သီအိုကရက်တစ်ဓမ္မအမှုကျောင်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းများကို ၂၀၀၇ ခုနှစ်၊ ဩဂုတ် ၂၇ ရက်အပတ်တွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ သုံးသပ်မည်ဖြစ်သည်။ ကျောင်းကြီးကြပ်မှူးသည် ၂၀၀၇ ခုနှစ်၊ ဇူလိုင် ၂ မှ ဩဂုတ် ၂၇ အပတ်များအထိ တာဝန်များတွင် သုံးသပ်ခဲ့ရာများအပေါ်အခြေပြု၍ မိနစ် ၃၀ ပြန်လည်သုံးသပ်မည်။
စကားပြောအရည်အသွေးများ
၁။ ဓမ္မအမှုတွင်တွေ့ဆုံသူများနှင့် အသင်းတော်ရှိသူများကို လေးစားကြောင်း မည်သို့တင်ပြနိုင်သနည်း။ [ပက စ. ၁၉၂ ပိုဒ်. ၂-၄]
၂။ ကျွန်ုပ်တို့၏အခိုင်အမာယုံကြည်ချက်ကို ထင်ရှားပြရာတွင် အဘယ်အရာလိုအပ်သနည်း။ [ပက စ. ၁၉၆ ပိုဒ်. ၁-၃]
၃။ အခြားသူများကို လိမ္မာပါးနပ်စွာသက်သေခံနိုင်ရန် အဘယ်အကြံပြုချက်များက ထောက်ကူသနည်း။ [ပက စ. ၁၉၈ ပိုဒ်. ၁-၅]
၄။ အခြားသူများကို လိမ္မာပါးနပ်စွာသက်သေခံရာတွင် တော်မှန်သည့်အချိန်ကို ဆုံးဖြတ်ခြင်း မည်သို့ပါဝင်သနည်း။ (သု. ၂၅:၁၁) [ပက စ. ၁၉၉ ပိုဒ်. ၁-၃]
၅။ ဟောပြောချက်တွင် အပြုသဘောလေသံကို မည်သို့ဆက်ထိန်းထားနိုင်သနည်း။ [ပက စ. ၂၀၃ ပိုဒ်. ၃–စ. ၂၀၄ ပိုဒ်. ၁]
တာဝန်နံပါတ် ၁
၆။ ယေဇကျေလသည် ကျမ်းရေးသူဖြစ်ကြောင်း၊ ယေဇကျေလကျမ်းသည် ကျမ်းအဝင်ဖြစ်ကြောင်းနှင့် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း မည်သို့ဆိုနိုင်သနည်း။ [ဘကမ-၀၂-၁ စ. ၁၇ ပိုဒ်. ၃]
၇။ မတရားပုံပေါက်ရာကို လူတစ်ဦး သည်းခံနိုင်ဖို့ အဘယ်အရည်အသွေးလိုအပ်သနည်း။ [က၀၅ ၆/၁ စ. ၂၉ ပိုဒ်. ၄]
၈။ ရှင်ပြန်ထမြောက်ခြင်းအကြောင်း မေးခွန်းထုတ်ခဲ့သော ဇဒ္ဒုကဲတို့ကို ယေရှုတုံ့ပြန်ပုံမှ အဘယ်အရာသင်ယူရရှိသနည်း။ (လု. ၂၀:၃၇၊ ၃၈) [ပက စ. ၆၆ ပိုဒ်. ၄]
၉။ သတ်သတ်မှတ်မှတ်အခြေအနေတစ်ခုတွင် ကျမ်းစာသင်သား သို့မဟုတ် ယုံကြည်သူချင်းတစ်ဦးက သူဘာလုပ်သင့်ကြောင်းမေးမြန်းသည့်အခါ သင်မည်သို့ဖြေဆိုသင့်သနည်း။ [ပက စ. ၆၉ ပိုဒ်. ၄-၅]
၁၀။ ‘မိမိတို့၏စိတ်ကိုစေ့ဆော်သည့်စွမ်းအားဖြင့် အသစ်ပြုလုပ်ခြင်း’ တွင် အဘယ်အရာပါဝင်သနည်း။ (ဧ. ၄:၂၃) [ပက စ. ၇၄ ပိုဒ်. ၄]
ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း
၁၁။ ယေဇကျေလ ၉:၂-၄ ပါ ပိတ်အဝတ်ကိုဝတ်ထားသူကား မည်သူ့ကို ပုံဆောင်သနည်း။ “နဖူးကိုထိုးမှတ်” ခြင်းက အဘယ်အရာကိုဖော်ပြသနည်း။ [က၈၉ ၉/၁၅ စ. ၁၀ ပိုဒ်. ၁၈]
၁၂။ ခရစ်ယာန်ဘောင် ဘာသာရေးခေါင်းဆောင်များသည် ယေဇကျေလ ၁၃:၃ တွင်ဖော်ပြထားသည့် “ကိုယ်စိတ်အလိုသို့လိုက်တတ်သော ပရောဖက်မိုက်တို့” နှင့်မည်သို့တူကြသနည်း။ [က၉၉ ၁၀/၁ စ. ၁၃]
၁၃။ ယေဇကျေလ ၁၈:၂ ပါ “စကားပုံ” အရ ဣသရေလလူမျိုးသည် အဘယ်အရာလုပ်ရန် ကြိုးစားနေကြသနည်း။ စာရင်းရှင်းခြင်းနှင့်ပတ်သက်၍ အဘယ်အရေးကြီးသင်ခန်းစာကို အလေးပေးဖော်ပြထားသနည်း။ [က၈၉ ၉/၁၅ စ. ၁၄ ပိုဒ်. ၁၀]
၁၄။ ယေရုရှလင်မြို့ ဝန်းရံပိတ်ဆို့၊ ဖျက်ဆီးခံရချိန်အတွင်း ယေဇကျေလသည် အဘယ်သဘောဖြင့် “စကားအ” သွားခဲ့သနည်း။ (ယေဇ. ၂၄:၂၇; ၃၃:၂၂) [က၀၃ ၁၂/၁ စ. ၂၉]
၁၅။ မာဂေါဂပြည်မှ ဂေါဂကား မည်သူနည်း။ ယေဟောဝါ၏လူမျိုးတော်ကို ဖျက်ဆီးရန် အဘယ်အချိန်တွင် သူလှုံ့ဆော်ခံရသနည်း။ (ယေဇ. ၃၈:၂၊ ၁၆) [က၉၇ ၃/၁ စ. ၁၄ ပိုဒ်. ၁–စ. ၁၅ ပိုဒ်. ၃]