သင့်အိမ်နီးနားချင်းကို သမ္မာတရားပြောပြပါ
၁ အကြီးဆုံးပညတ်များထဲမှ တစ်ခုမှာ “အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်” ဟူ၍ဖြစ်သည်။ (မ. ၂၂:၃၉၊ သတင်းကောင်း) အဆိုပါမေတ္တာက ကျွန်ုပ်တို့တွင်ရှိထားသည့်အကောင်းဆုံးအရာ—ဘုရားသခင့်နှုတ်ကပါဌ်တော်တွင် ကျွန်ုပ်တို့တွေ့ထားသည့် သမ္မာတရားကို အိမ်နီးနားချင်းများအား ဝေမျှရန် ကျွန်ုပ်တို့ကို လှုံ့ဆော်မည်။ ကင်းမျှော်စင်နှင့် နိုးလော့! မဂ္ဂဇင်းများသည် ကျမ်းစာပါ သမ္မာတရားသတင်းစကားကို အကျယ်တဝင့်ဖော်ပြပေးသောကြောင့် ဤမေလအတွင်း အဆိုပါမဂ္ဂဇင်းများကို ထုတ်ဝေခြင်းသည် ‘အိမ်နီးချင်းတို့အား သမ္မာတရားကိုပြောရန်’ ကျွန်ုပ်တို့လုပ်နိုင်သည့်နည်းတစ်ခုဖြစ်သည်။—ဧ. ၄:၂၅။
၂ ဖေဖော်ဝါရီ ၁၅ ရက်ထုတ် “ကင်းမျှော်စင်” ကို သင့်လက်ထဲတွင် ကုန်သွားသည့်အထိ ထုတ်ဝေပါ။ ဤသို့မေးခြင်းဖြင့် သင့်တင်ဆက်မှုကို အစပျိုးနိုင်သည်–
▪ “အကြမ်းဖက်မှုမရှိတဲ့ ကမ္ဘာနဲ့ပတ်သက်ပြီး ဘယ်လိုထင်သလဲ။ [ဖြေဆိုပါစေ] ကမ္ဘာ့ဘာသာတရားတွေဟာ အကြမ်းဖက်မှုနဲ့ သတ်ဖြတ်မှုကို တကယ်ပဲသွေးထိုးလှုံ့ဆော်ပေးနေတယ်ဆိုတာ သိပါသလား။ [ဖြေဆိုပါစေ] အဲ့ဒါနဲ့လားလားကြီးဆန့်ကျင်ပြီး စစ်မှန်သောဝတ်ပြုသူများရဲ့ ဘုရားသခင်က လုပ်ဆောင်ပေးတော်မူမယ်ဆိုတဲ့ ကျမ်းစာပြောထားချက်ကို သတိပြုကြည့်ပါ။” ဒုတိယစာပိုဒ်မှ ဟေရှာယ ၂:၂၊ ၃ ကိုဖတ်ပြီးနောက် စာမျက်နှာ ၆ ရှိ “အကြမ်းဖက်မှုကို နိဂုံးချုပ်စေသော လုပ်ငန်းစဉ်” ခေါင်းစဉ်ငယ်အောက်ရှိ တတိယစာပိုဒ်ကို ဖတ်ပါ။ ထို့နောက် “အဲ့ဒါကို ဘုရားသခင် ဘယ်လိုလုပ်ပေးမယ်ဆိုတာ သိပါသလား။ အဖြေကို ဒီမဂ္ဂဇင်းထဲမှာ တွေ့ရတယ်၊ ဒီစာစောင်ဟာ သင်ဖတ်ဖို့အတွက်ဖြစ်ပါတယ်။”
၃ မေ ၁၅ “ကင်းမျှော်စင်” ကို ဝေငှသည့်အခါ လူများဘေးကင်းလုံခြုံမှုမရှိဟု ခံစားရစေခဲ့သည့် လတ်တလောအဖြစ်အပျက်သတင်းကို ကြိုးစားကိုးကားဖော်ပြပြီး ဤသို့မေးပါ–
▪ “ဒီအသက်တာမှာ အမှန်လုံခြုံတယ်လို့ ကျွန်ုပ်တို့ခံစားရဖို့လိုအပ်မယ်ဆိုတဲ့အတွေးဝင်အောင် သင့်ကို အဘယ်အရာက ဖြစ်စေပါသလဲ။ [ဖြေဆိုပါစေ] ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လူ့လောကရင်ဆိုင်နေရတဲ့ပြဿနာတွေ ဖြေရှင်းဖို့ လူသားတွေကို အမှန်တကယ် ယုံကြည်အားကိုးလို့ ရပါသလား။ [ဖြေဆိုပါစေ; ထို့နောက် ဆာလံ ၁၄၆:၃ ဖတ်။] ဆာလံဆရာက အနာဂတ်နဲ့ပတ်သက်ပြီး အကောင်းမြင်ဖို့ အကြောင်းရင်းကို ထပ်ပြီးဖော်ပြပါတယ်။ [ဆာလံ ၁၄၆:၅၊ ၆ ဖတ်။] ဒီဆောင်းပါးပါ ‘ယခုနှင့် ထာဝစဉ်တည်သွားမည့် စစ်မှန်သောလုံခြုံမှု’ က ကမ္ဘာကို သာ၍ကောင်းသောအခြေအနေများဖြစ်လာစေဖို့ ယေဟောဝါဘုရားသခင်ကို ဘာကြောင့်ယုံကြည်ကိုးစားနိုင်ကြောင်း ရှင်းပြပါတယ်။” မဂ္ဂဇင်းများကို အစုံလိုက်ထားခဲ့မည်ဖြစ်ကြောင်းနှင့် ယခုလောလောဆယ်ပင် လုံခြုံသောအသက်တာကို မည်သို့ခံစားနိုင်ကြောင်း ဆွေးနွေးရန် ပြန်လာမည်ဟု စကားကမ်းလှမ်းပါ။
၄ နေရာအနှံ့တွင် ဥစ္စာဓနပေါကြွယ်မှုအပေါ် အာရုံစိုက်နေမှုကို ထောက်ချင့်ကာ ဧပြီ-ဇွန် ၈ ရက်ထုတ် “နိုးလော့!” စာမျက်နှာ ၆ တွင် တရုတ်ဆိုရိုးစကားတစ်ခုက “လူတစ်ဦးသည် ဝဝလင်လင်နှင့် နွေးနွေးထွေးထွေးရှိသည့်အခါ၌ ပို၍လိုချင်သည့်စိတ်နှင့် ကိလေသာတပ်မက်သည့်စိတ်များ ဖြစ်ပေါ်တတ်သည်” ဟူသည့်အကြောင်းကို ကောင်းကောင်းလက်ခံဖွယ်ရှိသည်။ ဤသို့မေးကာ ယင်းကို သင်အစပျိုးနိုင်သည်–
▪ “ဥစ္စာဓန ပေါကြွယ်ခြင်းဟာ ပျော်ရွှင်ချမ်းမြေ့တဲ့ကမ္ဘာရဲ့ သော့ချက်ဖြစ်ပါသလား။ [ဖြေဆိုပါစေ] စာမျက်နှာ ၆ မှ စာပိုဒ် ၂ ကိုဖတ်ပါ။ ဤသို့ပြောကာ ထိုမဂ္ဂဇင်းကို ထားခဲ့မည်ဖြစ်ကြောင်း စကားကမ်းလှမ်းပါ– “နောက်တစ်ခါ လာရောက်လည်ပတ်တဲ့အခါ လက်တွေ့လိုက်နာမယ်ဆိုရင် ဒီမရေရာတဲ့ခေတ်မှာ ကျွန်ုပ်တို့ကို အကူအညီဖြစ်စေနိုင်တဲ့ ကျမ်းစာရဲ့နောက်ထပ်မူတစ်ခုကို ဝေမျှပေးချင်ပါတယ်။”
၅ သင်သည် တိုတိုတုတ်တုတ်တင်ပြလိုလျှင် ဤသို့ကြိုးစားကြည့်နိုင်သည်–
▪ “ယနေ့ခေတ်စားနေတဲ့ မဂ္ဂဇင်းအများစုဟာ စီးပွားရေး၊ လိင် ဒါမှမဟုတ် အကြမ်းဖက်မှုကဏ္ဍတွေကို အကြီးအကျယ်ရေးသားဖော်ပြနေတယ်လို့ လူများစွာ ယူမှတ်ကြတယ်။ [ကင်းမျှော်စင် နှင့် နိုးလော့! တို့ကိုပြ] ကျမ်းစာပေါ်မှာ အခြေပြုထားပြီး အကျိုးဖြစ်ထွန်းစေတဲ့ ဒီဂျာနယ်တွေကို ကျွန်ုပ်တို့ ထုတ်ဝေဖြန့်ဖြူးနေပါတယ်။ ဒီစာစောင်တွေဟာ သိပ်ကိုပညာပေးပြီး ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ဖို့၊ ကျွန်ုပ်တို့ရဲ့အိမ်နီးချင်းတွေကို ချစ်ဖို့၊ ဖြောင့်မတ်တဲ့အကျင့်အကြံတွေကို ဆက်ကျင့်ဖို့ သွန်သင်ပေးပါတယ်။ ဖတ်စရာတွေထဲက ဒီအကြောင်းအရာမျိုးကို သင်နှစ်သက်မယ်ဆိုရင် ဒီလထုတ်တွေထဲက သင်တွေ့ရတဲ့အရာကို သဘောကျမယ်လို့ ယုံကြည်ပါတယ်။”
၆ ကျွန်ုပ်တို့သည် မိမိတို့၏အိမ်နီးနားချင်းများကို သမ္မာတရားအကြောင်းပြောပြရာတွင် ဇွဲရှိသူများဖြစ်ပါက လူများစွာကို အပျော်ကြီးပျော်စေနိုင်ပေမည်။—တ. ၈:၄၊ ၈။