မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇူလိုင် ၁
“ပြဿနာတွေနဲ့ပြည့်နေတဲ့ ယနေ့လောကမှာ လူအများစုက ‘ဘဝဟာ ဘာကြောင့် ဒီလောက်ထိ ပြဿနာတွေနဲ့ ပြည့်နေရတာလဲ။ ဘုရားသခင်ရှိမယ်ဆိုရင် ဒီဆင်းရဲဒုက္ခတွေကို ပပျောက်သွားအောင် ဘာကြောင့်တစ်ခုခုမလုပ်ရတာလဲ’ လို့ မေးတတ်ကြတယ်။ ခင်ဗျားရော အဲ့ဒီအကြောင်းကို စဉ်းစားဖူးလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက အဲ့ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာပါတဲ့ ရှင်းလင်းတဲ့အဖြေကို ဖော်ပြထားတယ်။” ၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပါ။
နိုးလော့! ဇူလိုင်
“ယနေ့အချိန်မှာ ဖိစီးမှုတွေကြုံနေရတဲ့ အိမ်ထောင် ပိုပိုများလာတယ်။ မောင်နှံစုံဟာ ဒီကျမ်းစာသြဝါဒကို ကျင့်သုံးမယ်ဆိုရင် အကျိုးရှိမယ်လို့ ခင်ဗျားထင်လား။ [ဧဖက် ၄:၃၂ ကိုဖတ်ပါ။ ပြီးနောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ်နိုးလော့!က သာယာတဲ့အိမ်ထောင်တစ်ခု တည်ဆောက်ရာမှာ အထောက်အကူပြုနိုင်တဲ့ ရေရှည်အကျိုးပြုတဲ့ကျမ်းစာမူတွေကို သုံးသပ်ဖော်ပြထားတယ်။”
ကင်းမျှော်စင် ဇူလိုင် ၁၅
လူ့ပြဿနာတွေကို ဖြေရှင်းပေးမယ့် အစိုးရတစ်ခု ပေါ်လာမယ်လို့ ခင်ဗျားထင်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] မဿဲ ၆:၉၊ ၁၀ မှာမှတ်တမ်းတင်ထားတဲ့ ယေရှုရဲ့မိန့်တော်မူချက်မှာ အဲ့ဒီလိုအစိုးရတစ်ခုအတွက် ဆုတောင်းဖို့ တပည့်တွေကို ကိုယ်တော်သင်ပေးခဲ့တယ်။ [ဖတ်။] ဘုရားသခင့်အစိုးရဟာ လူ့အစိုးရတွေထက် ဘာကြောင့်သာလွန်တဲ့အကြောင်းနဲ့ အဲ့ဒီအစိုးရဟာ လူသားတွေအတွက် ကောင်းချီးတွေဆောင်ကြဉ်းပေးမယ့်အကြောင်းကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”
နိုးလော့! ဇူလိုင်
လူငယ်တစ်ယောက်နဲ့တွေ့ဆုံသည့်အခါ ဤသို့ပြောနိုင်သည်– “ခင်ဗျားအသက်အရွယ် လူငယ်အတော်များများကတော့ အိမ်ထောင်ပြုဖို့ စဉ်းစားနေကြတယ်။ အဲ့ဒီအတွက် ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေကို ဘယ်နေရာမှာရှာတွေ့နိုင်မယ်လို့ ထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အိမ်ထောင်ကို ဘယ်သူအစပြုခဲ့သလဲဆိုတာ သတိပြုကြည့်ပါ။ [မဿဲ ၁၉:၆ ကိုဖတ်ပါ။] ဒီမဂ္ဂဇင်းက သာယာတဲ့အိမ်ထောင်တည်ဆောက်ရာမှာ အထောက်အကူပြုတဲ့ သမ္မာကျမ်းစာမူတချို့ကို ဖော်ပြထားတယ်။”