လုပ်ငန်းတော်စည်းဝေးအစီအစဉ်
ဇူလိုင် ၁၀ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– အသင်းတော်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်း၊ အခန်း ၄ ကိုအခြေခံကာ ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။
၂၀ မိ– “ယေဟောဝါ၏ ပြိုင်စံရှားဂုဏ်ရည်တော်များကို တန်းဖိုးထားလေးမြတ်စိတ် တိုးပွားစေပါ။”a သမ္မာကျမ်းစာ သွန်သင်ရာစာအုပ် အခန်း ၁ ၏အဆုံးရှိ ပြန်လည်သုံးသပ်ရန်လေးထောင့်ကွက်မှ အချက်များကို ကျမ်းစာသင်သားတစ်ဦး တွေးတောဆင်ခြင်စေရန် မေးခွန်းများကို မည်သို့အသုံးပြုနိုင်ကြောင်း သရုပ်ပြပါ။
သီချင်း ၈၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ ဩဂုတ် ၁၅၊ ၂၀၀၀၊ ကင်းမျှော်စင် စာမျက်နှာ ၃၂ ကို အကျဉ်းချုပ်သုံးသပ်ပါ။ အားလပ်ရက်များနှင့် ကျွန်ုပ်တို့၏ပုံမှန်လုပ်ရိုးလုပ်စဉ်၌ မပါဝင်သည့် အခြားအချိန်များတွင်ပင် နေ့စဉ် ကျမ်းစာမှန်မှန်ဖတ်ရှုနေခြင်း၏ အကျိုးကျေးဇူးများကို ပေါ်လွင်စေပါ။
၁၅ မိ– မေတ္တာနှင့်နှိမ့်ချခြင်း—ဓမ္မအမှုအတွက် မရှိမဖြစ်အရည်အသွေးများ။ ဩဂုတ် ၁၅၊ ၂၀၀၂၊ ကင်းမျှော်စင် စာမျက်နှာ ၁၈-၂၀၊ အပိုဒ် ၁၃-၂၀ ကိုအခြေခံ၍ ဟောပြောရန်။
၂၀ မိ– “‘ပျော်ရွှင်သောဘုရား’ ယေဟောဝါကို တုပလော့။”bဒေသခံရပ်ကွက်တွင် ဟောပြောသောအခါ ပျော်ရွှင်နေရန်နှင့် အပြုသဘောဆက်ရှိနိုင်ရန် အဘယ်အရာက ကူညီပေးကြောင်း မှတ်ချက်ပေးဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၈၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၄ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဇူလိုင်လအတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများ ပေးကြရန် ကြေညာသူများကို နှိုးဆော်ပါ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုပါ နမူနာတင်ဆက်နည်းများကို ဒေသခံရပ်ကွက်၏လိုအပ်ရာများနှင့်အညီ ပြုပြင်နိုင်ပုံကို အကျဉ်းချုံးသုံးသပ်ပါ။—ဇန်နဝါရီ ၂၀၀၅ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ စ. ၈ ကိုရှု။
၁၅ မိ– “သစ္စာရှိခြင်းဆိုင်ရာ ပုံသက်သေကို သူတို့ချမှတ်ခဲ့။” ဟောပြောရန်။ ကျွန်ုပ်တို့၏စာပေများတွင် ပါရှိသည့် အထူးရှေ့ဆောင်များ၏ တွေ့ကြုံမှုအချို့ကို ပြောပြပါ သို့မဟုတ် အသင်းတော်ရှိ အထူးရှေ့ဆောင်များကို လူတွေ့မေးမြန်းပါ။
၂၀ မိ– တည်ကြည်၍ မရွေ့လျော့နှင့်။ (၁ ကော. ၁၅:၅၈) နှစ်ပေါင်းများစွာ သစ္စာရှိရှိအမှုဆောင်ခဲ့သော ကြေညာသူ သို့မဟုတ် ရှေ့ဆောင်နှစ်ဦးသုံးဦးကို လူတွေ့မေးမြန်းပါ။ သူတို့ သမ္မာတရား မည်သို့ရလာသနည်း။ ဟောပြောခြင်းလုပ်ငန်းတွင် သူတို့စပါဝင်စဉ်က အခြေအနေမည်သို့ရှိသနည်း။ မည်သည့်စိန်ခေါ်ချက်များကို ရင်ဆိုင်ခဲ့ရသနည်း။ စစ်မှန်သောဝတ်ပြုရေးတွင် တည်ကြည်မြဲမြံခဲ့သောကြောင့် မည်သည့်ကောင်းချီးများ ခံစားရသနည်း။
သီချင်း ၁၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၃၁ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ဩဂုတ်လတွင် ဝေငှမည့်စာပေကို ဖော်ပြပါ။ စာမျက်နှာ ၄ ပါအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မေ ၁ ကင်းမျှော်စင်ဝေငှပုံကို သရုပ်ပြပါ။ သရုပ်ပြတွင် “ကျွန်တော်တို့ ခရစ်ယာန်ဖြစ်ပြီးသား” ဟုဆိုသော စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကိုပြပါ။—ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၁၉ ရှု။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “ဝိညာဏအကျင့်ကောင်းများကို ပြုစုပျိုးထောင်၍ ကြွယ်ဝသောကောင်းချီးများ ရိတ်သိမ်းလော့”c ဝိညာဏလုပ်ရိုးလုပ်စဉ်ကောင်းတစ်ခုရှိပြီး ဆက်ထိန်းသိမ်းထားရန် မည်သို့ကြိုးစားခဲ့ကြောင်းနှင့် ရရှိခဲ့သောကောင်းချီးများအကြောင်း မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၇ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာမျက်နှာ ၄ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ မေ ၁၅ ကင်းမျှော်စင် နှင့် မေလထုတ် နိုးလော့! ဝေငှပုံကို သရုပ်ပြပါ။ တင်ဆက်မှုတစ်ခုစီပြီးနောက် အိမ်ရှင်၏စိတ်ဝင်စားမှုကို နှိုးဆွပေးရန် အသုံးပြုခဲ့သည့် နိဒါန်းများကို ပြန်ဖော်ပြပါ။
၁၅ မိ– မေတ္တာစိတ်ရှိစေပြီး အကျင့်ကောင်းများကျင့်စေသည့် အစည်းအဝေးများ။ မတ် ၁၅၊ ၂၀၀၂၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၄-၅ ကိုအခြေခံ၍ ဟောပြောရန်။ အစည်းအဝေးများမှန်မှန်တက်ရန် ကြေညာသူတစ်ဦး မည်သို့ကြိုးစားရကြောင်းနှင့် ထိုသို့ပြုခြင်းမှ မည်သို့အကျိုးကျေးဇူးရကြောင်း ပေါ်လွင်စေသော တိုတုတ်သည့်လူတွေ့မေးမြန်းခန်းတစ်ခု ပါဝင်စေပါ။
၂၀ မိ– ကျွန်ုပ်တို့၏ဓမ္မအမှုတွင် တိုးတက်၍ ပြောင်းသာလဲသာရှိခြင်း။ ဒီဇင်ဘာ ၁၊ ၂၀၀၅၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၈-၃၀ ကိုအခြေခံ၍ ဟောပြောကာ ပရိသတ်နှင့်ဆွေးနွေးရန်။ အပိုဒ် ၆-၁၁ ကိုအခြေခံ၍ ဟောပြောစဉ် ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် ပေါလု၏ အရေးစိုက်တတ်မှု၊ ပြောင်းသာလဲသာရှိမှုနှင့် လုပ်ရည်ကြံရည်ရှိမှုတို့ကို ပေါ်လွင်စေပါ။ ထို့နောက် အပိုဒ် ၁၂-၁၄ ပါမေးခွန်းများကို ဒေသတွင်းသက်ဆိုင်ပုံများနှင့်အညီ မှတ်ချက်ပေးရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။ ကြေညာသူများသည် ဓမ္မအမှုတွင် သူတို့၏ချဉ်းကပ်ပုံကို မည်သို့ပြောင်းသာလဲသာရှိစေနိုင်ပုံ၊ ဒေသခံရပ်ကွက်ရှိလူတို့၏ လိုအပ်ရာများ၊ အခြေအနေများနှင့် ယဉ်ကျေးမှုနောက်ခံကို မည်သို့ထည့်သွင်းစဉ်းစားပုံတို့ကို ဖော်ပြသည့် သရုပ်ပြတစ်ခု ပါဝင်စေပါ။
သီချင်း ၈၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။