မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မေ ၁၅
“ဘုရားသခင်ကို သိကျွမ်းနိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့ အနည်းအကျဉ်းပဲ သိထားတဲ့သူတစ်ယောက်ယောက်ကို ယုံကြည်ဖို့ခက်တယ်ဆိုတာ မိတ်ဆွေသဘောတူပါလိမ့်မယ်။ တကယ်ဆိုရင် သမ္မာကျမ်းစာက ဘုရားသခင်ကိုရှာဖို့ ကျွန်တော်တို့ကိုတိုက်တွန်းပါတယ်။ [တမန်တော် ၁၇:၂၇ ဖတ်။] ဒီဆောင်းပါးတွေက ဘုရားသခင်ကို ကျွန်တော်တို့ ဘယ်လိုပိုပြီးသိကျွမ်းနိုင်တယ်ဆိုတာ ဖော်ပြပေးပါတယ်။”
နိုးလော့! မေ ၂၂ [လိပ်]
“ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကျွန်တော်တို့ရဲ့ပြဿနာတွေကို ကြိုးစားဖြေရှင်းဖို့ အကြံအစည်အများကြီး စမ်းသပ်ခဲ့ကြပြီးဖြစ်တယ်။ နည်းဗျူဟာသစ်တစ်ခုကို ကမ္ဘာလုံးဆိုင်ရာပေါင်းစပ်ဆောင်ရွက်မှု လို့သိရှိထားကြတယ်။ ဒီကြိုးပမ်းအားထုတ်မှုအသစ်က မိတ်ဆွေရဲ့အသက်တာကို ဘယ်လိုအကျိုးသက်ရောက်နေနိုင်သလဲဆိုတာ ဒီမဂ္ဂဇင်းထဲမှာ ဖတ်ကြည့်နိုင်တယ်။ သမ္မာကျမ်းစာထဲမှာကြိုပြောထားတဲ့ ကမ္ဘာချီဖြေရှင်းနည်းတစ်ခုအကြောင်းကိုလည်း မိတ်ဆွေဖတ်ကြည့်နိုင်တယ်။” ထို့နောက် မဿဲ ၆:၉၊ ၁၀ ကိုဖတ်ပြပါ။
ကင်းမျှော်စင် ဇွန် ၁
“လူများစွာဟာ မကြာသေးမီက အဖြစ်အပျက်တွေကြောင့် အပြစ်မဲ့သူတွေ ဘာကြောင့် အချိန်မတန်ဘဲ သေဆုံးကြရသလဲဆိုတာ သိချင်နေကြတယ်။ လူတွေ ဘာကြောင့် သေဆုံးကြရသလဲဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ၊ ထို့နောက် စာမျက်နှာ ၇ ရှိဇယားကိုဖွင့်ပါ။] အများသိထားတဲ့ ဒီဒဏ္ဍာရီစကားတွေထဲက တစ်ခုနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာဘာပြောသလဲဆိုတာ မိတ်ဆွေကြည့်ချင်သလား။” ဖြစ်နိုင်လျှင် ညွှန်းထားသည့်ကျမ်းချက်တစ်ချက်ကို ဖတ်ပြပါ။
ကင်းမျှော်စင် ဇွန် ၈ [လိပ်]
“ဘာသာတရားနဲ့ သိပ္ပံပညာဟာ ဆန့်ကျင်ဘက်ပဲလို့ လူများစွာယူမှတ်ကြတယ်။ ဘုရားသခင်ကိုယုံကြည်ဖို့ဆိုတာ သိပ္ပံပညာဘက်အားသန်သူတစ်ဦးအတွက် မဖြစ်နိုင်ဘူးလို့တောင် တချို့ကယူဆကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး မိတ်ဆွေကော ဘယ်လိုယူဆသလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] နိုးလော့! က ဒီအကြောင်းကို ဉာဏ်အလင်းအပေးဆုံးနည်းနဲ့ ဆွေးနွေးထားတယ်။”