ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၉/၉၆ စာ. ၂
  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
  • ခေါင်းစ‎ဥ်ငယ်များ
  • စက်တင်ဘာ ၂ တွင် စမည့်အပတ်
  • စက်တင်ဘာ ၉ တွင် စမည့်အပတ်
  • စက်တင်ဘာ ၁၆ တွင် စမည့်အပတ်
  • စက်တင်ဘာ ၂၃ တွင် စမည့်အပတ်
  • စက်တင်ဘာ ၃၀ တွင် စမည့်အပတ်
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နဓ ၉/၉၆ စာ. ၂

စက်တင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ

စက်တင်ဘာ ၂ တွင် စမည့်အပတ်

သီချင်း ၉၈

၁၂ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသောကြေညာချက်များ။ ယောက်တိုင်းနှင့် အထူးသဖြင့် အသင်းတော်စာအုပ်ကြီးသင်တန်းမှူးသည် ၁၉၉၂ စက်တင်ဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ “အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား ကိုလေ့လာခြင်း” ဆောင်းပါးကိုပြန်သုံးသပ်ရန် အားပေးပါ။ ဆောင်းပါး၏အဓိကအချက်များကို ပေါ်လွင်စေပါ။

၁၅ မိ– “ယုံကြည်ခြင်းဖြင့်လျှောက်လှမ်းပါ။” မေးဖြေရန်။

၁၈ မိ– “သတင်းကောင်းကို အပြုသဘောဖြင့် တင်ဆက်နေခြင်း။” အပိုဒ် ၁ ကိုအခြေပြုပြီး အဖွင့်မှတ်ချက်ပေးပါ။ ဖန်ဆင်းခြင်း စာအုပ်၊ ထာဝစဉ်အသက်ရှင် စာအုပ်တစ်ခုခုကို ဝေငှနိုင်ကြောင်း ရှင်းပြပါ။ အသင်းတော်တွင် မိသားစုဘဝ စာအုပ်ရှိပါက ယင်းစာအုပ်ကို ဦးစားပေး အသုံးပြုသင့်သည်။ ထို့နောက် ဆောင်းပါး၏ အပိုဒ် ၂-၅ ကိုခြုံငုံတင်ပြပါ။ ဖန်ဆင်းခြင်း စာအုပ်ဝေငှပုံ၊ ပြန်လည်ပတ်မှုပြုလုပ်ပုံ၊ အသိပညာ စာအုပ်ဖြင့် သင်အံမှုအစပြုပုံတို့ကို ကောင်းစွာပြင်ဆင်ထားသည့် တင်ဆက်ပုံများဖြင့် သရုပ်ပြပါ။

သီချင်း ၄၈ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၉ တွင် စမည့်အပတ်

သီချင်း ၁၈

၁၂ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ “နိုင်ငံတော်အကြောင်းဟောပြောလော့” ဆွေးနွေးရန်။

၁၈ မိ– အသင်းတော်၏ ၁၉၉၆ လုပ်ငန်းတော်မှတ်တမ်းကို သုံးသပ်ပါ။ လုပ်ငန်းတော်ကြီးကြပ်မှူး အားတက်သရောဟောပြီး တည်ဆောက်ပေးပါ။ (ကျွန်ုပ်တို့၏ဓမ္မအမှု စာအုပ်စာမျက်နှာ ၁၀၁-၂ ရှု။) အသင်းတော် ကောင်းစွာလုပ်ဆောင်ခဲ့သည့်အရာတို့ကို ထောက်ပြပြီးချီးမွမ်းပါ။ ဒေသဆိုင်ရာလုပ်ငန်းတော်တွင် တိုး၍အကူအညီပေးခဲ့သည့် မှန်မှန်နှင့်အရန်ရှေ့ဆောင်တို့၏ လုပ်ဆောင်ပုံကို ဖော်ပြပါ။ စည်းဝေးတက်ရောက်သူ အရေအတွက်များကို ဖော်ပြပြီး မှန်မှန်တက်ရောက်ခြင်း၏အရေးကြီးပုံကို အလေးထားတင်ပြပါ။ လာမည့်နှစ်တွင် အောင်မြင်မှုရှိရန် အသင်းတော်ကြိုးစားနိုင်သည့် လက်တွေ့ကျပန်းတိုင်များကို ဖော်ပြပါ။

၁၅ မိ– “သတင်းကောင်းကို အပြုသဘောဖြင့် တင်ဆက်နေခြင်း။” အပိုဒ် ၆-၈ ကိုသာသုံးသပ်ပြီး ဦးဆုံးအကြိမ်သွားရောက်ခြင်းနှင့် ပြန်လည်ပတ်မှုတို့အတွက် တစ်ဆိုင်မှတစ်ဆိုင်တင်ဆက်ပုံများကို သရုပ်ပြပါ။ (၁၉၈၉ စက်တင်ဘာ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ ထပ်ဆင့်အကြံပြုချက်များကိုရှုပါ။) ချက်ချင်း ပြန်လည်ပတ်မှုပြုလုပ်ကြရန် အားလုံးကိုအားပေးပါ။

သီချင်း ၁၂၃ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၁၆ တွင် စမည့်အပတ်

သီချင်း ၁၀

၁၅ မိ– ဒေသကြေညာချက်များ။ စိတ်ဝင်စားသူများကို အဖွဲ့အစည်းသို့လမ်းညွှန်ပေးရန်ယေဟောဝါသက်သေများ—နာမတော်နောက်ဝယ်ရှိအဖွဲ့အစည်း ဗီဒီယိုကိုအသုံးပြုခြင်းဖြင့် ရရှိသည့်ကောင်းကျိုးများကိုဖော်ပြပါ။ ၁၉၉၂၊ အောက်တိုဘာ၊ ကင်းမျှော်စင် စာမျက်နှာ၃၀-၁ မှ တွေ့ကြုံမှုတစ်ခု သို့မဟုတ် နှစ်ခုကို အတိုချုပ်တင်ပြပါ။

၁၅ မိ– “ပြောဆိုကျင့်ကြံပြုမူရာတွင် စံနမူနာဖြစ်ပါလေ။” မေးဖြေရန်။

၁၅ မိ– ကျောင်းတွင်ကျင့်ရမည့် ခရစ်ယာန်အကျင့်အကြံ။ ကျောင်းအသိုင်းအဝိုင်းရှိ ကြီးမားသောအန္တရာယ်များကို ထောက်ပြရန် ဖခင်က သား သို့မဟုတ် သမီးနှင့်စကားပြောပါ; ဖခင်သည် အပေါင်းအသင်းကိုဂရုစိုက်ရန်နှင့် မဖွယ်မရာလုပ်ရပ်များကိုရှောင်ဖို့လိုကြောင်း အလေးထားပြောမည်။ ဖခင်သည် ပညာရေး ဘရိုရှာစာမျက်နှာ ၂၄ ပါလေးထောင့်ကွက်ကို သုံးသပ်ပြီး သက်သေခံတစ်ဦးအဖြစ် ပုံသက်သေကောင်းပြရန်လိုကြောင်း ရှင်းပြပါ။ ဖခင်သည် မူးယစ်ဆေးသုံးစွဲခြင်း၊ ချိန်းတွေ့ ခြင်း၊ မိတ်ဆုံပွဲများတက်ရောက်ခြင်း သို့မဟုတ် အားကစားများတွင်ပါဝင်ခြင်း တို့မှပေါ်ပေါက်နိုင်သည့်သွေးဆောင်မှုအချို့ကို ဖော်ပြပါ; ပြဿနာများရှောင်ကြဉ်နိုင်ပုံကို ဆွေးနွေးပါ။ ပြဿနာများရှိသည့်အခါ မိမိသိပြီးကူညီပေးလိုသောကြောင့်—မိမိအားပြောပြရန်ဖင့်နွှဲမနေဖို့ ဖခင်ကအားပေးပါ။

သီချင်း ၃၂ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၂၃ တွင် စမည့်အပတ်

သီချင်း ၂၁

၁၀ မိ– ဒေသကြေညာချက်များ။

၁၅ မိ– ဒေသလိုအပ်ရာများ။ သို့မဟုတ် ၁၉၉၆၊ ဖေဖော်ဝါရီ ၁၅ ရက်၊ ကင်းမျှော်စင် စာမျက်နှာ ၂၉-၃၁ ပါ “သင်တွေ့ မြင်သည့်အရာများကိုကျော်၍ကြည့်မြင်ပါ။” ကိုအခြေပြုဟောပါ။

၂၀ မိ– “သတင်းကောင်းကို နေရာတိုင်း၌ဟောပြောပါ။” မေးဖြေရန်။ အပိုဒ် ၁-၁၅ ကိုသာခြုံငုံတင်ပြပါ။ အပိုဒ် ၃ နှင့် ၅ ကိုဖတ်ပါ။ လမ်းပေါ် သို့မဟုတ် လူထုပို့ဆောင်ရေးယာဉ်ပေါ်တွင် သက်သေခံရာ အောင်မြင်မှုရရှိခဲ့သောသူများ၏ ဒေသခံတွေ့ ကြုံမှုများပါဝင်စေပါ။

သီချင်း ၂၁၅ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

စက်တင်ဘာ ၃၀ တွင် စမည့်အပတ်

သီချင်း ၁၇၁

၁၂ မိ– ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာကိုဆွေးနွေးပါ။

၂၀ မိ– “သတင်းကောင်းကို နေရာတိုင်း၌ဟောပြောပါ။” မေးဖြေရန်။ အပိုဒ် ၁၆-၃၅ ကိုခြုံငုံတင်ပြပါ။ မိမိတို့ဒေသတွင် အကြံပြုချက်များကို ကျင့်သုံးနိုင်ပုံကို တင်ပြပါ။ အပိုဒ် ၂၃-၅ ကိုသရုပ်ပြပါ။ အပိုဒ် ၃၄-၅ ကိုဖတ်ပါ။

၁၃ မိ– အောက်တိုဘာတွင် ဝေငှမည့်စာပေများကို သုံးသပ်ပါ။ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများဝေကြမည်။ ပြန်လည်ပတ်မှုများတွင် ကင်းမျှော်စင်နှစ်စဉ်ကြေးကမ်းလှမ်းမည်။ ဤကဲ့သို့သောအချက်အလက်များကို ဆွေးနွေးပါ– (၁) အဖွင့်စာမျက်နှာတွင်ရှင်းပြထားသော မဂ္ဂဇင်းထုတ်ဝေရသည့်ရည်ရွယ်ချက်။ (၂) ကျမ်းစာအသိပညာကို ကမ္ဘာတစ်ဝန်းရရှိနိုင်ရန် ဘာသာစကားမြောက်မြားစွာဖြင့်ထုတ်ဝေသည်။ (၃) ကင်းမျှော်စင်ကို တစ်ဦးစီ၊ မိသားစုနှင့် အုပ်စုလိုက်လေ့လာရန်အတွက် စီစဉ်ထားသည်။ (၄) ဘာသာတရားမြောက်မြားစွာနှင့်ပေါင်းသင်းနေသူများဖတ်ကြသည်။ (၅) ကျွန်ုပ်တို့တစ်ဦးစီ စိတ်ရင်းမှန်ဖြင့်ဖတ်လိုသူတိုင်းကိုနောက်ဆုံးထုတ်များဝေငှပေးမည်။ (၆) အထူးသဖြင့် အလွန်အလုပ်များနေသူများအတွက် စီစဉ်ထားခြင်းဖြစ်သည်။ (၇) ကင်းမျှော်စင် ကို ၁၈၇၉ မှစ၍ထုတ်ဝေခဲ့သည်; နိုးလော့! ကို ၁၉၁၉ မှစ၍ထုတ်ဝေခဲ့သည်။ ကျေးဇူးတင်ကြသော စာရှုသူများ၏မှတ်ချက်များကိုပြောပြခြင်းဖြင့် နိဂုံးချုပ်ပါ။—၁၉၈၆၊ ဧပြီ ၁၅ ရက်ထုတ်၊ ကင်းမျှော်စင် (လိပ်) စာမျက်နှာ ၃၂ ကိုရှု။

သီချင်း ၃ နှင့်နိဂုံးချုပ်ဆုတောင်းချက်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ