မဂ္ဂဇင်းများနှင့်ပတ်သက်၍ ပြောဆိုရမည့်စကားများ
ကင်းမျှော်စင် မတ်. ၁၅
“တစ်ကမ္ဘာလုံးကလူတွေဟာ ယေရှုရဲ့သွန်သင်ချက်တွေကို ချီးမွမ်းကြတယ်။ [စာမျက်နှာ ၃၊ အပိုဒ် ၁ ရှိကိုးကားချက်ကို ဖတ်ပြပါ။] ဒါပေမဲ့ ဒီကျမ်းချက်မှာပါတဲ့နမူနာလိုမျိုးစတဲ့ အဲဒီသွန်သင်ချက်တွေဟာ အခုခေတ်မှာ လက်တွေ့ကျမယ်လို့ မိတ်ဆွေထင်သလား။ [မဿဲ ၅:၂၁၊ ၂၂က ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက ယေရှုသွန်သင်ခဲ့တဲ့ သွန်သင်ချက်တွေနဲ့ အဲဒီကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးကျေးဇူးရရှိနိုင်တယ်ဆိုတာ သုံးသပ်ထားတယ်။”
နိုးလော့! ဧပြီ ၈
“ဒီကနေ့လောကမှာ ရာဇဝတ်ကောင်တွေဟာ အမှုမဲ့အမှတ်မဲ့နေတဲ့သူတွေကို လိမ်လည်လှည့်ဖြားဖို့ အကြံအစည်သစ်တွေကို အမြဲတီထွင်နေကြတယ်။ အဲဒီအတွက် မိတ်ဆွေကော စိုးရိမ်နေသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလထုတ် နိုးလော့! က လိမ်လည်လှည့်ဖြားမခံရအောင် ကျွန်တော်တို့ကိုယ်ကိုကာကွယ်ဖို့ အထောက်အကူပေးနိုင်တဲ့ အခြေခံကြိုတင်ကာကွယ်မှု အနည်းငယ်ကို ဆွေးနွေးထားတယ်။” သုတ္တံ ၂၂:၃ ကိုဖတ်ပါ။
ကင်းမျှော်စင် ဧပြီ ၁
“သိပ္ပံပညာနဲ့ သမ္မာကျမ်းစာဟာ တစ်ခုနဲ့တစ်ခု ဆန့်ကျင်ကွဲလွဲမှုရှိတယ်လို့ပြောတာကို မိတ်ဆွေကြားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဒီမဂ္ဂဇင်းက သိပ္ပံပညာနဲ့ ဘာသာတရား တို့ရဲ့ ဆန့်ကျင်ကွဲလွဲမှုသမိုင်းကြောင်းကို ဆန်းစစ်ပေးတယ်။ ဒါပေမဲ့ စစ်မှန်တဲ့သိပ္ပံပညာဟာ သမ္မာကျမ်းစာနဲ့ သဟဇာတရှိတယ်ဆိုတာကို ဖော်ပြတဲ့ သက်သေအထောက်အထားကိုလည်း တင်ပြပေးတယ်။” စာမျက်နှာ ၆-၇ ကိုပြပါ။ ထို့နောက် ဒေသနာ ၁:၇ ကိုဖတ်ပါ။