မေလအတွက် လုပ်ငန်းတော်စည်းဝေးများ
မေ ၆ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှရွေးချယ်ထားသောကြညာချက်များ။ သီအိုကရက်တစ်သတင်း။ “နွေရာသီအတွက် သင့်အစီအစဉ်များကား အဘယ်နည်း” ကို ပြန်ဆွေးနွေးပါ။
၁၅ မိ– “စိုးလ်အပြည့်ရှိပါလေ!” မေးဖြေရန်။ အချိန်ရသ၍ ၁၉၈၁၊ အောက်တိုဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် [လိပ်] ပါ “မိသားစုလိုက်ဆွေးနွေးရန် အချက်များ” စာမျက်နှာ ၂၅ ကို သုံးသပ်ပါ။
၂၀ မိ– “သင့်အိမ်နီးနားချင်းကို သမ္မာတရားပြောပြပါ။” မေးဖြေရန်။ အကြံပြုထားသော တင်ဆက်ပုံများကို ပြန်ဆွေးနွေးပါ။ မဂ္ဂဇင်းဝေငှရာတွင် ပါဝင်ရန်နှင့် တိုတိုတုတ်တုတ်တင်ဆက်ပုံများကို စတင်သုံးရန် လူသစ်များကို အားပေးပါ။
သီချင်း ၁၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၁၃ တွင် စမည့်အပတ်
၇ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၈ မိ– “ကျွန်ုပ်တို့သည် ဝိညာဉ်ရေးအရ ဤမျှလောက် မကောင်းစားခဲ့ဖူးပါ!” မေးဖြေရန်။ မိမိတို့ခံစားရသည့် ကောင်းချီးအချို့ကို ဖော်ပြဖို့ ဆယ်ကျော်သက်တစ်ဦးပါဝင်သည့် ကြေညာသူ နှစ်ဦး သုံးဦးကို စီစဉ်ပါ။ မြင့်မြတ်သောလုပ်ငန်းတော်တွင် ဇွဲရှိရှိလုပ်ဆောင်ရန် တိုး၍တန်ဖိုးထားမှုက ကျွန်ုပ်တို့အား မည်သို့လှုံ့ဆော်ပေးကြောင်း တင်ပြကာ နိဂုံးချုပ်ပါ။
၂၀ မိ– “၁၉၉၆ ခုနှစ် ‘ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များ’ ခရိုင်စည်းဝေးကြီး။” အပိုဒ် ၁-၁၆ ထိ ခြုံငုံစေသည့် မေးဖြေခြင်း။ အပိုဒ် ၉-၁၀၊ ၁၅ တို့ကို ဖတ်ပါ။
သီချင်း ၁၉၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မေ ၂၀ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်း လုပ်ဆောင်မှုအတွက် အစီအစဉ်များကို ပြန်ဆွေးနွေးပါ။ မဂ္ဂဇင်းဝေငှခြင်းတွင် အားလုံးပါဝင်ကြရန် အားပေးပါ။
၁၅ မိ– “သမ္မာတရားကို ဆက်၍ပြောနေပါ။” သင်အံမှုများစဖို့ပန်းတိုင်ထားကာ ပြန်လည်ပတ်မှုများလုပ်ဖို့ လိုကြောင်း အလေးပေးဖော်ပြပါ။ အမှန်စိတ်ဝင်စားမှုတင်ပြသူများကို ခြောက်လနှစ်စဉ်ကြေးယူဖို့ ကမ်းလှမ်းပါ။ သရုပ်ပြခန်းတို နှစ်ခုကို စီစဉ်ပါ။
၂၀ မိ– “၁၉၉၆ ခုနှစ် ‘ဘုရားရေးရာ ငြိမ်သက်ခြင်း၏တမန်များ’ ခရိုင်စည်းဝေးကြီး။” အပိုဒ် ၁၈-၂၃ ကို ခြုံငုံစေသည့် မေးဖြေခြင်း။ အပိုဒ် ၁၇ ကိုဖတ်ပါ။ “ခရိုင်စည်းဝေးကြီး သတိပေးချက်များ” ကို ပြန်ဆွေးနွေးပါ။
သီချင်း ၂၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်
မေ ၂၇ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၁၅ မိ– ဇွန်လအတွင်း သင်သည် ကမ္ဘာပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကို ဝေငှခြင်း။ ယင်း၏ပေါ်လွင်ချက်အချို့ကို အရည်အချင်းရှိ ကြေညာသူ နှစ်ဦးသုံးဦးနှင့် ပြန်ဆွေးနွေးပါ။ စာအုပ်က ကျွန်ုပ်တို့၏အနာဂတ်၊ လူသားတို့၏ဆင်းရဲဒုက္ခ၊ ဘုရားသခင့်နိုင်ငံတော်၊ ဘုရားရေးရာအကျင့်အကြံ၊ မိသားစုဘဝနှင့် ဆုတောင်းခြင်း၏အကျိုးကျေးဇူးများနှင့်ပတ်သက်သည့် အမေးကိုဖြေဆို။ အုပ်စုရှိ သီးခြားဖြစ်သူနှစ်ဦးက စစချင်းသွားသောအခါဖြစ်စေ၊ ပြန်လည်ပတ်သောအခါဖြစ်စေ သင်အံမှုစရန် အသုံးပြုနိုင်သည့် ချဉ်းကပ်နည်းကို သရုပ်ပြပါ။ ဇွန်လတွင် သင်အံမှုများစဖို့ ပန်းတိုင်ဖြင့် လုပ်ဆောင်ရန် အားလုံးကို အားပေးပါ။
၁၀ မိ– မေးခွန်းသေတ္တာ။ ပရိသတ်နှင့်အတူဖတ်ပြီး ဆွေးနွေးပါ။
၁၅ မိ– “သင် အလွန်အလုပ်များနေသလော” မေးဖြေရန်။ အချိန်ရသ၍ ၁၉၉၀၊ ဇွန်လ ၈ ရက်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၁၄-၁၆ မှ မှတ်ချက်များကို ထည့်ပြောပါ။ သီအိုကရက်တစ်ဇယားဖြင့် အလုပ်များခြင်းကို အောင်မြင်ခဲ့ကြောင်း အတိုချုပ်ပြန်ပြောပြသည့် ကြေညာသူတစ်ဦး နှစ်ဦးကို စီစဉ်ပါ။
သီချင်း ၁၅၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။