ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁/၉၃ စာ. ၂-၅
  • ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ခေါင်းစ‎ဥ်ငယ်များ
  • ဇန်နဝါရီ ၄ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၁၁ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၁၈ တွင် စမည့်အပတ်
  • ဇန်နဝါရီ ၂၅ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁/၉၃ စာ. ၂-၅

ဇန်နဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ

ဇန်နဝါရီ ၄ တွင် စမည့်အပတ်

သီချင်း ၂၃

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု မှသက်ဆိုင်ရာ ကြေညာချက်များ။

၂၅ မိ– “သင့်ဓမ္မအမှုကိုတိုးချဲ့စရာနည်းလမ်းများ။” ဓအ၊ စာမျက်နှာ ၁၃၇-၁၄၇။ ဟောပြော။ ကိုယ်ပိုင်နှင့် မိသားစုပန်းတိုင်ထားချက်များနှင့်စပ်လျဉ်း၍ ပုံသက်သေကောင်းသောကြေညာသူအချို့ကို လူတွေ့ခေါ်မေးမြန်း။

၁၀ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် နိုဝင်ဘာ ၈၊ ၁၉၉၂ နိုးလော့ (အင်္ဂလိပ်) စာမျက်နှာ ၃​—၁၀ “Maintain a Proper View of Entertainment” အခြေပြု၍ဟောပြော။

သီချင်း ၁၃၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၁ တွင် စမည့်အပတ်

သီချင်း ၁၆၂

၁၀ မိ– ဒေသကြေညာချက်များ။

၂၀ မိ– “ငြိမ်သက်ခြင်းနှင့် လုံခြုံမှုရရန် ဘုရားသခင့်နည်းလမ်းတော်ကို ဟောပြော။” ဆောင်းပါးကို မေးဖြေပြုလုပ်ရန်။ လယ်ကွင်းလုပ်ငန်းတွင် ဝေစာများအသုံးပြုကြရန် ကြေညာသူတို့ကိုအားပေးပါ။ အပိုဒ် ၃ ကိုဆွေးနွေးပြီးနောက် ဤလောက ဆက်လက်တည်ရှိမည်လော ဝေစာကိုအသုံးပြု၍ ပထမဦးဆုံးရောက်ချိန်၊ သို့မဟုတ် ပြန်လည်ပတ်မှုပြုချိန်တွင် ကျမ်းစာသင်အံမှု မည်သို့စတင်နိုင်ကြောင်း ကောင်းစွာပြင်ဆင်ထားသူ ကြေညာသူအား သရုပ်ပြစေပါ။ ကြေညာသူက “မင်္ဂလာပါ။ ယနေ့ လူ့ဘဝရဲ့တန်ဖိုးကို ဆွေးနွေးတင်ပြနေကြပါတယ်။ ယနေ့ လူ့အသက်တာမှာ ဖြစ်ပျက်နေတဲ့အမှုများနဲ့ ခင်ဗျားကျေနပ်နိုင်ပါသလော။” အိမ်ရှင်က “ကျေနပ်တယ်လို့ မပြောနိုင်ဘူး။” ကြေညာသူ၊ “အခြေအနေကောင်းလာမယ်လို့ထင်သလား။” အိမ်ရှင်၊ “မသိဘူး။” ဝေစာကို ကြေညာသူပြပြီး “ဖြစ်ပျက်နေတဲ့ကိစ္စတွေဟာ ကျမ်းစာပရောဖက်ပြုချက်များရဲ့ ပြည့်စုံချက်လို့ တချို့ထင်ကြတယ်။ ကမ္ဘာကုန်လုနီးပြီလို့လည်း ထင်ကြတယ်။ ခင်ဗျားကော။” အိမ်ရှင်၊ “မသိဘူး။ ဖြစ်နိုင်စရာအကြောင်းရှိပါတယ်။” ထိုအခါ ကြေညာသူသည် ဝေစာကိုကိုးကား၍ ကမ္ဘာကုန်ဆုံးခြင်းသည် ပကတိကောင်းကင်၊ မြေကြီး၏အဆုံးကို မဆိုလိုကြောင်း ရှင်းပြသည်။ လက်ရှိစနစ်၏အဆုံးနီးနေကြောင်းကို ကျမ်းစာနှင့်သက်သေထူဖို့ နောက်တစ်ကြိမ်ပြန်လာရန် ကြေညာသူစီစဉ်ခဲ့ပါသည်။

၁၅ မိ– သွေးသွင်းခြင်းပြဿနာများကို ရှောင်ကြဉ်ခြင်း။​—ကျွန်ုပ်တို့၏တင်ကြို ဆေးဘက်ဆိုင်ရာလမ်းညွှန်ကို အသစ်လဲရန်အချိန်တန်ပြီ။ ဤအပိုင်းကို တာဝန်ယူသောအကြီးအကဲသည် ကတ်ပြားအသစ်များကို နှစ်ခြင်းခံယူပြီးသား ကြေညာသူများထံ ဝေငှပေး၍ ဤကတ်ပြားများကိုအသုံးပြုခြင်းအကြောင်း ရှင်းပြပေးသည့် ၁၉၉၁၊ အောက်တိုဘာ ၁၅ ရက်စွဲပါ၊ အသင်းမစာကို အသေအချာဆွေးနွေးတင်ပြသည်။ ပြင်ဆင်ခြင်းငှာ ၁၉၉၀၊ ဇန်နဝါရီ ၁ ရက်စွဲပါ အသင်းမစာကို အသေးစိတ်ပြန်သုံးသပ်ထားပါ။ သက်သေများအဖြစ် လက်မှတ်ရေးထိုးသူများသည် ကတ်ပြားပိုင်ရှင်ကိုယ်တိုင် မိမိကတ်ပြားကိုလက်မှတ်ရေးထိုးခြင်းကို တွေ့ မြင်သူများဖြစ်ရမည်။ ကတ်ပြားအသစ်များရရှိသည့်အခါ ဖြည့်စွက်လိုက်ရန် အားပေးပါ။ နှစ်ခြင်းခံယူပြီးသားကြေညာသူများသည် ဤဆေးဘက်ဆိုင်ရာလမ်းညွှန်ကတ်ပြားမပါဘဲ အိမ်ပြင်သို့မထွက်သင့်ပါ။ သက်သေခံဖြစ်သောမိဘများ၏ နှစ်ခြင်းမယူရသေးသော မိဘလက်အောက်ရှိသားသမီးများလည်း မှတ်ပုံတင်ကတ်ပြားကို အမြဲဆောင်ထားသင့်သည်။ အသင်းတော်အစည်းအဝေးတစ်ခုတွင် မကြာမီက စစ်ဆေးလိုက်သည့်အခါ ကြေညာသူငါးယောက်လျှင် တစ်ယောက်သည် ကတ်ပြားမဆောင်ထားကြောင်း သိရှိရသည်။ ကလေးတစ်ဦးတစ်ယောက်မျှ မှတ်ပုံတင်ကတ်ပြားမရှိကြပါ။ နိဂုံးတွင် သုတ္တံ ၂၂:၃ ကိုဖတ်၍ သက်ဆိုင်ပုံကိုရှင်းပြပါ။

သီချင်း ၁၅၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၁၈ တွင် စမည့်အပတ်

သီချင်း ၁၃၀

၁၀ မိ– ဒေသကြေညာချက်များနှင့် သီအိုကရက်တစ်သတင်း။ စာရင်းအင်းမှတ်တမ်းကိုဖတ်ပြပြီး အလှူငွေများကိုကျေးဇူးတင်ကြောင်း တင်ပြ။ ဒေသခံအသင်းတော်လိုအပ်ရာများအတွက် ရက်ရောစွာထောက်ပံ့ကူညီပေးသည့်အတွက် အသင်းတော်ကိုချီးမွမ်း။

၂၀ မိ– “အရေးကြီးကိရိယာများကို ပညာရှိစွာအသုံးပြုခြင်း။” သဘာပတိ တိုတုတ်စွာနိဒါန်းပျိုးပြီးနောက် အပိုဒ် ၂ မှ ၅ ပါအကြောင်းနှင့်စပ်လျဉ်း၍ သရုပ်ပြခန်းနှစ်ခုရှိပါလိမ့်မည်။ ပထမသရုပ်ပြခန်းပြီးနောက် အိမ်ရှင်သည် မဂ္ဂဇင်းနှစ်စောင်ယူ၊ တန်ဖိုးမေး၊ ကမ္ဘာချီလုပ်ငန်းအတွက် အလှူငွေပေး။ ဆင်းရဲဒုက္ခကို ဘုရားသခင်အဘယ်ကြောင့်ခွင့်ပြုထားရသနည်းမေးခွန်းကို ဖြေဆိုပေးရန် ပြန်လာမည်ဟု ကြေညာသူကတိပြုသည်။ ဒုတိယသရုပ်ပြခန်းအဆုံးတွင် သင့်တော်သောဝေစာနှင့် အိမ်တွင်းကျမ်းစာသင်အံမှုစလိုက်သည်။ ဤအပတ် စနေ၊ တနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်စဉ် အိမ်ရှင်များနှင့် ကျမ်းစာအကြောင်းဆွေးနွေးနိုင်ရန် ကြိုးစားကြဖို့ အားလုံးကိုတိုက်တွန်းပေးပါ။

၁၅ မိ– သွေးကို ခရစ်ယာန်များ အဘယ်ကြောင့်ရှောင်ကြဉ်သနည်း။ အဓိပ္ပာယ်ဖော်ပြချက်နှင့် Reasoning စာအုပ်၊ စာမျက်နှာ ၇၀-၂ ပါ “သွေး” အောက်ခေါင်းစဉ်ငယ် ပထမသုံးခုကိုအခြေခံသည့်အကြောင်းကို အကြီးအကဲဟောပြော။

သီချင်း ၁၇၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

ဇန်နဝါရီ ၂၅ တွင် စမည့်အပတ်

သီချင်း ၁၂၈

၁၀ မိ– ဒေသကြေညာချက်များ။ “လုပ်ငန်းတော် အခွင့်ထူး” ဆောင်းပါးမှ အဓိကအချက်များကို ဆွေးနွေး။ အချိန်ရလျှင် အမြဲပြန်သွားနေရသည့် မဂ္ဂဇင်းလမ်းကြောင်းရှိ ကြေညာသူတစ်ဦးကို လူတွေ့ခေါ်မေးမြန်းပါ။ ယင်းကို မည်သို့စတင်ခဲ့သနည်း။ စိတ်ဝင်စားမှုကို နှိုးဆွပေးရန်၊ အိမ်ရှင်သည် မည်မျှစိတ်ဝင်စားကြောင်း ဝေဖန်နိုင်ရန် မည်သို့အထောက်အကူရခဲ့သနည်း။

၁၅ မိ– “ရှေ့ဆောင်တစ်ဦးအနေနှင့် ယေဟောဝါအမှုတော် ထမ်းဆောင်နိုင်မည်လော။” ပရိသတ်နှင့်ဆွေးနွေး။ မှန်မှန်ရှေ့ဆောင်နေသော လူငယ်၊ သို့မဟုတ် ငယ်ရွယ်စဉ်က ရှေ့ဆောင်ခဲ့သောကြေညာသူအား လူတွေ့ခေါ်မေးမြန်းပါ။ ရှေ့ဆောင်ခြင်းပန်းတိုင်ကို မီနိုင်ရန် မိဘများနှင့် အခြားသူများ လူငယ်တို့ကို မည်သို့အားပေးနိုင်ကြောင်း ပေါ်လွင်စေပါ။ အချိန်ပြည့်လုပ်ငန်း၌ပါဝင်နိုင်ခွင့်ကို အလေးအနက်သုံးသပ်ကြည့်ရန် အားလုံးကို တိုက်တွန်းပါ။ မတ်နှင့်ဧပြီလတွင် အရန်ရှေ့ဆောင်ကြရန် ယခုကပင်စီစဉ်ထားပါ။

၂၀ မိ– “ထိရောက်သောပြန်လည်ပတ်မှုများပြုလုပ်ခြင်းအားဖြင့် စိတ်ဝင်စားမှု တိုးပွားစေပါ။” တိုတိုကလေးဟောပြီးနောက် အပိုဒ် ၃ တွင် အကြမ်းဖော်ပြထားသည့်အကြောင်းကို သရုပ်ပြ။ အချိန်ရလျှင် နိဒါန်း၊ ကျမ်းချက်ကို ကူးပြောင်းတင်ပြပုံ အစရှိသည့် တင်ဆက်ပုံ၏ အဓိကအချက်အချို့ကို တစ်ဖန်ပြန်ဖော်ပြနိုင်သည်။

သီချင်း ၁၆၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ