ဟောပြောခြင်းတွင် သင်၏ရွှင်လန်းမှုကို တိုးပွားစေပါ
၁ သတင်းကောင်းဝေမျှရသည့်ရွှင်လန်းမှု—သင်၏ဓမ္မအမှုတွင် ယင်းကိုခံစားနေရသလော။ ကျွန်ုပ်တို့သတိမထားလျှင် ကျွန်ုပ်တို့ဝန်းကျင်ရှိ ဆိုးညစ်သောလောကကြောင့် ဟောပြောရသည်ကို ရှက်ကြောက်ကာ ရွှင်လန်းမှုပျောက်ဆုံးသွားနိုင်သည်။ တုံ့ပြန်မှုမရှိသောရပ်ကွက်တွင် အမှုဆောင်ရခြင်းသည်လည်း ကျွန်ုပ်တို့ကို စိတ်ဓာတ်ကျစေနိုင်သည်။ ဟောပြောခြင်းတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုတိုးပွားရန် အဘယ်လက်တွေ့ကျခြေလှမ်းများလှမ်းနိုင်သနည်း။
၂ အပြုသဘောရှိပါ– အပြုသဘောထားကို ထိန်းသိမ်းခြင်းသည် အမှန်ပင်အထောက်အကူဖြစ်၏။ ယင်းကိုလုပ်ဆောင်ရန်တစ်နည်းမှာ “ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်များ” ဖြစ်ရသည့် ကျွန်ုပ်တို့၏အခွင့်ထူးကို တွေးတောဆင်ခြင်ခြင်းအားဖြင့်ဖြစ်သည်။ (၁ ကော. ၃:၉၊ ကဘ) ယင်းလုပ်ငန်းကိုပြီးမြောက်စေရာတွင် ယေရှုလည်း ကျွန်ုပ်တို့နှင့်အတူရှိ၏။ (မ. ၂၈:၂၀) ထို့အပြင် ကိုယ်တော်သည် ကောင်းကင်တမန်တပ်ဖြင့် ကျွန်ုပ်တို့ကိုထောက်ကူတော်မူသည်။ (မ. ၁၃:၄၁၊ ၄၉) သို့ဖြစ်၍ ကျွန်ုပ်တို့၏ကြိုးစားမှုများကို ဘုရားသခင်လမ်းညွှန်နေကြောင်း စိတ်ချနိုင်သည်။ (ဗျာ. ၁၄:၆၊ ၇) ထို့ကြောင့် လူအချို့သည် ကျွန်ုပ်တို့၏လုပ်ငန်းကို မည်သို့ပင်တုံ့ပြန်ပါစေ ကောင်းကင်မှတုံ့ပြန်မှုသည် အကြီးမားဆုံးရွှင်လန်းမှုတစ်ခုဖြစ်သည်!
၃ ကောင်းစွာပြင်ဆင်ပါ– ကောင်းစွာပြင်ဆင်ခြင်းသည်လည်း ကျွန်ုပ်တို့၏ရွှင်လန်းမှုကိုတိုးပွားစေ၏။ ဓမ္မအမှုအတွက်အသင့်ပြင်ဆင်ခြင်းသည် အလုပ်များစရာမလိုပေ။ နောက်ဆုံးထုတ်မဂ္ဂဇင်းများ သို့မဟုတ် လအတွက်ဝေငှရန်စာပေမှ အကြောင်းအရာတစ်ခုကိုသုံးသပ်ရန် မိနစ်အနည်းငယ်သာလိုသည်။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ပါ “မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ” မှတင်ဆက်နည်းတစ်ခုကို ရွေးချယ်ပါ။ ဇန်နဝါရီ ၂၀၀၂ ကြားညှပ် “အကြံပြုထားသည့် လယ်ကွင်းလုပ်ငန်းတင်ဆက်နည်းများ” ကိုသုံးသပ်ပါ၊ သို့မဟုတ် ထိရောက်သောနိဒါန်းတစ်ခုအတွက် ကျိုးကြောင်းဆင်ခြင် စာအုပ်တွင်ကြည့်ပါ။ အိမ်ရှင်များတင်ပြလေ့ရှိသည့် ကန့်ကွက်ချက်တစ်ခုက သင့်ကိုအဟန့်အတားဖြစ်စေလျှင် သူတို့၏ပြောဆိုချက်ကိုအသိအမှတ်ပြုကာ စိတ်ဝင်စားမှုနှိုးဆွပေးသည့် အကြောင်းအရာတစ်ခုကို အာရုံစိုက်စေမည့် အဖြေတစ်ခုပြင်ဆင်ပါ။ ယင်းသို့ပြုရာတွင် ကျိုးကြောင်းဆင်ခြင် စာအုပ်သည် အလွန်အထောက်အကူပြုသည်။ ယင်းအထောက်အကူများကိုအသုံးပြုခြင်းဖြင့် ရွှင်လန်းစွာဟောပြောရန် ကျွန်ုပ်တို့လိုအပ်သည့် ယုံကြည်စိတ်ချမှုကိုရရှိစေမည်ဖြစ်သည်။
၄ ထက်သန်စွာဆုတောင်းပါ– ဆုတောင်းခြင်းသည် တည်မြဲသောရွှင်လန်းမှုအတွက် မရှိမဖြစ်လိုအပ်၏။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမှုတော်ထမ်းဆောင်နေသောကြောင့် ဝိညာဉ်အသီးတစ်လုံးဖြစ်သည့် ရွှင်လန်းမှုရရှိရန် ကိုယ်တော့်ဝိညာဉ်တော်ကို တောင်းခံဖို့လိုသည်။ (ဂလ. ၅:၂၂) ယေဟောဝါသည် ဆက်၍ဟောပြောရန် ကျွန်ုပ်တို့ကို ခွန်အားပေးမည်ဖြစ်သည်။ (ဖိ. ၄:၁၃) ကျွန်ုပ်တို့၏ဓမ္မအမှုနှင့်ပတ်သက်၍ ဆုတောင်းခြင်းသည် မနှစ်မြို့ဖွယ်အတွေ့အကြုံများကြုံရသည့်အခါ ယင်းတို့ကို မှန်ကန်စွာရှုမြင်ရန် ကူညီပေးနိုင်သည်။ (တ. ၁၃:၅၂; ၁ ပေ. ၄:၁၃၊ ၁၄) ကျွန်ုပ်တို့ကြောက်ရွံ့နေလျှင် ဆုတောင်းခြင်းသည် ရဲရင့်ရွှင်လန်းစွာစွဲမြဲနေရန် ကူညီပေးနိုင်သည်။—တ. ၄:၃၁။
၅ အခွင့်အရေးများကိုဖန်တီးပါ– မှန်ပါသည်၊ ကျွန်ုပ်တို့၏ဓမ္မအမှုသည် လူတို့ကိုရှာတွေ့ကာ သက်သေခံနိုင်သောအခါ ပို၍ပျော်ရွှင်စရာဖြစ်သည်။ မွန်းလွဲနှောင်းပိုင်းတွင်ဖြစ်စေ၊ ညနေအစောပိုင်းတွင်ဖြစ်စေ အခြားအချိန်တစ်ချိန်တွင် တစ်အိမ်မှတစ်အိမ်သွားရန် သင်၏ဇယားကိုပြောင်းပေးခြင်းသည် အောင်မြင်မှုပိုရရှိနိုင်သည်။ သင်သည် လမ်းလျှောက်ထွက်သည့်အခါ၊ ဈေးဝယ်သွားသည့်အခါ၊ ဘတ်စကားစီးသည့်အခါ သို့မဟုတ် ပန်းခြံတွင် အပျင်းဖြေလမ်းလျှောက်သည့်အခါ အမြဲတစေ လူတို့နှင့်တွေ့ဆုံကြသည်။ တိုတိုတုတ်တုတ်စကားစနိုင်သည့် အချက်တစ်ချက်ကိုပြင်ဆင်ကာ ဖော်ရွေပုံရှိသူများထံချဉ်းကပ်ရန် အစပြုလုပ်ဆောင်ပါ။ သို့မဟုတ် သင်သည် အခြားသူတို့နှင့် နေ့စဉ်စကားပြောရသည့် လောကီအလုပ်တစ်ခုတွင် လုပ်ကိုင်နေမည် သို့မဟုတ် ကျောင်းတက်နေပေမည်။ သင်သည် စိတ်ဝင်စားမှုအတော်အတန်နှိုးဆွပေးသည့် ကျမ်းစာအကြောင်းအရာတစ်ခုကို တင်ပြရုံသာပြုခြင်းဖြင့် သက်သေခံရန်အခွင့်အရေးရနိုင်သည်။ ဇန်နဝါရီ ၂၀၀၂ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်၏ ပထမစာမျက်နှာတွင် အကြံပြုချက်ကောင်းများတွေ့ရသည်။ ၎င်းတို့ထဲမှမည်သည့်အရာကမဆို ဟောပြောခြင်းတွင် လူတစ်ဦး၏ရွှင်လန်းမှုကို များစွာတိုးပွားစေနိုင်သည်။
၆ ရွှင်လန်းမှုသည် ခံနိုင်ရည်ရှိရန် ကျွန်ုပ်တို့ကိုကူညီပေးသောကြောင့် ယင်းကိုထိန်းသိမ်းရန် အလွန်အရေးကြီးသည်တကား! ထိုသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့သည် မည်သည့်အခါမျှပြန်မလုပ်ရတော့မည့် လုပ်ငန်းပြီးဆုံးသောအခါ ကြီးမားသောဆုကျေးဇူးခံစားရမည်ဖြစ်သည်။ ထိုအလားအလာကိုယ်နှိုက်က ဟောပြောခြင်းတွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို တိုးပွားစေနိုင်သည်။—မ. ၂၅:၂၁။