မေးခွန်းသေတ္တာ
▪ အစည်းအဝေးသို့ အဘယ်အရာများ ယူသွားသင့်သနည်း
ပတ်စဉ်အသင်းတော်အစည်းအဝေးများတွင် အကျိုးရှိညွှန်ကြားချက်နှင့် အားပေးမှုကို ရရှိပါသည်။ (ဟေရှာ. ၄၈:၁၇; ဟေဗြဲ ၁၀:၂၄၊ ၂၅) သို့ရာတွင် မည်မျှအကျိုးရရှိခြင်းသည် ကောင်းစွာပြင်ဆင်သည်၊ မပြင်ဆင်သည်အပေါ် များစွာမူတည်သည်။
မိသားစုအဝင်တစ်ဦးစီသည် စည်းဝေးတွင်အသုံးပြုလေ့လာစရာ ကိုယ်ပိုင်စာစောင်များနှင့် အခြားလိုအပ်သောအရာများ ရှိသင့်သည်။ ၎င်းတို့မှာ ကျမ်းစာ၊ သီချင်းစာအုပ်၊ လေ့လာနေသည့်စာပေများ၊ မှတ်စုစာအုပ်နှင့် ဖောင်တိန် သို့မဟုတ် ခဲတံတို့ဖြစ်သည်။
သီအိုကရက်တစ်ဓမ္မအမှုကျောင်းအတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းအစီအစဉ်၊ သီအိုကရက်တစ်ဓမ္မအမှုကျောင်း လမ်းညွှန်စာအုပ် တို့ လိုအပ်သည်။ ဤအရာများက ကျောင်းသားဟောပြောချက်များ၏ အဓိကအချက်ကို စွဲမြဲမှတ်သားစေပြီး ကျောင်းကြီးကြပ်မှူး၏ သွန်သင်ပေးချက်ကို သဘောပေါက်စေသည်။ မိမိ၏ဟောပြောချက်များနှင့် လယ်ကွင်းလုပ်ငန်းတွင် တင်ဆက်ပုံများကို တိုးတက်စေရန် ကြားသိရသော ထိုသွန်သင်ချက်များနှင့် အကြံပြုချက်များကို ကိုယ်တိုင်လက်တွေ့အသုံးပြုနိုင်၏။ သွန်သင်ချက်ဟောပြောချက်များသည် စစ်မှန်သောဘုရားသခင့်ဝတ်ပြုရေးတွင် တစ်စည်းတစ်လုံးတည်း နှင့် “ကျမ်းစာတစ်ကျမ်းလုံး ဘုရားမှုတ်သွင်းရာဖြစ်ပြီး အကျိုးလည်းပြု” မှဖြစ်သည်။ မိသားစုဝင်တိုင်း ကိုယ်ပိုင်စာစောင်ကို ယူသွားလျှင် ကောင်းပေမည်။
လုပ်ငန်းတော်အစည်းအဝေးအတွက် နောက်ဆုံးထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု နှင့် ကျိုးကြောင်းဆင်ခြင် စာအုပ်လိုပါသည်။ စည်းဝေးအတွင်း ကိုးကားအသုံးပြုမည့် မည်သည့်စာအုပ်ကိုမဆို ယူဆောင်သွားပါ။ ဥပမာ၊ သရုပ်ပြတွင် တင်ဆက်ရန် အသုံးပြုမည့် စာအုပ်စာတမ်းများဖြစ်သည်။ အကြီးအကဲများသည် မိမိတို့ဓမ္မအမှုကို ကျေပွန်ရန်အဖွဲ့အစည်း စာအုပ်တစ်အုပ်စီ ရှိသင့်သည်။
မိမိသားသမီးများသည် အသင်းတော်အစည်းအဝေးများတွင် ငြိမ်ငြိမ်ထိုင်ပြီး ဂရုစိုက်နားထောင်ရန် မိဘများ ကြီးကြပ်ပေးသင့်သည်။ စာမဖတ်တတ်မီကပင် ကိုယ်ပိုင်ကင်းမျှော်စင်နှင့် အခြားစာစောင်များကို သူတို့အားပေးထားခြင်းသည် စိတ်ဝင်စားမှုရှိရန် အားပေးတိုက်တွန်းသည်။ သီအိုကရက်တစ်စာစောင်များကို တန်ဖိုးထားလေးမြတ်ပြီး အသုံးပြုရန် လူငယ်များကို သွန်သင်ပေးမည်ဆိုလျှင် တစ်သက်တာပတ်လုံး အကျိုးရှိမည့် ဝိညာဏအကျင့်ကောင်းများကို ပုံသွင်းပေးခံရပါမည်။
အစည်းအဝေးသို့ စာအုပ်ပြည့်ပြည့်စုံစုံယူလာသည့်အခါ အသင်းတော်အစည်းအဝေးများမှ ကျွန်ုပ်တို့ရရှိသည့်ပျော်ရွှင်မှုနှင့် ကျေနပ်မှုသည် ပိုများပါသည်။ (၂ တိ. ၃:၁၇) ဤနည်းကား “ဝိညာဉ်တော်ဆိုင်ရာ ဉာဏ်ပညာ၊ ဉာဏ်ပဋိဘာန်အမျိုးမျိုးဖြင့် အလိုတော်ကိုသိကျွမ်းခြင်းနှင့် ပြည့်စုံ” ရန် အကောင်းဆုံးနည်းဖြစ်သည်။—ကော. ၁:၉၊ သမ။