လုပ်ငန်းတော်စည်းဝေးအစီအစဉ်
စက်တင်ဘာ ၁၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “ယေဟောဝါ၏ကောင်းချီးမင်္ဂလာသည် ကျွန်ုပ်တို့ကိုကြွယ်ဝစေ။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။—ထိုးထွင်းသိမြင်ခြင်း၊ အတွဲ ၂၊ စာမျက်နှာ ၈၀၄၊ အပိုဒ် ၆-၇ [လိပ်] ရှု။
၂၀ မိ– “စိတ်ဝင်စားမှုနှိုးဆွရန် လတ်တလောဖြစ်ရပ်များကို အသုံးပြုပါ။” ပရိသတ်နှင့်ဆွေးနွေး၍ သရုပ်ပြများလုပ်ရန်။ ဒေသအလိုက် စိတ်ဝင်စားမှုကိုဖန်တီးပေးသည့် လတ်တလောအဖြစ်အပျက်အချို့ကို ဖော်ပြပါ။ ယင်းတို့က အနာဂတ်နှင့်ပတ်သက်၍ မည်သည့်စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေသနည်း။ ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စာမျက်နှာ ၁၂ ကိုသုံး၍ ကျမ်းစာဆွေးနွေးခန်းတစ်ခုသို့ ဦးတည်ပေးမည့်နိဒါန်းကို မည်သို့ပြင်ဆင်နိုင်ကြောင်း အကြံပြုချက်အချို့ပေးပါ။ လက်တွေ့ကျပြီး ကောင်းစွာပြင်ဆင်ထားသည့် သရုပ်ပြနှစ်ခုပြုလုပ်ပါ။
သီချင်း ၂၂၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၁၈ တွင်အစပြုမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– ယခင်နှစ်က ကျွန်ုပ်တို့ မည်သို့လုပ်ဆောင်ခဲ့သနည်း။ လုပ်ငန်းတော်ကြီးကြပ်မှူးဟောရန်။ ၂၀၀၀ ပြည့်နှစ်လုပ်ငန်းတော်နှစ်အတွက် အသင်းတော်မှတ်တမ်းမှ ပေါ်လွင်ချက်များကို သုံးသပ်ပါ။ ပြီးမြောက်ခဲ့သည့် ကောင်းသောအရာများအတွက် ချီးမွမ်းပါ။ တိုးတက်ဖို့လိုမည့်ကဏ္ဍများကို ထောက်ပြပါ။ အစည်းအဝေးတက်ရောက်ခြင်း၊ ကျမ်းစာသင်အံမှုများစတင်ခြင်းနှင့်ကျင်းပခြင်း၊ လယ်ကွင်းလုပ်ငန်းတွင် မှန်မှန်ပါဝင်ခြင်းတို့တွင် အသင်းတော်လုပ်ဆောင်ခဲ့ပုံကို အာရုံစိုက်ပါ။ လာမည့်နှစ်အတွက် လက်တွေ့ကျသောပန်းတိုင်များကို အကြမ်းဖျင်းဖော်ပြပါ။
၂၀ မိ– “သေရေးရှင်ရေးကိစ္စဖြစ်နေ!” ပရိသတ်နှင့်ဆွေးနွေးရန်။ ဆောင်းပါးတွင် ညွှန်းထားသည့်ကျမ်းချက်များကို ပေါ်လွင်စေပါ။
သီချင်း ၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
စက်တင်ဘာ ၂၅ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ စက်တင်ဘာအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ မေးခွန်းသေတ္တာကို သုံးသပ်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၁၅ မိ– ကျွန်ုပ်တို့၏မဂ္ဂဇင်းများသည် တန်ဖိုးလျော့မသွားပါ။ ကင်းမျှော်စင် နှင့် နိုးလော့! လထုတ်အဟောင်းများစုပုံနေသည့်အခါ သင်ဘာလုပ်သနည်း။ ကြေညာသူအချို့က အကြောင်းအရာတို့သည် မျက်မှောက်အချိန်နှင့်မပတ်သက်တော့ဟု ယူမှတ်ကာ ယင်းတို့ကိုစွန့်ပစ်လိုကြသည်။ ယင်းအစား စက်တင်ဘာ ၁၉၉၃ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စာမျက်နှာ ၃ ကလထုတ်အဟောင်းအချို့ကို ယူဆောင်သွားကာ သင့်လျော်သည့်အခါ ယင်းတို့ကိုဝေငှရန် ကျွန်ုပ်တို့ကိုတိုက်တွန်းသည်။ အမျိုးသား၊ အမျိုးသမီး၊ ပညာတတ်များ၊ သက်ကြီးရွယ်အိုနှင့် ဆယ်ကျော်သက်များကို နှစ်သက်စေမည့် အခန့်သင့်ဆောင်းပါးများကို သင် ရွေးထုတ်နိုင်သည်; ထို့နောက် အခွင့်အရေးပေါ်ပေါက်သည့်အခါ ပြရန် မဂ္ဂဇင်းများကို အသင့်ဆောင်ထားပါ။ ဆောင်းပါးများအား မည်သို့ရွေးချယ်၍ မည်သို့ပြရမည်တို့ကို သရုပ်ပြပါ။ မဂ္ဂဇင်းအဟောင်းများဝေငှရာတွင် ကြေညာသူများရရှိခဲ့သည့် အောင်မြင်သောတွေ့ ကြုံမှုများကို ပြောပြစေပါ။
သီချင်း ၁၁၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ အောက်တိုဘာ ၁၆ ရက်၊ တနင်္လာနေ့မှစ၍ သောကြာနေ့၊ နိုဝင်ဘာ ၁၇ ရက်အထိဝေငှမည့် နိုင်ငံတော်သတင်း နံပါတ် ၃၆ အတွက် စီစဉ်ထားသည့် အထူးဖြန့်ဝေမှုနှင့်ပတ်သက်၍ အသင်းတော်ကို အသိပေးပါ။ လူငယ်နှင့် လူသစ်များအပါအဝင် အားလုံး အပြည့်အဝပါဝင်ကြရန် တိုက်တွန်းပါ။ သင်တန်းမှူးများသည် မိမိတို့၏အုပ်စုရှိသူအားလုံးအား အတတ်နိုင်ဆုံးဇွဲရှိရှိပါဝင်ကြရန် အားပေးခြင်း၊ စီစဉ်ဖွဲ့စည်းခြင်းတို့ကို ယခုစတင်သင့်သည်။ ယခင် နိုင်ငံတော်သတင်း ဝေငှရာမှရရှိသည့် တည်ဆောက်မှုပေးသောတွေ့ ကြုံမှုများကို ပါဝင်စေပါ။
၁၅ မိ– “ကျွန်ုပ်ပြောင်းရွှေ့သင့်သလော။” အကြီးအကဲတစ်ဦးဟောရန်။ တစ်နေရာရာသို့ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ချက်ချရာတွင် ပိုင်းခြားသိမြင်မှုကိုကျင့်သုံးရန် အဘယ်ကြောင့်လိုအပ်ကြောင်း ရှင်းပြပါ။ သုတ္တံ ၂၂:၃ တွင်ပါသည့်သြဝါဒကို မည်သို့ကျင့်သုံးနိုင်ကြောင်း ဆွေးနွေးပါ။ ဩဂုတ် ၁၅၊ ၁၉၈၈၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၂ [လိပ်] တွင်ပါသော သတိပေးချက်များနှင့်စပ်လျဉ်းသည့် မှတ်ချက်များပါဝင်စေပါ။
၁၅ မိ– စကားစမြည်စတင်ပြောဆိုရာမှ ရရှိသည့်တွေ့ ကြုံမှုများ။ စက်တင်ဘာ ၁၁ အပတ်အတွက် လုပ်ငန်းတော်စည်းဝေးအစီအစဉ်၌ ဓမ္မအမှုတွင် စိတ်ဝင်စားမှုနှိုးဆွရန်နှင့် စကားစမြည်စတင်ပြောဆိုရန် လတ်တလောအဖြစ်အပျက်များအကြောင်း နိဒါန်းများပျိုးကြရန် အကြံပြုခဲ့သည်။ ယင်းအကြံပြုချက်များကို လက်တွေ့အသုံးချခြင်းဖြင့် ယခုအထိရရှိခဲ့သည့် ရလဒ်ကောင်းများကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၂၀၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။