မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်. ၁၅
“မကြာသေးမီနှစ်တွေမှာ ကောင်းကင်တမန်တွေကို ပိုပြီးစိတ်ဝင်စားလာကြတယ်။ သူတို့ဟာ ဘယ်သူတွေလဲ၊ ကျွန်တော်တို့ရဲ့အသက်တာကို သူတို့ဘယ်လိုအကျိုးပြုနိုင်သလဲဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဆာလံ ၃၄:၇ ကိုဖတ်ပါ။] ကောင်းကင်တမန်တွေရဲ့ အတိတ်၊ မျက်မှောက်၊ အနာဂတ်လုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့အဆိုကို ဒီမဂ္ဂဇင်းမှာ သုံးသပ်ထားတယ်။”
ကင်းမျှော်စင် ဖေ. ၁
“အသက်ရှင်ဖို့ ကျွန်တော်တို့အားလုံး ငွေလိုကြတယ်။ ဒါပေမဲ့ ဒီမှာဖော်ပြထားတဲ့အန္တရာယ်ကို သတိထားဖို့လိုတယ်ဆိုတာ မိတ်ဆွေသဘောတူမလား။ [၁ တိမောသေ ၆:၁၀ ကိုဖတ်ပြီး တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် ကင်းမျှော်စင် က ရုပ်ပစ္စည်းကြွယ်ဝမှုရဲ့ သာမန်ထောင်ချောက်တချို့ကို သိရှိအောင်ကူညီပေးပြီး အဲဒါတွေကို ဘယ်လိုရှောင်နိုင်တယ်ဆိုတာ ဆွေးနွေးထားတယ်။”
နိုးလော့!ဖေ.
“သက်ကြီးရွယ်အိုဆွေမျိုးတွေ၊ မိတ်ဆွေတွေရှိကြတဲ့ ကျွန်တော်တို့အများစုဟာ ဇရာအိုကာလရဲ့ စိန်ခေါ်ချက်တွေကိုရင်ဆိုင်နိုင်အောင် သူတို့ကို ဘယ်လိုကူညီပေးနိုင်တယ်ဆိုတာ သိချင်ကြတယ်။ ဟုတ်တယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သက်ကြီးပိုင်းမှာ ပိုပြီးခံနိုင်ရည်ရှိအောင် ကျွန်တော်တို့လုပ်ပေးနိုင်တဲ့အရာတွေကို ဒီမဂ္ဂဇင်းမှာ အကြံပြုထားတယ်။ ဒီပရောဖက်ပြုချက် ဘယ်လိုပြည့်စုံလာမယ်ဆိုတာကိုလည်း ရှင်းပြထားတယ်။” ယောဘ ၃၃:၂၅ ကိုဖတ်ပါ။
နိုးလော့!ဖေ.
“လူအများစုဟာ ကျန်းမာရေးကောင်းပြီး အသက်ရှည်ရှည်နေချင်ကြတယ်။ ဖြစ်နိုင်မယ်ဆိုရင် မိတ်ဆွေ ထာဝစဉ်အသက်ရှင်ချင်တယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ယောဟန် ၁၇:၃ ကိုဖတ်ပါ။] ထာဝရအသက်နဲ့ဆိုင်တဲ့ ကျမ်းစာရဲ့ကတိတော်ကို ဒီမဂ္ဂဇင်းမှာ ဆွေးနွေးထားတယ်။ အဲဒီကတိတော်ပြည့်စုံလာတဲ့အခါ ဘယ်လိုအသက်တာမျိုးဖြစ်လာမယ်ဆိုတာကိုလည်း ဆန်းစစ်ထားတယ်။”