဉ် ကိုယ်တော်ခံစားခဲ့ရသော ဆင်းရဲဒုက္ခများကို ပြန်လည်သတိရသည့်အခါ အလွန်ကျေးဇူးတင်လေးမြတ်ကြသည်တကား။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်သည် ယေရှုကို ဤသို့သဘောထားကြရန် လူတို့အားတိုက်တွန်းပေးပါလိမ့်မည်။

၃ အသေအချာပြင်ဆင်။ သူတစ်ပါး ယေရှုအားရှုမှတ်ရန် လှုံ့ဆော်ပေးစေမည့် ကျမ်းစာဆွေးနွေးချက် ဖြစ်ပေါ်လာစေရန် ကောင်းစွာပြင်ဆင်ထားပါ။ မိသားစုလိုက်သော်လည်းကောင်း၊ အခြားသူများနှင့်သော်လည်းကောင်း အတူတကွလေ့ကျင့်နိုင်ကြပါသည်။ စိတ်ဝင်စားမှုနှိုးဆွပေးရန်နှင့် အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဖတ်ရှုလိုစိတ်ပေါ်လာစေရန် ကြိုးစားတိုက်တွန်းပါ။ ယင်းသို့ဖြစ်စေရန် တစ်ချိန်ထက်မက စကားပြောဆိုရန် လိုအပ်ပေမည်။ အစကနဦးတွင် စိတ်ဝင်စားမှုနည်းမည်ဆိုလျှင် ဝေစာ၊ ဘရိုရှာ၊ သို့မဟုတ် မဂ္ဂဇင်းတစ်စောင် ထားရစ်ခဲ့နိုင်သည်။

၄ ဒီဇင်ဘာလအတွင်း တစ်အိမ်မှတစ်အိမ်သွားစဉ် ယေရှုအကြောင်းကို အဓိကထားဆွေးနွေးပြီး ကိုယ်တော်ကိုပိုမိုသိကျွမ်းလာစေရန် ကြိုးစားအားထုတ်ကြမည်။ အကြီးမြတ်ဆုံးလူသား စာအုပ်ပါအချက်အလက်များကို ပေါ်လွင်စေခြင်းအားဖြင့် ယေရှုအား သမိုင်းဝင်ပုဂ္ဂိုလ်တစ်ဦးအဖြစ်သာမက ဘုရားသခင့်သားတော်အဖြစ်၊ လူ့ပြဿနာရှိရှိသမျှတို့ကို ဖြေရှင်းပေးနိုင်မည့်အစိုးရ၏ နန်းထိုင်ဘုရင်အဖြစ် တွေ့မြင်နိုင်စေရန် ကူညီပေးပါမည်။

၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု အလေးအနက်တင်ပြထားသည့်အတိုင်းပင် အသင်းမစာပေများကို ပညာရှိရှိအသုံးပြုလိုကြပါသည်။ လူတစ်ဦးသည် စိတ်ဝင်စားမှု အမှန်ရှိမရှိ မည်သို့ဆုံးဖြတ်နိုင်မည်နည်း။ ထိုသူသည် ဂရုစိုက်နားထောင်မည်၊ မေးခွန်းများမေးမည်၊ ကျမ်းချက်ကို အထူးအာရုံပြုမည်ဆိုလျှင် စိတ်ဝင်စားမှုအမှန်ရှိကြောင်း တင်ပြနေခြင်းဖြစ်မည်။ ကျွန်ုပ်တို့၏လည်ပတ်မှုများ၊ စာပေများကို တန်ဖိုးထားကြောင်း အချို့အိမ်ရှင်များ ပြောဆိုကြမည်။ စာအုပ်ပြပေးသည့်အခါ အသေအချာစစ်ဆေးကြည့်ရှုပြီး ကိုယ်ပိုင်တစ်အုပ် မည်သို့ရရှိနိုင်ကြောင်း မေးမြန်းမည်ဆိုလျှင် စိတ်ဝင်စားမှုရှိကြောင်း တင်ပြခြင်းဖြစ်သည်။ ဤသို့သောစိတ်ဝင်စားမှုမပြပါက ဝေစာထားရစ်ခဲ့နိုင်မည်၊ ဆက်ဆွေးနွေးရန် မေးခွန်းတစ်ခုမေးမြန်းကာ ပြန်လည်ပတ်မှုပြုရန် စီစဉ်ထားနိုင်ပါမည်။ ပြန်သွားသည့်အခါ စိတ်ဝင်စားမှုမည်မျှရှိသည်ကို ပိုမိုဝေခွဲနိုင်ပါလိမ့်မည်။​—Kingdom Ministry, May 1990 page 7.

၆ စာဖတ်ဝါသနာမပါသူတစ်ဦးက အကြီးမြတ်ဆုံးလူသား စာအုပ်ကိုဖတ်ရှုခြင်းသည် သူ့အတွက်ပျော်ရွှင်စရာဖြစ်ကြောင်း ပြောပါသည်။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို တကယ်စိတ်ဝင်စားစွာ ဖတ်ရှုခြင်းအားဖြင့် ယေရှုအားရှုမှတ်ရန် သူတစ်ပါးကို လှုံ့ဆော်ပေးဖို့ အတတ်နိုင်ဆုံးကြိုးစားခြင်းအားဖြင့် ထပ်တူသဘောမျိုးရှိလာစေရန် ကူညီပေးကြစို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ