လုပ်ငန်းတော်စည်းဝေးအစီအစဉ်
အောက်တိုဘာ ၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှရွေးချယ်ထားသော ကြေညာချက်များ။ စာမျက်နှာ ၈ ပါအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားတင်ဆက်နည်းများကို အသုံးပြု၍ ဩဂုတ် ၁ ကင်းမျှော်စင်နှင့် ဩဂုတ် နိုးလော့! တင်ဆက်ပုံကို သရုပ်ပြပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “ဘုရားသခင့်မိတ်ဆွေဖြစ်လာရန် အခြားသူများကိုကူညီပေးပါ။”a အခြားသူများ၏ပုံသက်သေနှင့် နှလုံးပါပါဆုတောင်းချက်များက နှစ်ခြင်းခံသည်အထိ တိုးတက်လာရန် ကူညီပေးခဲ့ပုံကို မှတ်ချက်ပေးရန် ပရိသတ်အားဖိတ်ခေါ်ပါ။
သီချင်း ၂၂၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၁၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၂၀ မိ– အသင်းတော်စာအုပ်ကြီးသင်တန်းမှ အကျိုးရယူခြင်း။ ယေဟောဝါ၏အလိုတော်ဆောင်ရန် ဖွဲ့စည်းထားခြင်းစာအုပ်၊ စာမျက်နှာ ၆၉ ခေါင်းစဉ်ငယ်မှ စာမျက်နှာ ၇၂ ခေါင်းစဉ်ငယ်အထိကို အခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။
၁၅ မိ– “သင့်ဦးစားထားရာကား အဘယ်နည်း။”b နိုင်ငံတော်အကျိုးစီးပွားကို ရှေးဦးထားရန် အစီအစဉ်ဇယားကို မည်သို့ပြုပြင်ပြောင်းလဲကြောင်းနှင့် မည်သည့်ကောင်းချီးများ ခံစားရကြောင်း မှတ်ချက်ပေးရန် ကြေညာသူအချို့ကို ရွေးချယ်ပါ။
သီချင်း ၁၇၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၂၃ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းနှင့် အလှူငွေလက်ခံရရှိကြောင်း ကျေးဇူးတင်လွှာများကို ဖတ်ပြပါ။ စာမျက်နှာ ၈ ပါအကြံပြုချက် သို့မဟုတ် သင့်ရပ်ကွက်အတွက် သင့်လျော်သည့် အခြားအကြံပြုချက်များကိုအသုံးပြု၍ ဩဂုတ် ၁၅ ကင်းမျှော်စင်တင်ဆက်ပုံကို သရုပ်ပြပါ။ တင်ဆက်မှုတွင် “ခင်ဗျားတို့ဘာကြောင့်ခဏခဏလာရတာလဲ” ဟုဆိုသည့် စကားဆက်ပြတ်စေနိုင်သူအား တုံ့ပြန်ပုံကို သရုပ်ပြပါ။—ကျိုးကြောင်းဆင်ခြင် စာအုပ်၊ စ. ၂၀။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– “လယ်ကွင်းလုပ်ငန်းအတွက်စုဆုံမှုများမှ အကျိုးအပြည့်အဝရယူခြင်း။”c အပိုဒ် ၃ ကိုလေ့လာစဉ် စုဆုံမှုပြုလုပ်ရန် အရည်အချင်းပြည့်မီသည့် ညီအစ်ကိုများမရှိပါက မည်သို့လုပ်ဆောင်သင့်ကြောင်းနှင့်ပတ်သက်၍ ၂၀၀၁၊ စက်တင်ဘာလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မေးခွန်းသေတ္တာ၊ အပိုဒ် ၄ မှမှတ်ချက်များပါဝင်စေပါ။
သီချင်း ၁၄၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
အောက်တိုဘာ ၃၀ တွင်စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးကြရန် အားလုံးကိုနှိုးဆော်ပါ။
၂၀ မိ– ကျောင်းနေဖက်တို့ကို မည်သို့ဟောပြောနိုင်မည်နည်း။ ၂၀၀၃ ဧပြီ ၈ ရက်ထုတ် နိုးလော့! စာမျက်နှာ ၁၀-၁၂ ကိုအခြေခံပြီး ဟောပြော၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျောင်းနေဖက်များအား သက်သေခံသည့် တွေ့ကြုံမှုကောင်းများကို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
၂၀ မိ– တွေ့ကြုံမှုများ– သမ္မာတရားမည်သို့ရရှိခဲ့ကြောင်း ကြေညာသူများကို လူတွေ့မေးမြန်းပါ။ မှောက်မှားသောဘာသာ သို့မဟုတ် လောကအကျင့်ဆိုးများမှ လွတ်မြောက်ရန် သူတို့ဘာပြုလုပ်ခဲ့ကြသနည်း။ သင့်အသင်းတော်တွင် တွေ့ကြုံမှုများမရှိပါက ၂၀၀၆ နှစ်ချုပ်စာအုပ်ပါအကြောင်းအရာကို အသုံးပြုပါ။
သီချင်း ၁၃၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
နိုဝင်ဘာ ၆ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ၂၀၀၅၊ ဇန်နဝါရီလ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာမျက်နှာ ၇ မှအကြံပြုချက်များ သို့မဟုတ် သင့်ရပ်ကွက်နှင့်သင့်တော်မည့် အခြားတင်ဆက်မှုများကို အသုံးပြု၍ နိုဝင်ဘာ ဒုတိယလဝက်အတွင်း အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ဝေငှပုံကို သရုပ်ပြပါ။ လယ်ကွင်းတွင်ဖြစ်စေ၊ မိသားစုတွင်ဖြစ်စေ ဤစာအုပ်အသုံးပြုခြင်းမှရရှိသော အကျိုးကျေးဇူးများကို ပရိသတ်အား အချိန်ရသရွေ့ ပြောပြစေပါ။
၁၅ မိ– သင်၏မင်္ဂလာဆောင်သောနေ့ကို ရွှင်လန်းဖွယ်ဖြစ်စေပြီး ဂုဏ်သိက္ခာတိုးပွားစေပါ။ ၂၀၀၆၊ အောက်တိုဘာ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၂၈-၃၁ ကိုအခြေခံ၍ အကြီးအကဲတစ်ဦးဟောပြောရန်။
၂၀ မိ– နှုတ်မြွက်တရားတော်ကို ဟောပြောခြင်းက လန်းဆန်းစေ။ ၂၀၀၂၊ ဇန်နဝါရီ ၁၅ ကင်းမျှော်စင် စာမျက်နှာ ၈-၉ ကိုအခြေခံ၍ ဟောပြောပြီး ပရိသတ်နှင့်ဆွေးနွေးရန်။ ဓမ္မအမှုတွင်ပါဝင်ခြင်းက လန်းဆန်းစေပုံကို မှတ်ချက်ပေးရန် ပရိသတ်အားဖိတ်ခေါ်ပါ။ မှတ်ချက်တစ်ခု၊ နှစ်ခုကို ကြိုတင်ပြင်ဆင်ထားနိုင်သည်။
သီချင်း ၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
[အောက်ခြေမှတ်ချက်များ]
a အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
b အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။
c အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။