မဂ္ဂဇင်းများနှင့်ပတ်သက်၍ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်. ၁၅
“အိမ်ထောင်သည်တွေအတွက် အားထားရတဲ့အကြံဉာဏ်ကို ဘယ်ကရမယ်လို့ ထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အိမ်ထောင်ကို ဘယ်သူအစပြုခဲ့တယ်ဆိုတာ ဒီကျမ်းချက်မှာ ဖော်ပြထားတယ်။ [ကမ္ဘာဦး ၂:၂၂ ကိုဖတ်။] လင်ယောက်ျားနဲ့ဇနီးရဲ့ ဂုဏ်သိက္ခာရှိတဲ့တာဝန်နဲ့ပတ်သက်ပြီး ဘုရားသခင်က လမ်းညွှန်ချက်တွေ ပေးထားတယ်။ ဒါကို ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”
နိုးလော့! ဇန်.
“ဒီကျမ်းချက်မှာပြောတဲ့အတိုင်း တကယ်ဖြစ်လာမယ်လို့ ထင်သလား။ [ဟေရှာယ ၃၃:၂၄ ကိုဖတ်ပြီး တုံ့ပြန်မှုကိုစောင့်ပါ။] ဆေးသိပ္ပံပညာက ပြီးမြောက်အောင်မြင်နေတဲ့အရာနဲ့ ကျမ်းစာကတိတော် ဘယ်လိုပြည့်စုံလာမယ်ဆိုတာ ဒီမဂ္ဂဇင်းမှာ ရှင်းပြထားတယ်။”
ကင်းမျှော်စင် ဖေ. ၁
“ဒီကျမ်းစကားတွေကိုသာ လူတိုင်းလိုက်နာရင် လူ့အသိုင်းအဝိုင်းက အခြေအနေပိုကောင်းလာမယ်လို့ ထင်သလား။ [ဧဖက် ၄:၂၅ ကိုဖတ်ပြီး တုံ့ပြန်မှုကိုစောင့်ပါ။] တချို့အခြေအနေမှာ လိမ်ပြောတာက မမှားဘူးလို့ လူအများစုယူဆကြတယ်။ အမှန်ကို အမြဲပြောတာက ဘာအကျိုးကျေးဇူးခံစားရမယ်ဆိုတာ ဒီမဂ္ဂဇင်းက ရှင်းပြတယ်။”
နိုးလော့! ဇန်.
“ခရစ်ယာန်အမည်ခံသူအများစုက ယေရှုရဲ့သွန်သင်ချက်ကို မလိုက်နာကြဘူးဆိုတာ သတိထားမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဥပမာ၊ ဒီကျမ်းချက်မှာပါတဲ့ ယေရှုရဲ့စကားကို လူတွေမလိုက်နာကြဘူး။ [ယောဟန် ၁၃:၃၅ ကိုဖတ်ပါ။] ယေရှုရဲ့သွန်သင်ချက်နဲ့ ခရစ်ယာန်အမည်ခံတွေရဲ့ ရှုမြင်ပုံ ဘယ်လောက်ကွာခြားတယ်ဆိုတာ ဒီဆောင်းပါးက ရှင်းပြပေးတယ်။” စာမျက်နှာ ၁၆ မှ ဆောင်းပါးကိုပြပါ။