သီအိုကရက်တစ် ဓမ္မအမှုကျောင်း ပြန်လည်စစ်ဆေးခြင်း
၁၉၉၆၊ ဇန်နဝါရီ ၁ မှ ဧပြီ ၂၂ ရက်အပတ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုကျောင်း တာဝန်များတွင် လေ့လာခဲ့သော အကြောင်းအရာများကို စာအုပ်ပိတ်ပြန်လည်စစ်ဆေးခြင်း။ ကန့်သတ်ထားသည့်အချိန်အတွင်း သင်ဖြေဆိုနိုင်သမျှမေးခွန်းများ၏အဖြေများကို ရေးချရန် သီးခြားစာရွက်တစ်ရွက်ကို အသုံးပြုပါ။
[မှတ်ချက်– ရေးဖြေစစ်ဆေးချိန်တွင် မည်သည့်မေးခွန်းကိုမဆို ဖြေဆိုရာ၌ ကျမ်းစာကိုသာ အသုံးပြုပေမည်။ မေးခွန်းနောက်ရှိ ရည်ညွှန်းချက်များသည် သင့်ကိုယ်ပိုင်ရှာဖွေလေ့လာမှုအတွက်ဖြစ်သည်။ ကင်းမျှော်စင် ရည်ညွှန်းချက်အားလုံး၌ စာမျက်နှာနှင့် အပိုဒ်နံပါတ်များပါမည်မဟုတ်ချေ။]
အောက်ပါမေးခွန်းများ မှားကြောင်းမှန်ကြောင်း ဖေပြပါ–
၁။ ခရစ်ယာန်တစ်ဦးသည် မှန်သည်ဟုစိတ်ထင်နှင့်ပြုလုပ်ရုံဖြင့် သူ၏ဆုံးဖြတ်ချက်များသည် မှန်လိမ့်မည်။ (သု. ၁၄:၁၂) [ဝစ စ. ၁၀ အပိုဒ် ၈ (၂)]
၂။ သုံးပါးပေါင်းတစ်ဆူအယူသည် ခရစ်ယာန်ဘောင်နှင့် စတင်ခဲ့သည်။ [ဝစ စ. ၂၁ အပိုဒ် ၈]
၃။ မောရှေပညတ်ကွယ်ပျောက်သော်လည်း ပညတ်တော်ဆယ်ပါးပါ အဆုံးတိုင်သည်ဟု ကျမ်းစာက မဆိုပါ။ [ကက စ. ၃၄၈ အပိုဒ် ၂ [လိပ်]]
၄။ ရောမ ၈:၁၆ ကို ရောမ ၁:၇ နှင့်နှိုင်းယှဉ်ခြင်းအားဖြင့် ပေါလုသည် လူမျိုးအပေါင်းကို “ဘုရားသခင်၏သား” ဟုရည်စူးပြောဆိုနေကြောင်း သိရှိရသည်။ [ဝစ စ. ၃၈ အပိုဒ် ၁၂ (၃)]
၅။ ယေရမိ ၃၁:၃၁၊ ၃၃ တွင်ပါသော ပဋိညာဉ်သည် ဘိသိက်ခံတပည့်နောက်လိုက်များနှင့် ယေရှုဖွဲ့တော်မူသော နိုင်ငံတော်အတွက်ပဋိညာဉ်ကိုဆိုလိုသည်။ [ကမ စ. ၁၄၈ အပိုဒ် ၃၈]
၆။ ယေရမိမြည်တမ်းစကားကျမ်းသည် အက္ခရာစဉ်အတိုင်း စီကုံးထားသည့်ကဗျာလေးခုဝင် ကဗျာလင်္ကာငါးပုဒ်ဖြင့်ဖွဲ့ထားသည်။ [ကမ စ. ၁၅၁ အပိုဒ် ၆]
၇။ ယေရှုသည် ရှင်ပြန်ထမြောက်တော်မူပြီးနောက် အကြိမ်ကြိမ် ကိုယ်ယောင်ထင်ရှားပြတော်မူခဲ့သည်။—သို့သော် တပည့်တော်များရှေ့ မှာသာပြသည်။ [ကက စ. ၃၃၄ အပိုဒ် ၂ [လိပ်]]
၈။ ခရစ်ယာန်စစ်များသည် ခရစ်တော်၏ပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြခြင်းနှင့် မိမိသည် အပြစ်မရှိကြောင်း အလုပ်ဖြင့် ကြိုးစားတင်ပြခြင်းတို့မှ ရပ်စဲခြင်းဖြင့် ဘုရားသခင်၏ငြိမ်ဝပ်ခြင်းချမ်းသာထဲ ဝင်ကြသည်။ (ဟေဗြဲ ၄:၁၀) [ကက စ. ၃၅၀ အပိုဒ် ၁ [လိပ်]]
၉။ ဗျာဒိတ် ၂၀:၅ ပါ “ကျန်လူသေတို့” ထမြောက်လာခြင်းနှင့်ပတ်သက်သော ကွင်းထဲမှစကားညှပ်သည် အခြားသိုးများ၏ မြေကြီးဆိုင်ရာထမြောက်ခြင်းကို ရည်ညွှန်းသည်။ [ကက စ. ၃၃၈ အပိုဒ် ၂– စ. ၃၃၉ အပိုဒ် ၂ [လိပ်]]
၁၀။ ပညတ္တိကျမ်းတွင် အဘယ်ပညတ်သည် အကြီးမြတ်ဆုံးဖြစ်သနည်းဟူသောမေးခွန်းကို ယေရှုဖြေဆိုသည့်အခါ ပညတ်တော်ဆယ်ပါးထဲမှတစ်ခုကိုမျှ ကိုယ်တော် မကိုးကားခဲ့ပါ။ (မ. ၂၂:၃၅-၄၀) [ကက စ. ၃၄၈ အပိုဒ် ၁ [လိပ်]]
အောက်ပါမေးခွန်းများကို ဖြေဆိုပါ–
၁၁။ ယေဟောဝါ၏ကြီးမားသောမေတ္တာတော်က ကျွန်ုပ်တို့အတွက် အသက်စွန့်ရန် သားတော်ကိုစေလွှတ်ဖို့ လှုံ့ဆော်ပေးတော်မူသဖြင့် ဘုရားသခင်အား ကျွန်ုပ်တို့ချစ်မြတ်နိုးခြင်းက ကျွန်ုပ်တို့ကို ဘာလုပ်ရန်တိုက်တွန်းပေးသင့်သနည်း။ (၂ ကော. ၅:၁၄၊ ၁၅) [ဝစ စ. ၁၉ အပိုဒ် ၆]
၁၂။ ယေဟောဝါ၏နာမတော်၌ လိုက်လျှောက်ခြင်းကား အဘယ်အဓိပ္ပာယ်သက်ရောက်သနည်း။ [ဝစ စ. ၂၆ အပိုဒ် ၁၄]
၁၃။ ယေရမိမြည်တမ်းစကားကျမ်းကိုဖတ်ရှုခြင်းမှ ယေဟောဝါ၏အရည်အချင်းများအကြောင်း ဘာသိရှိရသနည်း။ (မြည်. ၃:၂၂၊ ၂၃၊ ၃၂) [ကမ စ. ၁၅၃ အပိုဒ် ၁၃၊ ၁၅]
၁၄။ ယေဇကျေလ နှင့် ယေရှုခရစ်တို့အား ရည်ညွှန်းရာတွင် အဘယ်စကားလုံးကို အကြိမ်ကြိမ်အသုံးပြုထားသနည်း။ [ကမ စ. ၁၅၅ အပိုဒ် ၂]
၁၅။ ကမ္ဘာပေါ်အသက်ရှင်ရန် ထမြောက်လာသူများသည် သူတို့၏အနာဂတ်အပြုအမူများအရ တရားစီရင်ခံရမည်ဟု ယုံကြည်ရန် အဘယ်ကြောင့် ယုတ္တိရှိသနည်း။ (ရော. ၆:၇) [ကက စ. ၃၃၈ အပိုဒ် ၁ [လိပ်]]
၁၆။ ယနေ့ ယေဟောဝါ၏လူမျိုးကို စည်းလုံးစေသည့် အဓိကအရာလေးခုကားအဘယ်နည်း။ [ဝစ စ. ၉-၁၂ အပိုဒ် ၈၊ ၉)
၁၇။ ခရစ်တော်၏ရောက်ရှိခြင်းဆိုင်ရာ အခြင်းအရာများသည် အနှစ်များစွာကြာရှည်သောအချိန်ပိုင်းအတွင်း ဖြစ်ပျက်သည်ဟု အဘယ်ကြောင့်မှန်ကန်စွာ ပြောဆိုနိုင်သနည်း။ (မ. ၂၄:၃၇-၃၉) [ကက စ. ၃၄၁ အပိုဒ် ၁ [လိပ်]]
၁၈။ ချစ်ခြင်း၊ တရားမျှတခြင်း၊ ဉာဏ်ပညာနှင့် တန်ခိုး အစရှိသည့် ယေဟောဝါ၏ ထင်ရှားသောအရည်အချင်းများအပြင် ထွက်မြောက်ရာ ၃၄:၆၊ ဆာလံ ၈၆:၅ နှင့် တမန်တော် ၁၀:၃၄၊ ၃၅ ပါကိုယ်တော်၏ချစ်ခင်စရာဥပဓိရုပ်မှ ဘာသိရှိနိုင်သနည်း။ [ဝစ စ. ၁၇ အပိုဒ် ၃]
၁၉။ ယောဟန် ၁၄:၉၊ ၁၀ ကို လုကာ ၅:၁၂၊ ၁၃ နှင့်နှိုင်းယှဉ်ပြီးနောက် ယေဟောဝါသည် ဆင်းရဲဒုက္ခရောက်နေသောလူသားမျိုးနွယ်အပေါ် အလွန်စာနာစိတ်ရှိသည်ဟု အဘယ်ကြောင့်သဘောပိုက်နိုင်သနည်း။ [ဝစ စ. ၃၇ အပိုဒ် ၁၂(၁)]
၂၀။ ခရစ်ယာန်များသည် သီတင်းပတ်ဥပုသ်စောင့်ရန် အဘယ်ကြောင့်တာဝန်မရှိသနည်း။ (ရော. ၁၀:၄) [ကက စ. ၃၄၅ အပိုဒ် ၂၊ ၃ [လိပ်]]
အောက်ပါဝါကျများကို ပြီးပြည့်စေရန် လိုအပ်သောစကားလုံး (များ) သို့မဟုတ် စကားစုကို ထည့်ပေးပါ–
၂၁။ ဧဗဒမေလက်သည် ခရစ်တော်၏ညီတော်များမှ နှင့်မိတ်ဖွဲ့ ပြီး အကူညီပေးခဲ့သောကိုကပ်ကျော်မည့်ကိုပုံဆောင်ပါသည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၃ ၁၀/၁ စ. ၁၆ ပိုဒ် ၁၀ ရှု။]
၂၂။ ယေရှုအား “ဘုရားသခင်” ဟု ခေါ်ထားသည်မှန်သော်လည်း ယောဟန် ၁၇:၃ တွင် ကိုယ်တော်က ယေဟောဝါအား “မှန်သောဘုရားသခင်ဟုခေါ်တော်မူပြီး ယောဟန် ၂၀:၁၇ တွင်ကိုယ်တော်က ယေဟောဝါအား “ခမည်းတော်တည်းဟူသော ခမည်းတော်” ဟုခေါ်ဆိုထားတော်မူ၏။ [ဝစ စ. ၂၅ အပိုဒ် ၁၂]
၂၃။ ယေရမိ ၅၂:၅-၁၁ တွင်မှတ်တမ်းတင်ထားသော အဖြစ်အပျက်များသည် ဘီ.စီ.အီး. ခုနှစ်တွင် ဖြစ်ပျက်ခဲ့သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၈ ၄/၁ စ. ၁၄ အပိုဒ် ၁၈ [လိပ်] ရှု။]
၂၄။ ခရစ်တော် ပြန်ကြွလာသည့်အခါ “ရှိသမျှသောသူတို့သည် ကိုယ်တော်ကိုရှုမြင်ရကြလိမ့်မည်” ဟုဗျာဒိတ် ၁:၇ ကဆိုရာတွင် မြင်ခြင်းကိုမဟုတ်ဘဲ စိတ်ဖြင့်ကို ဆိုလိုနေခြင်းဖြစ်သည်။ [ကက စ. ၃၄၃ အပိုဒ် ၂ [လိပ်]]
၂၅။ ယေရှုသည် ရှင်ပြန်ထမြောက်ပြီးနောက် တစ်မျိုးတည်းဖြင့် ထင်ရှားတော်မူခဲ့သည်မဟုတ်ခြင်းမှာ ထိုအချိန်တွင် ကိုယ်တော်သည် ဖြစ်နေတော်မူကြောင်းကို တပည့်တော်များ၏စိတ်ထဲ စွဲမှတ်စေရန်ဖြစ်ပေမည်။ ယင်းကြောင့် ကိုယ်တော်၏ အရင်းနှီးဆုံးအပေါင်းအသင်းများပင် ကိုယ်တော့်အား မြင်မြင်ချင်းမကြပါ။ [ကက စ. ၃၃၄ အပိုဒ် ၅ [လိပ်]]
အောက်ပါဝါကျများတွင် အဖြေမှန်ကို ရွေးပေးပါ–
၂၆။ သမ္မာကျမ်းစာသည် ဘုရားသခင်၏နှုတ်ကပါဌ်တော်ဖြစ်ရခြင်းမှာ (ဘာသာပြန်သူတို့က ထိုသို့ခေါ်ဆိုခြင်း; ဘုရားကိုကြည်ညိုသူများက ရေးသားခဲ့ခြင်း; ယင်း၏အရေးအသားကို ဘုရားသခင်ညွှန်ကြားခဲ့ခြင်း) ကြောင့်ဖြစ်သည်။ [ဝစ စ. ၃၀ အပိုဒ် ၂]
၂၇။ နေ့စဉ် ကျမ်းစာ (တစ်; နှစ်; လေး) မျက်နှာ သာဖတ်မည်ဆိုလျှင် (ခြောက်လ; ကိုးလ; တစ်နှစ်) အတွင်း ဖတ်ပြီးမည်ဖြစ်သည်။ [ဝစ စ. ၃၅ အပိုဒ် ၉]
၂၈။ ပညတ်တော်ဆယ်ပါးပါသည့် မောရှေပညတ်ကို ပယ်ရှားခြင်းက သီလဆိုင်ရာချုပ်ချယ်မှုကို ပယ်ဖျက်လိုက်သည်ဟု သဘောမသက်ရောက်ပါ။ အကြောင်းမှာ ခရစ်ယာန်အစီအစဉ်အောက်တွင် (ရပ်တူသားတစ်စုစီသည် ကိုယ်ပိုင်စာရိတ္တစံနှုန်းများ ချမှတ်သည့်; လူတို့သည် မိမိတို့၏သြတ္တပ္ပစိတ်ဖြင့်သာ ညွှန်ကြားခံသင့်သည့်; ပညတ်တော်ဆယ်ပါးမှ သီလစံများစွာတို့ကို ခရစ်ယာန်ဂရိကျမ်းများ၌ ပြန်လည်ထည့်သွင်းထားသည့်) အတွက်ကြောင့်ဖြစ်သည်။ [ကက စ. ၃၄၉ အပိုဒ် ၁ [လိပ်]]
၂၉။ ယေဟောဝါသည် ယေရမိကို (လှည့်ဖြားပြီး တရားစီရင်ချက်သတင်း ဟောပြောစေခြင်း; သူ၏ကိုယ်ပိုင်အစွမ်းဖြင့် မပြုနိုင်ရာကို ပြုမူရန် အသုံးပြုတော်မူခြင်း; ယေရမိပရောဖက်ပြုခဲ့သော ဖျက်ဆီးခြင်းဘေးကို မသင့်စေခြင်း) ဖြင့် “သွေးဆောင်တော်မူ” ခဲ့သည်။ (ယေ. ၂၀:၇) [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၉၀ ၅/၁ စ. ၃၁ ရှု။]
၃၀။ ယောဟန် ၅:၂၈ တွင်ပါသော ‘အောက်မေ့ရာဂူသင်္ချိုင်းများ’ ဟူသည့်စကားလုံးသည် (သင်္ချိုင်းတွင်းတစ်ခုစီ; လူသားမျိုးနွယ်၏သင်္ချိုင်း; သေလွန်သူကို ဘုရားသခင်သတိရအောက်မေ့တော်မူခြင်း) ကိုဆိုလိုသည်။ [ကက စ. ၃၃၉ အပိုဒ် ၃ [လိပ်]]
အောက်ပါဝါကျများနှင့် သက်ဆိုင်ရာ ကျမ်းချက်များကို ပူးတွဲပေးပါ– သု. ၃:၅၊ ၆; ယေ. ၂၃:၃၃; ၃၂:၉၊ ၁၀; မြည်. ၃:၄၄; ဗျာ. ၁၅:၃၊ ၄
၃၁။ ဝတ်ပြုရေးတွင် စည်းလုံးမှု၏အခြေခံမှာ ယေဟောဝါအားသိလာခြင်းနှင့် ကိုယ်တော်၏ဖြောင့်မတ်သောနည်းလမ်းများနှင့်အညီ အသက်ရှင်ခြင်းဖြစ်သည်။ [ဝစ စ. ၅ အပိုဒ် ၁]
၃၂။ ဘယ်နေရာရောက်ရောက် ဘာပဲလုပ်လုပ်၊ ကျွန်ုပ်တို့၏ ဘဝပုံစံသည် ဘုရားသခင်ကို အဓိကထားသည့် စဉ်းစားတွေးခေါ်ပုံနှင့် စိတ်ဆန္ဒတို့ကို ပေါ်လွင်စေရမည်။ [ဝစ စ. ၁၃ အပိုဒ် ၁၁]
၃၃။ လူဆိုးများ၏ဆုတောင်းချက်များကို ယေဟောဝါ နားညောင်းတော်မမူပါ။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၈၈ ၇/၁၅ စ. ၁၈ ရှု။]
၃၄။ ဘုရားသခင်၏နှုတ်ကပါဌ်တော်မှ လေးနက်သောပရောဖက်ပြုချက်ဆိုင်ရာသတင်းသည် ခရစ်ယာန်ဘောင် ခံရတော့မည့် ပြင်းထန်သောပျက်စီးခြင်းအကြောင်းဖြစ်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၉၄ ၃/၁ စ. ၁၂ အပိုဒ် ၁၈၊ ၂၀ ရှု။]
၃၅။ ယေဟောဝါအား ဝတ်ပြုသူချင်းတို့နှင့် စီးပွားလုပ်ကိုင်သည့်အခါ နောင်တွင် ဖြစ်ပေါ်နိုင်သည့် အထင်လွဲမှားမှုများကို စာချုပ်တစ်ခုက တားဆီးပေးနိုင်သည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း; က၉၅ ၅/၁ စ. ၃၀ ရှု။]