တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်
၁ တိုက်နယ်စည်းဝေးပွဲများအတွက် အဓိကအချက်မှာ “ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို လိုက်နာရန် နားထောင်၍သင်ယူလော့” ဖြစ်မည်။ တရားဟောရာ ၃၁:၁၂၊ ၁၃ ကိုအခြေခံသော ဤအဓိကအချက်သည် ကျွန်ုပ်တို့နားထောင်သင်ယူအပ်သော သင်ခန်းစာများကို ပေါ်လွင်စေရန် အစီအစဉ်တစ်ခုလုံးအတွက် သင့်တော်သောအခြေခံဖြစ်သည်။
၂ ယနေ့ လူအများစုသည် လှည့်ဖြားတတ်သော နတ်ဆိုးတို့၏သြဝါဒကို နားထောင်တတ်ကြသည်မှန်သော်လည်း ကျွန်ုပ်တို့တစ်ဦးစီသည် ဘုရားသခင်၏နှုတ်ကပါဌ်တရားတော်ကို နားထောင်၍စောင့်ရှောက်ရန် သင်ယူဖို့အလွန်အရေးကြီးသည်။ (လု. ၁၁:၂၈; ၁ တိ. ၄:၁) ယင်းကိုရည်စူးပြီး ကြေညာသူများ၊ မိသားစုများ၊ အကြီးအကဲများနှင့် ရှေ့ဆောင်များအတွက် အားပေးမှုနှင့် အကူအညီဖြစ်စေရန် တိုက်နယ်စည်းဝေးအစီအစဉ်ကို စီစဉ်ထားပါသည်။ စနေနေ့တွင် လေးပိုင်းပါသည့် “ကျွန်ုပ်တို့၏ပြဿနာများကို ဖြေရှင်းအောင်မြင်ခြင်း—ဘုရားသခင်၏နှုတ်ကပါဌ်တော်ကို အာရုံစိုက်ခြင်းအားဖြင့်” အကြောင်းကို အခန်းဆက်တင်ပြမည်။ တနင်္ဂနွေနံနက်တွင် “ကျမ်းစာက ဖြောင့်မတ်အောင်ဆုံးမပုံ” ခေါင်းစဉ်ပါ အခန်းဆက်တင်ပြချက်ရှိမည်။ သင်နှင့်သင့်မိသားစု လက်မလွှတ်သင့်သည့် ဝိညာဏအားပေးမှုကို အစီအစဉ်တစ်ခုလုံးက တင်ပြပါလိမ့်မည်။
၃ စနေနှင့်တနင်္ဂနွေနေ့ နှစ်ရက်စလုံးတွင် လယ်ကွင်းဓမ္မအမှုအတွက် လက်တွေ့ကျအကြံပြုချက်များကို တင်ပြပြီးသရုပ်ပြမည်။ အားပေး၍ သွန်သင်မှုပေးသော တွေ့ကြုံမှုများနှင့် လူတွေ့ခေါ်မေးမြန်းမှုများကိုလည်း တင်ဆက်ပါမည်။ သို့ဖြစ်၍ ထိုနေ့ရက်များတွင် ရောက်ရှိနေလျက် သင်ကြားသမျှကို အသုံးချမည့်ရည်ရွယ်ချက်ဖြင့် နားထောင်ခြင်းအားဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ မိန့်မှာချက်များကို အပြည့်အဝလိုက်နာဆောင်ရွက်နိုင်စွမ်း ပိုမိုရှိလာမည်။
၄ တိုက်နယ်စည်းဝေးပွဲ၏ ပေါ်လွင်ချက်တစ်ခုမှာ ဆက်ကပ်အပ်နှံခါစ ညီအစ်ကိုညီအစ်များ၏နှစ်ခြင်းဖြစ်မည်။ သူတို့၏ဆက်ကပ်အပ်နှံခြင်းကို လူအများရှေ့ ဤသို့မကြေညာမီ နှစ်ခြင်းခံလိုသူများက မိမိတို့၏နှစ်ခြင်းခံလိုသည့်ဆန္ဒကို ဦးစီးကြီးကြပ်မှူးအား ပြောပြသင့်သည်။ သို့ပြုမှသာ သူတို့နှင့်အကြီးအကဲများတွေ့ဆုံရန် ကြီးကြပ်မှူးက စီစဉ်ပေးနိုင်မည်။
၅ ဤတိုက်နယ်စည်းဝေးပွဲအတွက် လူထုဟောပြောချက်မှာ “သမ္မာကျမ်းစာ၏လမ်းပြမှုကို အဘယ်ကြောင့် ခံယူရသနည်း” ဖြစ်သည်။ စိတ်ဝင်စားသူများအား တက်ရောက်ရန် ဖိတ်ခေါ်ပါ။ သင်နှင့်သင်၏မိသားစုရရှိမည့် အလွန်လိုအပ်လျက်နေသော အားပေးမှုနှင့် ကူညီမစမှုကို မျှော်ကိုးပြီး အစီအစဉ်တစ်ခုလုံးကို လက်မလွှတ်ဘဲတက်ရောက်ရန် အသေအချာစီစဉ်ထားပါ။