မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်. ၁၅
“ခုကာလမှာမြင်တွေ့နေကျဖြစ်တဲ့ ကတိဖျက်မှုတွေကြောင့် လူများစွာဟာ ဘယ်သူ့ကိုမဆို ယုံကြည်စိတ်ချဖို့ အခက်တွေ့ကြတယ်။ ကျွန်တော်တို့ယုံကြည်စိတ်ချနိုင်တဲ့ ကတိတည်သူတစ်ဦးဦးရှိမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယောရှု ၂၃:၁၄ ကိုဖတ်ပါ။] သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့ကတိတော်တွေအပေါ် ကျွန်တော်တို့ ယုံကြည်စိတ်ချနိုင်ပုံကို ဒီမဂ္ဂဇင်းက ဖော်ပြတယ်။”
နိုးလော့! ဖေ. ၈
“ကျွန်တော်တို့အများစုဟာဆီးချိုရောဂါရှိသူတစ်ဦးဦးကိုသိကြပါတယ်။ မိတ်ဆွေကောဒီရောဂါအကြောင်းကို ကောင်းကောင်းသိထားသလား။ [မဂ္ဂဇင်း၏မျက်နှာဖုံးကိုပြကာ တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက ဆီးချိုရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ ကုသပုံကို စူးစမ်းရှာဖွေထားတယ်။ ရောဂါအားလုံးကို အမြဲပျောက်သွားစေမယ့် ကုသမှုတစ်ခုနဲ့ပတ်သက်တဲ့ ကျမ်းစာကတိတော်ကိုလည်း ဆွေးနွေးထားတယ်။” ဟေရှာယ ၃၃:၂၄ ကိုဖတ်၍ နိဂုံးချုပ်ပါ။
ကင်းမျှော်စင် ဖေ. ၁
“ကျွန်တော်တို့အများစုဟာ ကာယကျန်းမာရေးကိုကြိုးစားဂရုစိုက်ကြတယ်။ ဒါပေမဲ့ မကြာသေးမီက လေ့လာမှုများအရ ဝိညာဉ်ရေးကလည်း ကျွန်တော်တို့ရဲ့ သုခခံစားရရေးကို အကျိုးပြုတယ်လို့ဆိုတယ်။ အဲဒီလိုဖြစ်နိုင်တယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၅:၃ (ကဘ) ကိုဖတ်ပါ။] ဒီလထုတ်ကင်းမျှော်စင်က ကျွန်တော်တို့ရဲ့ ဝိညာဉ်ရေးလိုအပ်ချက်ကို ဘယ်လိုဖြည့်ဆည်းနိုင်တယ်ဆိုတာ ဆွေးနွေးထားတယ်။”