ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၅ စာ. ၂
  • မေအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေအတွက်လုပ်ငန်းတော်စည်းဝေးများ
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • မေ ၁ တွင် စမည့်အပတ်
  • မေ ၈ တွင် စမည့်အပတ်
  • မေ ၁၅ တွင် စမည့်အပတ်
  • မေ ၂၂ တွင် စမည့်အပတ်
  • မေ ၂၉ တွင် စမည့်အပတ်
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၅/၉၅ စာ. ၂

မေအတွက်လုပ်ငန်းတော်စည်းဝေးများ

မေ ၁ တွင် စမည့်အပတ်

သီချင်း ၄၃

၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသော ကြေညာချက်များ။

၁၅ မိ– “စိတ်နှိမ့်ချသူများအတွက် သတင်းကောင်း။” ဆောင်းပါးကို ပရိသတ်နှင့်ဆွေးနွေးပြီး တင်ဆက်ပုံ တစ်ခုနှစ်ခုကို သရုပ်ပြပါ။

၂၀ မိ– “လူတိုင်းအတွက် အထူးနိုင်ငံတော်သတင်း။” ဟောပြောပြီး လုပ်ငန်းတော်ကြီးကြပ်မှူး ပရိသတ်နှင့် ဆွေးနွေးရန်။ နိုင်ငံတော်သတင်း ဝေငှခြင်းကို မည်မျှဆောင်ရွက်ပြီးကြောင်း ပြန်လည်သုံးသပ်။ အထူးသဖြင့်သတိပြုစေရမည်ကား လုပ်ငန်းတော်အစီအစဉ်များကို အားပေးထောက်ခံမှုနှင့် ပထမဆုံးအကြိမ် လယ်ကွင်းလုပ်ငန်း၌ လူသစ်များပါဝင်လာခြင်းအကြောင်းဖြစ်သည်။ ရပ်ကွက်တွင် မည်မျှအမှုတော်ဆောင်ခဲ့ကြောင်းကိုဖော်ပြ; အခြားအသင်းတော်တစ်ခုက အကူအညီတောင်းခံမည်ဆိုလျှင် မည်သို့ကူညီပေးနိုင်မည်အကြောင်း ရှင်းပြ။ ခွဲတမ်းရထားသည့် နိုင်ငံတော်သတင်း စာစောင်များကို ကုန်အောင်ဝေငှနိုင်ရန် အားလုံးကိုတိုက်တွန်းပါ။ စိတ်ဝင်စားမှုတွေ့တိုင်း ရေးမှတ်ထားပြီး ကျမ်းစာသင်အံမှုများရရန် ပြန်လည်ပတ်မှုများပြုလုပ်ခြင်းတို့သည် အရေးကြီးကြောင်း အလေးအနက်ဖော်ပြပါ။ အကြံပြုသော တင်ဆက်ပုံကို သရုပ်ပြပါ။

သီချင်း ၅၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၈ တွင် စမည့်အပတ်

သီချင်း ၆၁

၁၅ မိ– ဒေသကြေညာချက်များ။ “အသင်လည်း တွေ့ကြုံမှုကောင်းများ ရရှိနိုင်!” နိုင်ငံတော်သတင်း ဝေငှရာတွင် တွေ့ကြုံသော အားရှိစရာ တွေ့ကြုံမှုများကို အချိန်ရသရွေ့ တင်ပြရန် ပရိသတ်အားဖိတ်ခေါ်ပါ။

၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၅၊ ဧပြီ ၁ ရက်ထုတ်၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၉ ပါ “လူသိရှင်ကြားကဲ့ရဲ့ရှုတ်ချခံရခြင်းကို ခရစ်ယာန်များ ကိုင်တွယ်ဖြေရှင်းပုံ” အကြောင်းကိုဟောပါ။

၁၅ မိ– “လူမရှိသည့် အိမ်များကို အဘယ်ကြောင့်ရေးမှတ်ထားရမည်နည်း။” မေးဖြေရန်။

သီချင်း ၆၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၁၅ တွင် စမည့်အပတ်

သီချင်း ၅၄

၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။

၁၅ မိ– “အလင်းဆောင်သူများအဖြစ် ကျွန်ုပ်တို့၏စံနမူနာရှင်နောက်သို့ လိုက်ခြင်း။” မေးဖြေရန်။

၂၀ မိ– “၁၉၉၅ ‘ရွှင်လန်းသောချီးမွမ်းသူများ’ ခရိုင်စည်းဝေးပွဲကြီး။” အပိုဒ် ၁-၁၆ ကိုမေးဖြေရန်။

သီချင်း ၄၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂၂ တွင် စမည့်အပတ်

သီချင်း ၆၆

၁၀ မိ– ဒေသကြေညာချက်များ။ နွေကာလတွင် အရန်ရှေ့ဆောင်ကြရန် အားပေး။ မိမိတို့ဓမ္မအမှုကို ကျေပွန်ရန်အဖွဲ့အစည်း စာအုပ်၊ စာမျက်နှာ ၄၁-၄၂ တွင် အကြမ်းဖျင်း ဖော်ပြထားသော အရည်အချင်းများကို ပြန်လည်သုံးသပ်ပါ။

၁၅ မိ– “ကယ်နုတ်ခြင်းကိုဖြစ်စေသည့် ထိုးမှတ်ခြင်း။” ပရိသတ်နှင့်ဆွေးနွေးရန်။ ပြန်လည်ပတ်မှုများကို မည်သို့ပြုလုပ်နိုင်ကြောင်း တင်ပြရန် သရုပ်ပြတစ်ခုနှစ်ခု ထည့်ပေးပါ။

၂၀ မိ– “၁၉၉၅ ‘ရွှင်လန်းသောချီးမွမ်းသူများ’ ခရိုင်စည်းဝေးပွဲကြီး။” အပိုဒ် ၁၇-၂၈ ကို မေးဖြေရန်။ “ခရိုင်စည်းဝေးပွဲ သတိပေးချက်များကို ပြန်လည်သုံးသပ်။” အချိန်ရသရွေ့ ၁၉၉၅၊ မတ်လ နိုင်ငံတော်ဓမ္မအမှု စာစောင်တွင်ပါသော “၁၉၉၅ ခရိုင်စည်းဝေးပွဲကို လွယ်ကူစေခြင်း” အကြောင်းမှ သက်ဆိုင်သည့် အသေးစိတ်အချက်အလက်များကို ပြန်လည်သုံးသပ်ပါ။

သီချင်း ၇၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

မေ ၂၉ တွင် စမည့်အပတ်

သီချင်း ၇၉

၁၅ မိ– ဒေသကြေညာချက်များ။ အိမ်ပေါက်ဝတွင် သက်သေခံစဉ် ကြေညာသူများသည် ကျမ်းချက်တစ်ချက်ကို ကြိုးစားဖတ်ရန် အားပေးမှုဖြစ်သည့် အကြံပြုချက်အချို့ကို ပေးပါ။ ကျမ်းစာကို လူများစွာတို့တန်ဖိုးထား၍ ယင်းမှဖတ်ရှုခြင်းကို နားထောင်လိုသူများရှိသည်။ ယင်း၏သြဝါဒသည် အမှန်ပင်အလေးစီးသည့်အတွက် စိတ်ရင်းမှန်သူအား လှုံ့ဆော်ပေးပါမည်။ အိမ်ပေါက်ဝသို့သွားချိန်တွင် လက်ထဲ၌ကျမ်းစာအုပ်ကိုကိုင်ထားလျှင် သင့်တော်ပေမည်။ ကျမ်းချက်များကို ခံစားမှုနှင့် သွက်သွက်လက်လက်ဖြင့် ဖတ်ရှုသင့်သည်။—ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၃၃-၃၄၊ အပိုဒ် ၁၂-၁၅။

၁၂ မိ– မေးခွန်းသေတ္တာ။ မေးဖြေရန်။ ကြိုတင်ပြင်ဆင်ပြီး လေ့လာမည့်အကြောင်းအရာပါ စာပေအားလုံးကို အစည်းအဝေးသို့ ယူသွားခြင်းသည် အဘယ်ကြောင့်ပိုအကျိုးပေးကြောင်း ရှင်းပြပါ။

၁၈ မိ– ဇွန်လတွင် သင့်မိသားစုဘဝကိုရွှင်လန်းစေခြင်း စာအုပ်ကို ဝေငှပါ။ သင့်မိသားစုဘဝကို ရွှင်လန်းစေခြင်း စာအုပ်အားဖြင့် စွဲမှတ်ခဲ့သည် စိတ်ဝင်စားသူများ၏ ပြောပြချက်ကို တင်ပြပါ။ မာတိကာကိုညွှန်ပြကာ အပြန်အလှန်စကားစနိုင်ရန် ယင်းတို့ကိုမည်သို့ အသုံးပြုနိုင်ကြောင်း ပြသပါ။ ဘုရားနှုတ်ကပါဌ်တော်ကို လေ့လာခြင်းအားဖြင့် မိသားစုပြဿနာအချို့ကို မည်သို့ဖြေရှင်းပေးနိုင်ကြောင်း အရည်အချင်းရှိ ကြေညာသူတစ်ဦးရှင်းပြချက်ကို သရုပ်ပြစေပါ။ အမှုဆောင်တွင် ဝေငှရန် ယောက်တိုင်း ဤစာအုပ်ကို ထုတ်ယူဖို့ နှိုးဆော်ပါ။

သီချင်း ၆၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ