ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဇူလိုင် ၃ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၇ မိ– “စောင့်၍နေကြလော့။” မေးဖြေရန်။
၁၈ မိ– “သင့်ဓမ္မအမှုတွင် ဘရိုရှာအမျိုးမျိုးကို အသုံးပြုလေ။” အကြံပြုထားသောတင်ဆက်ပုံများကို ပရိသတ်နှင့်ဆွေးနွေး။ ဘရိုရှာများ၏ စိတ်ဝင်စားဖွယ်အချက်အလက်များကို လိုရင်းတိုရှင်းဖော်ပြပါ။ ယင်းတို့ကို မည်သို့ကမ်းလှမ်းနိုင်ကြောင်း သရုပ်ပြခန်းတို နှစ်ခုသုံးခုပြပါ။
သီချင်း ၂၁၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– “ယေဟောဝါ၏သတိပေးချက်များသည် ဝိညာဉ်ရေးအရ ကျွန်ုပ်တို့ကို နှိုးဆော်ပေးနေသလော။” မေးဖြေရန်။
၂၀ မိ– သက်သေခံရန် အခွင့်ကောင်းများ ပေါ်ပေါက်စေခြင်း။ မိုးရာသီအတွင်း မကြာခဏအိမ်ပြင်ထွက်ခွင့် မရဘဲနေပေမည်။ ထို့ကြောင့် အလွတ်သဘောသက်သေခံနိုင်ရန် အခွင့်ကောင်းများကို ရှာဖွေပါ။ ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၈၃၊ အပိုဒ် ၁၁-၁၆ ကိုအသုံးပြုကာ သူစိမ်းများနှင့် မည်သို့စကားစမြည်စနိုင်သည့်အကြံပြုချက်များကို ပြန်သုံးသပ်ပါ။ ကြိုတင်ပြင်ဆင်ခြင်းက ရလဒ်ကောင်းရရန် ကူညီပေးနိုင်ကြောင်းဖော်ပြပါ။ အိမ်သို့ရောက်လာသောဈေးသည်၊ လိုင်းကားပေါ်ရှိခရီးသည်၊ ကုန်ပဒေသာဆိုင်ကြီး၌ တန်းစီစောင့်နေသူ အစရှိသူတို့နှင့် ကြေညာသူသုံးဦး စကားစမြည်စတင်ပုံတို့ကို တိုတိုတုတ်တုတ်သရုပ်ပြစေပါ။ စိတ်ဝင်စားသူများ၏ နာမည်နှင့်လိပ်စာကိုမှတ်ပြီး နောက်ပိုင်းသူတို့နှင့်တစ်ယောက်ယောက်ပြန်ဆက်သွယ်ရန် စီစဉ်ဖို့ ကြေညာသူများကို သတိပေးပါ။
သီချင်း ၁၅၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၇ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၂၀ မိ– “ဘရိုရှာဝေငှခဲ့သည့်နေရာတိုင်းထံ ပြန်လည်ပတ်သွားလေ” ဤကဏ္ဍကိုတာဝန်ရသောညီအစ်ကိုသည် စိတ်ဝင်စားမှုပြသူနှင့် စာပေဝေငှထားသည့်နေရာအားလုံးထံ အဘယ်ကြောင့်ပြန်သွားသင့်ကြောင်း အခြားကြေညာသူသုံးဦးနှင့် ဆွေးနွေးမည်။ အကြံပြုထားသောတင်ဆက်ပုံများကို သူတို့ပြန်သုံးသပ်ပြီး ယင်းတို့ကို မည်သို့အသုံးပြုနိုင်ကြောင်း တစ်ဦးကိုတစ်ဦး သရုပ်ပြကြ။
၁၅ မိ– အိမ်တွင်းကျမ်းစာသင်အံမှု ကျင်းပခြင်း။ တိုးတက်မှုရှိသောကျမ်းစာသင်အံမှုများကိုကျင်းပသော အကြီးအကဲဟောပြော။ ကျမ်းစာသင်အံမှုများစတင်ရန် ပိုမိုကြိုးစားကြဖို့ အားပေးပါ။ မိမိတို့ဓမ္မအမှုကိုကျေပွန်ရန်အဖွဲ့အစည်း၊ စာမျက်နှာ ၁၁၂-၁၁၅ ပါအကြံပြုချက်များကို ပြန်သုံးသပ်ပါ။ ဒေသခံတွေ့ကြုံမှုတိုများလည်း ထည့်ပေးနိုင်သည်။
သီချင်း ၁၆၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ “တိုက်နယ်စည်းဝေးပွဲအစီအစဉ်အသစ်” ကိုပြန်သုံးသပ်။
၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၄ ဩဂုတ် ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၇-၃၀ ပါ “သက်ကြီးရွယ်အိုများကို ခရစ်ယာန်မေတ္တာပြခြင်း” ကိုအခြေခံ၍ ဟောပြော။
၂၀ မိ– အိမ်နီးချင်းတို့ ဘာထင်မည်နည်း။ ၁၉၇၅ စက်တင်ဘာ ၁၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၄၁၁-၄ ပါအကြောင်းကိုအခြေခံ၍ဟောပြီးသရုပ်ပြရန်။ လောကီသားများဖြစ်သော အိမ်နီးချင်းတို့၏ အနှောင့်အယှက်ကို အဘယ်ကြောင့်မကြာခဏခံရကြောင်း ဟောရန်။ (စာမျက်နှာ ၄၁၁ နှင့် စာမျက်နှာ ၄၁၂ ရှိဒုတိယအပိုဒ်အထိဟော။) ထိုနောက် ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခြင်းကို အတိုက်အခံပြုသည့် လောကအိမ်နီးချင်းတို့၏ ခြိမ်းခြောက်မှုကိုခံနေရသော စိတ်ဝင်စားခါစမိသားစုတစ်ခုနှင့် အတွေ့အကြုံရင့်ကျက်သောမောင်နှံစုံ ကျမ်းစာသင်နေပုံကိုသရုပ်ပြ။ (ယင်းဆောင်းပါး၏ ကျန်ကြွင်းသောအပိုင်းမှ အဓိကအချက်များကို ပြန်သုံးသပ်ပါ။) စိတ်ဝင်စားခါစမိသားစုသည် အဘယ်ကြောင့် စိတ်ဓာတ်မကျသင့်၍ နောက်မဆုတ်သင့်ကြောင်း အလေးအနက်ဖော်ပြစေပါ။
သီချင်း ၁၆၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၃၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်းများ။
၁၅ မိ– “တည်ဆောက်မှုဖြစ်စေပါ။” အကြီးအကဲဆွေးနွေး၍ ဟောပြောရန်။
၂၀ မိ– ဩဂုတ်လအတွင်း အသုံးပြုရန်စာပေကို ပြန်သုံးသပ်ပါ။ အသုံးပြုနိုင်သည့် ၃၂-မျက်နှာရှိ ဘရိုရှာများကိုဖော်ပြပါ။ ဇူလိုင်လအတွင်း ဘရိုရှာများဝေငှရာတွင် စိတ်ဝင်စားဖွယ်တွေ့ကြုံမှုများအကြောင်း ကြေညာသူများအား ပြောစေပါ။ ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော ဘရိုရှာကိုအသုံးပြု၍ ကျမ်းစာသင်အံမှုကို မည်သို့စတင်နိုင်ကြောင်း သရုပ်ပြပါ။ အပိုင်း ၁ အပိုဒ် ၁ ပါမေးခွန်းကိုမေးပါ။ စာပိုဒ် ၂-၄ တွင်ပါသောအချက်များဆိုင်ရာ အိမ်ရှင်၏သဘောကို မေးပါ။ ဘုရားသခင်သည် အမှန်ပင်ဂရုစိုက်တော်မူပြီး လာမည့်ကမ္ဘာသစ်တွင် ဒုက္ခကင်းဝေးမည့်အသက်တာကိုပျော်မွေ့နိုင်ကြောင်း ဘရိုရှာကဖော်ပြသည်ကို ရှင်းပြပါ။ ထပ်မံဆွေးနွေးရန် ပြန်လာလိုကြောင်း စကားပလ္လင်ခံပါ။
သီချင်း ၁၇၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။