ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၃ စာ. ၃
  • အထူးအစည်းအဝေးနေ့ အစီအစဉ်သစ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အထူးအစည်းအဝေးနေ့ အစီအစဉ်သစ်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • အထူးအစည်းအဝေးနေ့ အစီအစဉ်အသစ်
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • အထူးအစည်းအဝေးနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုလက်ခံ၍ကျင့်သုံးခြင်းအားဖြင့် အကျိုးခံစားရခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • အထူးအစည်းအဝေးပွဲနေ့အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၈/၉၃ စာ. ၃

အထူးအစည်းအဝေးနေ့ အစီအစဉ်သစ်

၁ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသားကိုလေ့လာခဲ့ခြင်းမှ ယေရှုခရစ်ကို တန်ဖိုးထားလေးစားမှု တိုးများလာခဲ့ပေပြီ။ အထူးစည်းဝေးပွဲနေ့အစီအစဉ်သည် “ကျွန်ုပ်တို့၏ကြီးမြတ်သောပုံသက်သေရှင်နောက် အနီးကပ် လိုက်လျှောက်ခြင်း” အဓိကခေါင်းစဉ်ကို ရှင်းလင်းဖော်ပြမည်ဖြစ်ခြင်းသည် လျောက်ပတ်ပေသည်။ ယင်းကြောင့် ကိုယ်တော့်နောက်တော်သို့လိုက်ခြင်းကို ပိုမိုသဘောပေါက်နားလည်လာစေပါလိမ့်မည်။

၂ အသက်အရွယ်မရွေး၊ သမ္မာတရား၌ သက်တမ်းမရွေး စည်းဝေးပွဲကိုတက်ရောက်သူ မည်သူမဆိုသည် ခရစ်တော်နှင့်ပိုတူလာရန် အားပေးတည်ဆောက်ခံရပါမည်။ အစီအစဉ်တစ်ပိုင်းတွင် အထူးသဖြင့်လူငယ်များအတွက် ဩဝါဒများပါမည်။ ပညာရေး၊ အပျော်အပါးနှင့် စည်းစိမ်ဥစ္စာနှင့်စပ်လျဉ်းသည့် စိန်ခေါ်ချက်များကို ရင်ဆိုင်နိုင်ရန် အထောက်အကူပြုပါလိမ့်မည်။ လောက၏လွှမ်းမိုးမှုကို မည်သို့ငြင်းဆန်ပြီး ခရစ်တော်၏ပုံစံကို ခံယူနိုင်မည့်နည်း ပေါ်လွင်စေမည့် ဟောပြောချက်များ၊ တွေ့ကြုံမှုများနှင့် သရုပ်ပြခန်းများပါပေမည်။​—၁ ပေ၊ ၂:၂၁။

၃ ဆက်ကပ်အပ်နှံခါစလူသစ်များသည် နှစ်ခြင်းယူခြင်းအားဖြင့် သူတို့သည် ခရစ်တော်၏နောက်လိုက်များဖြစ်ကြောင်း လူအများရှေ့တင်ပြခွင့်ကို ရကြပါမည်။ နှစ်ခြင်းအစီအစဉ်မစမီ ယင်းနှင့်ပတ်သက်သော အားရှိစရာ ကျမ်းစာအခြေခံဆွေးနွေးချက်ကို ကြားနာရမည်။ အထူးအစည်းအဝေးနေ့တွင် နှစ်ခြင်းခံလိုသူများသည် သူတို့၏ဦးစီးကြီးကြပ်မှူးအား အစောဆုံး အကြောင်းကြားမည်ဆိုလျှင် နှစ်ခြင်းခံယူလိုသူများအတွက် သတ်မှတ်ထားသောမေးခွန်းများကို အကြီးအကဲများနှင့် လေ့လာရန်အချိန်အလုံအလောက်ရှိစေမည်။

၄ ဧည့်ဟောပြောသူသည် အဓိကဟောပြောချက် “ကျွန်ုပ်တို့၏ကြီးမြတ်သောပုံသက်သေ နောက်လိုက်လျှောက်ခြင်း​—အဘယ်သို့ကျွန်ုပ်တို့အားပို့ဆောင်ပေးသနည်း” ကိုဟောပြောပါမည်။ ဤအားပေးတည်ဆောက်မှုဖြစ်မည့်၊ ယုံကြည်ခြင်းတိုးပွားစေသော အစီအစဉ်ကို စိတ်ဝင်စားသူအားလုံးကြားနာနိုင်ရန် ဖိတ်ခေါ်ပါလေ။ ကျွန်ုပ်တို့၏ကြီးမြတ်သောပုံသက်သေ၊ ယေရှုခရစ်တော်နောက်သို့လိုက်ခြင်းထက် သာ၍မွန်မြတ်သော၊ ပို၍အကျိုးဖြစ်ထွန်းသော လမ်းစဉ်မရှိနိုင်ပါ။​—မ၊ ၁၉:၂၇-၂၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ