မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် ဇန်. ၁၅
“ဖြစ်ပျက်ခဲ့သမျှ သွေးထွက်သံယိုမှုတွေကြောင့် အဆိုးဟာ အကောင်းကိုအောင်နိုင်ခဲ့ပြီလို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်နဲ့ပတ်သက်ပြီး သမ္မာကျမ်းစာဖော်ပြချက်ကို သတိပြုပါ။ [ဆာလံ ၈၃:၁၈ခ ဖတ်။] ဘုရားသခင်ဟာ မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးဘုရားဖြစ်တဲ့အတွက်ကြောင့် အဆိုးဟာ အမှန်ပဲအောင်ပွဲခံနိုင်ပါ့မလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် ကင်းမျှော်စင် က အဲဒီမေးခွန်းအတွက် ကျေနပ်လောက်တဲ့အဖြေပေးထားတယ်။”
နိုးလော့! ဇန်. ၂၂ [လိပ်]
“တစ်ခါနဲ့မှမတူအောင် ကျွန်တော်တို့ရဲ့လုံခြုံရေးဟာ ခြိမ်းခြောက်ခံနေရတယ်။ စိုးရိမ်မှုတိုးများလာစေတဲ့အရာကတော့ ပုံမှားရိုက်ခိုးခြင်းလို့ခေါ်တဲ့အရာပါပဲ။ အဲဒီအကြောင်း မိတ်ဆွေကြားဖူးသလား။ [တုံ့ပြန်မှုစောင့်ပါ။] တစ်နေ့ကျရင် ဒီကမ္ဘာမြေကြီးဟာ ကျွန်တော်တို့ရဲ့လုံခြုံမှုကို ခြိမ်းခြောက်နေတဲ့အရာအားလုံးကနေ လွတ်မြောက်မယ်လို့ ကျမ်းစာက,ကတိပြုထားတယ်။ [ဟေရှာယ ၁၁:၉ ဖတ်။] ဒီမဂ္ဂဇင်းက အဲဒါကို ဘယ်လိုဖြစ်မြောက်စေမလဲဆိုတာ ရှင်းပြထားတယ်။”
ကင်းမျှော်စင် ဖေ. ၁
“ဒီနေ့လူများစွာဟာ အလုပ်လက်မဲ့ဖြစ်မှာကို စိုးရိမ်နေကြတယ်။ အခြားသူတွေကျတော့ အလုပ်ခွင်မှာ အလွန်အမင်းဖိစီးခံနေရတယ်။ အလုပ်ခွင်မှာ ပျော်ရွှင်မှုနဲ့လုံခြုံမှုရရှိနိုင်မယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဟေရှာယ ၆၅:၂၁-၂၃ ကိုဖတ်ပါ။] ဒီလထုတ် ကင်းမျှော်စင် က လူတိုင်းမှာ လုပ်ဆောင်ရကျိုးနပ်တဲ့အလုပ်ရှိကြမယ့် အချိန်တစ်ချိန်အကြောင်း ဆွေးနွေးထားတယ်။”
နိုးလော့! ဖေ. ၈ [လိပ်]
“ဒီလထုတ် နိုးလော့! က ကျွန်တော်တို့ခေတ်ရဲ့ ဝမ်းနည်းစရာဖြစ်ရပ်မှန်တစ်ခု—ကလေးပြည့်တန်ဆာလုပ်ငန်း—နဲ့ပတ်သက်ပြီး ဖော်ပြထားတယ်။ ကလေးကိုမတော်မတရားပြုတဲ့ ဒီလိုမနှစ်မြို့ဖွယ်အရာမျိုး မကြာခင်မှာအဆုံးတိုင်မယ်လို့ သမ္မာကျမ်းစာက ကတိပြုထားတယ်။ [သုတ္တံ ၂:၂၁၊ ၂၂ ဖတ်။] ဒီမဂ္ဂဇင်းက ကလေးတွေအပေါ်အမြတ်ထုတ်တဲ့ ဒီလုပ်ရပ်ရဲ့နောက်ကွယ်မှာ ရှိနေတဲ့အရာကိုသာမက ဒီလုပ်ရပ်ကို ဘယ်လိုရပ်တန့်စေမလဲဆိုတာကို ဖော်ပြတယ်။”